ကို႐ိုနာ သံသယနဲ႔ ေစာင့္ၾကည့္ လူနာ ၃ဦး ေသဆုံးတဲ့ထဲ တစ္ဦးမွာေရာဂါပိုးမေတြ႕၊ က်န္ ၂ဦးအေျဖ စစ္ေဆးေနဆဲ

ဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာ မတ္ ၇ ရက္ေန႔အထိ မရွိေသး
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ၊ရွမ္းျပည္နယ္နဲ႔ မႏၲေလးတိုင္းေဒသႀကီးက ေဆး႐ုံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယ လူနာ တစ္ဦးနဲ႔ ေစာင့္ၾကည့္လူနာ ၂ဦး စုစုေပါင္း ၃ဦးေသဆုံးခဲ့ၿပီး သူတို႔ရဲ႕ ဓာတ္ခြဲနမူနာေတြကို စစ္ေဆးထားၿပီး ၂ဦးရဲ႕အေျဖကို ေစာင့္ေနဆဲျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ ႀကီးက ဘီဘီစီကိုေျပာပါတယ္။

ေသဆုံးသူ ၃ဦးဟာ ရန္ကုန္ျပည့္သူေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာ တစ္ဦးျဖစ္တဲ့ရွမ္းျပည္နယ္ ရပ္ေစာက္ ၿမိဳ႕နယ္က အသက္ ၃၄ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ လားရႈိးၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာသံသယလူနာအျဖစ္ သတ္မွတ္ေစာင့္ၾကည့္ေနတဲ့ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က အသက္ ၄၀ အ႐ြယ္အမ်ိဳးသားတစ္ဦးနဲ႔ မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံက ေစာင့္ၾကည့္လူနာျဖစ္တဲ့ မဟာေအာင္ေျမၿမိဳ႕နယ္က အသက္ ၆၈ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔ျဖစ္ပါတယ္။

'' ေစာင့္ၾကည့္လူနာျဖစ္တဲ့ မႏၲေလးက ေသဆုံးသြားတဲ့အမ်ိဳးသမီးမွာေတာ့ ပိုးမေတြ႕ဘူးဆိုတာ မေန႔ညက အေျဖထြက္ပါတယ္။ က်န္တဲ့ႏွစ္ဦးကေတာ့ အေျဖမသိရေသးပါဘူး။ NHLမွာ စစ္ေနတုံးပါ။''လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

သံသယလူနာကို အမ်ားအားျဖင့္ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာရယူၿပီးစစ္ေဆးတာကို လုပ္ေဆာင္ေလ့ ရွိေပမယ့္လည္း တခါတရံမွာေတာ့ ဓာတ္ခြဲနမူနာရယူဖို႔ အဆင္မေျပတဲ့အေျခအေနေတြလည္းရွိတဲ့အတြက္ ၾကန႔္ၾကာတာမ်ိဳးေတြလည္းရွိတယ္လို႔ သူမက ထပ္မံျဖည့္စြက္ ေျပာျပပါတယ္။

'' ပုံမွန္အားျဖင့္ေတာ့ သံသယလူနာကို ဓာတ္ခြဲခန္းပို႔ရင္ ၂၄နာရီအတြင္းအေျဖသိရေလ့ရွိပါတယ္။ တစ္ခါ တစ္ေလမွာေတာ့ ၂ခါစစ္တာမ်ိဳးရွိပါတယ္။ ဥပမာ - စင္ကာပူက ေရာဂါပိုးကူးခံထားရသူနဲ႔ close contact ရွိသူျဖစ္တဲ့ ေက်ာက္ပန္းေတာင္းက ေဆး႐ုံမွာ ေစာင့္ၾကည့္လူနာဆိုရင္ ပထမတစ္ခါ နဂၢတစ္ျဖစ္ၿပီးပါၿပီ။ ၃ရက္အၾကာမွာေနာက္ထပ္ျပန္စစ္ပါတယ္။ အဲ့လို ၂ခါျပန္စစ္တာရွိပါတယ္။ တခ်ိဳ႕ေတြကိုလည္း ၂ခါျပန္ စစ္တာေတြရွိပါတယ္။'' လို႔ လည္း ေဒါက္တာခင္ခင္ႀကီးက ျမန္မာႏိုင္ငံမွာ စစ္ေဆးေဆာင္႐ြက္ေနတဲ့ အေျခအေနေတြကိုလည္း ေျပာျပပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရျခင္းရွိမရွိကို အရင္က ထိုင္းႏိုင္ငံက ဓာတ္ခြဲခန္းကို ေပးပို႔စစ္ေဆးခဲ့ ရေပမယ့္လည္း ေဖေဖာ္ဝါရီ ၂၀ ရက္ကစၿပီး ျမန္မာႏိုင္ငံမွာပဲ စစ္ေဆးေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။

ကိုဗစ္ - ၁၉ အမည္ရ ကို႐ိုနာဗိုင္းရပ္စ္အသစ္ေၾကာင့္ တစ္ကမာၻလုံးမွာ ကူးစက္ခံထားရသူ တစ္သိန္း ေက်ာ္ရွိလာၿပီျဖစ္သလို ေသဆုံးသူ သုံးေထာင္ေက်ာ္အထိရွိၿပီျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ ႏိုင္ငံေပါင္း ၉၂ ႏိုင္ငံထိ ရွိလာၿပီျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာ မတ္ ၇ ရက္ေန႔အထိ ဓတ္ခြဲအတည္ျပဳ စစ္ေဆးခ်က္ေတြအရ ပိုးေတြ႕ရွိသူ မရွိေသးပါဘူး။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ကိုရိုနာ သံသယနဲ့ စောင့်ကြည့် လူနာ ၃ဦး သေဆုံးတဲ့ထဲ တစ်ဦးမှာရောဂါပိုးမတွေ့၊ ကျန် ၂ဦးအဖြေ စစ်ဆေးနေဆဲ

 
ဓာတ်ပုံ မူပိုင် Ministry of Health and Sports, Myanmar
Image caption ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ မတ် ၇ ရက်နေ့အထိ မရှိသေး

ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ တစ်ဦးနဲ့ စောင့်ကြည့်လူနာ ၂ဦး စုစုပေါင်း ၃ဦးသေဆုံးခဲ့ပြီး သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးထားပြီး ၂ဦးရဲ့အဖြေကို စောင့်နေဆဲဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင် ကြီးက ဘီဘီစီကိုပြောပါတယ်။

သေဆုံးသူ ၃ဦးဟာ ရန်ကုန်ပြည့်သူဆေးရုံကြီးက စောင့်ကြည့်လူနာ တစ်ဦးဖြစ်တဲ့ရှမ်းပြည်နယ် ရပ်စောက် မြို့နယ်က အသက် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦး၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံမှာသံသယလူနာအဖြစ် သတ်မှတ်စောင့်ကြည့်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးနဲ့ မန္တလေးမြို့ ကန်တော်နဒီဆေးရုံက စောင့်ကြည့်လူနာဖြစ်တဲ့ မဟာအောင်မြေမြို့နယ်က အသက် ၆၈နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပါတယ်။

'' စောင့်ကြည့်လူနာဖြစ်တဲ့ မန္တလေးက သေဆုံးသွားတဲ့အမျိုးသမီးမှာတော့ ပိုးမတွေ့ဘူးဆိုတာ မနေ့ညက အဖြေထွက်ပါတယ်။ ကျန်တဲ့နှစ်ဦးကတော့ အဖြေမသိရသေးပါဘူး။ NHLမှာ စစ်နေတုံးပါ။''လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

သံသယလူနာကို အများအားဖြင့် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာရယူပြီးစစ်ဆေးတာကို လုပ်ဆောင်လေ့ ရှိပေမယ့်လည်း တခါတရံမှာတော့ ဓာတ်ခွဲနမူနာရယူဖို့ အဆင်မပြေတဲ့အခြေအနေတွေလည်းရှိတဲ့အတွက် ကြန့်ကြာတာမျိုးတွေလည်းရှိတယ်လို့ သူမက ထပ်မံဖြည့်စွက် ပြောပြပါတယ်။

'' ပုံမှန်အားဖြင့်တော့ သံသယလူနာကို ဓာတ်ခွဲခန်းပို့ရင် ၂၄နာရီအတွင်းအဖြေသိရလေ့ရှိပါတယ်။ တစ်ခါ တစ်လေမှာတော့ ၂ခါစစ်တာမျိုးရှိပါတယ်။ ဥပမာ - စင်ကာပူက ရောဂါပိုးကူးခံထားရသူနဲ့ close contact ရှိသူဖြစ်တဲ့ ကျောက်ပန်းတောင်းက ဆေးရုံမှာ စောင့်ကြည့်လူနာဆိုရင် ပထမတစ်ခါ နဂ္ဂတစ်ဖြစ်ပြီးပါပြီ။ ၃ရက်အကြာမှာနောက်ထပ်ပြန်စစ်ပါတယ်။ အဲ့လို ၂ခါပြန်စစ်တာရှိပါတယ်။ တချို့တွေကိုလည်း ၂ခါပြန် စစ်တာတွေရှိပါတယ်။'' လို့ လည်း ဒေါက်တာခင်ခင်ကြီးက မြန်မာနိုင်ငံမှာ စစ်ဆေးဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ပြောပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်းရှိမရှိကို အရင်က ထိုင်းနိုင်ငံက ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ ရပေမယ့်လည်း ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး မြန်မာနိုင်ငံမှာပဲ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကိုဗစ် - ၁၉ အမည်ရ ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် တစ်ကမ္ဘာလုံးမှာ ကူးစက်ခံထားရသူ တစ်သိန်း ကျော်ရှိလာပြီဖြစ်သလို သေဆုံးသူ သုံးထောင်ကျော်အထိရှိပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံထိ ရှိလာပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မတ် ၇ ရက်နေ့အထိ ဓတ်ခွဲအတည်ပြု စစ်ဆေးချက်တွေအရ ပိုးတွေ့ရှိသူ မရှိသေးပါဘူး။

BBC Burmese
https://www.bbc.com
ကို႐ိုနာ သံသယနဲ႔ ေစာင့္ၾကည့္ လူနာ ၃ဦး ေသဆုံးတဲ့ထဲ တစ္ဦးမွာေရာဂါပိုးမေတြ႕၊ က်န္ ၂ဦးအေျဖ စစ္ေဆးေနဆဲ ကို႐ိုနာ သံသယနဲ႔ ေစာင့္ၾကည့္ လူနာ ၃ဦး ေသဆုံးတဲ့ထဲ တစ္ဦးမွာေရာဂါပိုးမေတြ႕၊ က်န္ ၂ဦးအေျဖ စစ္ေဆးေနဆဲ Reviewed by THITHTOOLWIN on 15:30 Rating: 5
Powered by Blogger.