ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ပ်ံ႕ပြားေနမႈကို တိုက္ဖ်က္ဖို႔ အက်ဥ္းသား ၅၄၀၀၀ ေက်ာ္ကို အီရန္အစိုးရ ယာယီလႊတ္ေပးလိုက္

အီရန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သီတင္းႏွစ္ပတ္သာသာ ကာလအတြင္း အနည္းဆုံး လူ ၇၇ ဦး ေသဆုံးခဲ့
(Zawgyi)⤵⤵⤵
အီရန္ႏိုင္ငံမွာ လူေတြ ျပည့္က်ပ္ေနတဲ့ အက်ဥ္းေထာင္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ပြားမွာကို ကာကြယ္တဲ့ အေနနဲ႔ အက်ဥ္းသား ၅၄၀၀၀ ေက်ာ္ကို ယာယီ လႊတ္ေပးလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး မရွိေၾကာင္း စမ္းသပ္ ေတြ႕ရတဲ့ အက်ဥ္းသားေတြကို အာမခံေပးၿပီး ယာယီ ျပန္လႊတ္ေပးခဲ့တာလို႔ တရားေရးဌာန ေျပာခြင့္ရပုဂၢိဳလ္ ဂိုလမ္ေဟာ့ဆိန္ အက္စ္မိုင္လီ က သတင္းေထာက္ေတြကို ေျပာပါတယ္။

ေထာင္ဒဏ္ ၅ ႏွစ္ေက်ာ္ ခ်မွတ္ခံထားရတဲ့ လုံၿခဳံေရးနဲ႔ ပတ္သက္တဲ့ အက်ဥ္းသားေတြကိုေတာ့ လႊတ္ေပးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

အီရန္မွာ အက်ဥ္းက်ေနတဲ့ ၿဗိတိန္ႏိုင္ငံသူ အီရန္အမ်ိဳးသမီး ပရဟိတ ဝန္ထမ္း နာဇာနင္ ဇက္ဂါရီ ရက္ကလစ္ဖ္ လည္း မၾကာခင္ ျပန္လြတ္လာႏိုင္ဘြယ္ ရွိတယ္လို႔ ၿဗိတိသွ် လႊတ္ေတာ္ အမတ္တစ္ဦးက ေျပာပါတယ္။

မစ္စ္ ဇက္ဂါရီ ရက္ကလစ္ဖ္ ကို ဒီကေန႔ ဒါမွမဟုတ္ မနက္ဖန္မွာ အိမ္ျပန္ခြင့္ ျပဳေကာင္း ျပဳႏိုင္တယ္လို႔ ယူေကႏိုင္ငံဆိုင္ရာ အီရန္ သံအမတ္က ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

သူ႔ရဲ႕ ခင္ပြန္းကေတာ့ မစ္စ္ ဇက္ဂါရီ ရက္ကလစ္ဖ္ ဟာ တီဟီရန္ၿမိဳ႕ အက္ဗင္အက်ဥ္းေထာင္မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံခဲ့ရတယ္လို႔ ယူဆေနၿပီး သူ႔ကို စမ္းသပ္ေပးဖို႔ အာဏာပိုင္ေတြက ျငင္းဆန္ေနတယ္လို႔ စေနေန႔တုန္းက ေျပာပါတယ္။

ဒါေပမဲ့ အီရန္ တရားေရးဌာန ေျပာခြင့္ရပုဂၢိဳလ္ အက္စ္မိုင္လီ ကေတာ့ မစ္စ္ ဇက္ဂါရီ ရက္ကလစ္ဖ္ ဟာ သူ႔မိသားစုနဲ႔ ေနာက္ပိုင္းမွာ အဆက္အသြယ္ ရွိေနခဲ့ၿပီး သူ႔က်န္းမာေရး ေကာင္းတယ္ ဆိုတာကို ေျပာျပခဲ့တယ္လို႔ တနလၤာေန႔က အခိုင္အမာ ေျပာသြားခဲ့ပါတယ္။

 မစ္စ္ ဇက္ဂါရီ ရက္ကလစ္ဖ္ ကို တီဟီရန္ၿမိဳ႕ အက္ဗင္အက်ဥ္းေထာင္မွာ ထိန္းသိမ္းထား
မစ္စ္ ဇက္ဂါရီ ရက္ကလစ္ဖ္ ဟာ သူလွ်ိဳ လုပ္မႈ စြဲခ်က္ေတြနဲ႔ ျပစ္မႈထင္ရွားခဲ့အၿပီး ၂၀၁၆ ခုႏွစ္မွာ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ သူကေတာ့ ဒီစြဲခ်က္ေတြကို ျငင္းဆိုထားပါတယ္။ သူ႔မွာ ဘာအျပစ္မွ မရွိဘူးလို႔ ယူေက အစိုးရကလည္း အခိုင္အမာ ေျပာထားခဲ့ပါတယ္။

အက္ဗင္ အက်ဥ္းေထာင္မွာ ရွိတဲ့ ၿဗိတိန္နဲ႔ အီရန္ ႏိုင္ငံကူး လက္မွတ္ ပူးတြဲကိုင္ေဆာင္ထားသူ အက်ဥ္းသားေတြရဲ႕ အေျခအေနကို စစ္ေဆးဖို႔ အဲဒီကို ေဆးဘက္ဆိုင္ရာပုဂၢိဳလ္ေတြ အျမန္ဆုံး သြားေရာက္ခြင့္ျပဳဖို႔ အီရန္ အစိုးရကို ေတာင္းဆိုထားတယ္လို႔ ၿဗိတိသွ် ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ ပုဂၢိဳလ္တစ္ဦးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ စျဖစ္ခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ကုန္ကစလို႔ ကမာၻတဝန္းမွာ ေရာဂါ ျဖစ္ပြားေနသူေပါင္း ၉၀၀၀၀ ေက်ာ္ ရွိေနၿပီး ၃၁၁၀ ဦး ေသဆုံးခဲ့ပါတယ္။ အမ်ားစုဟာ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပါတယ္။

အီရန္မွာ သီတင္းႏွစ္ပတ္ သာသာ ကာလအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ အနည္းဆုံး လူ ၇၇ ဦး ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံျပင္ပက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ျဖစ္ပြားေနတဲ့ ႏိုင္ငံေတြ

အီရန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ကူးစက္ျဖစ္ပြားေနသူ အေရအတြက္ဟာ ႏွစ္ရက္ဆက္တိုက္ ၅၀ ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔ အဂၤါေန႔တုန္းက အီရန္က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။ အခုအခါ ေရာဂါကူးစက္ ခံထားရသူေပါင္း ၂၃၃၆ ဦး ရွိတယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ တကယ္တမ္းမွာ အေရအတြက္ ဒါ့ထက္ ပိုမ်ားမယ္လို႔ ယူဆရပါတယ္။

အီရန္ႏိုင္ငံကေနတဆင့္ အာဖဂန္နစၥတန္၊ ကေနဒါ၊ လက္ဘႏြန္၊ ပါကစၥတန္၊ ကူဝိတ္၊ ဘာရိန္း၊ အီရတ္၊ အိုမန္၊ ကာတာ နဲ႔ ယူေအအီး စတဲ့ႏိုင္ငံေတြဆီ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈေတြ ရွိခဲ့တယ္ လို႔လည္း သိရပါတယ္။

 အီရန္မွာ အဂၤါေန႔က ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားသူ ၈၃၅ ဦး ထပ္ရွိလာတယ္လို႔ဆို
အီရန္အစိုးရ ထိပ္တန္းတာဝန္ရွိ ပုဂၢိဳလ္ အေတာ္မ်ားမ်ားလည္း ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံခဲ့ရပါတယ္။ အဲဒီထဲမွာ အခုေနာက္ဆုံး ေရာဂါကူးစက္ခံခဲ့ရသူဟာ အေရးေပၚ က်န္းမာေရးဝန္ေဆာင္မႈဌာန အႀကီးအကဲ ပီယာေဟာ့စိန္ ကိုလီဗန္ ျဖစ္ပါတယ္။

လႊတ္ေတာ္အမတ္ ၂၉၀ ထဲက ၂၃ ဦးလည္း ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ရွိေနေၾကာင္း စစ္ေဆး ေတြ႕ရပါတယ္။

အီရန္ ဘာသာေရးအႀကီးအကဲ အယာတိုလာ အာလီ ခါေမနီရဲ႕ အႀကံေပးေကာင္စီ အဖြဲ႕ဝင္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ တီဟီရန္ၿမိဳ႕မွာ တနလၤာေန႔တုန္းက ကြယ္လြန္သြားခဲ့ပါတယ္။ အသက္ ၇၁ ႏွစ္အ႐ြယ္ မိုဟာမက္ မီယာမိုဟာမက္ဒီ ဟာ အယာတိုလာ ခါေမနီနဲ႔ ရင္းႏွီးသူ ျဖစ္ပါတယ္။
သစ္ပင္စိုက္ အခမ္းအနားတစ္ခုမွာ အီရန္ဘာသာေရးေခါင္းေဆာင္ အယာတိုလာ အာလီ ခါေမနီကို ရာဘာလက္အိတ္ ဝတ္ထားတာ ေတြ႕ရ

အဂၤါေန႔တုန္းက ကမာၻ႔ သဘာဝေတာ႐ိုင္းတိရစာၦန္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ သစ္ပင္စိုက္တဲ့ အခမ္းအနားတစ္ခုမွာ အယာတိုလာ ခိုေမနီက က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြကို လိုက္နာၾကဖို႔ လူထုကို တိုက္တြန္းခဲ့ၿပီး အစိုးရအဖြဲ႕အစည္းေတြ အားလုံး က်န္းမာေရးဝန္ႀကီးဌာနအတြက္ လိုအပ္တဲ့ အကူအညီေတြ ျဖည့္ဆည္း ေဆာင္႐ြက္ေပးဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

အီရန္ အာဏာပိုင္ေတြအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာ ပမာဏအေၾကာင္း သတင္းအခ်က္အလက္ေတြကို ဖုံးကြယ္ထားမွာ မဟုတ္ဘူးလို႔လည္း အယာတိုလာ ခါေမနီက အခိုင္အမာ ေျပာခဲ့ပါတယ္။ "အီရန္ တာဝန္ရွိပုဂၢိဳလ္ေတြဟာ ျပႆနာ စျဖစ္တဲ့ ေန႔ကတည္းကစၿပီး ႐ိုးသားပြင့္လင္းစြာ ထုတ္ေဖာ္ သတင္းပို႔ခဲ့ပါတယ္၊ ဒါေပမဲ့ ေရာဂါပို ဆိုးဆိုးဝါးဝါး ျဖစ္ခဲ့တဲ့ ႏိုင္ငံတခ်ိဳ႕ကေတာ့ ဖုံးကြယ္ဖို႔ ႀကိဳးစားခဲ့ၾကတယ္"လို႔ သူက ေျပာပါတယ္။

အီရန္ႏိုင္ငံမွာ ျဖစ္ေနတဲ့ ေရာဂါကူးစက္ျဖစ္ပြားမႈဟာ အခ်ိန္ၾကာမွာ မဟုတ္ဘဲ အခ်ိန္တိုအတြင္း ၿပီးဆုံးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီအေတာအတြင္းမွာပဲ အီရန္ က်န္းမာေရးဝန္ႀကီး ဆာအိဒ္ နာမာကီ က ႏိုင္ငံတဝန္း ေရာဂါ စစ္ေဆးတဲ့ လႈပ္ရွားမႈကို ဒီကေန႔ ဗုဒၶဟူးေန႔မွာ စတင္ လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ ခံထားရတယ္လို႔ သံသယ ရွိသူ လူနာေတြနဲ႔ က်န္းမာေရး ဝန္ေဆာင္မႈ စနစ္ မရႏိုင္တဲ့ သူေတြဆီ က်န္းမာေရး ဝန္ထမ္းေတြ အိမ္တိုင္ရာေရာက္ သြားေရာက္ ၾကည့္ရႈမယ္လို႔ ဆိုပါတယ္။

 ကမာၻ႔က်န္းမာေရး အဖြဲ႕က ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ တီဟီရန္ၿမိဳ႕ကို တနလၤာေန႔က ေရာက္ရွိလာ

WHO ကမာၻ႔က်န္းမာေရး အဖြဲ႕က ကြၽမ္းက်င္သူအဖြဲ႕တစ္ဖြဲ႕ တီဟီရန္ၿမိဳ႕ကို တနလၤာေန႔က ေရာက္ရွိလာခဲ့ၿပီး အီရန္ က်န္းမာေရး အာဏာပိုင္ေတြကို အကူအညီေတြ ေပးေနပါတယ္။

အဲဒီအဖြဲ႕အေနနဲ႔ အီရန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ တုံ႔ျပန္ကာကြယ္မႈဆိုင္ရာ ေဆာင္႐ြက္ခ်က္ေတြကို သုံးသပ္မွာျဖစ္ၿပီး က်န္းမာေရး အေဆာက္အအုံေတြ၊ ဓါတ္ခြဲခန္းေတြ ကို သြားေရာက္ၾကည့္ရႈ စစ္ေဆးမွာ ျဖစ္သလို နည္းပညာပိုင္းဆိုင္ရာ လမ္းၫႊန္မႈေတြ လုပ္မယ္လို႔ WHO အဖြဲ႕က ေျပာပါတယ္။

WHO ကြၽမ္းက်င္သူအဖြဲ႕ကို သယ္ေဆာင္လာတဲ့ ေလယာဥ္ေပၚမွာ ေဆးဝါး အေထာက္အပံ့ေတြနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ ဝန္ထမ္း တစ္ေသာင္း ငါးေထာင္ေက်ာ္အတြက္ အကာအကြယ္ပစၥည္း ကိရိယာေတြ တင္ေဆာင္လာသလို လူ တစ္သိန္းနီးပါးကို စမ္းသပ္ ေရာဂါ ရွာေဖြေပးႏိုင္တဲ့ ဓာတ္ခြဲခန္းသုံး ပစၥည္းေတြလည္း ပါလာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့ပွားနေမှုကို တိုက်ဖျက်ဖို့ အကျဉ်းသား ၅၄၀၀၀ ကျော်ကို အီရန်အစိုးရ ယာယီလွှတ်ပေးလိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတင်းနှစ်ပတ်သာသာ ကာလအတွင်း အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့

အီရန်နိုင်ငံမှာ လူတွေ ပြည့်ကျပ်နေတဲ့ အကျဉ်းထောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှာကို ကာကွယ်တဲ့ အနေနဲ့ အကျဉ်းသား ၅၄၀၀၀ ကျော်ကို ယာယီ လွှတ်ပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း စမ်းသပ် တွေ့ရတဲ့ အကျဉ်းသားတွေကို အာမခံပေးပြီး ယာယီ ပြန်လွှတ်ပေးခဲ့တာလို့ တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂိုလမ်ဟော့ဆိန် အက်စ်မိုင်လီ က သတင်းထောက်တွေကို ပြောပါတယ်။

ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသားတွေကိုတော့ လွှတ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အီရန်မှာ အကျဉ်းကျနေတဲ့ ဗြိတိန်နိုင်ငံသူ အီရန်အမျိုးသမီး ပရဟိတ ဝန်ထမ်း နာဇာနင် ဇက်ဂါရီ ရက်ကလစ်ဖ် လည်း မကြာခင် ပြန်လွတ်လာနိုင်ဘွယ် ရှိတယ်လို့ ဗြိတိသျှ လွှတ်တော် အမတ်တစ်ဦးက ပြောပါတယ်။

မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ကို ဒီကနေ့ ဒါမှမဟုတ် မနက်ဖန်မှာ အိမ်ပြန်ခွင့် ပြုကောင်း ပြုနိုင်တယ်လို့ ယူကေနိုင်ငံဆိုင်ရာ အီရန် သံအမတ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ခင်ပွန်းကတော့ မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ဟာ တီဟီရန်မြို့ အက်ဗင်အကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ ယူဆနေပြီး သူ့ကို စမ်းသပ်ပေးဖို့ အာဏာပိုင်တွေက ငြင်းဆန်နေတယ်လို့ စနေနေ့တုန်းက ပြောပါတယ်။

ဒါပေမဲ့ အီရန် တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အက်စ်မိုင်လီ ကတော့ မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ဟာ သူ့မိသားစုနဲ့ နောက်ပိုင်းမှာ အဆက်အသွယ် ရှိနေခဲ့ပြီး သူ့ကျန်းမာရေး ကောင်းတယ် ဆိုတာကို ပြောပြခဲ့တယ်လို့ တနင်္လာနေ့က အခိုင်အမာ ပြောသွားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် PA Media
Image caption မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ကို တီဟီရန်မြို့ အက်ဗင်အကျဉ်းထောင်မှာ ထိန်းသိမ်းထား

မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ဟာ သူလျှို လုပ်မှု စွဲချက်တွေနဲ့ ပြစ်မှုထင်ရှားခဲ့အပြီး ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူ့မှာ ဘာအပြစ်မှ မရှိဘူးလို့ ယူကေ အစိုးရကလည်း အခိုင်အမာ ပြောထားခဲ့ပါတယ်။

အက်ဗင် အကျဉ်းထောင်မှာ ရှိတဲ့ ဗြိတိန်နဲ့ အီရန် နိုင်ငံကူး လက်မှတ် ပူးတွဲကိုင်ဆောင်ထားသူ အကျဉ်းသားတွေရဲ့ အခြေအနေကို စစ်ဆေးဖို့ အဲဒီကို ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ အမြန်ဆုံး သွားရောက်ခွင့်ပြုဖို့ အီရန် အစိုးရကို တောင်းဆိုထားတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃၀ဝ၀ ကျော်ပြီ
    ဗိုင်းရပ်စ်ကူးမှာစိုးလို့ နမ်းရှုပ်နှုတ်ဆက်တာ ရှောင်ခိုင်းပြီ

ကိုရိုနာဗိုင်းရပ်စ် ရောဂါ စဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကုန်ကစလို့ ကမ္ဘာတဝန်းမှာ ရောဂါ ဖြစ်ပွားနေသူပေါင်း ၉၀၀၀၀ ကျော် ရှိနေပြီး ၃၁၁၀ ဦး သေဆုံးခဲ့ပါတယ်။ အများစုဟာ တရုတ်နိုင်ငံမှာ ဖြစ်ပါတယ်။

အီရန်မှာ သီတင်းနှစ်ပတ် သာသာ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
Image caption တရုတ်နိုင်ငံပြင်ပက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေ

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ဖြစ်ပွားနေသူ အရေအတွက်ဟာ နှစ်ရက်ဆက်တိုက် ၅၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ အင်္ဂါနေ့တုန်းက အီရန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အခုအခါ ရောဂါကူးစက် ခံထားရသူပေါင်း ၂၃၃၆ ဦး ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အရေအတွက် ဒါ့ထက် ပိုများမယ်လို့ ယူဆရပါတယ်။

အီရန်နိုင်ငံကနေတဆင့် အာဖဂန်နစ္စတန်၊ ကနေဒါ၊ လက်ဘနွန်၊ ပါကစ္စတန်၊ ကူဝိတ်၊ ဘာရိန်း၊ အီရတ်၊ အိုမန်၊ ကာတာ နဲ့ ယူအေအီး စတဲ့နိုင်ငံတွေဆီ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေ ရှိခဲ့တယ် လို့လည်း သိရပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အီရန်မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ ၈၃၅ ဦး ထပ်ရှိလာတယ်လို့ဆို

အီရန်အစိုးရ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ် အတော်များများလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အဲဒီထဲမှာ အခုနောက်ဆုံး ရောဂါကူးစက်ခံခဲ့ရသူဟာ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုဌာန အကြီးအကဲ ပီယာဟော့စိန် ကိုလီဗန် ဖြစ်ပါတယ်။

လွှတ်တော်အမတ် ၂၉၀ ထဲက ၂၃ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိနေကြောင်း စစ်ဆေး တွေ့ရပါတယ်။

အီရန် ဘာသာရေးအကြီးအကဲ အယာတိုလာ အာလီ ခါမေနီရဲ့ အကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တီဟီရန်မြို့မှာ တနင်္လာနေ့တုန်းက ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် မိုဟာမက် မီယာမိုဟာမက်ဒီ ဟာ အယာတိုလာ ခါမေနီနဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption သစ်ပင်စိုက် အခမ်းအနားတစ်ခုမှာ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီကို ရာဘာလက်အိတ် ဝတ်ထားတာ တွေ့ရ

အင်္ဂါနေ့တုန်းက ကမ္ဘာ့ သဘာဝတောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်တဲ့ အခမ်းအနားတစ်ခုမှာ အယာတိုလာ ခိုမေနီက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ လူထုကို တိုက်တွန်းခဲ့ပြီး အစိုးရအဖွဲ့အစည်းတွေ အားလုံး ကျန်းမာရေးဝန်ကြီးဌာနအတွက် လိုအပ်တဲ့ အကူအညီတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

အီရန် အာဏာပိုင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ ပမာဏအကြောင်း သတင်းအချက်အလက်တွေကို ဖုံးကွယ်ထားမှာ မဟုတ်ဘူးလို့လည်း အယာတိုလာ ခါမေနီက အခိုင်အမာ ပြောခဲ့ပါတယ်။ "အီရန် တာဝန်ရှိပုဂ္ဂိုလ်တွေဟာ ပြဿနာ စဖြစ်တဲ့ နေ့ကတည်းကစပြီး ရိုးသားပွင့်လင်းစွာ ထုတ်ဖော် သတင်းပို့ခဲ့ပါတယ်၊ ဒါပေမဲ့ ရောဂါပို ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ နိုင်ငံတချို့ကတော့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြတယ်"လို့ သူက ပြောပါတယ်။

အီရန်နိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါကူးစက်ဖြစ်ပွားမှုဟာ အချိန်ကြာမှာ မဟုတ်ဘဲ အချိန်တိုအတွင်း ပြီးဆုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ အီရန် ကျန်းမာရေးဝန်ကြီး ဆာအိဒ် နာမာကီ က နိုင်ငံတဝန်း ရောဂါ စစ်ဆေးတဲ့ လှုပ်ရှားမှုကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ခံထားရတယ်လို့ သံသယ ရှိသူ လူနာတွေနဲ့ ကျန်းမာရေး ဝန်ဆောင်မှု စနစ် မရနိုင်တဲ့ သူတွေဆီ ကျန်းမာရေး ဝန်ထမ်းတွေ အိမ်တိုင်ရာရောက် သွားရောက် ကြည့်ရှုမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တီဟီရန်မြို့ကို တနင်္လာနေ့က ရောက်ရှိလာ

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ တီဟီရန်မြို့ကို တနင်္လာနေ့က ရောက်ရှိလာခဲ့ပြီး အီရန် ကျန်းမာရေး အာဏာပိုင်တွေကို အကူအညီတွေ ပေးနေပါတယ်။

အဲဒီအဖွဲ့အနေနဲ့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ တုံ့ပြန်ကာကွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို သုံးသပ်မှာဖြစ်ပြီး ကျန်းမာရေး အဆောက်အအုံတွေ၊ ဓါတ်ခွဲခန်းတွေ ကို သွားရောက်ကြည့်ရှု စစ်ဆေးမှာ ဖြစ်သလို နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ လုပ်မယ်လို့ WHO အဖွဲ့က ပြောပါတယ်။

WHO ကျွမ်းကျင်သူအဖွဲ့ကို သယ်ဆောင်လာတဲ့ လေယာဉ်ပေါ်မှာ ဆေးဝါး အထောက်အပံ့တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း တစ်သောင်း ငါးထောင်ကျော်အတွက် အကာအကွယ်ပစ္စည်း ကိရိယာတွေ တင်ဆောင်လာသလို လူ တစ်သိန်းနီးပါးကို စမ်းသပ် ရောဂါ ရှာဖွေပေးနိုင်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေလည်း ပါလာပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ပ်ံ႕ပြားေနမႈကို တိုက္ဖ်က္ဖို႔ အက်ဥ္းသား ၅၄၀၀၀ ေက်ာ္ကို အီရန္အစိုးရ ယာယီလႊတ္ေပးလိုက္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ပ်ံ႕ပြားေနမႈကို တိုက္ဖ်က္ဖို႔ အက်ဥ္းသား ၅၄၀၀၀ ေက်ာ္ကို အီရန္အစိုးရ ယာယီလႊတ္ေပးလိုက္ Reviewed by THITHTOOLWIN on 01:11 Rating: 5
Powered by Blogger.