ေျမာက္ကိုရီးယား ဒံုးက်ည္စမ္းသပ္ပစ္ခတ္

ေျမာက္ကိုရီးယား ဒံုးက်ည္စမ္းသပ္ပစ္လႊတ္မႈ (မွတ္တမ္းဓာတ္ပံု - ႏို၀င္ဘာ၊ ၂၉၊ ၂၀၁၇)
(Zawgyi/Unicode)

အခု တနလၤာေန႔မွာပဲ ေျမာက္ကိုရီးယားအေနနဲ႔ တာတိုဒံုးလက္နက္ႏွစ္စင္း ပစ္ခတ္စမ္းသပ္မႈ လုပ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဘက္က ေျပာပါတယ္။ ေျမာက္ကိုရီးယားအေနနဲ႔ ကို႐ိုနာဗိုင္းရပ္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔ ၾကိဳးပမ္းေနရတဲ့အခ်ိန္မွာပဲ အခုလို ဒံုးလက္နက္စမ္းသပ္မႈ လုပ္လာတာပါ။

ေတာင္ကိုရီးယားစစ္တပ္ စစ္ဦးစီးအဖဲြ႕အေျပာအရဆိုရင္ေတာ့ ဒံုးလက္နက္ႏွစ္စင္းကို Wonsan ေဒသကေန ေျမာက္ကိုရီးယားအေရွ႕ဘက္ကမ္း ပင္လယ္ျပင္ထဲ ပစ္လႊတ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒံုးက်ည္ဟာ အျမင့္ ၃၅ ကီလိုမီတာေလာက္ကေန ၂၄၀ ကီလိုမီတာ (မိုင္ ၁၅၀နီးပါး) အထိ သြားခဲ့တယ္လို႔လည္း ေဖာ္ျပပါတယ္။ ဒီ ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ ေျမာက္ကိုရီးယားဘက္ကေတာ့ တစံုတရာ ေျပာဆိုတာ မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ သီတင္းပတ္ကစတဲ့ ေျမာက္ကိုရီးယား စစ္ေရးေလ့က်င့္မႈ အစိတ္အပိုင္း တရပ္အျဖစ္နဲ႔ ဒီလို ဒံုးက်ည္ပစ္လႊတ္တာျဖစ္ဖြယ္ ရွိတယ္လို႔ ေတာင္ကိုရီးယား တာ၀န္ရွိသူေတြက ေျပာပါတယ္။

ဒီလုပ္ရပ္အတြက္ အလြန္တရာ စိုးရိမ္မကင္းျဖစ္တဲ့အေၾကာင္း ေတာင္ကိုရီးယား အမ်ိဳးသားလံုျခံဳေရးေကာင္စီက ေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္းမ်ာေဆိုရင္ တာတိုနဲ႔ တာလတ္ပစ္ ဒံုးက်ည္ေတြ ၁၃ ႀကိမ္ ပစ္ခတ္စမ္းသပ္မႈ လုပ္ခဲ့ပါတယ္။

အေမရိကန္နဲ႔ ႏ်ဴကလီးယားအေရး ေဆြးေႏြးပဲြကလည္း ရပ္တန္႔ေနပါတယ္။ ဒီတႀကိမ္ ဒံုးက်ည္စမ္းသပ္မႈကို ေတြ႕တာဟာဆိုရင္ အခုႏွစ္ဆန္းကတည္းကဆိုရင္ေတာ့ ဒါ ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ေတြတုန္းကေတာ့ ေျမာက္ကိုရီးယားအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္တားဆီးေရးကို အေရးေပၚ ေဆာင္ရြက္ေနခဲ့တာပါ။ ဒါဟာ တိုင္းျပည္အတြက္ ေသေရးရွင္ေရး ျပႆနာျဖစ္တယ္လို႔လည္း အာဏာပိုင္ေတြက ေခၚဆိုခဲ့ပါတယ္။

ႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ မရွိေသးဘူးလို႔ ျငင္းဆန္ေနေပမဲ့လို႔ ႏိုင္ငံျခားခရီးသည္ေတြကို ပိတ္လိုက္သလို ေရာက္လာတဲ့ ႏိုင္ငံျခားသားေတြကို သီးျခားခဲြထားတာ ႏိုင္ငံျခားသံတမန္ေတြကိုလည္း သူတို႔ ၀န္းထဲကေန ေပးမထြက္တာေတြ လုပ္ခဲ့ပါတယ္။

လူ ၇,၀၀၀ နီးပါးကိုေတာ့ က်န္းမာေရးအရ ေစာင့္ၾကည့္ေနတယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္ မီဒီယာက ေဖာ္ျပပါတယ္။

[Unicode Version]

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်ခတ်

အခု တနင်္လာနေ့မှာပဲ မြောက်ကိုရီးယားအနေနဲ့ တာတိုဒုံးလက်နက်နှစ်စင်း ပစ်ခတ်စမ်းသပ်မှု လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေရတဲ့အချိန်မှာပဲ အခုလို ဒုံးလက်နက်စမ်းသပ်မှု လုပ်လာတာပါ။

တောင်ကိုရီးယားစစ်တပ် စစ်ဦးစီးအဖွဲ့အပြောအရဆိုရင်တော့ ဒုံးလက်နက်နှစ်စင်းကို Wonsan ဒေသကနေ မြောက်ကိုရီးယားအရှေ့ဘက်ကမ်း ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည်ဟာ အမြင့် ၃၅ ကီလိုမီတာလောက်ကနေ ၂၄၀ ကီလိုမီတာ (မိုင် ၁၅၀နီးပါး) အထိ သွားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်ကတော့ တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကစတဲ့ မြောက်ကိုရီးယားစစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတရပ်အဖြစ်နဲ့ ဒီလို ဒုံးကျည်ပစ်လွှတ်တာဖြစ်ဖွယ် ရှိတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလုပ်ရပ်အတွက် အလွန်တရာ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်းမျာဆေိုရင် တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေ ၁၃ ကြိမ် ပစ်ခတ်စမ်းသပ်မှုလုပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲကလည်း ရပ်တန့်နေပါတယ်။ ဒီတကြိမ် ဒုံးကျည်စမ်းသပ်မှုကို တွေ့တာဟာဆိုရင် အခုနှစ်ဆန်းကတည်းကဆိုရင်တော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကတော့ မြောက်ကိုရီးယားအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေးကို အရေးပေါ် ဆောင်ရွက်နေခဲ့တာပါ။ ဒါဟာ တိုင်းပြည်အတွက် သေရေးရှင်ရေးပြဿနာဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ခေါ်ဆိုခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိသေးဘူးလို့ ငြင်းဆန်နေပေမဲ့လို့ နိုင်ငံခြားခရီးသည်တွေကို ပိတ်လိုက်သလို ရောက်လာတဲ့ နိုင်ငံခြားသားတွေကို သီးခြားခွဲထားတာ နိုင်ငံခြားသံတမန်တွေကိုလည်း သူတို့ ဝန်းထဲကနေ ပေးမထွက်တာတွေ လုပ်ခဲ့ပါတယ်။

လူ ၇,၀၀၀ နီးပါးကိုတော့ ကျန်းမာရေးအရ စောင့်ကြည့်နေတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေျမာက္ကိုရီးယား ဒံုးက်ည္စမ္းသပ္ပစ္ခတ္ ေျမာက္ကိုရီးယား ဒံုးက်ည္စမ္းသပ္ပစ္ခတ္ Reviewed by THITHTOOLWIN on 22:23 Rating: 5
Powered by Blogger.