ရွမ္းျပည္အေရွ႕ပိုင္းေက်းရြာေတြမွာ COVID-19 အယူလြဲေတြ ရွိေန

ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕တြင္ အပူခ်ိန္တိုင္းတာေပးေနတဲ့ က်န္းမာေရး ၀န္ထမ္းတဦး (သတင္းဓာတ္ပံု - ဇန္န၀ါရီ ၃၁၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကမၻာ့ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံ ေက်းလက္ေဒသအခ်ိဳ႕မွာ က်န္းမာေရးအသိအားနည္းၿပီး လဲြမွားတဲ့အယူအဆေတြျဖစ္ေနပါတယ္။ ဒီအျဖစ္အပ်က္ေတြထဲက ရွမ္းျပည္အေရွ႕ပိုင္း ရြာအခ်ိဳ႕က အေျခအေနကို ေျပာျပပါမယ္။

COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး လဲြမွားတဲ့ သတင္းစကားေတြေၾကာင့္ ရွမ္းျပည္နယ္အေရွ႔ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္က ေက်းရြာတခ်ိဳ႕မွာ ေရာဂါမကူးစက္ေအာင္ဆိုၿပီး ကေလးလူၾကီးမက်န္ ဘိန္းရႈေနပါတယ္။ မိုင္းဆတ္ခရိုင္အုပ္ခ်ဳပ္ေရးအဖဲြ႔ကေတာ့ COVID-19 က်န္းမာေရးစစ္ေဆးတာ၊ အသိပညာေပးတာေတြကို ေက်းရြာအုပ္ခ်ဳပ္ေရးမႈးေတြကေန တဆင့္ ေဆာင္ရြက္ေနၿပီး ဒီလို လဲြမွားတဲ့အျဖစ္ေတြ ရိွရင္ စံုစမ္းစစ္ေဆးၿပီး အသိပညာေပးလုပ္ငန္းေတြ ေဆာင္ရြက္သြားမယ္လို႔ေတာ့ ေျပာပါတယ္။

COVID-19 ေရာဂါကာကြယ္ႏိုင္တယ္ဆိုၿပီး မိုင္းဆက္ၿမိဳ႕နယ္က ေက်းရြာအခ်ဳိ႕မွာ လူႀကီး လူငယ္အားလံုး ဘိန္းရႈတာေတြ လုပ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မရႈႏိုင္တဲ့ ကေလးက်ေနာ့ အဲဒီပါးစပ္ထဲက ထြက္လာတဲ့ အေငြ႔ကို ရႈမိေအာင္လုပ္ေပးတာေပါ့။ အဲဒါနဲ႔ က်ေနာ္က ေျပာတာ ကေလး ဘိန္းစဲြသြားရင္ ဘယ္လုိ လုပ္မလဲဆုိေတာ့ ဘိန္းစဲြတာ ျပႆနာမရိွဘူး။ အေရးမၾကီးဘူး၊ မေသႏိုင္ဘူးတဲ့ ေရာဂါ ကပ္ေရာဂါစဲြလာရင္ ေသမွာတဲ့။”

မုိင္းဆတ္ၿမိဳ႕နယ္ ေရပူစမ္းေက်းရြာအနီးအနားက ေက်းရြာေတြမွာ တခ်ိဳ႕ေတြက ၾကက္ဥျပဳတ္စားရင္၊ ေက်ာက္ဖရံုသီးခဲြထားရင္ ေရာဂါ မကူးဘူးဆိုၿပီး ယူဆတာေတြလည္း ရိွေနပါတယ္။

မိုင္းဆက္ၿမိဳ႕နယ္ ဒု ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းကေတာ့ COVID-19 ကာကြယ္ေရးအတြက္ ပညာေပးမႈေတြကို သူတို႔အေနနဲ႔ တတ္ႏိုင္သေလာက္ေဆာင္ရြက္ေပးေနပါတယ္လို႔ ေျပာပါတယ္။ လူစုလူေ၀းမလုပ္ၾကဖို႔နဲ႔ တုိက္တြန္းေနသလို၊ ၿမိဳ႕၀င္ၿမိဳ႕ထြက္ေတြမွာ ေစာင့္ၾကည့္တာ၊ အရပ္ေ၀းက ျပန္လာသူေတြရိွရင္ သတင္းပို႔ဖို႔ ႏႈိးေဆာ္တာေတြလည္း လုပ္ေနတယ္လို႔ ဆိုပါတယ္။ ဘိန္းရႈတာလို လဲြမွားတဲ့ေဆာင္ရြက္မႈေတြကိုေတာ့ စံုစမ္းအေရးယူသြားမယ္လိ္ု႔ ဦးထြန္းထြန္း၀င္းက ေျပာပါတယ္။

“ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကတဆင့္ စံုစမ္းစစ္ေဆးၿပီးေတာ့ ဟုတ္တယ္ဆုိရင္ေတာ့ စိစစ္တားျမစ္ရမွာေပါ့ဗ်ာ။”

ေလာေလာဆယ္ ထိုင္းႏိုင္ငံက ျပန္လာသူေတြကို တာခ်ီလိတ္အ၀င္က လက္ခံေနသလို မိုင္းဆတ္ၿမိဳ႕ကို ျပန္လာသူေတြကိုလည္း ေသခ်ာစိစစ္လက္ခံေနပါတယ္။

COVID-19 ကူးစက္မႈ ျပသနာကို က်န္းမာေရးအရ စီမံခ်က္ခ် ကာကြယ္ကုသဖို႔ျဖစ္တယ္ဆိုေပမဲ့ ဘာသာေရးအရယံုၾကည္မႈေတြနဲ႔အသံခ်က္ႀကီးေတြက်ယ္က်ယ္ေလာင္ဖြင့္ဆုေတာင္းရြတ္ဖက္ေနၾကတာေတြကို နယ္ေတြတင္မက ၿမိဳ႕ႀကီးေတြမွာပါ ေနရာအႏွံ႔ၾကားေနရတယ္။ ၿမိဳ႕လယ္ရပ္ကြက္ေတြမွာ ကားေတြနဲ႔ လွည့္ၿပီိး ပရိတ္ရြတ္တာေတြ ပရိတ္ရည္ျဖန္း ပရိတ္ႀကိဳးေဝတာေတြ လုပ္ေနတာေတြလည္း ေတြ႔ရပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ဒီလ ၂၃ ရက္ေန႔က COVID-19 ေရာဂါပိုးရိွသူ ႏွစ္ဦးေတြ႔ရိွခဲ့ၿပီး ၂၄ ရက္ေန႔မွာ ေနာက္ထပ္ တဦး ထပ္မံေတြရိွေၾကာင္းနဲ႔ ေစာင့္ၾကည့္လူနာ ၂၃၈ ဦး၊ ဓါတ္ခဲြအတည္ျပဳေစာင့္ဆုိင္းသူ ၂၆ ဦး ရိွေနပါတယ္။

[Unicode Version]

ရှမ်းပြည်အရှေ့ပိုင်းကျေးရွာတွေမှာ COVID-19 အယူလွဲတွေ ရှိနေ

COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကျေးလက်ဒေသအချို့မှာ ကျန်းမာရေးအသိအားနည်းပြီး လွဲမှားတဲ့အယူအဆတွေဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်တွေထဲက ရှမ်းပြည်အရှေ့ပိုင်း ရွာအချို့က အခြေအနေကို ပြောပြပါမယ်။

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ သတင်းစကားတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်က ကျေးရွာတချို့မှာ ရောဂါမကူးစက်အောင်ဆိုပြီး ကလေးလူကြီးမကျန် ဘိန်းရှုနေပါတယ်။ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကတော့ COVID-19 ကျန်းမာရေးစစ်ဆေးတာ၊ အသိပညာပေးတာတွေကို ကျေးရွာအုပ်ချုပ်ရေးမှုးတွေကနေ တဆင့် ဆောင်ရွက်နေပြီး ဒီလို လွဲမှားတဲ့အဖြစ်တွေ ရှိရင် စုံစမ်းစစ်ဆေးပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့တော့ ပြောပါတယ်။

COVID-19 ရောဂါကာကွယ်နိုင်တယ်ဆိုပြီး မိုင်းဆက်မြို့နယ်က ကျေးရွာအချို့မှာ လူကြီး လူငယ်အားလုံး ဘိန်းရှုတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မရှုနိုင်တဲ့ ကလေးကျနော့ အဲဒီပါးစပ်ထဲက ထွက်လာတဲ့ အငွေ့ကို ရှုမိအောင်လုပ်ပေးတာပေါ့။ အဲဒါနဲ့ ကျနော်က ပြောတာ ကလေး ဘိန်းစွဲသွားရင် ဘယ်လို လုပ်မလဲဆိုတော့ ဘိန်းစွဲတာ ပြဿနာမရှိဘူး။ အရေးမကြီးဘူး၊ မသေနိုင်ဘူးတဲ့ ရောဂါ ကပ်ရောဂါစွဲလာရင် သေမှာတဲ့။”

မိုင်းဆတ်မြို့နယ် ရေပူစမ်းကျေးရွာအနီးအနားက ကျေးရွာတွေမှာ တချို့တွေက ကြက်ဥပြုတ်စားရင်၊ ကျောက်ဖရုံသီးခွဲထားရင် ရောဂါ မကူးဘူးဆိုပြီး ယူဆတာတွေလည်း ရှိနေပါတယ်။

မိုင်းဆက်မြို့နယ် ဒု ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကတော့ COVID-19 ကာကွယ်ရေးအတွက် ပညာပေးမှုတွေကို သူတို့အနေနဲ့ တတ်နိုင်သလောက်ဆောင်ရွက်ပေးနေပါတယ်လို့ ပြောပါတယ်။ လူစုလူဝေးမလုပ်ကြဖို့နဲ့ တိုက်တွန်းနေသလို၊ မြို့ဝင်မြို့ထွက်တွေမှာ စောင့်ကြည့်တာ၊ အရပ်ဝေးက ပြန်လာသူတွေရှိရင် သတင်းပို့ဖို့ နှိုးဆော်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။ ဘိန်းရှုတာလို လွဲမှားတဲ့ဆောင်ရွက်မှုတွေကိုတော့ စုံစမ်းအရေးယူသွားမယ်လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှုးကတဆင့် စုံစမ်းစစ်ဆေးပြီးတော့ ဟုတ်တယ်ဆိုရင်တော့ စိစစ်တားမြစ်ရမှာပေါ့ဗျာ။”

လောလောဆယ် ထိုင်းနိုင်ငံက ပြန်လာသူတွေကို တာချီလိတ်အဝင်က လက်ခံနေသလို မိုင်းဆတ်မြို့ကို ပြန်လာသူတွေကိုလည်း သေချာစိစစ်လက်ခံနေပါတယ်။

COVID-19 ကူးစက်မှု ပြသနာကို ကျန်းမာရေးအရ စီမံချက်ချ ကာကွယ်ကုသဖို့ဖြစ်တယ်ဆိုပေမဲ့ ဘာသာရေးအရယုံကြည်မှုတွေနဲ့အသံချက်ကြီးတွေကျယ်ကျယ်လောင်ဖွင့်ဆုတောင်းရွတ်ဖက်နေကြတာတွေကို နယ်တွေတင်မက မြို့ကြီးတွေမှာပါ နေရာအနှံ့ကြားနေရတယ်။ မြို့လယ်ရပ်ကွက်တွေမှာ ကားတွေနဲ့ လှည့်ပြီး ပရိတ်ရွတ်တာတွေ ပရိတ်ရည်ဖြန်း ပရိတ်ကြိုးဝေတာတွေ လုပ်နေတာတွေလည်း တွေ႔ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလ ၂၃ ရက်နေ့က COVID-19 ရောဂါပိုးရှိသူ နှစ်ဦးတွေ့ရှိခဲ့ပြီး ၂၄ ရက်နေ့မှာ နောက်ထပ် တဦး ထပ်မံတွေရှိကြောင်းနဲ့ စောင့်ကြည့်လူနာ ၂၃၈ ဦး၊ ဓါတ်ခွဲအတည်ပြုစောင့်ဆိုင်းသူ ၂၆ ဦး ရှိနေပါတယ်။

ကိုမိုးေဇာ္/VOA (Burmese)
https://burmese.voanews.com
ရွမ္းျပည္အေရွ႕ပိုင္းေက်းရြာေတြမွာ COVID-19 အယူလြဲေတြ ရွိေန ရွမ္းျပည္အေရွ႕ပိုင္းေက်းရြာေတြမွာ COVID-19 အယူလြဲေတြ ရွိေန Reviewed by THITHTOOLWIN on 02:17 Rating: 5
Powered by Blogger.