မင္းျပားတိုင္းဗဟို (၉)အနီးတိုက္ပြဲျဖစ္ပြား၍ ေက်းရြာ ၅ ခုမွ လူေပါင္း ၁၀၀၀ ေက်ာ္ထြက္ေျပး

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ မတ္ ၂၆/ ၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ကမ္းနီ တိုင္းဗဟို(၉)တန္းျမင့္ေလ့က်င့္ေရးေက်ာင္း၏ ေျမာက္ဘက္ (၅) မိုင္အကြာ၌ ယေန႔ နံနက္ ၉နာရီက တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့ျပီး ၄င္းတိုက္ပြဲျဖစ္ပြားရာ ေနရာအနီးရွိ ေက်းရြာမ်ား အတြင္းသို႕ လက္နက္ၾကီးမ်ား က်ေရာက္ေပါက္ကြဲမႈမ်ား ရွိသျဖင့္ ေက်းရြာ ၅ ရြာမွ ေဒသခံျပည္သူ ၁၀၀၀ ေက်ာ္သည္ ေဘးလြတ္ရာသို႕ ထြက္ေျပးသြားခဲ့ၾကေၾကာင္း သတင္းရရွိသည္။

“ဒီေန႔ မနက္က တုိက္ပြဲျဖစ္တယ္။ တပ္မေတာ္နဲ႕ ေအေအတို႔အၾကား ကၽြန္ေတာ္တို႔ရြာကို က်ည္ေတြ လာထိတယ္။ ခုေတာ့ ေၾကာက္လို႔ ကၽြန္ေတာ္တို႔ ရြာသားေတြ ဒီေန႔မနက္ပဲ ငတက္ရြာကို ထြက္ေျပး လာၾကတာပါ”ဟု ဖံုသာေက်းရြာမွ ဦးေမာင္ဆန္းဝင္းက ေျပာသည္။

ထြက္ေျပးၾကသည့္ ေက်းရြာသားမ်ားမွာ ခြဆံုေက်းရြာ(ခ်င္းေက်းရြာ)၊ ေက်ာက္ေမာ္၊ ေတာင္ဘုတ္ေက၊ ခြဆံုႏွင့္ ဖံုသာေက်းရြာမ်ားျဖစ္ၾကျပီး စုစုေပါင္း လူ ၁၀၀၀ ေက်ာ္ခန္႕ ရွိသည္ဟု ဆိုသည္။

ယေန႔ နံနက္ ၅ နာရီခန္႔တြင္ ျမန္မာ့တပ္မေတာ္ စစ္ေၾကာင္း တစ္ခုသည္ ခြဆံုခ်င္းရြာထဲမွေနရာယူကာ အေနာက္ဘက္ေတာင္တန္းမ်ားဘက္သို႔ လက္နက္ၾကီးလက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့့ေၾကာင္း၊ ၎ေတာင္တန္းမွ လက္နက္ၾကၤီး လက္နက္ငယ္ ပစ္ခတ္သံမ်ား အျပန္အလွန္ ပစ္ခတ္သည္ကို ၾကားခဲ့ရေၾကာင္း ဖံုသာေက်းရြာမွ ဦးေမာင္ဆန္းဝင္းက နိရဥၥရာသတင္းဌာနသို႕ ေျပာသည္။

“ တိုက္ပြဲ ျဖစ္တာ မွန္ပါတယ္။ ကၽြန္ေတာ္တို႕ ရြာအနီးက ေတာင္တန္းမ်ားတြင္ ႏွစ္ဘက္ အျပန္အလွန္ တိုက္ခိုက္သံမ်ားကို ၾကားရပါတယ္” ဟု၎က ဆက္ေျပာသည္။

မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ယေန႔ မတ္လ ၂၆ ရက္ေန႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္မွာ ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာၾကားသည္။

“ကၽြန္ေတာ္တို႕ မင္းျပားၿမိဳ႕ရဲ႕အေရွ႕ဘက္၊ တိုင္းဗဟို ၉ ရဲ႕ေျမာက္ဘက္ ၅ မိုင္ေလာက္ကြာတဲ့ ေတာင္ဘုတ္ေက ရြာ အနီးမွာ ဒီေန႔မနက္ ၈ နာရီေလာက္က တိုက္ပြဲျဖစ္ပြားတယ္ဆိုၿပီးေတာ့ ရြာသားေတြက တစ္ဆင့္ သိရတယ္။ မေန႔က ျမန္မာ့တပ္မေတာ္ကတိုက္ပြဲျဖစ္တာမရွိပဲ အေပၚကိုေထာင္ၿပီး ပစ္တယ္လို႔ သိရတယ္။ ေက်ာက္ေမာ္ေက်းရြာ ဘုန္းေတာ္ၾကီးေက်ာင္းမွာ လက္နက္ၾကီးက်ည္ ႏွစ္လံုး ထိတယ္လို႔လည္း ေျပာၾကတယ္။ ကၽြန္ေတာ္တို႕ကေတာ့ အရပ္သားေတြကို ဦးတည္ၿပီး တစ္စံုတစ္ရာ ထိခိုက္ေအာင္ ဘယ္အဖြဲ႔အစည္းကမွ မလုပ္ေစခ်င္ဘူး” ဟုေျပာသည္။

ရကၡိဳင့္တပ္ေတာ္ (AA) ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက တိုက္ပြဲျဖစ္ေနျခင္းႏွင့္ ပတ္သက္၍ ေမးျမန္းရာ တစ္စံုတစ္ရာ သတင္းအေၾကာင္းၾကားလာျခင္းရွိေသးသျဖင့္ ျပန္ေမးျမန္းၿပီးမွ အတည္ျပဳေပးႏိုင္မည္ ဟုေျပာသည္။

အဆုိပါကိစၥႏွင့္ ပတ္သက္၍ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးၾကီး ဝင္းေဇာ္ဦးအား နိရဥၥရာမွ ဆက္သြယ္ေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္းမရွိခဲ့ပါ။

၄င္း မင္းျပားကမ္းနီ တိုင္းဗဟို (၉) တန္းျမင့္ေလ့က်င့္ေရးေက်ာင္းအား မတ္လ ၂၃ ရက္ေန႔တြင္ AA မွ ဝင္ေရာက္တိုက္ခိုက္ခဲ့ျပီးေနာက္ ၎ေနရာ အနီး၀န္းက်င္တြင္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနေၾကာင္း သတင္းမ်ားရရွိသည္။

၄င္း မင္းျပားကမ္းနီ တိုင္းဗဟို (၉) တန္းျမင့္ေလ့က်င့္ေရးေက်ာင္းအား မတ္လ ၂၃ ရက္ေန႔တြင္ AA မွ ဝင္ေရာက္တိုက္ခိုက္ခဲ့ျပီးေနာက္ ၎ေနရာ အနီး၀န္းက်င္တြင္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနေၾကာင္း သတင္းမ်ားရရွိသည္။

ခ်စ္အိလိွဳင္
Narinjara
https://www.facebook.com/narinjara.info/
--------------
(Unicode)⤵⤵⤵
မင်းပြားတိုင်းဗဟို (၉)အနီးတိုက်ပွဲဖြစ်ပွား၍ ကျေးရွာ ၅ ခုမှ လူပေါင်း ၁၀၀၀ ကျော်ထွက်ပြေး

နိရဉ္စရာ၊ မတ် ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ တိုင်းဗဟို(၉)တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ မြောက်ဘက် (၅) မိုင်အကွာ၌ ယနေ့ နံနက် ၉နာရီက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများ ရှိသဖြင့် ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးသွားခဲ့ကြကြောင်း သတင်းရရှိသည်။

“ဒီနေ့ မနက်က တိုက်ပွဲဖြစ်တယ်။ တပ်မတော်နဲ့ အေအေတို့အကြား ကျွန်တော်တို့ရွာကို ကျည်တွေ လာထိတယ်။ ခုတော့ ကြောက်လို့ ကျွန်တော်တို့ ရွာသားတွေ ဒီနေ့မနက်ပဲ ငတက်ရွာကို ထွက်ပြေး လာကြတာပါ”ဟု ဖုံသာကျေးရွာမှ ဦးမောင်ဆန်းဝင်းက ပြောသည်။

ထွက်ပြေးကြသည့် ကျေးရွာသားများမှာ ခွဆုံကျေးရွာ(ချင်းကျေးရွာ)၊ ကျောက်မော်၊ တောင်ဘုတ်ကေ၊ ခွဆုံနှင့် ဖုံသာကျေးရွာများဖြစ်ကြပြီး စုစုပေါင်း လူ ၁၀၀၀ ကျော်ခန့် ရှိသည်ဟု ဆိုသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုသည် ခွဆုံချင်းရွာထဲမှနေရာယူကာ အနောက်ဘက်တောင်တန်းများဘက်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတောင်တန်းမှ လက်နက်င်္ကြီး လက်နက်ငယ် ပစ်ခတ်သံများ အပြန်အလှန် ပစ်ခတ်သည်ကို ကြားခဲ့ရကြောင်း ဖုံသာကျေးရွာမှ ဦးမောင်ဆန်းဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ တိုက်ပွဲ ဖြစ်တာ မှန်ပါတယ်။ ကျွန်တော်တို့ ရွာအနီးက တောင်တန်းများတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်သံများကို ကြားရပါတယ်” ဟု၎င်းက ဆက်ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ယနေ့ မတ်လ ၂၆ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ မင်းပြားမြို့ရဲ့အရှေ့ဘက်၊ တိုင်းဗဟို ၉ ရဲ့မြောက်ဘက် ၅ မိုင်လောက်ကွာတဲ့ တောင်ဘုတ်ကေ ရွာ အနီးမှာ ဒီနေ့မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားတယ်ဆိုပြီးတော့ ရွာသားတွေက တစ်ဆင့် သိရတယ်။ မနေ့က မြန်မာ့တပ်မတော်ကတိုက်ပွဲဖြစ်တာမရှိပဲ အပေါ်ကိုထောင်ပြီး ပစ်တယ်လို့ သိရတယ်။ ကျောက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ လက်နက်ကြီးကျည် နှစ်လုံး ထိတယ်လို့လည်း ပြောကြတယ်။ ကျွန်တော်တို့ကတော့ အရပ်သားတွေကို ဦးတည်ပြီး တစ်စုံတစ်ရာ ထိခိုက်အောင် ဘယ်အဖွဲ့အစည်းကမှ မလုပ်စေချင်ဘူး” ဟုပြောသည်။

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တိုက်ပွဲဖြစ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ တစ်စုံတစ်ရာ သတင်းအကြောင်းကြားလာခြင်းရှိသေးသဖြင့် ပြန်မေးမြန်းပြီးမှ အတည်ပြုပေးနိုင်မည် ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဉ္စရာမှ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

၎င်း မင်းပြားကမ်းနီ တိုင်းဗဟို (၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းအား မတ်လ ၂၃ ရက်နေ့တွင် AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းနေရာ အနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းများရရှိသည်။

၎င်း မင်းပြားကမ်းနီ တိုင်းဗဟို (၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းအား မတ်လ ၂၃ ရက်နေ့တွင် AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းနေရာ အနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းများရရှိသည်။

ချစ်အိလှိုင်
Narinjara
https://www.facebook.com/narinjara.info/
မင္းျပားတိုင္းဗဟို (၉)အနီးတိုက္ပြဲျဖစ္ပြား၍ ေက်းရြာ ၅ ခုမွ လူေပါင္း ၁၀၀၀ ေက်ာ္ထြက္ေျပး မင္းျပားတိုင္းဗဟို (၉)အနီးတိုက္ပြဲျဖစ္ပြား၍ ေက်းရြာ ၅ ခုမွ လူေပါင္း ၁၀၀၀ ေက်ာ္ထြက္ေျပး Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.