ကုိရုိနာဗုိင္းရပ္စ္ တရုတ္သတင္းမွားလႊင့္ေနေၾကာင္း ကန္ ႏုိင္ငံျခားေရး၀န္ႀကီးေျပာ


(Zawgyi/Unicode)

ကိုရိုနာ ဗိုင္းရပ္စ္ စတင္ ျဖစ္ပြားရာ ဇစ္ျမစ္နဲ႕ ပတ္သက္ျပီး သတင္းမွားေတြ ထုတ္လႊင္တဲ့ စစ္ဆင္ေရးတစ္ရပ္ တရုတ္ႏုိင္ငံက လုပ္ေဆာင္ ေနတဲ့အေပၚ G-7 ႏုိင္ငံေတြက တစ္သေဘာတည္း ရွိၾကတယ္လို႔ အေမရိကန္ နိုင္ငံျခားေရး၀န္ၾကီး Mike Pompeo က ေျပာပါတယ္။

ကမာၻ႔ စက္မွဳ ဖြံ႕ၿဖိဳးၿပီး နုိင္ငံ ၇ ႏုိင္ငံ အုပ္စုG-7 ႏုိင္ငံေတြရဲ႕ နိုင္ငံျခားေရး၀န္ၾကီး အၾကား ဗုဒၶဟူး ေန႔က တယ္လီ ကြန္ဖရင့္နဲ႕ ေဆြးေႏြးပြဲမွာ အခုလို တစိတ္တ၀ွမ္းတည္းရွိေၾကာင္း ျပသခဲ့တာလို႔ ဆိုပါတယ္။ အေမရိကန္ႏိုုင္ငံ Pittsburgh ၿမိဳ႕မွာ က်င္းပဖို႔ ရွိတဲ့ အစည္းအေ၀းကို ကိုရုိနာဗိုင္းရပ္စ္ ျပႆနာေၾကာင့္ အေမရိကန္တို႕ ဖ်က္သိမ္းခဲ့ျပီး အခုလို တယ္လီ ကြန္ဖရင့္နဲ႔ အစည္းအေ၀း လုပ္ခဲ့တာပါ။

၀န္ႀကီး Pompeo က သူ႔အေခၚ ၀ူဟန္ဗိုင္းရပ္စ္လို႔ ေခၚတဲ့ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႕ေနမွဳနဲ႔ ပတ္သက္ၿပီး တရုတ္ႏုိင္ငံအေပၚ ျပင္းျပင္းထန္ထန္ ေ၀ဖန္ေနသူ ျဖစ္ၿပီး တစ္ျခား G-7 ႏုိင္ငံေတြကလည္း သူနဲ႔ တစ္စိတ္တစ္၀မ္းတည္း ရွိၾကတယ္လို႔ ေျပာပါတယ္။ တကယ္ျဖစ္ေနတာေတြကေန လမ္းလႊဲပစ္ဖို႔ သတင္းမွားေတြ တရုတ္ကြန္ျမဴနစ္ပါတီက ထုတ္လႊင့္ေနတာ ဒီမနက္ အစည္းအေ၀းမွာ ပါ၀င္ခဲ့တဲ့ ႏုိင္ငံေတြ အားလုံး နက္နက္နဲနဲ သိျမင္ေနၾကတယ္လို႔လည္း သူက ေျပာပါတယ္။

ဒီ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႕မွဳရဲ႕ ေနာက္ကြယ္မွာ အေမရိကန္ ျပည္ေထာင္စု ရွိေနတယ္ဆိုၿပီး လူမွဳ မီဒီယာေတြကေနျပီး သတင္းမွားေတြ ထုတ္လႊင့္ေနတာကို တရုတ္ ကြန္ျမဴနစ္ပါတီက ဆက္လက္ လုပ္ေဆာင္ေနတယ္လို႕လည္း သူက ေျပာပါတယ္။

အုပ္စု G-7ႏုိင္ငံျခားေရး၀န္ၾကီးေတြရဲ႕ အစည္းအေ၀းကို အေမရိကန္နဲ႔ တရုတ္ ၂ ႏုိင္ငံစလုံး ပါ၀င္တဲ့ G-20 ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီး အစည္းအေ၀း မလုပ္ခင္ တစ္ရက္အလိုမွာ လုပ္ခဲ့တာ ျဖစ္ပါတယ္။

တရုတ္ႏုိင္ငံက အခုအခါ ဗုိင္းရပ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ဟန္ ရွိသလို ဗုိင္းရပ္ကူးစက္ ျဖစ္ပြားေနတဲ့ ႏုိင္ငံေတြကိုလည္း ႏွာေခါင္းစည္းေတြ ေပးပို႔ လွဴဒါန္းေနပါတယ္။ ဒါကို ၀န္ႀကီး Pompeo က တရုတ္ႏုိင္ငံအေနနဲ႔ တရုတ္တို႔ တကမာၻလုံးမွာ သူတို႔ ထုတ္ကုန္ေတြကို ေရာင္းဖို႔ ႀကိဳးစား ေနၿပီး သူေတာ္စင္ လူစြမ္းေကာင္း တစ္ေယာက္လို ေျပာဆိုေနတယ္လို႔ ေျပာလိုက္ပါတယ္။

...............

ကိုရိုနာဗိုင်းရပ်စ် တရုတ်သတင်းမှားလွှင့်နေကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီးပြော

(Unicode)

ကိုရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားရာ ဇစ်မြစ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ ထုတ်လွှင်တဲ့ စစ်ဆင်ရေးတစ်ရပ် တရုတ်နိုင်ငံက လုပ်ဆောင် နေတဲ့အပေါ် G-7 နိုင်ငံတွေက တစ်သဘောတည်း ရှိကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။ ကမ္ဘာ့ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံ ၇ နိုင်ငံ အုပ်စုG-7 နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီး အကြား ဗုဒ္ဓဟူး နေ့က တယ်လီ ကွန်ဖရင့်နဲ့ ဆွေးနွေးပွဲမှာ အခုလို တစိတ်တဝှမ်းတည်းရှိကြောင်း ပြသခဲ့တာလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ Pittsburgh မြို့မှာ ကျင်းပဖို့ ရှိတဲ့ အစည်းအဝေးကို ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် အမေရိကန်တို့ ဖျက်သိမ်းခဲ့ပြီး အခုလို တယ်လီ ကွန်ဖရင့်နဲ့ အစည်းအဝေး လုပ်ခဲ့တာပါ။

ဝန်ကြီး Pompeo က သူ့အခေါ် ဝူဟန်ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ဗိုင်းရပ်စ် ပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေသူ ဖြစ်ပြီး တစ်ခြား G-7 နိုင်ငံတွေကလည်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိကြတယ်လို့ ပြောပါတယ်။ တကယ်ဖြစ်နေတာတွေကနေ လမ်းလွှဲပစ်ဖို့ သတင်းမှားတွေ တရုတ်ကွန်မြူနစ်ပါတီက ထုတ်လွှင့်နေတာ ဒီမနက် အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေ အားလုံး နက်နက်နဲနဲ သိမြင်နေကြတယ်လို့လည်း သူက ပြောပါတယ်။

ဒီ ဗိုင်းရပ်စ် ပျံ့နှံ့မှုရဲ့ နောက်ကွယ်မှာ အမေရိကန် ပြည်ထောင်စု ရှိနေတယ်ဆိုပြီး လူမှု မီဒီယာတွေကနေပြီး သတင်းမှားတွေ ထုတ်လွှင့်နေတာကို တရုတ် ကွန်မြူနစ်ပါတီက ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

အုပ်စု G-7နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံစလုံး ပါဝင်တဲ့ G-20 ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေး မလုပ်ခင် တစ်ရက်အလိုမှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အခုအခါ ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဟန် ရှိသလို ဗိုင်းရပ်ကူးစက် ဖြစ်ပွားနေတဲ့ နိုင်ငံတွေကိုလည်း နှာခေါင်းစည်းတွေ ပေးပို့ လှူဒါန်းနေပါတယ်။ ဒါကို ဝန်ကြီး Pompeo က တရုတ်နိုင်ငံအနေနဲ့ တရုတ်တို့ တကမ္ဘာလုံးမှာ သူတို့ ထုတ်ကုန်တွေကို ရောင်းဖို့ ကြိုးစား နေပြီး သူတော်စင် လူစွမ်းကောင်း တစ်ယောက်လို ပြောဆိုနေတယ်လို့ ပြောလိုက်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကုိရုိနာဗုိင္းရပ္စ္ တရုတ္သတင္းမွားလႊင့္ေနေၾကာင္း ကန္ ႏုိင္ငံျခားေရး၀န္ႀကီးေျပာ ကုိရုိနာဗုိင္းရပ္စ္ တရုတ္သတင္းမွားလႊင့္ေနေၾကာင္း ကန္ ႏုိင္ငံျခားေရး၀န္ႀကီးေျပာ Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.