COVID-19 ေရာဂါသည္ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ အႏၲရာယ္ အသြင္ ေပၚလြင္လာၿပီျဖစ္သည္ဟု WHO ေျပာၾကား

ကမာၻ႔ က်န္းမာေရးအဖြဲ႕(WHO) ၫႊန္ၾကားေရးမႉးခ်ဳပ္ တက္ဒေရာ့စ္အား မတ္ ၉ ရက္က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕တြင္ က်င္းပေသာ ပုံမွန္သတင္းစာရွင္းလင္းပြဲ၌ ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဂ်ီနီဗာ၊ မတ္ ၁၀ ရက္(ဆင္ဟြာ)

    COVID-19 ေရာဂါသည္ ႏိုင္ငံအေျမာက္အျမားတြင္ ျဖစ္ပြားလ်က္ရွိရာ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ အႏၲရာယ္အသြင္ ေပၚလြင္လာၿပီျဖစ္ေၾကာင္း ကမာၻ႔ က်န္းမာေရးအဖြဲ႕(WHO)  ၫႊန္ၾကားေရးမႉးခ်ဳပ္ တက္ဒေရာ့စ္ အက္ဒမ္ႏြမ္ ဂယ္ဘရက္စ္စက္ (Tedros Adhanom Ghebreyesus)က မတ္ ၉ ရက္ တြင္ ေျပာၾကားခဲ့သည္။

တက္ဒေရာ့စ္က အေျခအေနမ်ား ဆိုးဝါးေနေသာ္လည္း COVID-19 ေရာဂါျဖစ္ပြားမႈသည္ သမိုင္းတြင္ ပထမဆုံး ထိန္းခ်ဳပ္ႏိုင္မည့္ ကပ္ေရာဂါျဖစ္မည္ျဖစ္ေၾကာင္း ၊ အဓိကအေၾကာင္းရင္းမွာ မိမိတို႔အေနျဖင့္ ဗိုင္းရပ္စ္ေရာဂါပိုးကို ခ်ယ္လွယ္ျခင္းကို လက္သင့္ခံေနမည္မဟုတ္ေသာေၾကာင့္ ျဖစ္သည္ဟု ပုံမွန္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔မွာ အားသာခ်က္ေတြအမ်ားႀကီးရွိတယ္။ အစိုးရ၊ ကုမၸဏီလုပ္ငန္း ၊ လူေနရပ္ကြက္၊ မိသားစုႏွင့္ မိမိ ကိုယ္တိုင္ကစလို႔ လုပ္ေဆာင္မႈတိုင္းက ဒီ ေရာဂါေဘးႀကီးျဖစ္ပြားေနတဲ့ အေျခအေနကို အေျပာင္းအလဲျဖစ္ေစႏိုင္တယ္”ဟု တက္ဒေရာ့စ္က ဆိုသည္။

ကမာၻတစ္ဝွမ္း COVID-19ေရာဂါ အတည္ျပဳလူနာအေရအတြက္ႏွင့္ ေရာဂါျဖစ္ပြားသည့္ ႏိုင္ငံႏွင့္ေဒသမ်ား၏အေရအတြက္သည္ အဆက္မျပတ္တိုးတက္လ်က္ရွိေၾကာင္း၊ သို႔ေသာ္လည္း ေရာဂါျပန႔္ပြားမႈေျခအေနမွာ ကြဲျပားျခားနားခ်က္မ်ား ရွိရာ ႏိုင္ငံမ်ားအေနျဖင့္ ၎အေျခအေနေပၚမူတည္၍ ပစ္မွတ္ထား ေျဖရွင္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ၊ လက္ရွိလုပ္ေဆာင္ရမည္မွာ ေရာဂါတားဆီးေရးႏွင့္ ေရာဂါျဖစ္ပြားမႈႏႈန္း ေလွ်ာ့ခ်ေရးတြင္ တစ္ခုကို ေ႐ြးခ်ယ္လုပ္ေဆာင္ရမည္မဟုတ္ဘဲ နည္းလမ္းႏွစ္ခုစလုံးကို တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း တက္ဒေရာ့စ္က ေျပာၾကားခဲ့သည္။

လုပ္ေဆာင္ရမည္မ်ားကို ျပတ္ျပတ္သားသား ေစာလ်ဥ္းစြာ လုပ္ေဆာင္ျခင္းသည္ ေရာဂါပိုးျပန္႔ပြားမႈကို ေလ်ာ့နည္းေစႏိုင္ေၾကာင္း၊ ကူးစက္ခံရသူအမ်ားစုမွာလည္း ေရာဂါျပန္လည္ေကာင္းမြန္လာသည္ကိုေတြ႕ျမင္ရေၾကာင္း၊ ဥပမာအားျဖင့္ တ႐ုတ္ႏိုင္ငံတြင္ ေရာဂါျဖစ္ပြားသူ ၈၀,၀၀၀ ေက်ာ္ ရွိရာတြင္ ၇၀ ရာခိုင္ႏႈန္းေက်ာ္သည္ ေရာဂါေပ်ာက္ကင္း၍ ေဆး႐ုံဆင္းႏိုင္ခဲ့ေၾကာင္း တက္ဒေရာ့စ္က အေလးထား ေျပာၾကားခဲ့သည္။

ႏိုင္ငံအားလုံးအေနျဖင့္ ေရာဂါထိန္းခ်ဳပ္ေရး ဘက္စုံမဟာဗ်ဴဟာကို ေဆာင္႐ြက္က်င့္သုံးၾကရန္ WHOက ႏႈိးေဆာ္ ထားေၾကာင္း သိရသည္။

ေရာဂါ ရွာေဖြစစ္ေဆးျခင္း ၊ သြားေရာက္ဖူးေသာႏိုင္ငံႏွင့္ေဒသမ်ားကို ေျခရာခံျခင္း စသည့္ေဆာင္႐ြက္ခ်က္မ်ားမွာ မိမိႏိုင္ငံ၏ ျပည္သူမ်ားအတြက္သာမက အျခားႏိုင္ငံႏွင့္ ကမာၻတစ္ဝွမ္းသို႔ ေရာဂါျပန႔္ပြားႏိုင္မႈ အႏၲရာယ္အား တားဆီးရာတြင္ အေထာက္အပံ့ျဖစ္ေစေၾကာင္း တက္ဒေရာ့စ္က ေျပာၾကားခဲ့သည္။

လူေနရပ္ကြက္ေဒသမ်ားတြင္ ေရာဂါျပန႔္ပြားမႈမ်ား ျဖစ္ေပၚလာသည့္ ႏိုင္ငံႏွင့္ေဒသမ်ားက အေျခအေနေပၚတြင္မူတည္၍ စာသင္ေက်ာင္းမ်ား ပိတ္ထားရန္၊ လူစုလူေဝးပြဲလမ္းသဘင္မ်ားကို ဖ်က္သိမ္းရန္ႏွင့္ အျခားနည္းလမ္းမ်ား ေဆာင္႐ြက္ကာ ဗိုင္းရပ္ေရာဂါပိုးႏွင့္ ထိေတြ႕ႏိုင္မႈ အေျခအေနကို ေလ်ာ့က်ေအာင္ ေဆာင္႐ြက္ရန္ ထည့္သြင္းစဥ္းစားသင့္ေၾကာင္း  ၎က ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
COVID-19 ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ် အသွင် ပေါ်လွင်လာပြီဖြစ်သည်ဟု  WHO ပြောကြား

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား မတ် ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)
    ဂျီနီဗာ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

    COVID-19 ရောဂါသည် နိုင်ငံအမြောက်အမြားတွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်အသွင် ပေါ်လွင်လာပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)  ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။

တက်ဒရော့စ်က အခြေအနေများ ဆိုးဝါးနေသော်လည်း COVID-19 ရောဂါဖြစ်ပွားမှုသည် သမိုင်းတွင် ပထမဆုံး ထိန်းချုပ်နိုင်မည့် ကပ်ရောဂါဖြစ်မည်ဖြစ်ကြောင်း ၊ အဓိကအကြောင်းရင်းမှာ မိမိတို့အနေဖြင့် ဗိုင်းရပ်စ်ရောဂါပိုးကို ချယ်လှယ်ခြင်းကို လက်သင့်ခံနေမည်မဟုတ်သောကြောင့် ဖြစ်သည်ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အားသာချက်တွေအများကြီးရှိတယ်။ အစိုးရ၊ ကုမ္ပဏီလုပ်ငန်း ၊ လူနေရပ်ကွက်၊ မိသားစုနှင့် မိမိ ကိုယ်တိုင်ကစလို့ လုပ်ဆောင်မှုတိုင်းက ဒီ ရောဂါဘေးကြီးဖြစ်ပွားနေတဲ့ အခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်တယ်”ဟု တက်ဒရော့စ်က ဆိုသည်။

ကမ္ဘာတစ်ဝှမ်း COVID-19ရောဂါ အတည်ပြုလူနာအရေအတွက်နှင့် ရောဂါဖြစ်ပွားသည့် နိုင်ငံနှင့်ဒေသများ၏အရေအတွက်သည် အဆက်မပြတ်တိုးတက်လျက်ရှိကြောင်း၊ သို့သော်လည်း ရောဂါပြန့်ပွားမှုခြေအနေမှာ ကွဲပြားခြားနားချက်များ ရှိရာ နိုင်ငံများအနေဖြင့် ၎င်းအခြေအနေပေါ်မူတည်၍ ပစ်မှတ်ထား ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ လက်ရှိလုပ်ဆောင်ရမည်မှာ ရောဂါတားဆီးရေးနှင့် ရောဂါဖြစ်ပွားမှုနှုန်း လျှော့ချရေးတွင် တစ်ခုကို ရွေးချယ်လုပ်ဆောင်ရမည်မဟုတ်ဘဲ နည်းလမ်းနှစ်ခုစလုံးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။

လုပ်ဆောင်ရမည်များကို ပြတ်ပြတ်သားသား စောလျဉ်းစွာ လုပ်ဆောင်ခြင်းသည် ရောဂါပိုးပြန့်ပွားမှုကို လျော့နည်းစေနိုင်ကြောင်း၊ ကူးစက်ခံရသူအများစုမှာလည်း ရောဂါပြန်လည်ကောင်းမွန်လာသည်ကိုတွေ့မြင်ရကြောင်း၊ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၈၀,၀၀၀ ကျော် ရှိရာတွင် ၇၀ ရာခိုင်နှုန်းကျော်သည် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းနိုင်ခဲ့ကြောင်း တက်ဒရော့စ်က အလေးထား ပြောကြားခဲ့သည်။

နိုင်ငံအားလုံးအနေဖြင့် ရောဂါထိန်းချုပ်ရေး ဘက်စုံမဟာဗျူဟာကို ဆောင်ရွက်ကျင့်သုံးကြရန် WHOက နှိုးဆော် ထားကြောင်း သိရသည်။

ရောဂါ ရှာဖွေစစ်ဆေးခြင်း ၊ သွားရောက်ဖူးသောနိုင်ငံနှင့်ဒေသများကို ခြေရာခံခြင်း စသည့်ဆောင်ရွက်ချက်များမှာ မိမိနိုင်ငံ၏ ပြည်သူများအတွက်သာမက အခြားနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းသို့ ရောဂါပြန့်ပွားနိုင်မှု အန္တရာယ်အား တားဆီးရာတွင် အထောက်အပံ့ဖြစ်စေကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။

လူနေရပ်ကွက်ဒေသများတွင် ရောဂါပြန့်ပွားမှုများ ဖြစ်ပေါ်လာသည့် နိုင်ငံနှင့်ဒေသများက အခြေအနေပေါ်တွင်မူတည်၍ စာသင်ကျောင်းများ ပိတ်ထားရန်၊ လူစုလူဝေးပွဲလမ်းသဘင်များကို ဖျက်သိမ်းရန်နှင့် အခြားနည်းလမ်းများ ဆောင်ရွက်ကာ ဗိုင်းရပ်ရောဂါပိုးနှင့် ထိတွေ့နိုင်မှု အခြေအနေကို လျော့ကျအောင် ဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားသင့်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
COVID-19 ေရာဂါသည္ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ အႏၲရာယ္ အသြင္ ေပၚလြင္လာၿပီျဖစ္သည္ဟု WHO ေျပာၾကား COVID-19 ေရာဂါသည္ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ အႏၲရာယ္ အသြင္ ေပၚလြင္လာၿပီျဖစ္သည္ဟု  WHO ေျပာၾကား Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.