ရွမ္းေျမာက္မွာ ေငြက်ပ္ ၁၀၃ ဘီလီယံေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ မိခဲ့၊ တရားမဝင္ ျပည္သူ႔စစ္အဖြဲ႕ေတြနဲ႔ ပတ္သက္မႈရွိႏိုင္

ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္ေက်း႐ြာအတြင္း ဖမ္းမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြ
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္၊ ေကာင္းခါးနဲ႔ လြယ္ခမ္ ေဒသေတြမွာ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ကေန ၉ ရက္တာ အတြင္း ဖမ္းမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြရဲ႕ တန္ဖိုးဟာ ေငြက်ပ္ ၁၀၃.၉ ဘီလီယံ (အေမရိကန္ေဒၚလာ ၇၆ သန္းနီးပါး) ရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ရွမ္းေျမာက္မွာ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္လို႔ ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေနတဲ့ သေဘာရွိပါတယ္။ ဒီကေန႔ မတ္လ ၉ ရက္ေန႔မွာလည္း လြယ္ခမ္ဘက္မွာ သတင္းထပ္ရလို႔ ရွာေဖြမႈေတြ လုပ္ေနပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ကေန မတ္လ ၇ ရက္ေန႔အထိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၃ သန္း ၉ သိန္းေက်ာ္၊ ဘိန္းျဖဴ အေလးခ်ိန္ ၁ သိန္း ၇ ေသာင္း ဂရမ္၊ ဘိန္းညိဳ အေလးခ်ိန္ ၉၄၈၀၀ ဂရမ္၊ ဘိန္းျဖဴခဲ ၁.၆ ကီလိုဂရမ္၊ ေဆးျပားအေၾကမႈန႔္ ၂၆၅၀ ဂရမ္၊ ICE ၃၂၇.၅ ကီလိုဂရမ္ နဲ႔ မူးယစ္ေဆးဝါးခ်က္လုပ္ရာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္း ၁၀၈ မ်ိဳး ဖမ္းမိခဲ့ၿပီး ကာလတန္ဖိုးတြက္ခ်က္မယ္ဆိုရင္ က်ပ္ေငြ ၁၀၃ ဘီလီယံ (အေမရိကန္ ေဒၚလာအေနနဲ႔ ၇၆ သန္းနီးပါး) ဖမ္းမိခဲ့တယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္ေက်း႐ြာအတြင္း လက္နက္ခဲယမ္းအေျမာက္အမ်ားနဲ႔ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိခဲ့
"မတ္လ ၈ ရက္ေန႔ လြယ္ခမ္မွာ က်ပ္ေငြ ၁၀.၆ ဘီလီယံေက်ာ္ဖိုး ထပ္မိတယ္၊ ၉ ရက္တာ ဆက္တိုက္ဖမ္းမိတဲ့ ပမာဏက ၁၀၃.၉ ဘီလီယံေက်ာ္ဖိုး ျဖစ္သြားပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္ခမ္ေက်း႐ြာမွာရွိတဲ့ ဦးက်င္ဖူး ပိုင္ဆိုင္တဲ့ တစ္ထပ္တိုက္ ၂ လုံးနဲ႔ ကားဂိုေဒါင္ေတြထဲက စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ိဳးစုံ ၉၃၀၀၀ ဘိန္းျဖဴမႈန႔္၊ ဘိန္းညိဳမႈန႔္ေတြ အျပင္ M-16 ေသနတ္၊ ပစၥတိုေသနတ္၊ ကာဘိုင္ေသနတ္၊ ေလသနတ္၊ ဝင္ခ်က္စတာ ေသနတ္၊ Submachine Gun ေသနတ္၊ M-22 ေသနတ္ေတြ၊ RPG ဒုံးသီးေတြ၊ လက္ပစ္ဗုံးေတြ က်ည္ဆံေတြအပါအဝင္ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ယာဥ္ႀကီးေတြကိုလည္း ဖမ္းမိခဲ့တယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

ပိုင္ရွင္ ဦးက်င္ဖူးကေတာ့ ထြက္ေျပးတိမ္းေရွာင္သြားလို႔ မဖမ္းမိခဲ့ဘူးလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
 မတ္လ ၈ ရက္ေန႔ လြယ္ခမ္မွာ က်ပ္ေငြ ၁၀.၆ ဘီလီယံေက်ာ္ဖိုး ထပ္မိခဲ့
ရွမ္းေျမာက္မွာ အခုလို မူးယစ္ေဆးဝါးေတြ အလုံးအရင္းနဲ႔ ဆက္တိုက္ဖမ္းမိတာမ်ိဳး အရင္က မရွိခဲ့ဖူးပါဘူး။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ "မိတဲ့သူေတြကို စစ္ေဆးၾကည့္တဲ့အခါ သူတို႔က ၁ လခြဲ ၂ ေလာက္ပဲ ေနတာမ်ားတယ္၊ ေ႐ႊ႕ေျပာင္းၿပီး လုပ္ကိုင္ေနၾကတာ ျဖစ္တယ္၊ သတင္းရရခ်င္း လွ်ပ္တျပတ္ ဖမ္းႏိုင္တာေၾကာင့္ပါ" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

မတ္လ ၂ ရက္ေန႔ေကာင္းခါး႐ြာ အနီးမွာ မိတဲ့ မူးယစ္ေဆး ထုတ္လုပ္ေရးစခန္း
ဖမ္းမိခဲ့တဲ့ မူးယစ္ေဆးဝါး အမ်ားအျပားကေတာ့ ပိုင္ရွင္မဲ့ေတြ ျဖစ္ၾကၿပီး အဓိက တရားခံေတြနဲ႔ ပါဝင္ပတ္သက္သူေတြ ဖမ္းဆီးႏိုင္ဖို႔ကိုေတာ့ လုပ္ထုံးလုပ္နည္းနဲ႔ အညီ ေဆာင္႐ြက္ေနတယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

မူးယစ္ေဆးဝါးေတြနဲ႔အတူ လက္နက္ေတြပါ ဖမ္းမိေနတာမ်ိဳးဟာ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ဆက္စပ္မႈ ရွိေနသလားဆိုတဲ့ ဘီဘီစီရဲ႕ အေမးကိုေတာ့ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက "အဲ့ဒီမွာ လႈပ္ရွားေနတဲ့ တရားမဝင္ ျပည္သူ႔စစ္အဖြဲ႕ေတြနဲ႔ ဆက္စပ္မႈ ရွိပါလိမ့္မယ္၊ သို႔ေသာ္ ပိုင္ရွင္ေတြနဲ႔ ပတ္သက္လို႔ ဆက္လက္ စုံစမ္းေနပါတယ္၊ ႐ုပ္လုံးေပၚလာရင္ေတာ့ အေျဖတခုေတာ့ ရမယ္လို႔ ေမွ်ာ္လင့္လို႔ ရပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျဖပါတယ္။

BBC Burmese
https://www.bbc.com
------------
ရှမ်းမြောက်မှာ ငွေကျပ် ၁၀၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မိခဲ့၊ တရားမဝင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိနိုင်

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ ကောင်းခါးနဲ့ လွယ်ခမ် ဒေသတွေမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ ၉ ရက်တာ အတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးဟာ ငွေကျပ် ၁၀၃.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၆ သန်းနီးပါး) ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ရှမ်းမြောက်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ သဘောရှိပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်နေ့မှာလည်း လွယ်ခမ်ဘက်မှာ သတင်းထပ်ရလို့ ရှာဖွေမှုတွေ လုပ်နေပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ စိတ်ကြွရူးသွပ်ဆေးပြား ၄၃ သန်း ၉ သိန်းကျော်၊ ဘိန်းဖြူ အလေးချိန် ၁ သိန်း ၇ သောင်း ဂရမ်၊ ဘိန်းညို အလေးချိန် ၉၄၈၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁.၆ ကီလိုဂရမ်၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ICE ၃၂၇.၅ ကီလိုဂရမ် နဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၁၀၈ မျိုး ဖမ်းမိခဲ့ပြီး ကာလတန်ဖိုးတွက်ချက်မယ်ဆိုရင် ကျပ်ငွေ ၁၀၃ ဘီလီယံ (အမေရိကန် ဒေါ်လာအနေနဲ့ ၇၆ သန်းနီးပါး) ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း လက်နက်ခဲယမ်းအမြောက်အများနဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့

"မတ်လ ၈ ရက်နေ့ လွယ်ခမ်မှာ ကျပ်ငွေ ၁၀.၆ ဘီလီယံကျော်ဖိုး ထပ်မိတယ်၊ ၉ ရက်တာ ဆက်တိုက်ဖမ်းမိတဲ့ ပမာဏက ၁၀၃.၉ ဘီလီယံကျော်ဖိုး ဖြစ်သွားပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် လွယ်ခမ်ကျေးရွာမှာရှိတဲ့ ဦးကျင်ဖူး ပိုင်ဆိုင်တဲ့ တစ်ထပ်တိုက် ၂ လုံးနဲ့ ကားဂိုဒေါင်တွေထဲက စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၉၃၀၀၀ ဘိန်းဖြူမှုန့်၊ ဘိန်းညိုမှုန့်တွေ အပြင် M-16 သေနတ်၊ ပစ္စတိုသေနတ်၊ ကာဘိုင်သေနတ်၊ လေသနတ်၊ ဝင်ချက်စတာ သေနတ်၊ Submachine Gun သေနတ်၊ M-22 သေနတ်တွေ၊ RPG ဒုံးသီးတွေ၊ လက်ပစ်ဗုံးတွေ ကျည်ဆံတွေအပါအဝင် မော်တော်ဆိုင်ကယ်နဲ့ ယာဉ်ကြီးတွေကိုလည်း ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ပိုင်ရှင် ဦးကျင်ဖူးကတော့ ထွက်ပြေးတိမ်းရှောင်သွားလို့ မဖမ်းမိခဲ့ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption မတ်လ ၈ ရက်နေ့ လွယ်ခမ်မှာ ကျပ်ငွေ ၁၀.၆ ဘီလီယံကျော်ဖိုး ထပ်မိခဲ့

ရှမ်းမြောက်မှာ အခုလို မူးယစ်ဆေးဝါးတွေ အလုံးအရင်းနဲ့ ဆက်တိုက်ဖမ်းမိတာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ "မိတဲ့သူတွေကို စစ်ဆေးကြည့်တဲ့အခါ သူတို့က ၁ လခွဲ ၂ လောက်ပဲ နေတာများတယ်၊ ရွှေ့ပြောင်းပြီး လုပ်ကိုင်နေကြတာ ဖြစ်တယ်၊ သတင်းရရချင်း လျှပ်တပြတ် ဖမ်းနိုင်တာကြောင့်ပါ" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် cncds
Image caption မတ်လ ၂ ရက်နေ့ကောင်းခါးရွာ အနီးမှာ မိတဲ့ မူးယစ်ဆေး ထုတ်လုပ်ရေးစခန်း

ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါး အများအပြားကတော့ ပိုင်ရှင်မဲ့တွေ ဖြစ်ကြပြီး အဓိက တရားခံတွေနဲ့ ပါဝင်ပတ်သက်သူတွေ ဖမ်းဆီးနိုင်ဖို့ကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်တွေပါ ဖမ်းမိနေတာမျိုးဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု ရှိနေသလားဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "အဲ့ဒီမှာ လှုပ်ရှားနေတဲ့ တရားမဝင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိပါလိမ့်မယ်၊ သို့သော် ပိုင်ရှင်တွေနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေပါတယ်၊ ရုပ်လုံးပေါ်လာရင်တော့ အဖြေတခုတော့ ရမယ်လို့ မျှော်လင့်လို့ ရပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေပါတယ်။

BBC Burmese
https://www.bbc.com
ရွမ္းေျမာက္မွာ ေငြက်ပ္ ၁၀၃ ဘီလီယံေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ မိခဲ့၊ တရားမဝင္ ျပည္သူ႔စစ္အဖြဲ႕ေတြနဲ႔ ပတ္သက္မႈရွိႏိုင္ ရွမ္းေျမာက္မွာ ေငြက်ပ္ ၁၀၃ ဘီလီယံေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ မိခဲ့၊ တရားမဝင္ ျပည္သူ႔စစ္အဖြဲ႕ေတြနဲ႔ ပတ္သက္မႈရွိႏိုင္ Reviewed by THITHTOOLWIN on 00:54 Rating: 5
Powered by Blogger.