က်ိႏၱလီျမိဳ႕တြင္ ေျမၿပိဳက်၍ ဘတ္ဟိုးေမာင္းႏွင္သူတစ္ဦး ေသဆံုး

(Zawgyi)⤵⤵⤵
နိရဥၥရာ ၊ မတ္ ၂၅ /၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္၊ က်ိႏၱလီျမိဳ႕၊ အမွတ္(၃) ရပ္ကြက္တြင္ ေျမၿပိဳက်၍ ဘတ္ဟိုးေမာင္းႏွင္သူတစ္ဦး ေနရာတြင္ပြဲခ်င္းၿပီး ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။

ေသဆံုးသူမွာ မိတၳိလာၿမိဳ႕၊ ဝန္ဇင္းရပ္ကြက္ေန ကိုခ်မ္းေျမ႕ေအာင္(၂၆နွစ္) (ဘ)ဦးတင္ဝင္း ျဖစ္သည္။

၎သည္ ယမန္ေန႔ မတ္လ ၂၄ ရက္ေန႔ ညေန ၅ နာရီ ၁၅ မိနစ္ခန္႔တြင္ ဘတ္ဟိုးေျမတူးစက္(CAT) အမ်ိဳးအစား ျဖင့္ က်ိႏၱလီျမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ ၿမိဳ႕ျပင္အထြက္ ေအာင္သူဟိန္း ဆီဆုိင္ေနာက္ဘက္ ေတာင္ကုန္းေအာက္ လမ္းေျမသားတူးေဖာ္ေနခ်ိန္တြင္ ေျမၿပိဳက်၍ ေျမပိကာ ေသဆံုး သြားျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိန္ဒလီၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ရဲအုပ္ေက်ာ္လြင္ဦး က“ဘတ္ဟိုးနဲ႔ ေတာင္ေျမတူးရင္း သူ႔အေပၚၿပိဳက်တာ။ သူက စက္ေမာင္းပါ။ ေမာင္းေနရင္းနဲ႔ ေျမၿပိဳက်တာ ။ ေနရာတြင္ပဲ ေျမပိၿပီး ပြဲခ်င္းၿပီးေသတာ။ ကၽြန္ေတာ္တို႔ ေရာက္သြားေတာ့ သူ႔ကိုၾကည္ေတာ့ ေသြးေတြနဲ႔ မ်က္ႏွာမွာလည္း အညိဳအမည္းစြဲေနၿပီး ဇက္က်ိဳးၿပီး ေသေနၿပီ။ အေလာင္းကို သူ႔မိဘေတြေရာက္မွ ဘယ္လိုလုပ္မလဲဆိုတာသိရမယ္။ သူ႔မိဘေတြ လုိက္လာေနပါတယ္”ဟုအတည္ျပဳေျပာၾကားသည္။

၄င္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိန္ဒလီၿမိဳ႕မရဲစခန္းမွ ယာဥ္/ပ ၃/ ၂ဝ၂ဝ ရာဇသတ္ၾကီး ဥပေဒပုဒ္မ ၃ဝ၄/က ေသမႈေသျခင္း ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း ၄င္းကဆက္ေျပာသည္။

ခ်စ္အိလိွဳင္
Narinjara
https://www.facebook.com/narinjara.info
--------------
(Unicode)⤵⤵⤵
ကျိန္တလီမြို့တွင် မြေပြိုကျ၍ ဘတ်ဟိုးမောင်းနှင်သူတစ်ဦး သေဆုံး

နိရဉ္စရာ ၊ မတ် ၂၅ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ်(၃) ရပ်ကွက်တွင် မြေပြိုကျ၍ ဘတ်ဟိုးမောင်းနှင်သူတစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မိတ္ထိလာမြို့၊ ဝန်ဇင်းရပ်ကွက်နေ ကိုချမ်းမြေ့အောင်(၂၆နှစ်) (ဘ)ဦးတင်ဝင်း ဖြစ်သည်။

၎င်းသည် ယမန်နေ့ မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဘတ်ဟိုးမြေတူးစက်(CAT) အမျိုးအစား ဖြင့် ကျိန္တလီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့ပြင်အထွက် အောင်သူဟိန်း ဆီဆိုင်နောက်ဘက် တောင်ကုန်းအောက် လမ်းမြေသားတူးဖော်နေချိန်တွင် မြေပြိုကျ၍ မြေပိကာ သေဆုံး သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျိန်ဒလီမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်လွင်ဦး က“ဘတ်ဟိုးနဲ့ တောင်မြေတူးရင်း သူ့အပေါ်ပြိုကျတာ။ သူက စက်မောင်းပါ။ မောင်းနေရင်းနဲ့ မြေပြိုကျတာ ။ နေရာတွင်ပဲ မြေပိပြီး ပွဲချင်းပြီးသေတာ။ ကျွန်တော်တို့ ရောက်သွားတော့ သူ့ကိုကြည်တော့ သွေးတွေနဲ့ မျက်နှာမှာလည်း အညိုအမည်းစွဲနေပြီး ဇက်ကျိုးပြီး သေနေပြီ။ အလောင်းကို သူ့မိဘတွေရောက်မှ ဘယ်လိုလုပ်မလဲဆိုတာသိရမယ်။ သူ့မိဘတွေ လိုက်လာနေပါတယ်”ဟုအတည်ပြုပြောကြားသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိန်ဒလီမြို့မရဲစခန်းမှ ယာဉ်/ပ ၃/ ၂ဝ၂ဝ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄/က သေမှုသေခြင်း ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း ၎င်းကဆက်ပြောသည်။

ချစ်အိလှိုင်
Narinjara
https://www.facebook.com/narinjara.info
က်ိႏၱလီျမိဳ႕တြင္ ေျမၿပိဳက်၍ ဘတ္ဟိုးေမာင္းႏွင္သူတစ္ဦး ေသဆံုး က်ိႏၱလီျမိဳ႕တြင္ ေျမၿပိဳက်၍ ဘတ္ဟိုးေမာင္းႏွင္သူတစ္ဦး ေသဆံုး Reviewed by THITHTOOLWIN on 02:21 Rating: 5
Powered by Blogger.