ဆုိက္ဘာ တုိက္ခုိက္မႈေတြ တရုတ္အရွိန္ျမင့္လုပ္ေဆာင္ေန


(Zawgyi/Unicode)

တရုတ္ႏုိင္ငံရဲ႕ ဒီဂ်စ္တယ္ သူလွ်ိဳလုပ္မွဳေတြ မၾကာေသးမီ ကာလအတြင္း တစ္ရွိန္ထိုး ျမင့္တက္လာခဲ့တာကို ေတြ႕လာရတယ္လို႔ အေမရိကန္ ဆိုက္ဘာ လုံျခံဳေရးဆိုင္ရာ ကြ်မ္းက်င္သူ အဖြဲ႕တစ္ဖြဲ႕က ဗုဒၶဟူးေန႔က ေျပာပါတယ္။

ကိုရုိနာ ဗုိင္းရပ္စ္ ကူးစက္ ေရာဂါ စတင္ ျဖစ္ပြားျပီး ဇန္န၀ါရီလ ေႏွာင္းပိုင္းမွာ သံသယရွိဖြယ္ တရုတ္ အုပ္စု တစ္စုက ဆိုက္ဘာ သူလွ်ိဳ အသစ္လုပ္တာေတြကို အဲဒီ ကြ်မ္းက်င္သူအဖြဲ႕က ေတြ႕လာခဲ့ရတာပါ။

ဇန္န၀ါရီလ ၂၀ ရက္ေန႕က စျပီး APT41 လို႔ေခၚတဲ့ ဟက္ကာ အုပ္စုတစ္စုရဲ႕ လွဳပ္ရွားမွဳေတြ တဟုန္ထုိး ျမင့္တက္လာခဲ့တယ္လို႔လည္း အေမရိကန္ ဆုိက္ဘာ လုံျခံဳေရး ကြ်မ္းက်င္သူအဖြဲ႕ FireEye Inc. က ေျပာပါတယ္။ APT41 အုပ္စုဟာ ေစ်း၀ယ္သူေတြ၊ ကုန္ပစည္း ထုတ္လုပ္သူေတြနဲ႔ မီဒီယာ အဖြဲ႕အစည္းေတြက စလို႔ က်န္းမာေရး အဖြဲ႕အစည္းေတြနဲ႔ ပရဟိတ လုပ္ငန္းေတြအထိ ပစ္မွတ္ထား သူလွ်ိဳ လုပ္ခဲ့တယ္လို႔လည္း FireEye Inc. က ေျပာပါတယ္။

ဒီလို သူလွ်ိဳလုပ္မွဳေတြ ျမင့္တက္ခဲ့တက္ရတဲ့ အေၾကာင္းရင္း အေတာ္မ်ားမ်ား ရွိေနမွာ ျဖစ္ျပီး အဲဒီ အထဲ တရုတ္နဲ႔ အေမရိကန္ တို႔ ျဖစ္ပြားေနတဲ့ ကုန္သြယ္ေရး စစ္ပြဲနဲ႕ လက္တေလာ ကိုရိုနာ ဗိုင္းရပ္စ္ အျငင္းပြားေနတဲ့ အေၾကာင္းရင္းေတြလည္း ပါ၀င္လိမ့္မယ္လို႔ FireEYE Inc လုံျခံဳေရးဆိုင္ရာ ဗိသုကာ Christopher Glyer က ေျပာပါတယ္။ FireEye Inc. ေလ့လာ ေစာင့္ၾကည့္ရသေလာက္ မၾကာေသးခင္ ႏွစ္ေတြထဲ တရုတ္တို႔ရဲ႕ အႀကီးဆုံး ဆိုက္ဘာ သူလွ်ိဳလုပ္မွဳျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ ဘယ္ Customers ေတြ ေစ်း၀ယ္သူေတြ ထိခိုက္ႏုိင္သလဲဆိုတာကိုေတာ့ FireEye Inc. က မေျပာပါဘူူး။

APT41 အုပ္စုဟာ ကြန္ျပဴတာ အေပ်ာ့ထည္ software ထုတ္လုပ္တဲ့ နည္းပညာကုမၸဏီေတြျဖစ္တဲ့ Cisco နဲ႕ Citrx တို႔ရဲ႕ software ေတြက အားနည္းခ်က္ေတြကို ရွာၿပီး သူလွ်ိဳလုပ္ခဲ့ျပီး အေမရိကန္၊ ကေနဒါ၊ ျဗိတိန္၊ မကၠဆီကို၊ ေဆာ္ဒီ အာေရးဘီယားနဲ႔ စကၤာပူ အပါအ၀င္ ႏုိင္ငံ ဒါဇင္ခ်ီ ရွိတဲ့ ႏုိင္ငံေတြက ကြန္ယက္ေတြအတြင္း ခ်ိဳးေဖာက္ ၀င္ေရာက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔လည္း ဆိုပါတယ္။


...................

ဆိုက်ဘာ တိုက်ခိုက်မှုတွေ တရုတ်အရှိန်မြင့်လုပ်ဆောင်နေ

(Unicode)

တရုတ်နိုင်ငံရဲ့ ဒီဂျစ်တယ် သူလျှိုလုပ်မှုတွေ မကြာသေးမီ ကာလအတွင်း တစ်ရှိန်ထိုး မြင့်တက်လာခဲ့တာကို တွေ့လာရတယ်လို့ အမေရိကန် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ရောဂါ စတင် ဖြစ်ပွားပြီး ဇန်နဝါရီလ နှောင်းပိုင်းမှာ သံသယရှိဖွယ် တရုတ် အုပ်စု တစ်စုက ဆိုက်ဘာ သူလျှို အသစ်လုပ်တာတွေကို အဲဒီ ကျွမ်းကျင်သူအဖွဲ့က တွေ့လာခဲ့ရတာပါ။

ဇန်နဝါရီလ ၂၀ ရက်နေ့က စပြီး APT41 လို့ခေါ်တဲ့ ဟက်ကာ အုပ်စုတစ်စုရဲ့ လှုပ်ရှားမှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့လည်း အမေရိကန် ဆိုက်ဘာ လုံခြုံရေး ကျွမ်းကျင်သူအဖွဲ့ FireEye Inc. က ပြောပါတယ်။ APT41 အုပ်စုဟာ ဈေးဝယ်သူတွေ၊ ကုန်ပစည်း ထုတ်လုပ်သူတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေက စလို့ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေအထိ ပစ်မှတ်ထား သူလျှို လုပ်ခဲ့တယ်လို့လည်း FireEye Inc. က ပြောပါတယ်။

ဒီလို သူလျှိုလုပ်မှုတွေ မြင့်တက်ခဲ့တက်ရတဲ့ အကြောင်းရင်း အတော်များများ ရှိနေမှာ ဖြစ်ပြီး အဲဒီ အထဲ တရုတ်နဲ့ အမေရိကန် တို့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲနဲ့ လက်တလော ကိုရိုနာ ဗိုင်းရပ်စ် အငြင်းပွားနေတဲ့ အကြောင်းရင်းတွေလည်း ပါဝင်လိမ့်မယ်လို့ FireEYE Inc လုံခြုံရေးဆိုင်ရာ ဗိသုကာ Christopher Glyer က ပြောပါတယ်။ FireEye Inc. လေ့လာ စောင့်ကြည့်ရသလောက် မကြာသေးခင် နှစ်တွေထဲ တရုတ်တို့ရဲ့ အကြီးဆုံး ဆိုက်ဘာ သူလျှိုလုပ်မှုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဘယ် Customers တွေ ဈေးဝယ်သူတွေ ထိခိုက်နိုင်သလဲဆိုတာကိုတော့ FireEye Inc. က မပြောပါဘူူး။

APT41 အုပ်စုဟာ ကွန်ပြူတာ အပျော့ထည် software ထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Cisco နဲ့ Citrx တို့ရဲ့ software တွေက အားနည်းချက်တွေကို ရှာပြီး သူလျှိုလုပ်ခဲ့ပြီး အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ မက္ကဆီကို၊ ဆော်ဒီ အာရေးဘီယားနဲ့ စင်္ကာပူ အပါအဝင် နိုင်ငံ ဒါဇင်ချီ ရှိတဲ့ နိုင်ငံတွေက ကွန်ယက်တွေအတွင်း ချိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့လည်း ဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
ဆုိက္ဘာ တုိက္ခုိက္မႈေတြ တရုတ္အရွိန္ျမင့္လုပ္ေဆာင္ေန ဆုိက္ဘာ တုိက္ခုိက္မႈေတြ တရုတ္အရွိန္ျမင့္လုပ္ေဆာင္ေန Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.