စက္႐ုံေတြပိတ္ရလို႔ အလုပ္သမားငါးေထာင္ေက်ာ္ အလုပ္လက္မဲ့ျဖစ္


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ဂယက္ေၾကာင့္ ရန္ကုန္တိုင္းထဲက စက္႐ုံ ၃ ႐ုံ ဒီေန႔ မတ္လ ၆ ရက္ေန႔မွာ ပိတ္လိုက္ရတဲ့အတြက္ အလုပ္သမားႏွစ္ ေထာင္ေက်ာ္ အလုပ္လက္မဲ့ျဖစ္ခဲ့ရပါတယ္။ ဒါဟာ ႏွစ္ပတ္ အတြင္း အလုပ္သမား ငါးေထာင္ေက်ာ္ အလုပ္လက္မဲ့ျဖစ္သြားတာပါ။ ဒီျပႆနာကို ေျပလည္ဖို႔ တိက်တဲ့ အေျဖမရွိေသးဘူးလို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက RFA ကို ေျပာပါတယ္။

ဒီမနက္ ရန္ကုန္တိုင္း ေ႐ႊျပည္သာနဲ႔ လႈိင္သာယာၿမိဳ႕နယ္ထဲက စက္႐ုံ ၃ ႐ုံ ပိတ္လိုက္ရလို႔ အလုပ္ သမား ၂ ေထာင္ေက်ာ္ အလုပ္လက္မဲ့ ျဖစ္ခဲ့တာပါ။ အဲဒီစက္႐ုံေတြက အထည္ခ်ဳပ္စက္႐ုံနဲ႔ ဖိနပ္စက္႐ုံ ေတြပါ။ ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ တ႐ုတ္ႏိုင္ငံက တင္ပို႔တဲ့ ကုန္ၾကမ္းျပတ္လပ္ရာကေန ၿပီးခဲ့တဲ့ ၂ ပတ္အတြင္း စက္႐ုံတခ်ိဳ႕ ပိတ္ပစ္ခဲ့ရတဲ့အတြက္ အလုပ္သမား ၅ ေထာင္ေက်ာ္ အလုပ္ လက္မဲ့ျဖစ္ခဲ့တာလို႔ ကုန္သည္စက္မႈ အသင္းခ်ဳပ္က ေျပာပါတယ္။ ရန္ကုန္တိုင္းအတြင္းက စက္႐ုံ ေတြမွာ ႀကဳံေနရတဲ့ အေျခအေနေတြကို ျမန္မာႏိုင္ငံ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM က ေဒၚၿဖိဳးစႏၵာစိုးက ေျပာျပပါတယ္။

“ဒီမနက္မွာတင္ က်မတို႔က ၃ ခု ထပ္ရတယ္။ အလုပ္သမားဝန္ႀကီးဌာနမွာေတာ့ ၁၃ ႐ုံဆိုေတာ့ မေန႔က ၃ ခုဆိုေတာ့ ၁၆ ခုေတာ့ ရွိသြားၿပီေပါ့။ စက္႐ုံပိတ္ဖို႔ပါတယ္၊ လုပ္သားအင္အားေလွ်ာ့တာပါတယ္။ Lucky Sky စက္႐ုံမွာဆိုရင္ အလုပ္သမားက ၅၁၇ ဦးရွိတယ္။ အလုပ္ရွင္က ဘယ္လိုလုပ္လိုက္လဲဆိုရင္ အၿမဲတမ္းဝန္ထမ္း ၅၁၇ ေယာက္စလုံးကို ျဖဳတ္လိုက္ၿပီး၊ ေန႔စားအလုပ္သမား ၁ဝဝ ကို ျပန္ေခၚလိုက္တယ္။ ဒါ အရင္ကုန္ၾကမ္း အေဟာင္းေတြကို မျပတ္ေသးလို႔ ခ်ဳပ္ခ်င္လို႔ပါလို႔ သူတို႔က ေျပာတယ္။ အဲ့ဒါမ်ိဳးေတြလည္း ရွိေနတယ္။ ၿပီးေတာ့ အလုပ္သမား အင္အား ၁ဝဝဝ ရွိတယ္။ လုပ္သားအင္အား ၃ဝဝ ကို ေလွ်ာ့ခ်ခ်င္တယ္ဆိုၿပီးေတာ့ တင္ထားတာလည္းရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း စက္႐ုံမွာ ရွိသမွ်လူေတြအကုန္လုံးကို စက္႐ုံပိတ္မယ္ဆိုၿပီး ေတာ့ ေျပာတာလည္းရွိတယ္။ အဲေတာ့ အေျခအေနေတြကေတာ့ တခုနဲ႔တခု မတူၾကဘူးရွင့္”

ရန္ကုန္တိုင္းက အထည္ခ်ဳပ္စက္႐ုံေတြမွာဆိုရင္ အလုပ္သမားဦးေရ ၅ သိန္းေက်ာ္ရွိမယ္လို႔ CTUM က ခန႔္မွန္းထားၿပီး၊ လႈိင္သာယာစက္မႈဇုန္တခုတည္းမွာတင္ အလုပ္သမား ၃ သိန္းေလာက္ရွိတယ္လို႔ ေျပာပါ တယ္။

အလုပ္လက္မဲ့ျဖစ္သြားသူေတြကို အလုပ္ရွင္က ဥပေဒအတိုင္း နစ္နာေၾကးေပးတယ္ဆိုေပမဲ့ အလုပ္သမားေတြ က အလုပ္တည္ၿမဲေရးကိုပဲ လိုလားေနတာပါ။ ေလာေလာဆယ္မွာေတာ့ ေျဖရွင္းႏိုင္မယ့္ နည္းလမ္း ရွာေနတုန္း ပဲလို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုး က ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ ေျဖရွင္းႏိုင္တဲ့ နည္းလမ္းရယ္လို႔ေတာ့ အတိအက်ေတာ့ မေျပာႏိုင္ေသးပါဘူး။ သို႔ေသာ္ က်ေနာ္တို႔က လက္ရွိ အေျခအေနအမွန္ ဘာေတြျဖစ္ေနသလဲ။ ဘာေတြလိုသလဲဆိုတာ သိေအာင္လို႔ သုံးဦးသုံးဖလွယ္ ေတြ႕ဆုံ ေဆြးေႏြးၾကတာပါ။ နည္းလမ္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိတယ္ေပါ့ဗ်ာ။ အဓိကကေတာ့ သူတို႔က က်ေနာ္တို႔ကို အေျခအေနေတြကို ေျပာရမယ္။ သူတို႔က အႀကံျပဳတာေတြလည္း ရွိပါတယ္။ အစိုးရက ကူညီေစခ်င္တာေတြ၊ ကူညီသင့္တာေတြေပါ့။ က်ေနာ္တို႔ကလည္း မွတ္သားတယ္။ မွတ္သားၿပီးေတာ့ ဒါေတြကို ေဆြးေႏြးညႇိႏႈိင္းတိုင္ပင္ၿပီးမွ လိုအပ္တဲ့အေျခအေနေပၚမွာ ဘာလုပ္မယ္ဆိုတာေတြကို အစီအစဥ္ေတြ ထြက္လာမွာပါ”

ျမန္မာႏိုင္ငံရဲ႕ စက္႐ုံအမ်ားစုဟာ တ႐ုတ္ႏိုင္ငံက တင္ပို႔တဲ့ ကုန္ၾကမ္းပစၥည္း ၉၀% ေလာက္အထိကို မွီခိုေနရ တာပါ။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈေၾကာင့္ တ႐ုတ္ႏိုင္ငံက တင္ပို႔တဲ့ ကုန္ၾကမ္းေတြကို မွီခိုေနရတဲ့ ႏိုင္ငံေတြအားလုံး ဒီျပႆနာကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ အခုလို စက္႐ုံေတြပိတ္ပစ္ဖို႔ ျဖစ္လာရတဲ့ အေျခအေနကို စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုး က ရွင္းျပပါတယ္။

“အခုေလာေလာဆယ္မွာေတာ့ ၂ မ်ိဳးခင္ဗ်။ ကုန္ၾကမ္းျပတ္တဲ့ ျပႆနာက စတာေပါ့။ ကုန္ၾကမ္းက အဓိက တ႐ုတ္ျပည္ဘက္က လာတာမ်ားတယ္။ မ်ားေတာ့ ကုန္ၾကမ္းျပတ္တဲ့ အေျခအေနကို က်ေနာ္တို႔ ရင္ဆိုင္ရတယ္။ ဒါေပမဲ့ အခုေတာ့ ကုန္ၾကမ္းေတြက ျပန္စၿပီး ဝင္လာၿပီ။ နယ္စပ္ကုန္သြယ္ေရးကလည္း ရာႏႈန္းျပည့္ မဟုတ္သည့္တိုင္ ကုန္ၾကမ္းေတြ ဝင္ေရာက္မႈကလည္း တေျဖးေျဖး တိုးလာတယ္။ အဓိကျပႆနာကေတာ့ မွန္တယ္။ ကုန္ၾကမ္းေတြ မရတဲ့ျပႆနာ။ ဒုတိယအခ်က္ကေတာ့ ေရာင္းရတဲ့ ေဈးကြက္ႏိုင္ငံေတြမွာလည္း ဒီေရာဂါေရာက္တဲ့အခါမွာ သူတို႔ဘက္မွာလည္း အေရာင္းအဝယ္ေတြ ထိုင္းမႈိင္းကုန္တယ္။ ရပ္ဆိုင္းကုန္တယ္။ ကုန္တိုက္ပိတ္တာေတြရွိတဲ့အတြက္ သူတို႔ဘက္က ေအာ္ဒါေတြ တခ်ိဳ႕ ဆိုင္းသြားတာတို႔၊ ဖ်က္လိုက္တာတို႔ က ေနာက္ထပ္ အခက္အခဲတခုနဲ႔ ႀကဳံရတယ္”

ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ABFTU ဗဟိုေကာ္မတီဝင္ ကိုေက်ာ္မ်ိဳးကေတာ့ အစိုးရက ကူညီသင့္တဲ့အပိုင္းကို အႀကံျပဳထားပါတယ္။

“အစိုးရပိုင္းအေနနဲ႔ က်ေနာ္တို႔ ျမန္မာႏိုင္ငံကေန ဘယ္ႏိုင္ငံေတြကို အဓိက တင္ပို႔ေနသလဲေပါ့။ အဲဒီဘက္က အစိုးရေတြနဲ႔ ႏွစ္ဘက္ ေဆြးေႏြးရမယ့္ အေျခအေနမ်ိဳး ဆိုက္ေရာက္ေနတာေပါ့။ ၿပီးေတာ့ ျမန္မာျပည္မွာေရာ ကို႐ိုနာဗိုင္းရပ္စ္က ဘယ္ေလာက္ထိ ပ်ံ႕ႏွံ႔ေနလဲ။ မပ်ံ႕ေသးဘူးလဲဆိုတာနဲ႔ တျခား တဘက္က ႏိုင္ငံေတြနဲ႔ က်ေနာ္တို႔ စကားေျပာဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ ဒီကဝင္သြားတဲ့ ပစၥည္းေတြကို တျခားႏိုင္ငံေတြက စိုးရိမ္တာကိုး။ ဆိုေတာ့ ဒီဘက္ႏိုင္ငံရဲ႕ လက္ရွိ အေျခအေနနဲ႔ အစိုးရအခ်င္းခ်င္း ေဆြးေႏြးမွ အဆင္ေျပလိမ့္မယ္”

မေန႔ညလည္း လႈိင္သာယာၿမိဳ႕နယ္က Myanmar Royal Apolo အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ဟာ အလုပ္သမား ေတြကို လုပ္အားခမေပးဘဲ ထြက္ေျပးသြားတယ္လို႔ ABFTU က ေျပာပါတယ္။ အဲဒီအထည္ခ်ဳပ္စက္႐ုံမွာ အလုပ္သမား ၅ဝဝ ေလာက္ လုပ္ကိုင္ေနတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ ၂ဝ၁၈-၂ဝ၁၉ ဘ႑ာေရးႏွစ္အတြင္း အထည္ခ်ဳပ္လုပ္ငန္းကေန ဝင္ေငြ အေမရိကန္ ေဒၚလာ ၄.၃ ဘီလီယံေက်ာ္ ရရွိခဲ့ၿပီး၊ EU ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြကို အဓိက တင္ပို႔ေနတာ ျဖစ္ၿပီး၊ GSP လို႔ေခၚတဲ့ ကုန္သြယ္ခြန္အထူးကင္းလြတ္ခြင့္ ရရွိထားတာလည္း ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
စက်ရုံတွေပိတ်ရလို့ အလုပ်သမားငါးထောင်ကျော် အလုပ်လက်မဲ့ဖြစ်
(နန္ဒာချမ်း)

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရန်ကုန်တိုင်းထဲက စက်ရုံ ၃ ရုံ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ပိတ်လိုက်ရတဲ့အတွက် အလုပ်သမားနှစ် ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒါဟာ နှစ်ပတ် အတွင်း အလုပ်သမား ငါးထောင်ကျော် အလုပ်လက်မဲ့ဖြစ်သွားတာပါ။ ဒီပြဿနာကို ပြေလည်ဖို့ တိကျတဲ့ အဖြေမရှိသေးဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက RFA ကို ပြောပါတယ်။

ဒီမနက် ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်ထဲက စက်ရုံ ၃ ရုံ ပိတ်လိုက်ရလို့ အလုပ် သမား ၂ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တာပါ။ အဲဒီစက်ရုံတွေက အထည်ချုပ်စက်ရုံနဲ့ ဖိနပ်စက်ရုံ တွေပါ။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းပြတ်လပ်ရာကနေ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စက်ရုံတချို့ ပိတ်ပစ်ခဲ့ရတဲ့အတွက် အလုပ်သမား ၅ ထောင်ကျော် အလုပ် လက်မဲ့ဖြစ်ခဲ့တာလို့ ကုန်သည်စက်မှု အသင်းချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းက စက်ရုံ တွေမှာ ကြုံနေရတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ဒေါ်ဖြိုးစန္ဒာစိုးက ပြောပြပါတယ်။

“ဒီမနက်မှာတင် ကျမတို့က ၃ ခု ထပ်ရတယ်။ အလုပ်သမားဝန်ကြီးဌာနမှာတော့ ၁၃ ရုံဆိုတော့ မနေ့က ၃ ခုဆိုတော့ ၁၆ ခုတော့ ရှိသွားပြီပေါ့။ စက်ရုံပိတ်ဖို့ပါတယ်၊ လုပ်သားအင်အားလျှော့တာပါတယ်။ Lucky Sky စက်ရုံမှာဆိုရင် အလုပ်သမားက ၅၁၇ ဦးရှိတယ်။ အလုပ်ရှင်က ဘယ်လိုလုပ်လိုက်လဲဆိုရင် အမြဲတမ်းဝန်ထမ်း ၅၁၇ ယောက်စလုံးကို ဖြုတ်လိုက်ပြီး၊ နေ့စားအလုပ်သမား ၁ဝဝ ကို ပြန်ခေါ်လိုက်တယ်။ ဒါ အရင်ကုန်ကြမ်း အဟောင်းတွေကို မပြတ်သေးလို့ ချုပ်ချင်လို့ပါလို့ သူတို့က ပြောတယ်။ အဲ့ဒါမျိုးတွေလည်း ရှိနေတယ်။ ပြီးတော့ အလုပ်သမား အင်အား ၁ဝဝဝ ရှိတယ်။ လုပ်သားအင်အား ၃ဝဝ ကို လျှော့ချချင်တယ်ဆိုပြီးတော့ တင်ထားတာလည်းရှိတယ်။ တချို့ကျတော့လည်း စက်ရုံမှာ ရှိသမျှလူတွေအကုန်လုံးကို စက်ရုံပိတ်မယ်ဆိုပြီး တော့ ပြောတာလည်းရှိတယ်။ အဲတော့ အခြေအနေတွေကတော့ တခုနဲ့တခု မတူကြဘူးရှင့်”

ရန်ကုန်တိုင်းက အထည်ချုပ်စက်ရုံတွေမှာဆိုရင် အလုပ်သမားဦးရေ ၅ သိန်းကျော်ရှိမယ်လို့ CTUM က ခန့်မှန်းထားပြီး၊ လှိုင်သာယာစက်မှုဇုန်တခုတည်းမှာတင် အလုပ်သမား ၃ သိန်းလောက်ရှိတယ်လို့ ပြောပါ တယ်။

အလုပ်လက်မဲ့ဖြစ်သွားသူတွေကို အလုပ်ရှင်က ဥပဒေအတိုင်း နစ်နာကြေးပေးတယ်ဆိုပေမဲ့ အလုပ်သမားတွေ က အလုပ်တည်မြဲရေးကိုပဲ လိုလားနေတာပါ။ လောလောဆယ်မှာတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာနေတုန်း ပဲလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး က ပြောပါတယ်။

“လောလောဆယ်တော့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရယ်လို့တော့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ သို့သော် ကျနော်တို့က လက်ရှိ အခြေအနေအမှန် ဘာတွေဖြစ်နေသလဲ။ ဘာတွေလိုသလဲဆိုတာ သိအောင်လို့ သုံးဦးသုံးဖလှယ် တွေ့ဆုံ ဆွေးနွေးကြတာပါ။ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိတယ်ပေါ့ဗျာ။ အဓိကကတော့ သူတို့က ကျနော်တို့ကို အခြေအနေတွေကို ပြောရမယ်။ သူတို့က အကြံပြုတာတွေလည်း ရှိပါတယ်။ အစိုးရက ကူညီစေချင်တာတွေ၊ ကူညီသင့်တာတွေပေါ့။ ကျနော်တို့ကလည်း မှတ်သားတယ်။ မှတ်သားပြီးတော့ ဒါတွေကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးမှ လိုအပ်တဲ့အခြေအနေပေါ်မှာ ဘာလုပ်မယ်ဆိုတာတွေကို အစီအစဉ်တွေ ထွက်လာမှာပါ”

မြန်မာနိုင်ငံရဲ့ စက်ရုံအများစုဟာ တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းပစ္စည်း ၉၀% လောက်အထိကို မှီခိုနေရ တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းတွေကို မှီခိုနေရတဲ့ နိုင်ငံတွေအားလုံး ဒီပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို စက်ရုံတွေပိတ်ပစ်ဖို့ ဖြစ်လာရတဲ့ အခြေအနေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး က ရှင်းပြပါတယ်။

“အခုလောလောဆယ်မှာတော့ ၂ မျိုးခင်ဗျ။ ကုန်ကြမ်းပြတ်တဲ့ ပြဿနာက စတာပေါ့။ ကုန်ကြမ်းက အဓိက တရုတ်ပြည်ဘက်က လာတာများတယ်။ များတော့ ကုန်ကြမ်းပြတ်တဲ့ အခြေအနေကို ကျနော်တို့ ရင်ဆိုင်ရတယ်။ ဒါပေမဲ့ အခုတော့ ကုန်ကြမ်းတွေက ပြန်စပြီး ဝင်လာပြီ။ နယ်စပ်ကုန်သွယ်ရေးကလည်း ရာနှုန်းပြည့် မဟုတ်သည့်တိုင် ကုန်ကြမ်းတွေ ဝင်ရောက်မှုကလည်း တဖြေးဖြေး တိုးလာတယ်။ အဓိကပြဿနာကတော့ မှန်တယ်။ ကုန်ကြမ်းတွေ မရတဲ့ပြဿနာ။ ဒုတိယအချက်ကတော့ ရောင်းရတဲ့ ဈေးကွက်နိုင်ငံတွေမှာလည်း ဒီရောဂါရောက်တဲ့အခါမှာ သူတို့ဘက်မှာလည်း အရောင်းအဝယ်တွေ ထိုင်းမှိုင်းကုန်တယ်။ ရပ်ဆိုင်းကုန်တယ်။ ကုန်တိုက်ပိတ်တာတွေရှိတဲ့အတွက် သူတို့ဘက်က အော်ဒါတွေ တချို့ ဆိုင်းသွားတာတို့၊ ဖျက်လိုက်တာတို့ က နောက်ထပ် အခက်အခဲတခုနဲ့ ကြုံရတယ်”

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ABFTU ဗဟိုကော်မတီဝင် ကိုကျော်မျိုးကတော့ အစိုးရက ကူညီသင့်တဲ့အပိုင်းကို အကြံပြုထားပါတယ်။

“အစိုးရပိုင်းအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံတွေကို အဓိက တင်ပို့နေသလဲပေါ့။ အဲဒီဘက်က အစိုးရတွေနဲ့ နှစ်ဘက် ဆွေးနွေးရမယ့် အခြေအနေမျိုး ဆိုက်ရောက်နေတာပေါ့။ ပြီးတော့ မြန်မာပြည်မှာရော ကိုရိုနာဗိုင်းရပ်စ်က ဘယ်လောက်ထိ ပျံ့နှံ့နေလဲ။ မပျံ့သေးဘူးလဲဆိုတာနဲ့ တခြား တဘက်က နိုင်ငံတွေနဲ့ ကျနော်တို့ စကားပြောဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဒီကဝင်သွားတဲ့ ပစ္စည်းတွေကို တခြားနိုင်ငံတွေက စိုးရိမ်တာကိုး။ ဆိုတော့ ဒီဘက်နိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ အစိုးရအချင်းချင်း ဆွေးနွေးမှ အဆင်ပြေလိမ့်မယ်”

မနေ့ညလည်း လှိုင်သာယာမြို့နယ်က Myanmar Royal Apolo အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမား တွေကို လုပ်အားခမပေးဘဲ ထွက်ပြေးသွားတယ်လို့ ABFTU က ပြောပါတယ်။ အဲဒီအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅ဝဝ လောက် လုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်လုပ်ငန်းကနေ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံကျော် ရရှိခဲ့ပြီး၊ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အဓိက တင်ပို့နေတာ ဖြစ်ပြီး၊ GSP လို့ခေါ်တဲ့ ကုန်သွယ်ခွန်အထူးကင်းလွတ်ခွင့် ရရှိထားတာလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
စက္႐ုံေတြပိတ္ရလို႔ အလုပ္သမားငါးေထာင္ေက်ာ္ အလုပ္လက္မဲ့ျဖစ္ စက္႐ုံေတြပိတ္ရလို႔ အလုပ္သမားငါးေထာင္ေက်ာ္ အလုပ္လက္မဲ့ျဖစ္ Reviewed by THITHTOOLWIN on 15:41 Rating: 5
Powered by Blogger.