ယူေကက်န္းမာေရး ဝန္ႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕လို႔ သီးသန္႔ခြဲခံထားရ

က်န္းမာေရး ဝန္ႀကီးလည္း ကို႐ိုနာ ဗိုင္းရပ္စ္ ကူးၿပီ
(Zawgyi)⤵⤵⤵
ယူေက အငယ္တန္း က်န္းမာေရး ဝန္ႀကီးလည္းျဖစ္ အာဏာရ ကြန္ဆာေဗးတစ္ ပါတီ အမတ္လည္းျဖစ္တဲ့ နာဒင္း ဒိုရီစ္ ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံေနရပါၿပီ။

ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အတြက္ အမ်ားနဲ႔ ခြဲၿပီး အိမ္မွာ သီးျခား ခြဲေနရတယ္လို႔ မစၥ ဒိုရီစ္ က ေျပာပါတယ္။

မစၥ ဒိုရီစ္နဲ႔ ေတြ႕ခဲ့တဲ့ ေလဘာ ပါတီ အမတ္ ေရခ်ယ္ မစ္ခဲလ္ ကိုလည္း အလားတူ သီးသန္႔ တေယာက္တည္း ေနဖို႔ ၫႊန္ၾကားခံထားရတယ္လို႔ ဆိုပါတယ္။

မစၥ ဒိုရီစ္ ဟာ အစိုးရအဖြဲ႕ အတြင္းမွာ ဗိုင္းရပ္စ္ ေရာဂါ လကၡဏာ ေတြ႕ရတဲ့ ပထမဆုံးသူ ျဖစ္တယ္လို႔ ဒီေန႔ မတ္လ ၁၁ ရက္ ေန႔မွာ က်န္းမာေရး ဝန္ႀကီး ဌာနက ထုတ္ျပန္ခဲ့ပါတယ္။

 ကို႐ိုနာ ဗိုင္းရပ္စ္ စမ္းသပ္ စစ္ေဆးႏိုင္ၿပီ

သူဟာ ၿပီးခဲ့တဲ့ ၾကာသပေတး ေန႔က ဝန္ႀကီးခ်ဳပ္ တည္ခင္း က်င္းပတဲ့ ပြဲကို တက္ေရာက္ခဲ့ပါေသးတာ ျဖစ္ပါတယ္။

ယူေကမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ေျခာက္ေယာက္ ရွိသြားၿပီး ေရာဂါပိုး ေတြ႕ရသူ ၃၈၂ ေယာက္ ရွိပါတယ္။

ဒီေရာဂါပိုးေၾကာင့္ အခုေနာက္ဆုံး ေသဆုံးတဲ့ အမ်ိဳးသားဟာ အသက္ ၈၀ ရွိၿပီး တျခား ေရာဂါ အခံရွိတယ္လို႔လည္း သတင္းရရွိပါတယ္။

တခ်ိန္တည္းမွာ အသက္ ၅၃ ႏွစ္ အ႐ြယ္ ၿဗိတိန္က အမ်ိဳးသမီးဟာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ အင္ဒိုနီးရွားမွာ ေသဆုံးသြားခဲ့ၿပီး သူဟာ ကိုဗစ္ ႏိုင္တင္းနဲ႔ ပထမဆုံးအင္ဒိုနီးရွားမွာ ေသဆုံးသူ ျဖစ္တယ္လို႔ ေဒသႏၲရ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဒီအမ်ိဳးသမီးမွာ တျခား ေရာဂါ အခံ ရွိသလား ၊ ဒါမွမဟုတ္ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေၾကာင့္ဘဲ ေသဆုံးတာလား ဆိုတာကိုေတာ့ ကြဲကြဲျပားျပား မသိရေသးပါဘူး။

အင္ဒိုနီးရွားမွာ ေသဆုံးသြားတဲ့ ၿဗိတိသွ် အမ်ိဳးသမီးရဲ႕ မိသားစု ၊ အင္ဒိုနီးရွားက ေဒသႏၲရ အာဏာပိုင္ ေတြနဲ႔ ဆက္သြယ္ၿပီး ကူညီေဆာင္႐ြက္ေပးေနပါတယ္လို႔ ျပည္ပ အေရးနဲ႔ ဓနသဟာရ ႏိုင္ငံမ်ားဆိုင္ရာ ႐ုံးက ထုတ္ျပန္ ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ယူကေကျန်းမာရေး ဝန်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့လို့ သီးသန့်ခွဲခံထားရ

Image caption ကျန်းမာရေး ဝန်ကြီးလည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးပြီ

ယူကေ အငယ်တန်း ကျန်းမာရေး ဝန်ကြီးလည်းဖြစ် အာဏာရ ကွန်ဆာဗေးတစ် ပါတီ အမတ်လည်းဖြစ်တဲ့ နာဒင်း ဒိုရီစ် ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရပါပြီ။

ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အတွက် အများနဲ့ ခွဲပြီး အိမ်မှာ သီးခြား ခွဲနေရတယ်လို့ မစ္စ ဒိုရီစ် က ပြောပါတယ်။

မစ္စ ဒိုရီစ်နဲ့ တွေ့ခဲ့တဲ့ လေဘာ ပါတီ အမတ် ရေချယ် မစ်ခဲလ် ကိုလည်း အလားတူ သီးသန့် တယောက်တည်း နေဖို့ ညွှန်ကြားခံထားရတယ်လို့ ဆိုပါတယ်။

မစ္စ ဒိုရီစ် ဟာ အစိုးရအဖွဲ့ အတွင်းမှာ ဗိုင်းရပ်စ် ရောဂါ လက္ခဏာ တွေ့ရတဲ့ ပထမဆုံးသူ ဖြစ်တယ်လို့ ဒီနေ့ မတ်လ ၁၁ ရက် နေ့မှာ ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ကိုရိုနာ ဗိုင်းရပ်စ် စမ်းသပ် စစ်ဆေးနိုင်ပြီ

သူဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဝန်ကြီးချုပ် တည်ခင်း ကျင်းပတဲ့ ပွဲကို တက်ရောက်ခဲ့ပါသေးတာ ဖြစ်ပါတယ်။

ယူကေမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်ယောက် ရှိသွားပြီး ရောဂါပိုး တွေ့ရသူ ၃၈၂ ယောက် ရှိပါတယ်။

ဒီရောဂါပိုးကြောင့် အခုနောက်ဆုံး သေဆုံးတဲ့ အမျိုးသားဟာ အသက် ၈၀ ရှိပြီး တခြား ရောဂါ အခံရှိတယ်လို့လည်း သတင်းရရှိပါတယ်။

တချိန်တည်းမှာ အသက် ၅၃ နှစ် အရွယ် ဗြိတိန်က အမျိုးသမီးဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အင်ဒိုနီးရှားမှာ သေဆုံးသွားခဲ့ပြီး သူဟာ ကိုဗစ် နိုင်တင်းနဲ့ ပထမဆုံးအင်ဒိုနီးရှားမှာ သေဆုံးသူ ဖြစ်တယ်လို့ ဒေသန္တရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီအမျိုးသမီးမှာ တခြား ရောဂါ အခံ ရှိသလား ၊ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ် ပိုးကြောင့်ဘဲ သေဆုံးတာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

အင်ဒိုနီးရှားမှာ သေဆုံးသွားတဲ့ ဗြိတိသျှ အမျိုးသမီးရဲ့ မိသားစု ၊ အင်ဒိုနီးရှားက ဒေသန္တရ အာဏာပိုင် တွေနဲ့ ဆက်သွယ်ပြီး ကူညီဆောင်ရွက်ပေးနေပါတယ်လို့ ပြည်ပ အရေးနဲ့ ဓနသဟာရ နိုင်ငံများဆိုင်ရာ ရုံးက ထုတ်ပြန် ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ယူေကက်န္းမာေရး ဝန္ႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕လို႔ သီးသန္႔ခြဲခံထားရ ယူေကက်န္းမာေရး ဝန္ႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕လို႔ သီးသန္႔ခြဲခံထားရ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.