(Zawgyi/Unicode)
အေမရိကန္ျပည္ေထာင္စုန႔ဲ အာဖဂန္ တာလီဘန္တုိ႔အၾကား ရရွိလုိက္တဲ့ သေဘာတူညီခ်က္သစ္အရ အာဖဂန္အစုိးရက လက္ရွိ ထိန္းခ်ဳပ္ထားတဲ့ တာလီဘန္အက်ဥ္းသား ၅,၀၀၀ ကုိ သေဘာတူ ထားတဲ့အတုိင္း ျပန္လႊတ္ေပးဖုိ႔ အာဖဂန္ တာလီဘန္အဖြဲ႔က တနလၤာေန႔မွာ ေတာင္းဆုိလုိက္ပါတယ္။
အာဖဂန္အစုိးရအေနနဲ႔ တာလီဘန္ ေသာင္းက်န္းသူေတြကုိ ျပန္လႊတ္ေပးဖုိ႔ ကတိေပးထားျခင္း မရွိေၾကာင္း၊ ဒါေၾကာင့္ ျပန္လႊတ္ေပးဖုိ႔ ဖိအားေပး ေတာင္းဆုိတာေတြကုိလည္း လုိက္နာမွာ မဟုတ္ေၾကာင္း အာဖဂန္သမၼတ Ashraf Ghani က တနဂၤေႏြေန႔မွာ ေျပာၾကားအၿပီး တာလီဘန္တုိ႔ရဲ႕ အခုလုိ ေတာင္းဆုိမႈ ထြက္လာတာပါ။
သမၼတ Ghani က အဲဒီလုိ ေျပာၾကားလုိက္တာေၾကာင့္ တာလီဘန္နဲ႔ အေမရိကန္ အစုိးရတုိ႔ စေနေန႔က ကာတာႏုိင္ငံမွာ လက္မွတ္ေရးလုိက္တဲ့ ၁၈ ေက်ာ္ၾကာလာၿပီ ျဖစ္တဲ့ အာဖဂန္စစ္ပြဲ အဆုံးသတ္ေစမယ့္ သမုိင္း၀င္ သေဘာတူညီခ်က္အေပၚ ထိခုိက္ေစမယ့္ လကၡဏာ ေပၚလာခဲ့ပါတယ္။
အာဖဂန္အခ်င္းခ်င္းၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ စတင္မယ့္ မတ္လ ၁၀ ေန႔မတုိင္ခင္ တာလီဘန္ အက်ဥ္းသားေတြကုိ အၿပီးသတ္ ျပန္လႊတ္ေပးမယ္လုိ႔ အေမရိကန္တုိ႔က ကတိျပဳထားေၾကာင္း တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid က တနလၤာေန႔မွာ Twitter ကေန ေရးသားခဲ့ပါတယ္။
အေမရိကန္နဲ႔ တာလီဘန္တုိ႔ရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကုိ ဖိတ္ၾကားျခင္းမခံခဲ့ရတဲ့ သမၼတ Ghani ရဲ႕ အစုိးရကေတာ့ အက်ဥ္းသားေတြ လႊတ္ေပးေရးကိစၥကုိ မၾကာခင္ျပဳလုပ္မယ့္ အာဖဂန္ေတြ အခ်င္းခ်င္းၾကားက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ ထည့္သြင္း ေဆြးေႏြးသြားမယ္လုိ႔ ေျပာပါတယ္။
............
တာလီဘန် အကျဉ်းသားတွေလွှတ်ပေးရေး အာဖဂန်အစိုးရ ငြင်းဆန်
(Unicode)
အမေရိကန်ပြည်ထောင်စုနဲ့ အာဖဂန် တာလီဘန်တို့အကြား ရရှိလိုက်တဲ့ သဘောတူညီချက်သစ်အရ အာဖဂန်အစိုးရက လက်ရှိ ထိန်းချုပ်ထားတဲ့ တာလီဘန်အကျဉ်းသား ၅,၀၀၀ ကို သဘောတူ ထားတဲ့အတိုင်း ပြန်လွှတ်ပေးဖို့ အာဖဂန် တာလီဘန်အဖွဲ့က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အာဖဂန်အစိုးရအနေနဲ့ တာလီဘန် သောင်းကျန်းသူတွေကို ပြန်လွှတ်ပေးဖို့ ကတိပေးထားခြင်း မရှိကြောင်း၊ ဒါကြောင့် ပြန်လွှတ်ပေးဖို့ ဖိအားပေး တောင်းဆိုတာတွေကိုလည်း လိုက်နာမှာ မဟုတ်ကြောင်း အာဖဂန်သမ္မတ Ashraf Ghani က တနင်္ဂနွေနေ့မှာ ပြောကြားအပြီး တာလီဘန်တို့ရဲ့ အခုလို တောင်းဆိုမှု ထွက်လာတာပါ။
သမ္မတ Ghani က အဲဒီလို ပြောကြားလိုက်တာကြောင့် တာလီဘန်နဲ့ အမေရိကန် အစိုးရတို့ စနေနေ့က ကာတာနိုင်ငံမှာ လက်မှတ်ရေးလိုက်တဲ့ ၁၈ ကျော်ကြာလာပြီ ဖြစ်တဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်စေမယ့် သမိုင်းဝင် သဘောတူညီချက်အပေါ် ထိခိုက်စေမယ့် လက္ခဏာ ပေါ်လာခဲ့ပါတယ်။
အာဖဂန်အချင်းချင်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်မယ့် မတ်လ ၁၀ နေ့မတိုင်ခင် တာလီဘန် အကျဉ်းသားတွေကို အပြီးသတ် ပြန်လွှတ်ပေးမယ်လို့ အမေရိကန်တို့က ကတိပြုထားကြောင်း တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က တနင်္လာနေ့မှာ Twitter ကနေ ရေးသားခဲ့ပါတယ်။
အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဖိတ်ကြားခြင်းမခံခဲ့ရတဲ့ သမ္မတ Ghani ရဲ့ အစိုးရကတော့ အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို မကြာခင်ပြုလုပ်မယ့် အာဖဂန်တွေ အချင်းချင်းကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
