ထိုင္းနယ္စပ္က ျပန္လာတဲ့ ျမန္မာလုပ္သားေတြကို ေအာင္မဂၤလာအေဝးကြင္းကတစ္ဆင့္ ေနရပ္ကိုပို႔ေဆာင္ေပး

 ျပန္ဝင္လာသူေတြထဲမွာ ရခိုင္ျပည္နယ္ ခ႐ိုင္ငါးခုက လုပ္သားေတြလည္းပါ
(Zawgyi)⤵⤵⤵
ထိုင္း-ျမန္မာနယ္စပ္ ျမဝတီနယ္စပ္ဂိတ္ကေနတစ္ဆင့္ ျပန္လည္ဝင္ေရာက္လာခဲ့ၾကတဲ့ ျမန္မာႏိုင္ငံသားေတြကို ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာ အေဝးေျပးကားဂိတ္မွာ မတ္လ ၂၇ ရက္ေန႔က လက္ခံၿပီး သူတို႔ရဲ႕မူလေနရပ္ေဒသေတြ ဆီကို ပို႔ေဆာင္ေပးေနတယ္လို႔ ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန၊ ဦးစီးအရာရွိ ဦးရဲမင္းဦးက ဘီဘီစီကိုေျပာပါတယ္။

အဲ့ဒီျပန္လည္ဝင္ေရာက္လာခဲ့သူေတြအားလုံးဟာ ထိုင္းႏိုင္ငံတစ္ခုတည္းက ဝင္ေရာက္လာခဲ့ၾကတာျဖစ္ၿပီး ဧရာဝတီ၊ ရခိုင္၊ ပဲခူး၊ မေကြး စတဲ့ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြကျဖစ္ေၾကာင္းနဲ႔ သူတို႔ေတြဟာ မတ္လ ၂၆ ရက္ေန႔မွာ ျမဝတီၿမိဳ႕ကိုေရာက္ရွိခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီေနာက္ ျမဝတီကေနတစ္ဆင့္ ရန္ကုန္ၿမိဳ႕ကိုေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။

ျပန္လည္ဝင္ေရာက္လာသူအေရအတြက္ ဘယ္ေလာက္ပါဝင္တယ္ဆိုတာကို အတိအက်မသိရေပမယ့္ ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာအေဝးျပးကားဂိတ္ကို ေရာက္ရွိလာသူေတြထဲမွာေတာ့ ဧရာဝတီတိုင္းက အမ်ားဆုံးျဖစ္ၿပီး ရခိုင္ျပည္နယ္ ခ႐ိုင္ငါးခ႐ိုင္က လူေတြလည္း ပါဝင္တယ္လို႔ ဦးရဲမင္းဦးက ဆိုပါတယ္။

ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ထိုင္းႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံေတြကို သြားေရာက္ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ေတာ္ေတာ္မ်ားမ်ားရွိေနၾကၿပီး တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့အခ်ိန္ကေန ျမန္မာႏိုင္ငံကို တျဖည္းျဖည္း ျပန္လည္ ဝင္ေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။

ျမဝတီကထြက္လာခဲ့တဲ့ ကားေတြကို ေအာင္မဂၤလာအေဝးေျပးကားကြင္းအတြင္းမွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ အပါအဝင္ သက္ဆိုင္ရာ ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြက တာဝန္ရွိတဲ့အဖြဲ႕အစည္းေတြနဲ႔ က်န္းမာေရးဌာနတို႔ စုေပါင္းၿပီးေတာ့ ညလုံးေပါက္စစ္ေဆးမႈေတြျပဳလုပ္ခဲ့တာပါ။

အဲဒီေနာက္ မတ္လ ၂၈ ရက္ေန႔မနက္ပိုင္းမွာ ထြက္တဲ့ခရီးသည္ကားေတြနဲ႔ ေနရပ္ကို ထပ္မံပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

"တိုင္းေဒသႀကီးနဲ႔ျပည္နယ္အလိုက္ သက္ဆိုင္ရာအလိုက္ လာၿပီးေတာ့ ေခၚၾကတာေတြလည္းရွိတယ္။ ဧရာဝတီတိုင္းကေတာ့ ေတာ္ေတာ္မ်ားတယ္ဗ်။ ကြၽန္ေတာ္တို႔ရခိုင္ကေတာ့ ၃၀ နီးပါးေလာက္ရွိတယ္"လို႔ ဦးရဲမင္းဦးက ေျပာပါတယ္။
 ျပန္လာသူေတြကို ညလုံးေပါက္ က်န္းမာေရးစစ္ေဆးခ်က္ယူ
ရခိုင္ျပည္နယ္ကိုျပန္လာၾကတဲ့သူေတြထဲမွာေတာ့ ေက်ာက္ျဖဴခ႐ိုင္၊ သံတြဲခ႐ိုင္၊ ေျမာက္ဦးခ႐ိုင္၊ စစ္ေတြခ႐ိုင္နဲ႔ ေမာင္ေတာခ႐ိုင္ေတြက ေဒခသံေတြျဖစ္ၿပီး အဲ့ဒီလူေတြကို သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ ေဒသအာဏာပိုင္ေတြကေနတစ္ဆင့္ ေနအိမ္ေတြထိေရာက္ရွိႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

မိမိတို႔ရဲ႕ေနအိမ္ေတြကိုေရာက္သြားတဲ့အခါမွာလည္း ေနအိမ္အျပင္ကိုမထြက္ၾကဖို႔၊ မိသားစုေတြနဲ႔ ေရာေႏွာမေနၾကဖို႔၊ အစားအေသာက္ေတြကိုဘယ္လိုစားသုံးရမယ္ဆိုတဲ့ ကာကြယ္ေစာင့္ေရွာက္မႈအပိုင္းေတြနဲ႔ အနည္းဆုံး ၁၄ ရက္ခန႔္ သီးသန႔္ေနထိုင္ၾကဖို႔အတြက္ကိုလည္း က်န္းမာေရးဌာနက ၫႊန္ၾကားလိုက္တယ္လို႔ ျပန္ဝင္လာတဲ့အထဲမွာပါဝင္တဲ့ စစ္ေတြၿမိဳ႕နယ္၊ အလယ္ေခ်ာင္းေက်း႐ြာက ေဒၚခင္ခင္သန္းက ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာေနထိုင္ခဲ့ၿပီး မိမိကိုယ္ကို ေရာဂါကူးစက္မႈမရွိဘူးလို႔ယုံၾကည္ေပမယ့္ မိသားစုေတြနဲ႔ ျပည္သူေတြအေပၚ ေရာဂါကူးစက္မႈေတြမ ရွိေစေရးအတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြရဲ႕ၫႊန္ၾကားခ်က္အတိုင္း ေနအိမ္မွာ သီးျခားေနထိုင္သြားမယ္လို႔ သူကဆက္ေျပာပါတယ္။

အခုလိုမ်ိဳး ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားေနတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြကို သြားေရာက္အလုပ္လုပ္ကိုင္ၿပီး ေနရပ္ကိုျပန္လည္ေရာက္ရွိေနသူေတြထဲမွာ က်န္းမာေရးဌာနရဲ႕ၫႊန္ၾကားခ်က္ေတြအရ သီးျခားေနထိုင္တာမ်ိဳးမလုပ္ဘဲ ၿမိဳ႕ထဲ႐ြာထဲေတြမွာ သြားလာေနတာေတြရွိေနတဲ့အတြက္ စိုးရိမ္ေနရတာေၾကာင့္ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြအေနနဲ႔ အနီးကပ္ၾကပ္မတ္မႈေတြ ျပဳလုပ္ေပးဖို႔လိုအပ္ေနတယ္လို႔ ရခိုင္ေဒသခံေတြက ေျပာပါတယ္။
------------------------------------------
(Unicode)⤵⤵⤵
ထိုင်းနယ်စပ်က ပြန်လာတဲ့ မြန်မာလုပ်သားတွေကို အောင်မင်္ဂလာအဝေးကွင်းကတစ်ဆင့် နေရပ်ကိုပို့ဆောင်ပေး

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ပြန်ဝင်လာသူတွေထဲမှာ ရခိုင်ပြည်နယ် ခရိုင်ငါးခုက လုပ်သားတွေလည်းပါ

ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်ကနေတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှာ မတ်လ ၂၇ ရက်နေ့က လက်ခံပြီး သူတို့ရဲ့မူလနေရပ်ဒေသတွေ ဆီကို ပို့ဆောင်ပေးနေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲမင်းဦးက ဘီဘီစီကိုပြောပါတယ်။

အဲ့ဒီပြန်လည်ဝင်ရောက်လာခဲ့သူတွေအားလုံးဟာ ထိုင်းနိုင်ငံတစ်ခုတည်းက ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ဧရာဝတီ၊ ရခိုင်၊ ပဲခူး၊ မကွေး စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကဖြစ်ကြောင်းနဲ့ သူတို့တွေဟာ မတ်လ ၂၆ ရက်နေ့မှာ မြဝတီမြို့ကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက် မြဝတီကနေတစ်ဆင့် ရန်ကုန်မြို့ကိုရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်လာသူအရေအတွက် ဘယ်လောက်ပါဝင်တယ်ဆိုတာကို အတိအကျမသိရပေမယ့် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြးကားဂိတ်ကို ရောက်ရှိလာသူတွေထဲမှာတော့ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် ခရိုင်ငါးခရိုင်က လူတွေလည်း ပါဝင်တယ်လို့ ဦးရဲမင်းဦးက ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တော်တော်များများရှိနေကြပြီး တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ မြန်မာနိုင်ငံကို တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

မြဝတီကထွက်လာခဲ့တဲ့ ကားတွေကို အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက တာဝန်ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဌာနတို့ စုပေါင်းပြီးတော့ ညလုံးပေါက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

အဲဒီနောက် မတ်လ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထွက်တဲ့ခရီးသည်ကားတွေနဲ့ နေရပ်ကို ထပ်မံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

"တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် သက်ဆိုင်ရာအလိုက် လာပြီးတော့ ခေါ်ကြတာတွေလည်းရှိတယ်။ ဧရာဝတီတိုင်းကတော့ တော်တော်များတယ်ဗျ။ ကျွန်တော်တို့ရခိုင်ကတော့ ၃၀ နီးပါးလောက်ရှိတယ်"လို့ ဦးရဲမင်းဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ပြန်လာသူတွေကို ညလုံးပေါက် ကျန်းမာရေးစစ်ဆေးချက်ယူ

ရခိုင်ပြည်နယ်ကိုပြန်လာကြတဲ့သူတွေထဲမှာတော့ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တွေက ဒေခသံတွေဖြစ်ပြီး အဲ့ဒီလူတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ဒေသအာဏာပိုင်တွေကနေတစ်ဆင့် နေအိမ်တွေထိရောက်ရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မိမိတို့ရဲ့နေအိမ်တွေကိုရောက်သွားတဲ့အခါမှာလည်း နေအိမ်အပြင်ကိုမထွက်ကြဖို့၊ မိသားစုတွေနဲ့ ရောနှောမနေကြဖို့၊ အစားအသောက်တွေကိုဘယ်လိုစားသုံးရမယ်ဆိုတဲ့ ကာကွယ်စောင့်ရှောက်မှုအပိုင်းတွေနဲ့ အနည်းဆုံး ၁၄ ရက်ခန့် သီးသန့်နေထိုင်ကြဖို့အတွက်ကိုလည်း ကျန်းမာရေးဌာနက ညွှန်ကြားလိုက်တယ်လို့ ပြန်ဝင်လာတဲ့အထဲမှာပါဝင်တဲ့ စစ်တွေမြို့နယ်၊ အလယ်ချောင်းကျေးရွာက ဒေါ်ခင်ခင်သန်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပြီး မိမိကိုယ်ကို ရောဂါကူးစက်မှုမရှိဘူးလို့ယုံကြည်ပေမယ့် မိသားစုတွေနဲ့ ပြည်သူတွေအပေါ် ရောဂါကူးစက်မှုတွေမ ရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ညွှန်ကြားချက်အတိုင်း နေအိမ်မှာ သီးခြားနေထိုင်သွားမယ်လို့ သူကဆက်ပြောပါတယ်။

အခုလိုမျိုး ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ကိုပြန်လည်ရောက်ရှိနေသူတွေထဲမှာ ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်တွေအရ သီးခြားနေထိုင်တာမျိုးမလုပ်ဘဲ မြို့ထဲရွာထဲတွေမှာ သွားလာနေတာတွေရှိနေတဲ့အတွက် စိုးရိမ်နေရတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အနီးကပ်ကြပ်မတ်မှုတွေ ပြုလုပ်ပေးဖို့လိုအပ်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52074961
ထိုင္းနယ္စပ္က ျပန္လာတဲ့ ျမန္မာလုပ္သားေတြကို ေအာင္မဂၤလာအေဝးကြင္းကတစ္ဆင့္ ေနရပ္ကိုပို႔ေဆာင္ေပး ထိုင္းနယ္စပ္က ျပန္လာတဲ့ ျမန္မာလုပ္သားေတြကို ေအာင္မဂၤလာအေဝးကြင္းကတစ္ဆင့္ ေနရပ္ကိုပို႔ေဆာင္ေပး Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.