၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေျဖမယ့္သူ ၁ သိန္းေက်ာ္ တိုးလာ

 ၂၀၁၉ တုန္းက တကၠသိုလ္ဝင္တန္းေျဖဆိုခဲ့ၾကတဲ့ ေက်ာင္းသား ေက်ာင္းသူမ်ား
(Zawgyi)⤵⤵⤵
မတ္လ ၁၁ ရက္ေန႔မွာ စေျဖရမယ့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲ အတြက္ စာစစ္ဌာန ၁၉၉၉ ခု ရွိၿပီး ေျဖဆိုဖို႔ စာရင္းေပးထားတဲ့ ေက်ာင္းသား ေက်ာင္းသူေပါင္း ၉၇၁,၃၃၉ ဦး ရွိပါတယ္။

"ၿပီးခဲ့တဲ့ ႏွစ္ကထက္စာရင္ စာေမးပြဲေျဖဆိုမယ့္သူဦးေရ ၁ သိန္း ၂ ေသာင္းေက်ာ္ ပိုမ်ားလာတယ္" လို႔ ပညာေရးဝန္ႀကီးဌာန ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေျဖဆိုမယ့္သူဦးေရဟာ ျပည္နယ္နဲ႔ တိုင္း အကုန္လုံးမွာ တိုးလာတာျဖစ္ၿပီး ရန္ကုန္၊ မႏၲေလးနဲ႔ စစ္ကိုင္းမွာေတာ့ ေက်ာင္းသား ေက်ာင္းသူေပါင္း ၁ သိန္း ၃ ေသာင္းေက်ာ္စီနဲ႔ အမ်ားဆုံး ေျဖဆိုၾကမွာျဖစ္ပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းကေတာ့ အနည္းဆုံးျဖစ္ၿပီး ေျဖဆိုမယ့္သူေပါင္း ၅၄၆၈ ဦး ရွိပါတယ္။

ရခိုင္ျပည္နယ္မွာလည္း တိုက္ပြဲေတြေၾကာင့္ ျပည္နယ္ေျမာက္ပိုင္းက ေက်ာင္းသားေက်ာင္းသူ ၆ ေထာင္ေက်ာ္ရဲ႕ စာစစ္ဌာန ၂၀ ကို ၿမိဳ႕ေပၚေ႐ႊ႕ေျပာင္းထားရပါတယ္။

"စာစစ္ဌာန တခုမွ မေလွ်ာ့ပါဘူး၊ လုံၿခဳံေရးမရွိတဲ့ ႐ြာေတြ အကုန္လုံးက စာစစ္ဌာနေတြကို ၿမိဳ႕ေပၚေ႐ႊ႕တာပါ၊ ျပည္နယ္ ေျမာက္ပိုင္း တခုလုံးနဲ႔ ခ်င္းျပည္နယ္ ပလက္ဝက စာစစ္ဌာနေတြပါ" လို႔ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန တာဝန္ရွိသူ ဘီဘီစီကို အတည္ျပဳေျပာပါတယ္။

ရခိုင္ျပည္နယ္ ပညာေရးမႉး ဦးတင္သိန္းကေတာ့ တိုက္ပြဲေတြေၾကာင့္ လုံၿခဳံေရးစိုးရိမ္ရလို႔ ေက်ာက္ျဖဴ၊ အမ္း၊ ေျမပုံ၊ မင္းျပား၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ ၿမိဳ႕နယ္ေတြက စာစစ္ဌာနေတြကို ပိတ္ထားမယ္လို႔ ေဖေဖာ္ဝါရီလလယ္တုန္းက ဘီဘီစီကို ေျပာထားပါတယ္။

ရခိုင္တျပည္လုံးအေနနဲ႔ တကၠသိုလ္ဝင္တန္း စာစစ္ဌာနေပါင္း ၁၂၇ ခုရွိၿပီး ေက်ာင္းသား ေက်ာင္းသူေပါင္း ၄၉၁၈၁ ဦး ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းေပးထားပါတယ္။

တိုက္ပြဲေတြျဖစ္ေနတဲ့ ၿမိဳ႕နယ္ေတြမွာ အခုႏွစ္ ပညာသင္ႏွစ္ အတြင္း နယ္ေက်ာင္းေတြ ေတာ္ေတာ္မ်ားကို ပိတ္ထားရ
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ ဝဇၨာတြဲ ေက်ာင္းသား ေက်ာင္းသူ ၁၇၂,၇၁၄ ဦး၊ သိပၸံတြဲ ေက်ာင္းသား ေက်ာင္းသူ ၂၁၁,၈၆၀ ဦး၊ ဝဇၨာနဲ႔ သိပၸံ ေပါင္းစပ္ ဘာသာတြဲ ဝိပၸံတြဲ ေက်ာင္းသား ေက်ာင္းသူ ၅၈၆,၇၄၄ ဦး နဲ႔ စိတ္ႀကိဳက္ျမန္မာစာ ေက်ာင္းသား ေက်ာင္းသူ ၁၁ ဦး ေျဖဆိုဖို႔ စာရင္းေပးထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ေျဖဆိုဖို႔ စာရင္းေပးခဲ့သူ ၈၉၇, ၉၉၄ ဦး ရွိၿပီး စာေမးပြဲေျဖဆိုတဲ့ေန႔မွာ ပ်က္ကြက္သူ ၄ ေသာင္းေက်ာ္ ရွိခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေမယ့်သူ ၁ သိန်းကျော် တိုးလာ

ဓာတ်ပုံ မူပိုင် ရွှေအင်းသား ခင်မောင်ဝင်း
Image caption ၂၀၁၉ တုန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူများ

မတ်လ ၁၁ ရက်နေ့မှာ စဖြေရမယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် စာစစ်ဌာန ၁၉၉၉ ခု ရှိပြီး ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၉၇၁,၃၃၉ ဦး ရှိပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကထက်စာရင် စာမေးပွဲဖြေဆိုမယ့်သူဦးရေ ၁ သိန်း ၂ သောင်းကျော် ပိုများလာတယ်" လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြေဆိုမယ့်သူဦးရေဟာ ပြည်နယ်နဲ့ တိုင်း အကုန်လုံးမှာ တိုးလာတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမှာတော့ ကျောင်းသား ကျောင်းသူပေါင်း ၁ သိန်း ၃ သောင်းကျော်စီနဲ့ အများဆုံး ဖြေဆိုကြမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့ အနည်းဆုံးဖြစ်ပြီး ဖြေဆိုမယ့်သူပေါင်း ၅၄၆၈ ဦး ရှိပါတယ်။

ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေကြောင့် ပြည်နယ်မြောက်ပိုင်းက ကျောင်းသားကျောင်းသူ ၆ ထောင်ကျော်ရဲ့ စာစစ်ဌာန ၂၀ ကို မြို့ပေါ်ရွှေ့ပြောင်းထားရပါတယ်။

"စာစစ်ဌာန တခုမှ မလျှော့ပါဘူး၊ လုံခြုံရေးမရှိတဲ့ ရွာတွေ အကုန်လုံးက စာစစ်ဌာနတွေကို မြို့ပေါ်ရွှေ့တာပါ၊ ပြည်နယ် မြောက်ပိုင်း တခုလုံးနဲ့ ချင်းပြည်နယ် ပလက်ဝက စာစစ်ဌာနတွေပါ" လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူ ဘီဘီစီကို အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းကတော့ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေက စာစစ်ဌာနတွေကို ပိတ်ထားမယ်လို့ ဖေဖော်ဝါရီလလယ်တုန်းက ဘီဘီစီကို ပြောထားပါတယ်။

ရခိုင်တပြည်လုံးအနေနဲ့ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနပေါင်း ၁၂၇ ခုရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၄၉၁၈၁ ဦး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ အခုနှစ် ပညာသင်နှစ် အတွင်း နယ်ကျောင်းတွေ တော်တော်များကို ပိတ်ထားရ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဝဇ္ဇာတွဲ ကျောင်းသား ကျောင်းသူ ၁၇၂,၇၁၄ ဦး၊ သိပ္ပံတွဲ ကျောင်းသား ကျောင်းသူ ၂၁၁,၈၆၀ ဦး၊ ဝဇ္ဇာနဲ့ သိပ္ပံ ပေါင်းစပ် ဘာသာတွဲ ဝိပ္ပံတွဲ ကျောင်းသား ကျောင်းသူ ၅၈၆,၇၄၄ ဦး နဲ့ စိတ်ကြိုက်မြန်မာစာ ကျောင်းသား ကျောင်းသူ ၁၁ ဦး ဖြေဆိုဖို့ စာရင်းပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဖြေဆိုဖို့ စာရင်းပေးခဲ့သူ ၈၉၇, ၉၉၄ ဦး ရှိပြီး စာမေးပွဲဖြေဆိုတဲ့နေ့မှာ ပျက်ကွက်သူ ၄ သောင်းကျော် ရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေျဖမယ့္သူ ၁ သိန္းေက်ာ္ တိုးလာ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေျဖမယ့္သူ ၁ သိန္းေက်ာ္ တိုးလာ Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.