ကြတ္ခိုင္ၿမိဳ႕နယ္ထဲ ပိုင္ရွင္မဲ့မူးယစ္ေဆး၅၃ ဘီလီယံေက်ာ္ထပ္မိ

ဖမ္းမိတဲ့ဘိန္းျဖဴဆပ္ျပာခြက္မ်ား
(Zawgyi)⤵⤵⤵
ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲက ေကာင္းခါးေက်း႐ြာအနီးမွာ မတ္လ၃ ရက္ေန႔ မနက္ပိုင္းက မူးယစ္ေဆးထုတ္လုပ္ရာမွာ သုံးတဲ့ဆက္စပ္ပစၥည္းေတြက်ပ္ေငြ ၅၃ ဘီလီယံ ေက်ာ္ ဖိုးဖမ္းမိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကေျပာခြင့္ရသူ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

မတ္လ ၂ ရက္ေန႔ကက်ပ္ ၃၈ဘီလီယံဖိုးဖမ္းမိခဲ့တာေၾကာင့္အခု ရက္ပိုင္းအတြင္းဖမ္းမိတာ တဲ့တန္ဘိုးဟာ၉၁ ဘီလီယံေက်ာ္ဖိုးရွိတယ္လို႔လည္းသူကေျပာပါတယ္။

မ်ားေသာအားျဖင့္ေတာ့နယ္စပ္ေဒသမွာ မိတဲ့ မူးယစ္ေဆးဝါးေတြဟာ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ဆက္စပ္ေလ့ရွိတယ္လို႔လည္းသူကေျပာပါတယ္။

ဖမ္းမိတဲ့မူးယစ္ေဆးေတြကို ပိုင္ရွင္မဲ့ဖမ္းမိတာ ျဖစ္တဲ့အတြက္ ဆက္လက္ စုံစမ္း စစ္ေဆးေနတယ္လို႔ တပ္မေတာ္ ေျပာခြင့္ရသူဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
မူးယစ္ေဆးထုတ္လုပ္ရာမွာ သုံးတဲ့ဆက္စပ္ပစၥည္းမ်ား
မတ္လ ၂ရက္ေန႔ကကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာအနီးမွာ စိတ္ႂကြေဆးေတြနဲ႔အတူ မူးယစ္ေဆးဝါး ခ်က္လုပ္ရာမွာ အသုံးျပဳတဲ့ ဂက္စ္ မီးဖိုေတြ၊ ဓာတု ေဆးရည္ ေတြနဲ႔ ၊ ေဆးျပား႐ိုက္ထုတ္တဲ့ စက္ေတြ အျပင္ သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြ ကိုပါ သိမ္းဆည္း ရမိခဲ့ပါေသးတယ္။

မတ္လ၃ရက္ေန႔ကေတာ့ စိတ္ႂကြေဆးျပားသန္း၂၀ေက်ာ္နဲ႔ဘိန္းျဖဴေတြပါသိမ္းဆည္းရရွိတာျဖစ္ပါတယ္။

အခု ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါး ေတြဟာလည္း ပိုင္ရွင္မဲ့ေတြ ျဖစ္ေနပါတယ္။

ဖမ္းမိတဲ့မူးယစ္ေဆးဝါးနဲ႔ မူးယစ္ေဆးထုတ္လုပ္ရာမွာ သုံးတဲ့ဆက္စပ္ ပစၥည္းေတြဟာ ပိုင္ရွင္မဲ့ဆိုေပမယ့္ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ျပည္သူ႔စစ္အဖြဲ႕ေတြမသိရွိဘဲ ဒီေနရာေတြမွာ ထုတ္လုပ္လို႔မရႏိုင္ဘူးလို႔ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။
မတ္လ၂ ရက္ေန႔ေကာင္းခါး႐ႊာအနီးမွာမိတဲ့ မူးယစ္ေဆးထုတ္လုပ္ ေရးစခန္း
မူးယစ္ေဆးဝါးထုတ္လုပ္မႈေတြဟာ တေနရာက တေနရာေျပာင္းေ႐ႊ႕လုပ္ကိုင္ေလ့ရွိတယ္လို႔လည္း ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

အခု မူးယစ္ေဆးေတြ အမ်ားအျပားမိတဲ့ ေကာင္းခါး႐ြာ အနားမွာ လႈပ္ရွားေနတဲ့ ေကာင္းခါးျပည္သူ႔စစ္၊အပါအဝင္ အျခားျပည္သူစစ္အဖြဲ႕ေတြလႈပ္ရွားတဲ့ေဒသျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ၁၁ ရာခိုင္ႏႈန္း က်ဆင္း သြားတယ္လို႔ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈႏွိမ္ႏွင္းေရး ဆိုင္ရာ ကုလသမဂၢ႐ုံး (UNODC) က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

အခုလို ဘိန္းစိုက္ပ်ိဳးမႈ က်ဆင္းေနေပမယ့္ ေဒသတြင္းမွာ စိတ္ႂကြ ေဆးျပားေတြ ဖမ္းဆီးရမိမႈ ေတြကမ်ားလာေနပါတယ္။
စခန္းေတြမိတဲ့အခါ ပိုင္ရွင္မဲ့အေနနဲ႔သာ ေတြ႕ရ
ရွမ္းျပည္အတြင္းက မူးယစ္ေဆးဝါးေတြကိုဖမ္းဆီးရမိတဲ့အခါ ပိုင္ရွင္မဲ့အေနနဲ႔သာ ေတြ႕ရွိရျခင္းအေပၚကို ေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြက ေမးခြန္းထုတ္ ေဝဖန္ၾကပါတယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးတပ္မေတာ္ RCSS ရွမ္းျပည္တိုးတက္ေရးပါတီ SSPP နဲ႔ တအန္းလြတ္ ေျမာက္ေရးတပ္ TNLA တို႔က မူးယစ္ေဆးဝါးနဲ႔ ပက္သက္ၿပီး သူတို႔အဖြဲ႕ေတြက တိုက္ဖ်က္ေနတဲ့ အဖြဲ႕ေတြ သာျဖစ္ကာ ဖမ္းဆီးရမိတဲ့အခါမွာလည္း အေရးယူမႈေတြကို အၿမဲျပဳလုပ္တယ္လို႔ ဘီဘီစီကို ေျပာပါ တယ္။

(Unicode)⤵⤵⤵
ကွတ်ခိုင်မြို့နယ်ထဲ ပိုင်ရှင်မဲ့မူးယစ်ဆေး၅၃ ဘီလီယံကျော်ထပ်မိ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ကောင်းခါးကျေးရွာအနီးမှာ မတ်လ၃ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးထုတ်လုပ်ရာမှာ သုံးတဲ့ဆက်စပ်ပစ္စည်းတွေကျပ်ငွေ ၅၃ ဘီလီယံ ကျော် ဖိုးဖမ်းမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောခွင့်ရသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

မတ်လ ၂ ရက်နေ့ကကျပ် ၃၈ဘီလီယံဖိုးဖမ်းမိခဲ့တာကြောင့်အခု ရက်ပိုင်းအတွင်းဖမ်းမိတာ တဲ့တန်ဘိုးဟာ၉၁ ဘီလီယံကျော်ဖိုးရှိတယ်လို့လည်းသူကပြောပါတယ်။

များသောအားဖြင့်တော့နယ်စပ်ဒေသမှာ မိတဲ့ မူးယစ်ဆေးဝါးတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်စပ်လေ့ရှိတယ်လို့လည်းသူကပြောပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးတွေကို ပိုင်ရှင်မဲ့ဖမ်းမိတာ ဖြစ်တဲ့အတွက် ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ တပ်မတော် ပြောခွင့်ရသူဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မတ်လ ၂ရက်နေ့ကကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအနီးမှာ စိတ်ကြွဆေးတွေနဲ့အတူ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဂက်စ် မီးဖိုတွေ၊ ဓာတု ဆေးရည် တွေနဲ့ ၊ ဆေးပြားရိုက်ထုတ်တဲ့ စက်တွေ အပြင် သယ်ယူပို့ဆောင်ရေးယာဉ်တွေ ကိုပါ သိမ်းဆည်း ရမိခဲ့ပါသေးတယ်။

မတ်လ၃ရက်နေ့ကတော့ စိတ်ကြွဆေးပြားသန်း၂၀ကျော်နဲ့ဘိန်းဖြူတွေပါသိမ်းဆည်းရရှိတာဖြစ်ပါတယ်။

အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တွေဟာလည်း ပိုင်ရှင်မဲ့တွေ ဖြစ်နေပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးထုတ်လုပ်ရာမှာ သုံးတဲ့ဆက်စပ် ပစ္စည်းတွေဟာ ပိုင်ရှင်မဲ့ဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေမသိရှိဘဲ ဒီနေရာတွေမှာ ထုတ်လုပ်လို့မရနိုင်ဘူးလို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေဟာ တနေရာက တနေရာပြောင်းရွှေ့လုပ်ကိုင်လေ့ရှိတယ်လို့လည်း ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အခု မူးယစ်ဆေးတွေ အများအပြားမိတဲ့ ကောင်းခါးရွာ အနားမှာ လှုပ်ရှားနေတဲ့ ကောင်းခါးပြည်သူ့စစ်၊အပါအဝင် အခြားပြည်သူစစ်အဖွဲ့တွေလှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်း သွားတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး ဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အခုလို ဘိန်းစိုက်ပျိုးမှု ကျဆင်းနေပေမယ့် ဒေသတွင်းမှာ စိတ်ကြွ ဆေးပြားတွေ ဖမ်းဆီးရမိမှု တွေကများလာနေပါတယ်။

ရှမ်းပြည်အတွင်းက မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိတဲ့အခါ ပိုင်ရှင်မဲ့အနေနဲ့သာ တွေ့ရှိရခြင်းအပေါ်ကို တော့ တိုင်းရင်းသားလက်နက်ကိုင်တွေက မေးခွန်းထုတ် ဝေဖန်ကြပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအန်းလွတ် မြောက်ရေးတပ် TNLA တို့က မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး သူတို့အဖွဲ့တွေက တိုက်ဖျက်နေတဲ့ အဖွဲ့တွေ သာဖြစ်ကာ ဖမ်းဆီးရမိတဲ့အခါမှာလည်း အရေးယူမှုတွေကို အမြဲပြုလုပ်တယ်လို့ ဘီဘီစီကို ပြောပါ တယ်။

BBC Burmese
https://www.bbc.com/burmese
ကြတ္ခိုင္ၿမိဳ႕နယ္ထဲ ပိုင္ရွင္မဲ့မူးယစ္ေဆး၅၃ ဘီလီယံေက်ာ္ထပ္မိ  ကြတ္ခိုင္ၿမိဳ႕နယ္ထဲ ပိုင္ရွင္မဲ့မူးယစ္ေဆး၅၃ ဘီလီယံေက်ာ္ထပ္မိ Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.