ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ ၁၁၄ ႏိုင္ငံ ကူးစက္

ေျမာက္ကိုရီးယားႏိုင္ငံ Pyongyang ၿမိဳ႕က စေ်းဆိုင္တခုမွာ ေငြရွင္းေကာင္းတာေတြကို ပိုးသတ္ေစ်း ျဖန္းေနေၾကစဥ္

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူအေရအတြက္ဟာ ကမာၻတဝန္းမွာ လူေပါင္း ၁၁၉,၀၀၀ ေက်ာ္သြားၿပီ ျဖစ္သလို ေသဆံုးသူအေရအတြက္ကလည္း ႏိုင္ငံေပါင္း ၁၁၄ ႏုိင္္ငံမွာ လူေပါင္း ၄,၃၀၀ ေလာက္ ရွိေနပါၿပီ။

COVID-19 ေရာဂါစျဖစ္တဲ့ တ႐ုတ္ႏုိင္ငံမွာေတာ့ ေန႔စဥ္ကူးစက္သူအေရအတြက္ တျဖည္းျဖည္း က်ဆင္းလာေနၿပီး ဒီကေန႔ မွာ ေနာက္ထပ္ကူးစက္သူ ၂၄ ေယာက္ရွိတယ္လို႔ တ႐ုတ္ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံတြင္းမွာ ကူးစက္သူအေရအတြက္ ေလ်ာ့လာေပမယ့္လည္း တျခားႏုိ္င္ငံေတြကေန ဝင္လာသူေတြမွာ ဗိုင္းရပ္စ္ပိုးကူးစက္သူ မ်ားလာတာေၾကာင့္ တ႐ုတ္ႏုိင္ငံကို ေရာက္လာသူတိုုင္း ၁၄ ရက္ၾကာ သီးျခားခြဲေနဖို႔ တ႐ုတ္တာဝန္ရွိသူေတြက အမိန္႔ထုတ္ထားပါတယ္။

တ႐ုတ္ႏုိ္င္ငံၿပီးရင္ ပ်ံ႕ႏွံ႔ကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ အီတလီႏုိင္ငံမွာ ဒီကေန႔ထိဆိုရင္ လူ ၁၀,၀၀၀ ေက်ာ္ ကူးစက္ခံထားရၿပီး တႏိုင္ငံလံုးမွာ အသြားအလာေတြ ကန္႔သတ္ပိတ္ပင္ထားတာ ႏွစ္ရက္ရွိသြားပါၿပီ။ အေရးေပၚ က်န္းမာေရးကိစၥနဲ႔ အလုပ္ကိစၥေတြ အတြက္ပဲ လူေတြကို သြားလာခြင့္ျပဳထားတာပါ။

အေမရိကန္ျပည္ေထာင္စုမွာ ဗိုင္းရပ္စ္ပိုး ကူးစက္သူအေရအတြက္ ၁,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ၂၃ ေယာက္ထက္မနည္း ေသဆံုးထားၿပီးျဖစ္တဲ့ ဝါရွင္တန္ျပည္နယ္မွာ လူ ၂၅၀ ထက္ေက်ာ္လြန္တဲ့ စုေဝးပြဲေတြမလုပ္ဖို႔ ကန္႔သတ္မိန္႔တရပ္ကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ထုတ္ျပန္ဖြယ္ရွိပါတယ္။ နယူးေယာက္ျပည္နယ္မွာလည္း ဗိုင္းရပ္စ္ပိုးကူးစက္သူ ၁၀၀ ေက်ာ္ရွိေနတဲ့ လူေနရပ္ကြက္တခု ပတ္ဝန္းက်င္မွာ သီးျခားခြဲထားတဲ့ေနရာ တခုကုိ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက သတ္မွတ္ေပးထားပါတယ္။

လူေတြအေနနဲ႔ မၾကာခဏ လက္ေဆးဖို႔၊ မ်က္ႏွာကို ကိုုင္တြယ္ထိေတြ႔တာမလုပ္ဖုိ႔၊ ေခ်ာင္းဆိုးေနသူ ဒါမွမဟုတ္ ႏွာေျခေန သူေတြနဲ႔ ေဝးေဝးေနဖို႔နဲ႔ ေနမေကာင္းဘူးလို႔ ခံစားရရင္ အိမ္မွာပဲေနဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO က အၾကံေပးထားပါတယ္။

လူအမ်ားအျပားတက္တဲ့ စုေဝးပြဲေတြမလုပ္ဖို႔ အၾကံျပဳထားတာေၾကာင့္လည္း ကမာၻတဝန္းမွာ ပြဲေတြ၊ အခမ္းအနားေတြ ပယ္ဖ်က္ ထားၾကပါတယ္။ ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္စ္ေတာင္မွ ဗာတီကန္နန္းေတာ္တြင္းကေနပဲ ဗီဒီယိုကေန တိုက္႐ိုက္ထုတ္လႊင့္ၿပီး ဒီကေန႔ ဝတ္ျပဳဆုေတာင္းပြဲလုပ္ပါတယ္။

ဒီကေန႔ညကစားဖို႔ရွိတဲ့ မန္ခ်က္စတာ စီးတီးနဲ႔ အာဆင္နယ္လ္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ေဘာလံုးပြဲကိုလည္း ေရႊ႕ဆိုင္းထားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ တျခား ေဘာလံုးအသင္းတသင္းရဲ႕ ပိုင္ရွင္နဲ႔ ထိစပ္မႈရွိခဲ့တဲ့ အာဆင္နယ္လ္ အသင္းသားနဲ႔ ဝန္ထမ္းအေတာ္မ်ားမ်ား ကိုယ့္ဖာသာ သီးျခားခြဲေနလိုက္ၾကၿပီးတဲ့ေနာက္ အခုလို ေဘာလံုးပြဲကို ေရႊ႕ဆိုင္းလိုက္တာပါ။


[Unicode Version]

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ ၁၁၄ နိုင်ငံ ကူးစက်

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်ဟာ ကမ္ဘာတဝန်းမှာ လူပေါင်း ၁၁၉,၀၀၀ ကျော်သွားပြီ ဖြစ်သလို သေဆုံးသူအရေအတွက်ကလည်း နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှာ လူပေါင်း ၄,၃၀၀ လောက် ရှိနေပါပြီ။

COVID-19 ရောဂါစဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ နေ့စဉ်ကူးစက်သူအရေအတွက် တဖြည်းဖြည်း ကျဆင်းလာနေပြီး ဒီကနေ့ မှာ နောက်ထပ်ကူးစက်သူ ၂၄ ယောက်ရှိတယ်လို့ တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ကူးစက်သူအရေအတွက် လျော့လာပေမယ့်လည်း တခြားနိုင်ငံတွေကနေ ဝင်လာသူတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ များလာတာကြောင့် တရုတ်နိုင်ငံကို ရောက်လာသူတိုင်း ၁၄ ရက်ကြာ သီးခြားခွဲနေဖို့ တရုတ်တာဝန်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။

တရုတ်နိုင်ငံပြီးရင် ပျံ့နှံ့ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာ ဒီကနေ့ထိဆိုရင် လူ ၁၀,၀၀၀ ကျော် ကူးစက်ခံထားရပြီး တနိုင်ငံလုံးမှာ အသွားအလာတွေ ကန့်သတ်ပိတ်ပင်ထားတာ နှစ်ရက်ရှိသွားပါပြီ။ အရေးပေါ် ကျန်းမာရေးကိစ္စနဲ့ အလုပ်ကိစ္စတွေ အတွက်ပဲ လူတွေကို သွားလာခွင့်ပြုထားတာပါ။

အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက် ၁,၀၀၀ ကျော်သွားပြီဖြစ်ပြီး ၂၃ ယောက်ထက်မနည်း သေဆုံးထားပြီးဖြစ်တဲ့ ဝါရှင်တန်ပြည်နယ်မှာ လူ ၂၅၀ ထက်ကျော်လွန်တဲ့ စုဝေးပွဲတွေမလုပ်ဖို့ ကန့်သတ်မိန့်တရပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ဖွယ်ရှိပါတယ်။ နယူးယောက်ပြည်နယ်မှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်သူ ၁၀၀ ကျော်ရှိနေတဲ့ လူနေရပ်ကွက်တခု ပတ်ဝန်းကျင်မှာ သီးခြားခွဲထားတဲ့နေရာ တခုကို ပြည်နယ်အုပ်ချုပ်ရေးမှူးက သတ်မှတ်ပေးထားပါတယ်။

လူတွေအနေနဲ့ မကြာခဏ လက်ဆေးဖို့၊ မျက်နှာကို ကိုင်တွယ်ထိတွေ့တာမလုပ်ဖို့၊ ချောင်းဆိုးနေသူ ဒါမှမဟုတ် နှာခြေနေ သူတွေနဲ့ ဝေးဝေးနေဖို့နဲ့ နေမကောင်းဘူးလို့ ခံစားရရင် အိမ်မှာပဲနေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပေးထားပါတယ်။

လူအများအပြားတက်တဲ့ စုဝေးပွဲတွေမလုပ်ဖို့ အကြံပြုထားတာကြောင့်လည်း ကမ္ဘာတဝန်းမှာ ပွဲတွေ၊ အခမ်းအနားတွေ ပယ်ဖျက် ထားကြပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်တောင်မှ ဗာတီကန်နန်းတော်တွင်းကနေပဲ ဗီဒီယိုကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး ဒီကနေ့ ဝတ်ပြုဆုတောင်းပွဲလုပ်ပါတယ်။

ဒီကနေ့ညကစားဖို့ရှိတဲ့ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်လ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ဘောလုံးပွဲကိုလည်း ရွှေ့ဆိုင်းထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ တခြား ဘောလုံးအသင်းတသင်းရဲ့ ပိုင်ရှင်နဲ့ ထိစပ်မှုရှိခဲ့တဲ့ အာဆင်နယ်လ် အသင်းသားနဲ့ ဝန်ထမ်းအတော်များများ ကိုယ့်ဖာသာ သီးခြားခွဲနေလိုက်ကြပြီးတဲ့နောက် အခုလို ဘောလုံးပွဲကို ရွှေ့ဆိုင်းလိုက်တာပါ။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ ၁၁၄ ႏိုင္ငံ ကူးစက္ ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ ၁၁၄ ႏိုင္ငံ ကူးစက္ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.