အဖ်ားေငြ႕ေငြ႕ေလးရွိရင္ေတာင္ အိမ္မွာဘဲေနဖို႔ ၿဗိတိန္အစိုးရ တိုက္တြန္း

အဖ်ားေငြ႕ေငြ႕ေလး၊ ဒါမွမဟုတ္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ တစုံတရာခံစားရတယ္လို႔ လကၡဏာ ေသးေသးေလး၊ မစိုးရိမ္ရတဲ့ပုံစံမ်ိဳးဆိုရင္ေတာင္ အိမ္မွာဘဲေန

(Zawgyi)⤵⤵⤵
အဖ်ားေငြ႕ေငြ႕ေလး၊ ဒါမွမဟုတ္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ တစုံတရာခံစားရတယ္လို႔ လကၡဏာ ေသးေသးေလး၊ မစိုးရိမ္ရတဲ့ပုံစံမ်ိဳးဆိုရင္ေတာင္ အိမ္မွာဘဲေနၿပီး အျပင္မထြက္ဖို႔အတြက္ ၿဗိတိန္အစိုးရက တိုက္တြန္း ထားပါတယ္။

အဲဒီလိုလုပ္ျခင္းအားျဖင့္ ကိုယ္တိုင္ေရာဂါကာကြယ္ထိန္းသိမ္းႏိုင္ဖို႔ ကြဲျခားေနျခင္းျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈကိုထိန္းသိမ္းရာေရာက္မွာပါလို႔ ၿဗိတိန္အစိုးရက ရည္ၫႊန္းေျပာဆိုပါတယ္။

အဲဒီလိုအိမ္မွာဘဲေနရင္လည္း ၁၀ရက္ကေန ၁၄ရက္ၾကာသည္အထိ ေနဖို႔လိုအပ္တယ္လို႔ ၿဗိတိန္အစိုးရ က်န္းမာေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ၿဗိတိန္မွာ လူ ၅ဦးေသဆုံးသြားပါၿပီ။ တနလၤာေန႔အထိ ကူးစက္ခံ ထားရသူ ၃၁၉ ဦးအထိရွိေနပါၿပီ။

ဒါအျပင့္ တ႐ုတ္ၿပီးရင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအမ်ားဆုံးရွိၿပီး ေသဆုံးမႈေတြလဲျမႇင့္တက္ေနတဲ့ အီတလီကို မလိုအပ္ရင္မသြားၾကဖို႔ကိုလည္း ၿဗိတိန္ႏိုင္ငံျခားေရး႐ုံးက အသိေပးထားပါတယ္။

အီတလီကျပန္လာခဲ့တဲ့သူေတြအေနနဲ႔လည္း ၁၄ရက္ၾကာ ကိုယ္တိုင္သီးသန႔္ခြဲေနဖို႔လိုပ္အပ္တယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရး႐ုံးအရာရွိကေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵

Image caption အဖျားငွေ့ငွေ့လေး၊ ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ တစုံတရာခံစားရတယ်လို့ လက္ခဏာ သေးသေးလေး၊ မစိုးရိမ်ရတဲ့ပုံစံမျိုးဆိုရင်တောင် အိမ်မှာဘဲနေ
အဖျားငွေ့ငွေ့လေးရှိရင်တောင် အိမ်မှာဘဲနေဖို့ ဗြိတိန်အစိုးရ တိုက်တွန်း

အဖျားငွေ့ငွေ့လေး၊ ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ တစုံတရာခံစားရတယ်လို့ လက္ခဏာ သေးသေးလေး၊ မစိုးရိမ်ရတဲ့ပုံစံမျိုးဆိုရင်တောင် အိမ်မှာဘဲနေပြီး အပြင်မထွက်ဖို့အတွက် ဗြိတိန်အစိုးရက တိုက်တွန်း ထားပါတယ်။

အဲဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်တိုင်ရောဂါကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကွဲခြားနေခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကိုထိန်းသိမ်းရာရောက်မှာပါလို့ ဗြိတိန်အစိုးရက ရည်ညွှန်းပြောဆိုပါတယ်။

အဲဒီလိုအိမ်မှာဘဲနေရင်လည်း ၁၀ရက်ကနေ ၁၄ရက်ကြာသည်အထိ နေဖို့လိုအပ်တယ်လို့ ဗြိတိန်အစိုးရ ကျန်းမာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်မှာ လူ ၅ဦးသေဆုံးသွားပါပြီ။ တနင်္လာနေ့အထိ ကူးစက်ခံ ထားရသူ ၃၁၉ ဦးအထိရှိနေပါပြီ။

ဒါအပြင့် တရုတ်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးရှိပြီး သေဆုံးမှုတွေလဲမြှင့်တက်နေတဲ့ အီတလီကို မလိုအပ်ရင်မသွားကြဖို့ကိုလည်း ဗြိတိန်နိုင်ငံခြားရေးရုံးက အသိပေးထားပါတယ်။

အီတလီကပြန်လာခဲ့တဲ့သူတွေအနေနဲ့လည်း ၁၄ရက်ကြာ ကိုယ်တိုင်သီးသန့်ခွဲနေဖို့လိုပ်အပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးအရာရှိကပြောပါတယ်။

BBC Burmese
https://www.bbc.com
အဖ်ားေငြ႕ေငြ႕ေလးရွိရင္ေတာင္ အိမ္မွာဘဲေနဖို႔ ၿဗိတိန္အစိုးရ တိုက္တြန္း အဖ်ားေငြ႕ေငြ႕ေလးရွိရင္ေတာင္ အိမ္မွာဘဲေနဖို႔ ၿဗိတိန္အစိုးရ တိုက္တြန္း Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.