ဖဲြ႔စည္းပံုျပင္ေရးဥပေဒၾကမ္း မတ္လ ၁၀ ရက္ မဲခဲြမည္


(Zawgyi/Unicode)

လႊတ္ေတာ္တြင္း ေဆြးေႏြးေနတဲ့ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးဆိုင္ရာ ဒုတိယအႀကိမ္ ဥပေဒမူၾကမ္းနဲ႔ ပတ္သတ္ျပီး လာမယ့္ မတ္လ ၁၀ ရက္ေန႔မွာ မဲခြဲဆံုးျဖတ္သြားမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယကက ဒီကေန႔ေျပာပါတယ္။ ဥပေဒ ၾကမ္း ၂ ခု လံုး အတြက္ လဝက္ ဆႏၵမဲ ၉ ၾကိမ္ ေပးဖို႔ အပါအဝင္ မဲခြဲဆံုးျဖတ္မႈဆုိင္ရာ လုပ္ေဆာင္မွာ ေတြကိုလည္း ဒီကေန႔မွာပဲ ခ်ျပခဲ့တာပါ။ အေသးစိတ္ကို ဗြီအိုေအသတင္းေထာက္ေမခက စုစည္းတင္ျပထားပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၉ ဦး ပါဝင္ေဆြးေႏြးဖို႔ ခြင့္ ျပဳထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ေဆြးေႏြးေနတာ ၆ ရက္ရွိၿပီ ျဖစ္ၿပီး ဒီကေန႔ ေဆြးေႏြးပြဲ အၿပီးမွာေတာ့ မတ္လ ၁၀ ရက္ေန႔မွာ ဆံုးျဖတ္ခ်က္ ခ်ဖို႔ လ်ာထားတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က အခုလို ေၾကညာပါတယ္။

"ဖဲြ႔စည္းပံု အေျခခံဥပေဒကို ဒုတိယအၾကိမ္ ျပင္ဆင္ၿပီး ဥပေဒမူၾကမ္းမ်ား ေလ့လာစီစစ္ေရး ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာရဲ႕ ေနာက္ဆက္တဲြ ဇ (၁)၊ စ် (၁) တို႔ အပါ ဥပေဒမူၾကမ္းမ်ားရဲ႕ ျပင္ဆင္ခ်က္ ဇယားမ်ားျဖစ္တဲ့ ေနာက္ဆက္တဲြ ဇ (၂)၊ စ် (၂) ဇယား ႏွစ္ခုပါ ျပင္ဆင္ခ်က္မ်ားအေပၚ လႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ရယူျခင္း အစီအစဥ္ကို ၁၀ ရက္၊ ၃ လ၊ ၂၀၂၀ မွာ စတင္ ေဆာင္ရြက္ဖို႔ လ်ာထားပါတယ္။"

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၅ ရက္ကေန စတင္ ေဆြးေႏြးလာတာ ျဖစ္ၿပီး မတ္လ ၅ ရက္ေန႔မွာေတာ့ ေဆြးေႏြးမႈေတြကို အဆံုးသတ္မွာ ျဖစ္ပါတယ္။ အခု ေဆြးေႏြးေနတဲ့ ဥပေဒၾကမ္းေတြထဲမွာ ျပင္ဆင္ဖို႔ အဆိုျပဳ ထားတဲ့ ပုဒ္မက စုစုေပါင္း ၁၄၂ ခ်က္ ရွိေနပါတယ္။ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံ႐ုံနဲ႔ ျပင္ႏိုင္မယ့္ ပုဒ္မမ်ား အတြက္ ဥပေဒၾကမ္း တခု၊ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမႈအျပင္ လူထုဆႏၵခံယူပြဲပါ က်င္းပ အတည္ျပဳမွ ျပင္ႏိုင္မယ့္ ပုဒ္မမ်ားအတြက္ ဥပေဒၾကမ္း တခု၊ စုစုေပါင္း ဥပေဒၾကမ္းႏွစ္ခုအျဖစ္ တင္သြင္းထားတာပါ။

ဒီ ၂ ခုမွာ ပါတဲ့ ဥပေဒေတြ ျပင္ေရး အတြက္ မဲခြဲ ဆံုးျဖတ္မွာ ျဖစ္ၿပီး မဲေပးရာမွာ ကိုယ္စားလွယ္ တဦးဟာ ဥပေဒၾကမ္း ၂ ခု အတြက္ ဆႏၵမဲ ၉ ခါ ေပးရမွာ ျဖစ္တယ္လို႔ လည္း နာယကက ေျပာပါတယ္။

"ဖဲြ႔စည္းပံုအေျခခံ ဥပေဒ ပုဒ္မ ၄၃၆ ပုဒ္မခဲြ (က) နဲ႔ သတ္ဆိုင္တဲ့ ျပင္ဆင္ခ်က္မ်ားအတြက္ အဆံုးအျဖတ္ရယူျခင္း ေလးႀကိမ္နဲ႔ ပုဒ္မခဲြ (ခ)နဲ႔ သတ္ဆိုင္တဲ့ ျပင္ဆင္ခ်က္မ်ားအတြက္ အဆံုးအျဖတ္ရယူျခင္း ငါးၾကိမ္ခဲြၿပီး ေဆာင္ရြက္ဖို႔ လ်ာထားပါတယ္။ ထူးျခားမႈ တခုအေနနဲ႔ ဖဲြ႔စည္းပံုအေျခခံ ဥပေဒ ၄၃၆ ပုဒ္မခဲြ (က)မွာ အက်ံဳး၀င္တဲ့ ပုဒ္မ ၅၉ ပုဒ္မ ခဲြ (ဂ) အတြက္ ျပင္ဆင္ခ်က္ ႏွစ္ခု ပါရွိပါတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထံ ျဖန္႔ေ၀ထားတဲ့ နမူနာ ပံုစံ ဆႏၵလတ္မွတ္ရဲ႕ အမွတ္စဥ္ ၁ မွာ ေတြ႔ရွိႏိုင္ပါတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ တဦးခ်င္းအေနနဲ႔ ျပင္ဆင္ခ်က္ ႏွစ္ခုလံုးကို ဆႏၵျပဳရမွာ ျဖစ္ပါတယ္။ ျပင္ဆင္ခ်က္ ႏွစ္ခု လံုးအတြက္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲ ရရွိခဲ့ရင္ ေထာက္ခံမဲ ပိုမ်ားတဲ့ ျပင္ဆင္ခ်က္ကို အတည္ျပဳမွာ ျဖစ္ေၾကာင္း ၾကိဳတင္မွာၾကားလိုပါတယ္။"

ေဒၚေအာင္ဆန္းစုၾကည္ကို နိုင္ငံေတာ္သမၼတ မျဖစ္ေအာင္ကန္႔သတ္ထားတဲ့ နာမည္ႀကီး ၅၉ (စ) ဥပေဒကို NLD ဘက္က ပယ္ဖ်က္ဖို႔တင္ထားသလို တပ္ဘက္ကေတာ့ ၅၉ (စ)ပါ ကန္႔သတ္ခ်က္ကို သမၼတ၊ ဒုသမၼတအျပင္ ျပည္ေထာင္စု၀န္ႀကီးနဲ႔ တိုုင္းနဲ႔ ျပည္နယ္ဝန္ႀကီး ခန္႔အပ္မႈ ေတြမွာပါ ထပ္ၿပီး တိုးဖို႔ တင္ျပထားတာ ျဖစ္ပါတယ္။ ဒီျပင္ဆင္ခ်က္ေတြအတြက္ မဲေပးၾကရမွာပါ။

ဆႏၵမဲေပးရာမွာ န္ိုုင္ငံေတာ္သမၼတနဲ႔ ဒုသမၼတ ေရြးခ်ယ္တုန္းကလို လ ဝက္ လုပ္ေဆာင္မွာျဖစ္ၿပီး၊ ကိုယ္စားလွယ္ တဦးခ်င္းစီ အတြက္ တန္းတူ အခြင့္အေရးေတြ ေပးထားတယ္လို႔လည္း နာယက ဦးတီခြန္ျမတ္က ေျပာပါတယ္။

"လႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ ရယူရမွာ ႏိုင္ငံေတာ္ သမၼတနဲ႔ ဒုတိယ သမၼတမ်ား ေရြးခ်ယ္တင္ေျမွာက္ပဲြ က်င္းပစဥ္က လုပ္ငန္းစဥ္မ်ား အတိုင္း အေျခခံ၍ ဆႏၵမဲအသံုးျပဳၿပီး လ်ိွဳ႕၀ွက္စြာ ဆႏၵျပဳတဲ့ နည္းလမ္းနဲ႔ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ လႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ ရယူျခင္းအစီအစဥ္မွာ လႊတ္ေတာ္ ႐ံုး၀န္ထမ္းအဖဲြ႔ ရွစ္ဖဲြ႔ရဲ႕ ေဆာင္ရြက္မႈအေပၚ တဘက္လွ်င္ ေလးဦးႏႈန္းနဲ႔ ၾကီးၾကပ္ေစာင့္ၾကည့္ႏိုင္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၃၂ ဦး ရဲ႕ အမည္စာရင္းကိုလည္း ႏိုင္ငံေရးပါတီ အစုအဖဲြ႔အလိုက္ သင့္ေတာ္တဲ့ အင္အား သတ္မွတ္ ေတာင္းခံထားပါတယ္။"

လႊတ္ေတာ္တြင္း ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ငန္းစဥ္ နဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္မႈေတြ အေပၚ အမ်ိဳးမ်ိဳး ေဝဖန္ေနၾကတာျဖစ္ၿပီး ဒီ ျပင္ဆင္ေရး လုပ္ငန္းစဥ္ ကေန အမ်ားႀကီး ေမွ်ာ္လင့္ဖုိ႔ မျဖစ္ႏိုင္ဘူးလို႔ ႏိုင္ငံေရးသမားေတြက သံုးသပ္ေနၾကသလို တိုင္းရင္းသားေတြလိုလားတဲ့ ျပင္ဆင္ခ်က္ေတြ မပါတဲ့ ဒီျပင္ဆင္ ေရးျဖစ္လို႔ တိုင္းရင္းသားေတြဘက္ကလည္း ေဝဖန္ေနၾကတာ ျဖစ္ပါတယ္ရွင္။


ဖွဲ့စည်းပုံပြင်ရေးဥပဒေကြမ်း မတ်လ ၁၀ ရက် မဲခွဲမည်

လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဒုတိယအကြိမ် ဥပဒေမူကြမ်းနဲ့ ပတ်သတ်ပြီး လာမယ့် မတ်လ ၁၀ ရက်နေ့မှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ဒီကနေ့ပြောပါတယ်။ ဥပဒေ ကြမ်း ၂ ခု လုံး အတွက် လဝက် ဆန္ဒမဲ ၉ ကြိမ် ပေးဖို့ အပါအဝင် မဲခွဲဆုံးဖြတ်မှုဆိုင်ရာ လုပ်ဆောင်မှာ တွေကိုလည်း ဒီကနေ့မှာပဲ ချပြခဲ့တာပါ။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦး ပါဝင်ဆွေးနွေးဖို့ ခွင့် ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးနေတာ ၆ ရက်ရှိပြီ ဖြစ်ပြီး ဒီကနေ့ ဆွေးနွေးပွဲ အပြီးမှာတော့ မတ်လ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ချက် ချဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အခုလို ကြေညာပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ပြီး ဥပဒေမူကြမ်းများ လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာရဲ့ နောက်ဆက်တွဲ ဇ (၁)၊ ဈ (၁) တို့ အပါ ဥပဒေမူကြမ်းများရဲ့ ပြင်ဆင်ချက် ဇယားများဖြစ်တဲ့ နောက်ဆက်တွဲ ဇ (၂)၊ ဈ (၂) ဇယား နှစ်ခုပါ ပြင်ဆင်ချက်များအပေါ် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ၁၀ ရက်၊ ၃ လ၊ ၂၀၂၀ မှာ စတင် ဆောင်ရွက်ဖို့ လျာထားပါတယ်။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေ စတင် ဆွေးနွေးလာတာ ဖြစ်ပြီး မတ်လ ၅ ရက်နေ့မှာတော့ ဆွေးနွေးမှုတွေကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ အခု ဆွေးနွေးနေတဲ့ ဥပဒေကြမ်းတွေထဲမှာ ပြင်ဆင်ဖို့ အဆိုပြု ထားတဲ့ ပုဒ်မက စုစုပေါင်း ၁၄၂ ချက် ရှိနေပါတယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရုံနဲ့ ပြင်နိုင်မယ့် ပုဒ်မများ အတွက် ဥပဒေကြမ်း တခု၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုအပြင် လူထုဆန္ဒခံယူပွဲပါ ကျင်းပ အတည်ပြုမှ ပြင်နိုင်မယ့် ပုဒ်မများအတွက် ဥပဒေကြမ်း တခု၊ စုစုပေါင်း ဥပဒေကြမ်းနှစ်ခုအဖြစ် တင်သွင်းထားတာပါ။

ဒီ ၂ ခုမှာ ပါတဲ့ ဥပဒေတွေ ပြင်ရေး အတွက် မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပြီး မဲပေးရာမှာ ကိုယ်စားလှယ် တဦးဟာ ဥပဒေကြမ်း ၂ ခု အတွက် ဆန္ဒမဲ ၉ ခါ ပေးရမှာ ဖြစ်တယ်လို့ လည်း နာယကက ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နဲ့ သတ်ဆိုင်တဲ့ ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်း လေးကြိမ်နဲ့ ပုဒ်မခွဲ (ခ)နဲ့ သတ်ဆိုင်တဲ့ ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်း ငါးကြိမ်ခွဲပြီး ဆောင်ရွက်ဖို့ လျာထားပါတယ်။ ထူးခြားမှု တခုအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၃၆ ပုဒ်မခွဲ (က)မှာ အကျုံးဝင်တဲ့ ပုဒ်မ ၅၉ ပုဒ်မ ခွဲ (ဂ) အတွက် ပြင်ဆင်ချက် နှစ်ခု ပါရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ နမူနာ ပုံစံ ဆန္ဒလတ်မှတ်ရဲ့ အမှတ်စဉ် ၁ မှာ တွေ့ရှိနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တဦးချင်းအနေနဲ့ ပြင်ဆင်ချက် နှစ်ခုလုံးကို ဆန္ဒပြုရမှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက် နှစ်ခု လုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိခဲ့ရင် ထောက်ခံမဲ ပိုများတဲ့ ပြင်ဆင်ချက်ကို အတည်ပြုမှာ ဖြစ်ကြောင်း ကြိုတင်မှာကြားလိုပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ မဖြစ်အောင်ကန့်သတ်ထားတဲ့ နာမည်ကြီး ၅၉ (စ) ဥပဒေကို NLD ဘက်က ပယ်ဖျက်ဖို့တင်ထားသလို တပ်ဘက်ကတော့ ၅၉ (စ)ပါ ကန့်သတ်ချက်ကို သမ္မတ၊ ဒုသမ္မတအပြင် ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီး ခန့်အပ်မှု တွေမှာပါ ထပ်ပြီး တိုးဖို့ တင်ပြထားတာ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်တွေအတွက် မဲပေးကြရမှာပါ။

ဆန္ဒမဲပေးရာမှာ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တုန်းကလို လ ဝက် လုပ်ဆောင်မှာဖြစ်ပြီး၊ ကိုယ်စားလှယ် တဦးချင်းစီ အတွက် တန်းတူ အခွင့်အရေးတွေ ပေးထားတယ်လို့လည်း နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

"လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရမှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပစဉ်က လုပ်ငန်းစဉ်များ အတိုင်း အခြေခံ၍ ဆန္ဒမဲအသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်မှာ လွှတ်တော် ရုံးဝန်ထမ်းအဖွဲ့ ရှစ်ဖွဲ့ရဲ့ ဆောင်ရွက်မှုအပေါ် တဘက်လျှင် လေးဦးနှုန်းနဲ့ ကြီးကြပ်စောင့်ကြည့်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦး ရဲ့ အမည်စာရင်းကိုလည်း နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် သင့်တော်တဲ့ အင်အား သတ်မှတ် တောင်းခံထားပါတယ်။"

လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေ အပေါ် အမျိုးမျိုး ဝေဖန်နေကြတာဖြစ်ပြီး ဒီ ပြင်ဆင်ရေး လုပ်ငန်းစဉ် ကနေ အများကြီး မျှော်လင့်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးသမားတွေက သုံးသပ်နေကြသလို တိုင်းရင်းသားတွေလိုလားတဲ့ ပြင်ဆင်ချက်တွေ မပါတဲ့ ဒီပြင်ဆင် ရေးဖြစ်လို့ တိုင်းရင်းသားတွေဘက်ကလည်း ဝေဖန်နေကြတာ ဖြစ်ပါတယ်ရှင်။

ေမခ/VOA (Burmese)
https://burmese.voanews.com
ဖဲြ႔စည္းပံုျပင္ေရးဥပေဒၾကမ္း မတ္လ ၁၀ ရက္ မဲခဲြမည္ ဖဲြ႔စည္းပံုျပင္ေရးဥပေဒၾကမ္း မတ္လ ၁၀ ရက္ မဲခဲြမည္ Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.