ႂကြယ္ဝမႈ မေဖာ္ျပႏိုင္တဲ့ လန္ဒန္က ဇိမ္ခံအိမ္ႀကီး

ညဴရာ အာလီယက္က ဒီအိမ္ႀကီးကို ပိုင္တယ္ဆိုၿပီး အစိုးရမွတ္တမ္းေတြမွာ ေဖာ္ျပ
(Zawgyi)⤵⤵⤵
လန္ဒန္ရဲ႕ ေစ်းအႀကီးဆုံးလမ္းတခုမွာ လုံၿခဳံေရး ထူထပ္စြာ စီစဥ္ထားတဲ့ အိမ္ႀကီးတလုံး ရွိပါတယ္။ ဒီအိမ္ကို ၿဗိတိန္ရဲ႕ ႂကြယ္ဝမႈ မေဖာ္ျပႏိုင္တဲ့ ဥပေဒက ေနာက္ဆုံးပစ္မွတ္ထားေနတာပါ။

အခြန္ေဆာင္စရာမလိုတဲ့ ေနရာေတြမွာ အေျခစိုက္တဲ့ ကုမၸဏီေတြ ပိုင္တဲ့ ဒီအေဆာက္အအုံကို ခ်ိတ္ပိတ္လိုက္တဲ့အတြက္ ေရာင္းလို႔ မရေတာ့ပါဘူး။ တရား႐ုံး ၾကားနာမႈတခုလည္း ဒီေန႔ လုပ္ဖို႔ ရွိပါတယ္။

ေနာက္ဒီအိမ္ကို ကာဇက္စတန္ရဲ႕ ရာသက္ပန္ သမၼတေဟာင္းရဲ႕ ေျမး ညဴရာ အာလီယက္ ပိုင္တယ္ဆိုၿပီးလည္း မွတ္တမ္းေတြက ျပေနပါတယ္။

အိမ္ႀကီးက ႀကီးလြန္းလို႔ ေျမေအာက္မွာ ေရကူးကန္နဲ႔ ႐ုပ္ရွင္႐ုံေတာင္ ပါ ပါတယ္။

ဒီအိမ္ႀကီးအပါအဝင္ မစၥတာ အာလီယက္ မိသားစုနဲ႔ ဆက္ႏႊယ္ေနတဲ့ ေနာက္ထပ္ အိမ္ႏွစ္လုံးအမႈကို ၿဗိတိသွ် တရားလႊတ္ေတာ္မွာ ဒီကေန႔ စတင္တရားရင္ဆိုင္ၾကမွာ ျဖစ္ပါတယ္။ ဘယ္ေနရာက ဘယ္အိမ္လဲဆိုတာေတာ့ ဥပေဒကိစၥမို႔ ေဖာ္ျပလို႔ မရေသးပါဘူး။

ဒီၾကားနာမႈအတြင္း ဒီအိမ္ေတြကို ပိုင္တယ္ဆိုတဲ့ ကုမၸဏီေတြက ေရွ႕ေနေတြက ၿဗိတိသွ် ရာဇဝတ္မႈ ေအဂ်င္စီရဲ႕ စစ္ေဆးမႈ မဝင္ေအာင္ ႀကိဳးစားၾကေတာ့မွာပါ။

ေျမယာအေဆာက္အအုံေစ်းကြက္မွာ ရာဇဝတ္မႈက ရတဲ့ေငြေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံထားသလား ႂကြယ္ဝမႈ မေဖာ္ျပႏိုင္တဲ့ ဥပေဒနဲ႔ စစ္ေဆးတာက ၿဗိတိန္မွာ ေနာက္ဆုံးသုံးေနတဲ့ နည္းတမ်ိဳး ျဖစ္ပါတယ္။

ၿဗိတိသွ် ရာဇဝတ္မႈ ေအဂ်င္စီရဲ႕ စစ္ေဆးသူေတြက ဒီလိုဇိမ္ခံအိမ္ေတြကို ဘယ္လိုေငြေၾကးနဲ႔ ဝယ္ယူတယ္ဆိုတာ ေပၚေအာင္ ပိုင္ရွင္ေတြကို စစ္ေဆးပိုင္ခြင့္ ရွိပါတယ္။ ဒီလို ရွင္းမျပႏိုင္ဘူးဆိုရင္ေတာ့ တရား႐ုံးကို ဒီအိမ္ကို သိမ္းဖို႔ ေတာင္းဆိုႏိုင္ပါတယ္။

အခု အမႈျဖစ္ေနတဲ့ အိမ္ႀကီးက အားလုံးေပါင္း ေပါင္စတာလင္ သန္း ၈ဝ ေက်ာ္ တန္တဲ့ အိမ္ႀကီးသုံးလုံးထဲက တခုပါ။ ဒီအိမ္ေတြကို မႏွစ္ ေမလကတည္းက ၿဗိတိသွ် အစိုးရက ေျခရာခံေနခဲ့တာ ျဖစ္ပါတယ္။

ဘီဘီစီရဲ႕ စုံစမ္းမႈအရ ဒီအိမ္သုံးလုံးစလုံးအေၾကာင္း အစိုးရမွတ္တမ္းေတြမွာ သြားေတြ႕ရပါတယ္။

ဒီအိမ္ကို ပိုင္တယ္ဆိုတဲ့ ကုမၸဏီႏွစ္ခုက ေရာင္းမစပ္ႏိုင္ေအာင္ တရားလႊတ္ေတာ္က ခ်ိတ္ပိတ္မိန္႔ေပးခဲ့တယ္လို႔ အဲဒီမွတ္တမ္းေတြမွာ ျပေနပါတယ္။ ကာရစ္ဘီယန္ ပင္လယ္ထဲမွာရွိတဲ့ က်ဴရာဆားက မန္းရစ္ ပုဂၢလိက ေဖာင္ေဒးရွင္းနဲ႔ အန္ဂြီးလားက အယ္လ္ဒါတန္ ရင္းႏွီးျမႇဳပ္ႏွံမႈ လီမိတက္တို႔က ပိုင္တာပါ။

ဒီအိမ္ကို ဒီကုမၸဏီေတြက ၂ဝ၁၄ ကတည္းက ပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ ဒီအိမ္ကို ပိုင္တဲ့သူေတြက ညဴရာလီနဲ႔ ေအဒါ အာလီယက္တို႔ ျဖစ္တယ္ ဆိုၿပီး အမ်ားျပည္သူ ၾကည့္ရႈႏိုင္တဲ့ အိမ္ရာမွတ္တမ္းေတြမွာ ျပေနပါတယ္။

ရာသက္ပန္ သမၼတေဟာင္း ႏူရ္ဆူလတန္ နာဇဲဗိုက္ဗ္
မစၥတာ အာလီယက္က သူ႔ကိုယ္သူ ကာဇက္စတန္က စြန္႔ဦးတီထြင္ နည္းပညာလုပ္ငန္းရွင္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူ ဆိုၿပီး လင့္ဒင္ ဝက္ဆိုက္မွာ ေဖာ္ျပပါတယ္။

သူ႔ရဲ႕အဘိုး ႏူရ္ဆူလတန္ နာဇဲဗိုက္ဗ္ဟာ ေရနံနဲ႔ ဓာတ္ေငြ႕ႂကြယ္ဝတဲ့ ဒီႏိုင္ငံကို အႏွစ္ သုံးဆယ္ၾကာ သမၼတအျဖစ္ အုပ္ခ်ဳပ္ခဲ့ၿပီး မႏွစ္ကမွ အာဏာစြန္႔ခဲ့တာ ျဖစ္ပါတယ္။ ၂ဝ၁ဝ မွာ သူ႔ကိုယ္သူ ရာသက္ပန္ ေခါင္းေဆာင္ ဆိုတဲ့ အထူးအခြင့္အေရး ျပန္ေပးခဲ့ပါတယ္။ သူ႔အစိုးရလက္ထက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ျခစားမႈေတြ ႀကီးစိုးခဲ့တယ္ ဆိုၿပီးလည္း ေဝဖန္ခံခဲ့ရပါတယ္။

အာလီယက္ရဲ႕ အေမက သမၼတ သမီးျဖစ္ၿပီး လက္ရွိ ကာဇက္စတန္ အထက္လႊတ္ေတာ္ ဥကၠ႒ ျဖစ္ပါတယ္။

သူ႔အေဖ ရာဟတ္ကေတာ့ အဘိုးအစိုးရမွာ ဝါရင့္ဝန္ႀကီး ျဖစ္ခဲ့ၿပီး အစိုးရကို ဆန္႔က်င္သူ ျဖစ္ခဲ့ပါတယ္။

၂ဝ၁၅ တုန္းက ၾသစႀတီးယားက ေထာင္အက်ဥ္းခန္းမွာ ရာဟတ္ အာလီယက္ကို ေသလ်က္သား ေတြ႕ခဲ့ပါတယ္။ ကာဇက္စတန္က ဘဏ္သူေဌးႏွစ္ေယာက္ကို သတ္မႈနဲ႔ တရားရင္ဆိုင္ဖို႔ ေစာင့္ေနတုန္း သတ္ေသသြားပုံ ေပၚပါတယ္။

"ၿဗိတိန္ရဲ႕ စီးပြားေရး လုပ္ဖို႔ သန္႔ရွင္းလုံၿခဳံတယ္ဆိုတဲ့ ဂုဏ္သတင္းကို တည္ေဆာက္ရာမွာ ႂကြယ္ဝမႈ မေဖာ္ျပႏိုင္တဲ့ ဥပေဒက တကယ္ ထူးျခားကြဲထြက္ေအာင္ လုပ္ေနတယ္ ဆိုတာကို ဒီအမႈကေန အစိုးရက ျပသင့္တယ္ " လို႔လည္း Transparency International UK အဖြဲ႕က ဒန္နီယယ္ ဘ႐ုစ္က ေျပာပါတယ္။

မစၥတာ အာလီယက္နဲ႔ ဒီအိမ္ေတြရဲ႕ ပိုင္ရွင္ေတြရဲ႕ ေရွ႕ေနေတြကို ဘီဘီစီက ဆက္သြယ္ခဲ့ေပမယ့္ ၾကားနာမႈ မတိုင္ခင္မွာ လူသိရွင္ၾကား မွတ္ခ်က္ေပးတာမ်ိဳး မလုပ္ခဲ့ၾကပါဘူး။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ လန်ဒန်က ဇိမ်ခံအိမ်ကြီး
ဒေါမနစ် ကာရှီယားနီးနဲ့ ခရစ္စတီယန် အေရစ်ဆွန် ဘီဘီစီသတင်း

ဓာတ်ပုံ မူပိုင် Getty Images
Image caption ညူရာ အာလီယက်က ဒီအိမ်ကြီးကို ပိုင်တယ်ဆိုပြီး အစိုးရမှတ်တမ်းတွေမှာ ဖော်ပြ

လန်ဒန်ရဲ့ ဈေးအကြီးဆုံးလမ်းတခုမှာ လုံခြုံရေး ထူထပ်စွာ စီစဉ်ထားတဲ့ အိမ်ကြီးတလုံး ရှိပါတယ်။ ဒီအိမ်ကို ဗြိတိန်ရဲ့ ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ ဥပဒေက နောက်ဆုံးပစ်မှတ်ထားနေတာပါ။

အခွန်ဆောင်စရာမလိုတဲ့ နေရာတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေ ပိုင်တဲ့ ဒီအဆောက်အအုံကို ချိတ်ပိတ်လိုက်တဲ့အတွက် ရောင်းလို့ မရတော့ပါဘူး။ တရားရုံး ကြားနာမှုတခုလည်း ဒီနေ့ လုပ်ဖို့ ရှိပါတယ်။

နောက်ဒီအိမ်ကို ကာဇက်စတန်ရဲ့ ရာသက်ပန် သမ္မတဟောင်းရဲ့ မြေး ညူရာ အာလီယက် ပိုင်တယ်ဆိုပြီးလည်း မှတ်တမ်းတွေက ပြနေပါတယ်။

အိမ်ကြီးက ကြီးလွန်းလို့ မြေအောက်မှာ ရေကူးကန်နဲ့ ရုပ်ရှင်ရုံတောင် ပါ ပါတယ်။

ဒီအိမ်ကြီးအပါအဝင် မစ္စတာ အာလီယက် မိသားစုနဲ့ ဆက်နွှယ်နေတဲ့ နောက်ထပ် အိမ်နှစ်လုံးအမှုကို ဗြိတိသျှ တရားလွှတ်တော်မှာ ဒီကနေ့ စတင်တရားရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ ဘယ်နေရာက ဘယ်အိမ်လဲဆိုတာတော့ ဥပဒေကိစ္စမို့ ဖော်ပြလို့ မရသေးပါဘူး။

ဒီကြားနာမှုအတွင်း ဒီအိမ်တွေကို ပိုင်တယ်ဆိုတဲ့ ကုမ္ပဏီတွေက ရှေ့နေတွေက ဗြိတိသျှ ရာဇဝတ်မှု အေဂျင်စီရဲ့ စစ်ဆေးမှု မဝင်အောင် ကြိုးစားကြတော့မှာပါ။

မြေယာအဆောက်အအုံဈေးကွက်မှာ ရာဇဝတ်မှုက ရတဲ့ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံထားသလား ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ ဥပဒေနဲ့ စစ်ဆေးတာက ဗြိတိန်မှာ နောက်ဆုံးသုံးနေတဲ့ နည်းတမျိုး ဖြစ်ပါတယ်။

ဗြိတိသျှ ရာဇဝတ်မှု အေဂျင်စီရဲ့ စစ်ဆေးသူတွေက ဒီလိုဇိမ်ခံအိမ်တွေကို ဘယ်လိုငွေကြေးနဲ့ ဝယ်ယူတယ်ဆိုတာ ပေါ်အောင် ပိုင်ရှင်တွေကို စစ်ဆေးပိုင်ခွင့် ရှိပါတယ်။ ဒီလို ရှင်းမပြနိုင်ဘူးဆိုရင်တော့ တရားရုံးကို ဒီအိမ်ကို သိမ်းဖို့ တောင်းဆိုနိုင်ပါတယ်။

အခု အမှုဖြစ်နေတဲ့ အိမ်ကြီးက အားလုံးပေါင်း ပေါင်စတာလင် သန်း ၈ဝ ကျော် တန်တဲ့ အိမ်ကြီးသုံးလုံးထဲက တခုပါ။ ဒီအိမ်တွေကို မနှစ် မေလကတည်းက ဗြိတိသျှ အစိုးရက ခြေရာခံနေခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ စုံစမ်းမှုအရ ဒီအိမ်သုံးလုံးစလုံးအကြောင်း အစိုးရမှတ်တမ်းတွေမှာ သွားတွေ့ရပါတယ်။

ဒီအိမ်ကို ပိုင်တယ်ဆိုတဲ့ ကုမ္ပဏီနှစ်ခုက ရောင်းမစပ်နိုင်အောင် တရားလွှတ်တော်က ချိတ်ပိတ်မိန့်ပေးခဲ့တယ်လို့ အဲဒီမှတ်တမ်းတွေမှာ ပြနေပါတယ်။ ကာရစ်ဘီယန် ပင်လယ်ထဲမှာရှိတဲ့ ကျူရာဆားက မန်းရစ် ပုဂ္ဂလိက ဖောင်ဒေးရှင်းနဲ့ အန်ဂွီးလားက အယ်လ်ဒါတန် ရင်းနှီးမြှုပ်နှံမှု လီမိတက်တို့က ပိုင်တာပါ။

ဒီအိမ်ကို ဒီကုမ္ပဏီတွေက ၂ဝ၁၄ ကတည်းက ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက် ဒီအိမ်ကို ပိုင်တဲ့သူတွေက ညူရာလီနဲ့ အေဒါ အာလီယက်တို့ ဖြစ်တယ် ဆိုပြီး အများပြည်သူ ကြည့်ရှုနိုင်တဲ့ အိမ်ရာမှတ်တမ်းတွေမှာ ပြနေပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ရာသက်ပန် သမ္မတဟောင်း နူရ်ဆူလတန် နာဇဲဗိုက်ဗ်

မစ္စတာ အာလီယက်က သူ့ကိုယ်သူ ကာဇက်စတန်က စွန့်ဦးတီထွင် နည်းပညာလုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူ ဆိုပြီး လင့်ဒင် ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

သူ့ရဲ့အဘိုး နူရ်ဆူလတန် နာဇဲဗိုက်ဗ်ဟာ ရေနံနဲ့ ဓာတ်ငွေ့ကြွယ်ဝတဲ့ ဒီနိုင်ငံကို အနှစ် သုံးဆယ်ကြာ သမ္မတအဖြစ် အုပ်ချုပ်ခဲ့ပြီး မနှစ်ကမှ အာဏာစွန့်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁ဝ မှာ သူ့ကိုယ်သူ ရာသက်ပန် ခေါင်းဆောင် ဆိုတဲ့ အထူးအခွင့်အရေး ပြန်ပေးခဲ့ပါတယ်။ သူ့အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခြစားမှုတွေ ကြီးစိုးခဲ့တယ် ဆိုပြီးလည်း ဝေဖန်ခံခဲ့ရပါတယ်။

အာလီယက်ရဲ့ အမေက သမ္မတ သမီးဖြစ်ပြီး လက်ရှိ ကာဇက်စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ပါတယ်။

သူ့အဖေ ရာဟတ်ကတော့ အဘိုးအစိုးရမှာ ဝါရင့်ဝန်ကြီး ဖြစ်ခဲ့ပြီး အစိုးရကို ဆန့်ကျင်သူ ဖြစ်ခဲ့ပါတယ်။

၂ဝ၁၅ တုန်းက သြစတြီးယားက ထောင်အကျဉ်းခန်းမှာ ရာဟတ် အာလီယက်ကို သေလျက်သား တွေ့ခဲ့ပါတယ်။ ကာဇက်စတန်က ဘဏ်သူဌေးနှစ်ယောက်ကို သတ်မှုနဲ့ တရားရင်ဆိုင်ဖို့ စောင့်နေတုန်း သတ်သေသွားပုံ ပေါ်ပါတယ်။

"ဗြိတိန်ရဲ့ စီးပွားရေး လုပ်ဖို့ သန့်ရှင်းလုံခြုံတယ်ဆိုတဲ့ ဂုဏ်သတင်းကို တည်ဆောက်ရာမှာ ကြွယ်ဝမှု မဖော်ပြနိုင်တဲ့ ဥပဒေက တကယ် ထူးခြားကွဲထွက်အောင် လုပ်နေတယ် ဆိုတာကို ဒီအမှုကနေ အစိုးရက ပြသင့်တယ် " လို့လည်း Transparency International UK အဖွဲ့က ဒန်နီယယ် ဘရုစ်က ပြောပါတယ်။

မစ္စတာ အာလီယက်နဲ့ ဒီအိမ်တွေရဲ့ ပိုင်ရှင်တွေရဲ့ ရှေ့နေတွေကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ကြားနာမှု မတိုင်ခင်မှာ လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ကြပါဘူး။

BBC Burmese
https://www.bbc.com
ႂကြယ္ဝမႈ မေဖာ္ျပႏိုင္တဲ့ လန္ဒန္က ဇိမ္ခံအိမ္ႀကီး ႂကြယ္ဝမႈ မေဖာ္ျပႏိုင္တဲ့ လန္ဒန္က ဇိမ္ခံအိမ္ႀကီး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.