ေဒၚေအာင္ဆန္းစုၾကည္-တိုင္းမ္ မဂၢဇင္းရဲ႕ ရာစုႏွစ္တြင္း ကမာၻ႔ၾသဇာအလႊမ္းမိုးဆုံး အမ်ိဳးသမီး ၁၀၀ စာရင္းမွာ ပါဝင္

 ေဒၚေအာင္ဆန္းစုၾကည္ဟာ ၁၉၉၀ ျပည့္ႏွစ္မွာ တိုင္းမ္ရဲ႕ တစ္ႏွစ္တာ ၾသဇာအရွိဆုံးပုဂၢိဳလ္အျဖစ္ ေဖာ္ျပခံခဲ့ရပါတယ္။
(Zawgyi)⤵⤵⤵
တိုင္းမ္မဂၢဇင္းက ေ႐ြးခ်ယ္ထားတဲ့ ရာစုႏွစ္အတြင္း ကမာၻေပၚမွာ ၾသဇာအလႊမ္းမိုးဆုံး အမ်ိဳးသမီး ၁၀၀ စာရင္းမွာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္ေနပါတယ္။

သူ႔ကို ဘာေၾကာင့္ ရာစုႏွစ္အတြင္း အမ်ိဳးသမီး ၁၀၀ စာရင္းမွာ ေဖာ္ျပရလဲဆိုတာကို တိုင္းမ္မဂၢဇင္းက ခုလို ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၁၉၈၈ ခုႏွစ္ ေႏြရာသီမွာ ေတာ္လွန္ေရး လႈပ္ရွားမႈစိတ္ဓာတ္ေတြ လႊမ္းမိုးခဲ့ပါတယ္။

ႏိုင္ငံလြတ္လပ္ေရးႀကိဳးပမ္းမႈရဲ႕ သူရဲေကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီး ေဒၚေအာင္ဆန္းစုၾကည္ဟာ အတိုက္အခံအင္အားစုေတြနဲ႔ ပူးေပါင္းၿပီး စစ္အာဏာရွင္စနစ္ကို စတင္တြန္းလွန္ခဲ့တယ္လို႔ တိုင္းမ္က ေရးသားပါတယ္။

စစ္တပ္က လူေထာင္ေပါင္းမ်ားစြာကို ႏွိမ္နင္းသတ္ျဖတ္ခဲ့ၿပီး ေသြးထြက္သံယိုမႈေတြနဲ႔ အဆုံးသတ္ခဲ့တဲ့ အဲဒီေတာ္လွန္ေရးလႈပ္ရွားမႈေနာက္ပိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ ထြက္ေပၚလာခဲ့ၿပီး အဲဒီပါတီက တက္ႂကြလႈပ္ရွားသူေတြ၊ ပါတီဝင္ေတြ ဖမ္းဆီးေထာင္ခ်ခံခဲ့ပါတယ္။

ပါတီဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းခဲ့ပါတယ္။

ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီမိုကေရစီေရးအတြက္ ဇြဲရွိရွိနဲ႔ မဆုတ္မနစ္ ဆက္လက္ႀကိဳးပမ္းတိုက္ပြဲဝင္ခဲ့တာပါ။ ၁၉၉၀ အေထြေထြေ႐ြး ေကာက္ပြဲလုပ္ေတာ့လည္း အန္အယ္လ္ဒီက ေတာင္ၿပိဳကမ္းၿပိဳႏိုင္ခဲ့ေပမယ့္လို႔ စစ္အစိုးရက အာဏာလႊဲေျပာင္းမေပးခဲ့ပါဘူး။

အဲဒီေနာက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၂၀၁၀ အထိ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ ေနအိမ္အက်ယ္ခ်ဳပ္ က်ခံခဲ့ရပါတယ္။
ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ေနအိမ္အက်ယ္ခ်ဳပ္ေနခဲ့ရၿပီး ၂၀၁၀ ႏိုဝင္ဘာမွာေတာ့ ျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရ အာဏာရလာၿပီး အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ တိုင္းျပည္ကို လက္ေတြ႕ဦးေဆာင္မႈ ေပးတဲ့ ေခါင္းေဆာင္ ျဖစ္လာပါတယ္။

ဒါေပမဲ့ မၾကာခင္မွာပဲ စစ္တပ္က လူနည္းစု ႐ိုဟင္ဂ်ာေတြအေပၚမွာ ျပဳမူဆက္ဆံခဲ့တာေတြအေပၚ ခုခံကာကြယ္ေျပာဆိုဖို႔ ပ်က္ကြက္ခဲ့တဲ့အတြက္ ျပည္ပက သူ႔ကို ေထာက္ခံသူေတြ စိတ္ပ်က္လာခဲ့ၾကပါတယ္။

ႏိုင္ငံတကာတရာ႐ုံး အိုင္စီေဂ်မွာလည္း ဂမ္ဘီယာရဲ႕ တရားစြဲထားမႈကို ကိုယ္တိုင္ သြားေရာက္ ခုခံေခ်ပခဲ့တဲ့အေပၚ ျပည္တြင္းမွာ ေထာက္ခံမႈေတြ ရခဲ့ေပမယ့္လို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ပစ္ပယ္မႈကို ခံခဲ့ရတယ္လို႔ တိုင္းမ္မဂၢဇင္း က ေဖာ္ျပထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ တိုင္းမ္မဂၢဇင္းရဲ႕ တစ္ႏွစ္တာအတြင္း ၾသဇာလႊမ္းမိုးမႈအရွိဆုံးပုဂၢိဳလ္အျဖစ္ ၁၉၉၀ ျပည့္ႏွစ္က ေဖာ္ျပခံခဲ့ရတာျဖစ္ပါတယ္။

 ၁၉၉၀ အေစာပိုင္းကာလေတြက ေဒၚေအာင္ဆန္းစုၾကည္

ေဒၚေအာင္ဆန္းစုၾကည္အျပင္ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္လည္း တိုင္းမ္မဂၢဇင္းရဲ႕ အဲဒီလူပုဂၢိဳလ္ ၁၀၀ စာရင္းမွာ ၂၀၁၂ ခုႏွစ္က ေဖာ္ျပခံခဲ့ရ ပါတယ္။

စစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ဦးသိန္းစိန္ကေတာ့ ေ႐ြးေကာက္ပြဲစနစ္နဲ႔ ထြက္ေပၚလာတဲ့ အစိုးရကို ဦးေဆာင္ၿပီး ဒီမိုကေရစီေရးနဲ႔ ျပဳျပင္ ေျပာင္းလဲေရးေတြကို လုပ္ေဆာင္ခဲ့တာေၾကာင့္ ထည့္သြင္းေဖာ္ျပခဲ့တာျဖစ္တယ္လို႔ တိုင္းမ္က ဆိုပါတယ္။

တိုင္းမ္မဂၢဇင္းရဲ႕ တစ္ႏွစ္တာၾသဇာလႊမ္းမိုးမႈအရွိဆုံးသူ (Man of the Year) ကို ၇၂ ႏွစ္ၾကာေအာင္ ေဖာ္ျပခဲ့ၿပီး အမ်ားစုက အၿမဲတမ္းလိုလို အမ်ိဳးသားေတြ ျဖစ္ေနခဲ့ပါတယ္။

၁၉၉၉ ခုႏွစ္ကစလို႔ Man of the year အစား တစ္ႏွစ္တာ ၾသဇာလႊမ္းမိုးမႈအရွိဆုံး ပုဂၢိဳလ္ (Person of the Year) အျဖစ္ ေျပာင္းလဲ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္မွာေတာ့ တိုင္းမ္က တစ္ႏွစ္တာအတြင္း ၾသဇာလႊမ္းမိုးမႈအရွိဆုံး အမ်ိဳးသမီး ၁၀၀ စာရင္းနဲ႔အတူ ရာစုႏွစ္အတြင္း ၾသဇာလႊမ္းမိုးမႈအရွိဆုံး အမ်ိဳးသမီး ၁၀၀ ကိုပါ စုစည္းေဖာ္ျပခဲ့တာျဖစ္ပါတယ္။
 အတိုက္အခံဘဝတစ္ေလွ်ာက္လုံး ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ေထာက္ခံမႈကို ရရွိခဲ့ပါတယ္။

အဲဒီထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အဲဒီစာရင္းမွာ အာရွေဒသက ေဒၚေအာင္ဆန္းစုၾကည္အျပင္ ၁၉၉၂ ခုႏွစ္က တ႐ုတ္ကြန္ျမဴနစ္ပါတီ အမ်ိဳးသမီးအဖြဲ႕ဝင္ စီယန္က်င္းယု၊ အာဖဂန္နစၥတန္ဘုရင္ မိဖုရား ဆုယာရာတာဇီ၊ အိႏၵိယရဲ႕ ပထမဆုံးအမ်ိဳးသမီးဝန္ႀကီး အမ္ရစ္ကာအာ၊ ဖိလစ္ပိုင္သမၼတေဟာင္း အကြီႏိုရဲ႕ ဇနီး ကိုရာဇန္အကြီႏို၊ ပါကစၥတန္က ႏိုဘယ္လ္ဆုရွင္ မာလာလာယူဆြစ္ဇိုင္ စတဲ့ အာရွေဒသတြင္းက အမ်ိဳးသမီးေတြလည္း ပါဝင္ေနပါတယ္။

အခုလို ရာစုႏွစ္ၾသဇာအရွိဆုံးစာရင္းမွာ ပါဝင္ခဲ့ေပမယ့္ လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႐ိုဟင္ဂ်ာအေရးမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ကာကြယ္ေျပာဆိုဖို႔ ပ်က္ကြက္တဲ့အတြက္ သူရရွိထားတဲ့ ႏိုင္ငံတကာ ဆုတံဆိပ္တခ်ိဳ႕ ျပန္လည္႐ုပ္သိမ္းခံေနရပါတယ္။

ဆုနဲ႔ပတ္သက္လို႔ သိပ္အေလးမထားေပမယ့္ မိတ္ေဆြႏိုင္ငံေတြအျဖစ္ သတ္မွတ္ထားသူေတြရဲ႕ ဆက္ဆံေရးနဲ႔ပတ္သက္လို႔ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က မွတ္ခ်က္ျပဳထားပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည်-တိုင်းမ် မဂ္ဂဇင်းရဲ့ ရာစုနှစ်တွင်း ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ ပါဝင်

ဓာတ်ပုံ မူပိုင် EMMANUEL DUNAND
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ပြည့်နှစ်မှာ တိုင်းမ်ရဲ့ တစ်နှစ်တာ သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခံခဲ့ရပါတယ်။

တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်ထားတဲ့ ရာစုနှစ်အတွင်း ကမ္ဘာပေါ်မှာ သြဇာအလွှမ်းမိုးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေပါတယ်။

သူ့ကို ဘာကြောင့် ရာစုနှစ်အတွင်း အမျိုးသမီး ၁၀၀ စာရင်းမှာ ဖော်ပြရလဲဆိုတာကို တိုင်းမ်မဂ္ဂဇင်းက ခုလို ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် နွေရာသီမှာ တော်လှန်ရေး လှုပ်ရှားမှုစိတ်ဓာတ်တွေ လွှမ်းမိုးခဲ့ပါတယ်။

နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုရဲ့ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို စတင်တွန်းလှန်ခဲ့တယ်လို့ တိုင်းမ်က ရေးသားပါတယ်။

စစ်တပ်က လူထောင်ပေါင်းများစွာကို နှိမ်နင်းသတ်ဖြတ်ခဲ့ပြီး သွေးထွက်သံယိုမှုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ အဲဒီတော်လှန်ရေးလှုပ်ရှားမှုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ထွက်ပေါ်လာခဲ့ပြီး အဲဒီပါတီက တက်ကြွလှုပ်ရှားသူတွေ၊ ပါတီဝင်တွေ ဖမ်းဆီးထောင်ချခံခဲ့ပါတယ်။

ပါတီဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးအတွက် ဇွဲရှိရှိနဲ့ မဆုတ်မနစ် ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့တာပါ။ ၁၉၉၀ အထွေထွေရွေး ကောက်ပွဲလုပ်တော့လည်း အန်အယ်လ်ဒီက တောင်ပြိုကမ်းပြိုနိုင်ခဲ့ပေမယ့်လို့ စစ်အစိုးရက အာဏာလွှဲပြောင်းမပေးခဲ့ပါဘူး။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ဆယ်စုနှစ်တစ်ခုကျော်ကြာ နေအိမ်အကျယ်ချုပ်နေခဲ့ရပြီး ၂၀၁၀ နိုဝင်ဘာမှာတော့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အာဏာရလာပြီး အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တိုင်းပြည်ကို လက်တွေ့ဦးဆောင်မှု ပေးတဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ စစ်တပ်က လူနည်းစု ရိုဟင်ဂျာတွေအပေါ်မှာ ပြုမူဆက်ဆံခဲ့တာတွေအပေါ် ခုခံကာကွယ်ပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြည်ပက သူ့ကို ထောက်ခံသူတွေ စိတ်ပျက်လာခဲ့ကြပါတယ်။

နိုင်ငံတကာတရာရုံး အိုင်စီဂျေမှာလည်း ဂမ်ဘီယာရဲ့ တရားစွဲထားမှုကို ကိုယ်တိုင် သွားရောက် ခုခံချေပခဲ့တဲ့အပေါ် ပြည်တွင်းမှာ ထောက်ခံမှုတွေ ရခဲ့ပေမယ့်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပစ်ပယ်မှုကို ခံခဲ့ရတယ်လို့ တိုင်းမ်မဂ္ဂဇင်း က ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာအတွင်း သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ၁၉၉၀ ပြည့်နှစ်က ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ၁၉၉၀ အစောပိုင်းကာလတွေက ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်အပြင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်လည်း တိုင်းမ်မဂ္ဂဇင်းရဲ့ အဲဒီလူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ၂၀၁၂ ခုနှစ်က ဖော်ပြခံခဲ့ရ ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဦးသိန်းစိန်ကတော့ ရွေးကောက်ပွဲစနစ်နဲ့ ထွက်ပေါ်လာတဲ့ အစိုးရကို ဦးဆောင်ပြီး ဒီမိုကရေစီရေးနဲ့ ပြုပြင် ပြောင်းလဲရေးတွေကို လုပ်ဆောင်ခဲ့တာကြောင့် ထည့်သွင်းဖော်ပြခဲ့တာဖြစ်တယ်လို့ တိုင်းမ်က ဆိုပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာသြဇာလွှမ်းမိုးမှုအရှိဆုံးသူ (Man of the Year) ကို ၇၂ နှစ်ကြာအောင် ဖော်ပြခဲ့ပြီး အများစုက အမြဲတမ်းလိုလို အမျိုးသားတွေ ဖြစ်နေခဲ့ပါတယ်။

၁၉၉၉ ခုနှစ်ကစလို့ Man of the year အစား တစ်နှစ်တာ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် (Person of the Year) အဖြစ် ပြောင်းလဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ တိုင်းမ်က တစ်နှစ်တာအတွင်း သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းနဲ့အတူ ရာစုနှစ်အတွင်း သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ ကိုပါ စုစည်းဖော်ပြခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် SAUL LOEB
Image caption အတိုက်အခံဘဝတစ်လျှောက်လုံး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီစာရင်းမှာ အာရှဒေသက ဒေါ်အောင်ဆန်းစုကြည်အပြင် ၁၉၉၂ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီ အမျိုးသမီးအဖွဲ့ဝင် စီယန်ကျင်းယု၊ အာဖဂန်နစ္စတန်ဘုရင် မိဖုရား ဆုယာရာတာဇီ၊ အိန္ဒိယရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီး အမ်ရစ်ကာအာ၊ ဖိလစ်ပိုင်သမ္မတဟောင်း အကွီနိုရဲ့ ဇနီး ကိုရာဇန်အကွီနို၊ ပါကစ္စတန်က နိုဘယ်လ်ဆုရှင် မာလာလာယူဆွစ်ဇိုင် စတဲ့ အာရှဒေသတွင်းက အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

အခုလို ရာစုနှစ်သြဇာအရှိဆုံးစာရင်းမှာ ပါဝင်ခဲ့ပေမယ့် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာအရေးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ပြောဆိုဖို့ ပျက်ကွက်တဲ့အတွက် သူရရှိထားတဲ့ နိုင်ငံတကာ ဆုတံဆိပ်တချို့ ပြန်လည်ရုပ်သိမ်းခံနေရပါတယ်။

ဆုနဲ့ပတ်သက်လို့ သိပ်အလေးမထားပေမယ့် မိတ်ဆွေနိုင်ငံတွေအဖြစ် သတ်မှတ်ထားသူတွေရဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုထားပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚေအာင္ဆန္းစုၾကည္-တိုင္းမ္ မဂၢဇင္းရဲ႕ ရာစုႏွစ္တြင္း ကမာၻ႔ၾသဇာအလႊမ္းမိုးဆုံး အမ်ိဳးသမီး ၁၀၀ စာရင္းမွာ ပါဝင္ ေဒၚေအာင္ဆန္းစုၾကည္-တိုင္းမ္ မဂၢဇင္းရဲ႕ ရာစုႏွစ္တြင္း ကမာၻ႔ၾသဇာအလႊမ္းမိုးဆုံး အမ်ိဳးသမီး ၁၀၀ စာရင္းမွာ ပါဝင္ Reviewed by THITHTOOLWIN on 15:27 Rating: 5
Powered by Blogger.