မင္းျပားျမိဳ႕နယ္မွ ေတာင္းတန္းအခ်ိဳ႕ကို တပ္မေတာ္မွ ဂ်က္တုိက္ေလယာဥ္မ်ားျဖင့္ပစ္ခတ္

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ မတ္ ၂၅/ ၂၀၂၀

ရခိုင္ျပည္နယ္၊ မင္းျပားျမိဳ႕နယ္၊ ပန္းေျမာင္းၾကီး ေခ်ာင္းအနီးရွိ မင္းဇီေတာင္ရိုးတန္းကို တပ္မေတာ္မွ ဂ်က္တိုက္ေလယာဥ္ ႏွစ္စီးျဖင့္ လာေရာက္ပစ္ခတ္ခဲ့သည္ဟု ေဒသခံ ေက်းရြာသားမ်ားက ေျပာသည္။

“ ဒီကေန႕ ေန႕လယ္ ၁ နာရီနဲ႕ ၁၀ မိနစ္မွာ တိုက္ေလယာဥ္ႏွစ္စီးနဲ႕ ႏွစ္ၾကိမ္ လာပစ္တာပါ။ တိုက္ပြဲျဖစ္တာ မရွိပါ။ လာပစ္တဲ့ ေနရာက မင္းကပ္ဆိပ္နဲ႕ နီးပါတယ္။ မင္းဇီေတာင္ရိုးတန္းလို႕ ေခၚပါတယ္။ အဲဒီမွာ ေစတီေတာင္ဆိုတဲ့ ေတာင္လည္း ရွိပါတယ္။ အဲဒီေနရာ ေတာင္တရိုးကို လာပစ္တာပါ။ အဲဒီ ေတာင္ေအာက္မွာ ဇိုင္းေခ်ာင္းေပါက္ေတာဆိုတဲ့ ခ်င္းတိုင္းရင္းသား ေက်းရြာ တစ္ရြာလည္း ရွိပါတယ္။ ၅ မိနစ္ေလာက္ ပစ္သြားပါတယ္” ဟု ကုလားမေတာင္ ေက်းရြာသား တစ္ဦးက ေျပာသည္။

၎ေလယာဥ္ႏွစ္စီးမွာ ကုလားမေတာင္ရြာေပၚမွ ပ်ံ၀ဲျပီး ပစ္ခတ္သျဖင့္ ရြာထဲက လူမ်ားမွာ ဗံုးခိုက်င္းတြင္ ၀င္ပုန္းျပီး အထူးစိုးရိမ္ေနၾကသည္ဟု ၎က ေျပာၾကားသည္။

တိုက္ေလယာဥ္ ႏွစ္စီးျဖင့္ တိုက္ခိုက္ခဲ့ေသာေနရာအနီးတ၀ိုက္တြင္ မီးေလာင္ေနျပီး မီးခိုးမ်ား ထြက္ေနသည္ကို ျမင္ေနရေၾကာင္း၊ ရြာမွာ ၀ါးခုတ္သမားမ်ားမွာ ၎အနီးတြင္ ၀ါးခုတ္ေန၍ ရွိသျဖင့္ စုိးရိမ္ေနၾကရေၾကာင္း ေျပာဆိုသည္။

၎ျပင္ တိုင္းဗဟို (၉) ေလ့က်င့္ေရး ေက်ာင္းအနီး ၀န္းက်င္ရွိ ေတာင္တန္းမ်ားကိုလည္း ပစ္ခတ္ခဲ့ေၾကာင္း၊ ၾကာအင္းေတာင္ေက်းရြာ ဘုန္းေတာ္ၾကီးေက်ာင္း ေနာက္ဘက္ရွိ ေတာင္တန္းမ်ားႏွင့္ ကံ့ေကာ္ေခ်ာင္း ေက်းရြာအနီးရွိ ခ်င္းမေတာင္ကိုလည္း ဂ်က္တိုက္ေလယာဥ္ ႏွစ္စီးျဖင့္ ပစ္ခတ္ခဲ့သည္ဟု ေဒသအတြင္းက ဆရာေတာ္ တစ္ပါးက ေျပာသည္။

“ ဘုန္းဘုန္းတို႕က ေနစရာမရွိေတာ့ဘူး။ ညဥ့္လည္း တစ္ညဥ့္လံုးလံုးလို ေလယာဥ္ပ်ံေနတဲ့ အသံေတြကို ၾကားေနရေတာ့ ရြာသားေတြ အကုန္လံုး ဗံုးက်င္းထဲမွာ ပုန္းေနၾကရတယ္။ ေန႕လယ္ပိုင္းမွာ အနီးအနားက ေတာင္ေတြကို လာပစ္ေတာ့ ရြာသားေတြ မေနရဲေတာ့ဘဲ ထြက္ေျပးေနၾကရတယ္” ဟု ဆရာေတာ္က ေျပာၾကားသည္။

၎ျပင္ မင္းျပားျမိဳ႕နယ္ ကပ္ပဲေက်းရြာႏွင့္ ပုလဲေတာင္အၾကား ရိုးေတာင္တန္းကိုလည္း ေန႕လယ္ ၁ နာရီခန္႕တြင္ ဂ်က္တိုက္ေလယာဥ္ တစ္စီးျဖင့္ ႏွစ္ၾကိမ္တိတိ ဗံုးလာၾကခဲ့ဟု အိုးပ်ဥ္ေတာင္ႏွင့္ ျပင္ေယာင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးတို႕က ေျပာၾကားသည္။

ခိုင္လူလွ (ရိုးမေျမ)
Narinjara
https://www.facebook.com/narinjara.info
--------------
(Unicode)⤵⤵⤵
မင်းပြားမြို့နယ်မှ တောင်းတန်းအချို့ကို တပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့်ပစ်ခတ်

နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီး ချောင်းအနီးရှိ မင်းဇီတောင်ရိုးတန်းကို တပ်မတော်မှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ ကျေးရွာသားများက ပြောသည်။

“ ဒီကနေ့ နေ့လယ် ၁ နာရီနဲ့ ၁၀ မိနစ်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ နှစ်ကြိမ် လာပစ်တာပါ။ တိုက်ပွဲဖြစ်တာ မရှိပါ။ လာပစ်တဲ့ နေရာက မင်းကပ်ဆိပ်နဲ့ နီးပါတယ်။ မင်းဇီတောင်ရိုးတန်းလို့ ခေါ်ပါတယ်။ အဲဒီမှာ စေတီတောင်ဆိုတဲ့ တောင်လည်း ရှိပါတယ်။ အဲဒီနေရာ တောင်တရိုးကို လာပစ်တာပါ။ အဲဒီ တောင်အောက်မှာ ဇိုင်းချောင်းပေါက်တောဆိုတဲ့ ချင်းတိုင်းရင်းသား ကျေးရွာ တစ်ရွာလည်း ရှိပါတယ်။ ၅ မိနစ်လောက် ပစ်သွားပါတယ်” ဟု ကုလားမတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

၎င်းလေယာဉ်နှစ်စီးမှာ ကုလားမတောင်ရွာပေါ်မှ ပျံဝဲပြီး ပစ်ခတ်သဖြင့် ရွာထဲက လူများမှာ ဗုံးခိုကျင်းတွင် ဝင်ပုန်းပြီး အထူးစိုးရိမ်နေကြသည်ဟု ၎င်းက ပြောကြားသည်။

တိုက်လေယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သောနေရာအနီးတဝိုက်တွင် မီးလောင်နေပြီး မီးခိုးများ ထွက်နေသည်ကို မြင်နေရကြောင်း၊ ရွာမှာ ဝါးခုတ်သမားများမှာ ၎င်းအနီးတွင် ဝါးခုတ်နေ၍ ရှိသဖြင့် စိုးရိမ်နေကြရကြောင်း ပြောဆိုသည်။

၎င်းပြင် တိုင်းဗဟို (၉) လေ့ကျင့်ရေး ကျောင်းအနီး ဝန်းကျင်ရှိ တောင်တန်းများကိုလည်း ပစ်ခတ်ခဲ့ကြောင်း၊ ကြာအင်းတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နောက်ဘက်ရှိ တောင်တန်းများနှင့် ကံ့ကော်ချောင်း ကျေးရွာအနီးရှိ ချင်းမတောင်ကိုလည်း ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသအတွင်းက ဆရာတော် တစ်ပါးက ပြောသည်။

“ ဘုန်းဘုန်းတို့က နေစရာမရှိတော့ဘူး။ ညဉ့်လည်း တစ်ညဉ့်လုံးလုံးလို လေယာဉ်ပျံနေတဲ့ အသံတွေကို ကြားနေရတော့ ရွာသားတွေ အကုန်လုံး ဗုံးကျင်းထဲမှာ ပုန်းနေကြရတယ်။ နေ့လယ်ပိုင်းမှာ အနီးအနားက တောင်တွေကို လာပစ်တော့ ရွာသားတွေ မနေရဲတော့ဘဲ ထွက်ပြေးနေကြရတယ်” ဟု ဆရာတော်က ပြောကြားသည်။

၎င်းပြင် မင်းပြားမြို့နယ် ကပ်ပဲကျေးရွာနှင့် ပုလဲတောင်အကြား ရိုးတောင်တန်းကိုလည်း နေ့လယ် ၁ နာရီခန့်တွင် ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် နှစ်ကြိမ်တိတိ ဗုံးလာကြခဲ့ဟု အိုးပျဉ်တောင်နှင့် ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောကြားသည်။

ခိုင်လူလှ (ရိုးမမြေ)
Narinjara
https://www.facebook.com/narinjara.info
မင္းျပားျမိဳ႕နယ္မွ ေတာင္းတန္းအခ်ိဳ႕ကို တပ္မေတာ္မွ ဂ်က္တုိက္ေလယာဥ္မ်ားျဖင့္ပစ္ခတ္ မင္းျပားျမိဳ႕နယ္မွ ေတာင္းတန္းအခ်ိဳ႕ကို တပ္မေတာ္မွ ဂ်က္တုိက္ေလယာဥ္မ်ားျဖင့္ပစ္ခတ္ Reviewed by THITHTOOLWIN on 02:23 Rating: 5
Powered by Blogger.