ကို႐ိုနာအေၾကာင္းျပ စက္႐ုံပိတ္မႈေတြကို ေစာင့္ၾကည့္သြားမည္

ကို႐ိုနာအေၾကာင္းျပ စက္႐ုံပိတ္မႈေတြကို ေစာင့္ၾကည့္သြားမည္
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကုန္ၾကမ္းျပတ္လပ္တယ္ဆိုၿပီး ပိတ္လိုက္တဲ့ အထည္ခ်ဳပ္စက္႐ုံေတြမွာ အမွန္တကယ္ ကုန္ၾကမ္း ျပတ္လပ္တာ ဟုတ္၊ မဟုတ္ ေစာင့္ၾကည္ဖို႔ အလုပ္သမားအဖြဲ႕ ၁၂ ဖြဲ႕ပူးေပါင္းၿပီး ကုန္ၾကမ္းျပတ္လပ္မႈ ေစာင့္ၾကည့္ေရးအဖြဲ႕ကို ဒီေန႔ မတ္ ၈ ရက္ေန႔မွာ ဖြဲ႕စည္းလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း အထည္ခ်ဳပ္ စက္႐ုံ ၁၆ ႐ုံဟာ ကုန္ၾကမ္းျပတ္လပ္တယ္ဆိုၿပီး ပိတ္လိုက္လို႔ အလုပ္သမား ငါးေထာင္နဲ႔ ခုနစ္ေထာင္ၾကား အလုပ္လက္မဲ့ျဖစ္ခဲ့ပါတယ္။

ပိတ္သြားတဲ့ စက္႐ုံေတြက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံက ကုန္ၾကမ္းပစၥည္းျပတ္သြားတယ္ဆိုၿပီး ေျပာၾကပါတယ္။

ဒါေၾကာင့္ အလုပ္သမားအေရးေဆာင္႐ြက္ေနတဲ့ အဖြဲ႕ ၁၂ ဖြဲ႕က ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ကုန္ၾကမ္းတကယ္ ျပတ္လပ္မႈ ရွိ၊ မရွိ စစ္ေဆးဖို႔ ဒီအဖြဲ႕ကို ဖြဲ႕စည္းလိုက္တာလို႔ ဒီေန႔ လႈိင္သာယာၿမိဳ႕နယ္ SKY Hotel မွာ သတင္းသမားေတြနဲ႔ ေတြ႕ဆုံၿပီး  ေျပာလိုက္တာပါ။

စက္႐ုံပိတ္လိုက္တဲ့ အေၾကာင္းျပခ်က္ကို သံသယရွိလို႔ ေစာင့္ၾကည္စစ္ေဆးသြားမယ္လို႔ အလုပ္သမားသမဂၢမ်ား ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ အေထြေထြအတြင္းေရးမႉး ဦးရဲႏိုင္ဝင္းက ေျပာပါတယ္။

“စက္႐ုံပိတ္သိမ္းေတာ့မယ္၊ ေခတၱရပ္ဆိုင္းေတာ့မယ္ဆိုရင္ လုပ္ရမယ့္လုပ္ထုံးလုပ္နည္းေတြရွိတယ္၊ အဲအတိုင္း တိတိက်က်ေဆာင္႐ြက္တယ္၊ အလုပ္႐ုံပိတ္ေတာ့မယ္ဆိုရင္ တကယ္ကုန္ၾကမ္းျပတ္လို႔လား၊ ေအာ္ဒါျပတ္လို႔လား၊ အရႈံးေပၚလို႔လား စုံစမ္းစစ္ေဆးတဲ့ ယႏၲရားခိုင္ခိုင္မာမာရွိဖို႔လို႔တယ္၊ အဲစစ္ေဆးတဲ့ ရလဒ္ကလည္း အလုပ္သမားေတြကိုယ္တိုင္ ယုံၾကည္လက္ခံႏိုင္ဖို႔လိုတယ္လို႔ က်ေနာ္ျမင္တယ္”

လက္ရွိပိတ္သိမ္းလိုက္တဲ့ စက္႐ုံေတြအားလုံးနီးပါးဟာ အလုပ္သမားသမဂၢေတြရွိတဲ့ စက္႐ုံေတြျဖစ္ၿပီး အမွန္တကယ္ ကုန္ၾကမ္းျပတ္လို႔ ပိတ္လိုက္တာလား၊ အလုပ္သမားသမဂၢအဖြဲ႕ေတြကို ၿဖိဳခြဲခ်င္လို႔ ပိတ္တာလားဆိုတာကို အလုပ္သမားသမဂၢအဖြဲ႕ေတြက သံသယရွိေနၾကတာပါ။

ကုန္ၾကမ္းျပတ္လပ္လို႔ဆိုၿပီး စက္႐ုံပိတ္သိမ္းဖို႔ ျပင္ဆင္ေနတဲ့ အထည္ခ်ဳပ္စက္႐ုံေတြလည္း အေတာ္မ်ားမ်ား ရွိေနပါတယ္။

စက္႐ုံပိတ္လို႔ အလုပ္လက္မဲ့ျဖစ္သြားသူေတြအတြက္ အစိုးရက ေဆာင္႐ြက္ေပးဖို႔ လိုအပ္တာေတြကို ေျပာျပတာက အနာဂတ္အလင္းတန္းဆုံမွန္အဖြဲ႕ ဒါ႐ိုက္တာ မသက္သက္ေအာင္ က ေျပာပါတယ္။

“သံသယျဖစ္စရာ က်ေနာ္တို႔ဘက္ကရွိတယ္၊ တကယ္ကုန္ၾကမ္းပ်က္တာ ဟုတ္ မဟုတ္၊ စက္႐ုံပိတ္သိမ္းမႈက လွ်င္လွ်င္ျမန္ျမန္ပိတ္လို႔မရဘူး၊ အေရးေပၚအေျခအေနကလြဲရင္၊ ကုန္ၾကမ္းဆိုတာ ျဖဳန္းဆိုျပတ္သြားတာ မဟုတ္ဘူး၊ ပိတ္သိမ္းတာကိုအေၾကာင္းျပဳၿပီး တဖက္လွည့္နဲ႔ အသစ္ဖြင့္သြားလား၊ ဘာေၾကာင့္ဒီလိုေျပာလဲဆို ၂၀၁၉ ခုႏွစ္အတြင္း အလုပ္သမားဆႏၵျပပြဲေတြက က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေပၚလာတယ္၊ ဒါအေၾကာင္းျပဳၿပီး ရန္ကုန္မွာ စက္႐ုံေတြပိတ္သိမ္းၿပီး နယ္ေတြမွာေျပာင္းဖြင့္တာေတြရွိတယ္၊ ဒီဗိုင္းရပ္စ္ကိုအေၾကာင္းျပဳၿပီး တခ်က္ခုတ္ႏွစ္ခ်က္ျပတ္ နယ္ေတြေျပာင္းဖြင့္သလား၊ ပိတ္သိမ္းမႈသည္ အေျခအေနမွန္ ဟုတ္ မဟုတ္ကို သံသယျဖစ္မိတယ္”

ကုန္ၾကမ္း အမွန္တကယ္ ျပတ္လပ္မႈရွိ၊ မရွိ ေစာင့္ၾကည္ေရးအဖြဲ႕မွာ Action Labor Rights၊ ျမန္မာႏိုင္ငံ အလုပ္ သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ CTUM၊ အထည္ခ်ဳပ္အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္၊ အနာဂတ္အလင္းတန္းဆုံမွတ္၊ အလုပ္သမားသမဂၢမ်ား ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ၊ ဒို႔မ်ိဳးဆက္ စတဲ့အဖြဲ႕ ၁၂ ဖြဲ႕က ကိုယ္စားလွယ္တစ္ဦးစီ ပါဝင္မွာပါ။ ဒီအဖြဲ႕ဟာ တိုင္းအစိုးရ၊ လႊတ္ေတာ္နဲ႔ ျပည္ေထာင္စုဝန္ႀကီးေတြကို ေတြ႕ဆုံေတာင္းဆိုတာေတြလည္း လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

အလုပ္သမားေတြ သံသယရွိေနတဲ့အေပၚ အစိုးရက စုံစမ္းစစ္ေဆးတာေတြ လုပ္ဖို႔လိုတယ္လို႔ ဒီေန႔ သတင္းစာရွင္းလင္းပြဲကို တက္ေရာက္လာတဲ့ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးက ေျပာပါတယ္။

“ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကုန္ေဈးႏႈန္းက တရိပ္ရိပ္တတ္လာတာေတ့ြရတယ္၊ တိုင္းျပည္ကထြက္တဲ့ အေျခခံစားေသာက္ကုန္ေတြကို ထိန္းေၾကာင္းေပးဖို႔ လိုအပ္ပါတယ္၊ အခုခ်ိန္မွာ သက္ေရာက္မႈေတြ အမ်ားႀကီးရွိေနတယ္၊ ဒီလိုအလုပ္ျပဳတ္သြားတဲ့အခ်ိန္မွာ အစိုးရအေနနဲ႔ ကုန္ေဈးႏႈန္းကို ထိန္းခ်ဳပ္ေပးဖို႔ လိုပါတယ္”

မႏၲေလးၿမိဳ႕က အလုပ္သမား တစ္ေထာင္ေလာက္ကလည္း ကို႐ိုနာဗိုင္းရပ္စ္ဂယက္ေၾကာင့္ ကုန္ၾကမ္းျပတ္လပ္ တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စက္႐ုံ၊ အလုပ္႐ုံ ပိတ္သိမ္းေနတာေတြကို စိစစ္ေပးဖို႔ မႏၲေလးၿမိဳ႕မွာ ဒီေန႔မနက္ ကပဲ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

အလုပ္႐ုံေတြ ပိတ္သိမ္းရာမွာ အလုပ္ရွင္၊ အလုပ္သမားျပႆနာတက္ေနတဲ့ စက္႐ုံေတြပိတ္သိမ္းတာ မ်ားေနတာေၾကာင့္ စိစစ္ေပးဖို႔ ေတာင္းဆိုတာလို႔ ျမန္မာႏိုင္ငံ စက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ကိုသက္ႏွင္းေအာင္ က ေျပာပါတယ္။

“ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပတ္သြားတဲ့ကုန္ၾကမ္းေတြကို အျခားႏိုင္ငံေတြကေန သြင္းလို႔မရဘူးလား၊ အမွန္တကယ္ကုန္ၾကမ္းျပတ္လို႔ ပိတ္သြားမယ္ဆိုရင္ေတာင္ စက္႐ုံေတြျပန္ဖြင့္တဲ့အခါက်ရင္ အလုပ္ျပဳတ္သြားတဲ့ အလုပ္သမားေတြကိုဘဲ ျပန္ခန႔္ေပးဖို႔ဆိုတဲ့ လုပ္ငန္းစဥ္ေတြ ေဆြးေႏြးရမွာျဖစ္ပါတယ္၊ ေလာေလာဆယ္ ဒါေတြကိုမလုပ္ပဲနဲ႔ အလြယ္တကူ ေလ်ာ္ေၾကးေပး ပိတ္တာေတြ ေတြ႕ရပါတယ္”

ႏိုင္ငံေပါင္း ၇၀ ေက်ာ္မွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း နယ္စပ္ကုန္သြယ္ေရး အပါအဝင္ အျခားစီးပြားေရးလုပ္ငန္းေတြမွာ ထိခိုက္မႈေတြ ရွိေနပါတယ္။

ဆႏၵျပ အလုပ္သမားေတြဟာ လူေနမႈအဆင့္အတန္းနဲ႔ ကိုက္ညီတဲ့ လုပ္ခလစာရရွိဖို႔၊ ILO ျပဌာန္းခ်က္ အမွတ္ (၉၈) ကို အစိုးရ လက္မွတ္ထိုးေပးဖို႔၊ အနည္းဆုံးလုပ္ခလစာကို တစ္ႏွစ္တစ္ႀကိမ္ သုံးသပ္ျပင္ဆင္ေပးဖို႔၊ အလုပ္သမားတရား႐ုံး အျမန္ဆုံးေပၚေပါက္ဖို႔၊ ေဘးအႏၲရာယ္ကင္းတဲ့ လုံၿခဳံစိတ္ခ်ရတဲ့ လုပ္ငန္းရွင္ေတြျဖစ္ဖို႔ ဆိုတာေတြကိုလည္း ေတာင္းဆိုခဲ့ၾကပါတယ္။

ကို႐ိုနာဂယက္ေၾကာင့္ ရန္ကုန္တိုင္းမွာ စက္႐ုံ ၁၆ ႐ုံ၊ ဧရာဝတီတိုင္းမွာ တစ္႐ုံ ပိတ္သိမ္းတာေတြ၊ လုပ္သားအင္အား ေလွ်ာ့ခ်တာေတြရွိေနေပမယ့္ မႏၲေလးၿမိဳ႕မွာေတာ့ လတ္တေလာ မရွိေသးဘူးလို႔  အလုပ္သမားအဖြဲ႕ေတြက ေျပာၾကပါတယ္။ ျမန္မာႏိုင္ငံက စက္႐ုံအမ်ားစုဟာ တ႐ုတ္ႏိုင္ငံက တင္ပို႔တဲ့ ကုန္ၾကမ္းေတြကို မွီခိုအားထားေနရတာပါ။

ဒီစက္႐ုံေတြဟာ တ႐ုတ္ကတင္ပို႔တဲ့ ကုန္ၾကမ္းေတြကို မွီခိုေနရတာျဖစ္လို႔ ကုန္ၾကမ္းျပတ္လပ္မႈနဲ႔ ရင္ဆိုင္ေနရသလို ကို႐ိုနာကူးစက္ခံရတဲ့ႏိုင္ငံေတြလည္း မ်ားလာတာေၾကာင့္ ေဈးကြက္မရေတာ့တဲ့ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုးက RFA ကို ေျဖၾကားထားပါတယ္။

အလုပ္လက္မဲ့ျဖစ္သြားသူေတြကေတာ့ အလုပ္ရွင္ေတြေပးတဲ့ နစ္နာေၾကး၊ ေလ်ာ္ေၾကးေတြကို မလိုခ်င္ဘဲ အလုပ္တည္ၿမဲေရးကိုပဲ လိုလားေနၾကတာပါ။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ကိုရိုနာအကြောင်းပြ စက်ရုံပိတ်မှုတွေကို စောင့်ကြည့်သွားမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်တဲ့ အထည်ချုပ်စက်ရုံတွေမှာ အမှန်တကယ် ကုန်ကြမ်း ပြတ်လပ်တာ ဟုတ်၊ မဟုတ် စောင့်ကြည်ဖို့ အလုပ်သမားအဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းပြီး ကုန်ကြမ်းပြတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့ကို ဒီနေ့ မတ် ၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အထည်ချုပ် စက်ရုံ ၁၆ ရုံဟာ ကုန်ကြမ်းပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်လို့ အလုပ်သမား ငါးထောင်နဲ့ ခုနစ်ထောင်ကြား အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။

ပိတ်သွားတဲ့ စက်ရုံတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်းပြတ်သွားတယ်ဆိုပြီး ပြောကြပါတယ်။

ဒါကြောင့် အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၁၂ ဖွဲ့က ကိုရိုနာဗိုင်းရပ်ကြောင့် ကုန်ကြမ်းတကယ် ပြတ်လပ်မှု ရှိ၊ မရှိ စစ်ဆေးဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ ဒီနေ့ လှိုင်သာယာမြို့နယ် SKY Hotel မှာ သတင်းသမားတွေနဲ့ တွေ့ဆုံပြီး  ပြောလိုက်တာပါ။

စက်ရုံပိတ်လိုက်တဲ့ အကြောင်းပြချက်ကို သံသယရှိလို့ စောင့်ကြည်စစ်ဆေးသွားမယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောပါတယ်။

“စက်ရုံပိတ်သိမ်းတော့မယ်၊ ခေတ္တရပ်ဆိုင်းတော့မယ်ဆိုရင် လုပ်ရမယ့်လုပ်ထုံးလုပ်နည်းတွေရှိတယ်၊ အဲအတိုင်း တိတိကျကျဆောင်ရွက်တယ်၊ အလုပ်ရုံပိတ်တော့မယ်ဆိုရင် တကယ်ကုန်ကြမ်းပြတ်လို့လား၊ အော်ဒါပြတ်လို့လား၊ အရှုံးပေါ်လို့လား စုံစမ်းစစ်ဆေးတဲ့ ယန္တရားခိုင်ခိုင်မာမာရှိဖို့လို့တယ်၊ အဲစစ်ဆေးတဲ့ ရလဒ်ကလည်း အလုပ်သမားတွေကိုယ်တိုင် ယုံကြည်လက်ခံနိုင်ဖို့လိုတယ်လို့ ကျနော်မြင်တယ်”

လက်ရှိပိတ်သိမ်းလိုက်တဲ့ စက်ရုံတွေအားလုံးနီးပါးဟာ အလုပ်သမားသမဂ္ဂတွေရှိတဲ့ စက်ရုံတွေဖြစ်ပြီး အမှန်တကယ် ကုန်ကြမ်းပြတ်လို့ ပိတ်လိုက်တာလား၊ အလုပ်သမားသမဂ္ဂအဖွဲ့တွေကို ဖြိုခွဲချင်လို့ ပိတ်တာလားဆိုတာကို အလုပ်သမားသမဂ္ဂအဖွဲ့တွေက သံသယရှိနေကြတာပါ။

ကုန်ကြမ်းပြတ်လပ်လို့ဆိုပြီး စက်ရုံပိတ်သိမ်းဖို့ ပြင်ဆင်နေတဲ့ အထည်ချုပ်စက်ရုံတွေလည်း အတော်များများ ရှိနေပါတယ်။

စက်ရုံပိတ်လို့ အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် အစိုးရက ဆောင်ရွက်ပေးဖို့ လိုအပ်တာတွေကို ပြောပြတာက အနာဂတ်အလင်းတန်းဆုံမှန်အဖွဲ့ ဒါရိုက်တာ မသက်သက်အောင် က ပြောပါတယ်။

“သံသယဖြစ်စရာ ကျနော်တို့ဘက်ကရှိတယ်၊ တကယ်ကုန်ကြမ်းပျက်တာ ဟုတ် မဟုတ်၊ စက်ရုံပိတ်သိမ်းမှုက လျှင်လျှင်မြန်မြန်ပိတ်လို့မရဘူး၊ အရေးပေါ်အခြေအနေကလွဲရင်၊ ကုန်ကြမ်းဆိုတာ ဖြုန်းဆိုပြတ်သွားတာ မဟုတ်ဘူး၊ ပိတ်သိမ်းတာကိုအကြောင်းပြုပြီး တဖက်လှည့်နဲ့ အသစ်ဖွင့်သွားလား၊ ဘာကြောင့်ဒီလိုပြောလဲဆို ၂၀၁၉ ခုနှစ်အတွင်း အလုပ်သမားဆန္ဒပြပွဲတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာတယ်၊ ဒါအကြောင်းပြုပြီး ရန်ကုန်မှာ စက်ရုံတွေပိတ်သိမ်းပြီး နယ်တွေမှာပြောင်းဖွင့်တာတွေရှိတယ်၊ ဒီဗိုင်းရပ်စ်ကိုအကြောင်းပြုပြီး တချက်ခုတ်နှစ်ချက်ပြတ် နယ်တွေပြောင်းဖွင့်သလား၊ ပိတ်သိမ်းမှုသည် အခြေအနေမှန် ဟုတ် မဟုတ်ကို သံသယဖြစ်မိတယ်”

ကုန်ကြမ်း အမှန်တကယ် ပြတ်လပ်မှုရှိ၊ မရှိ စောင့်ကြည်ရေးအဖွဲ့မှာ Action Labor Rights၊ မြန်မာနိုင်ငံ အလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM၊ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ဒို့မျိုးဆက် စတဲ့အဖွဲ့ ၁၂ ဖွဲ့က ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်မှာပါ။ ဒီအဖွဲ့ဟာ တိုင်းအစိုးရ၊ လွှတ်တော်နဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တွေ့ဆုံတောင်းဆိုတာတွေလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ သံသယရှိနေတဲ့အပေါ် အစိုးရက စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့လိုတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

“ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ဈေးနှုန်းက တရိပ်ရိပ်တတ်လာတာတေ့ွရတယ်၊ တိုင်းပြည်ကထွက်တဲ့ အခြေခံစားသောက်ကုန်တွေကို ထိန်းကြောင်းပေးဖို့ လိုအပ်ပါတယ်၊ အခုချိန်မှာ သက်ရောက်မှုတွေ အများကြီးရှိနေတယ်၊ ဒီလိုအလုပ်ပြုတ်သွားတဲ့အချိန်မှာ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ပေးဖို့ လိုပါတယ်”

မန္တလေးမြို့က အလုပ်သမား တစ်ထောင်လောက်ကလည်း ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းနေတာတွေကို စိစစ်ပေးဖို့ မန္တလေးမြို့မှာ ဒီနေ့မနက် ကပဲ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရုံတွေ ပိတ်သိမ်းရာမှာ အလုပ်ရှင်၊ အလုပ်သမားပြဿနာတက်နေတဲ့ စက်ရုံတွေပိတ်သိမ်းတာ များနေတာကြောင့် စိစစ်ပေးဖို့ တောင်းဆိုတာလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြတ်သွားတဲ့ကုန်ကြမ်းတွေကို အခြားနိုင်ငံတွေကနေ သွင်းလို့မရဘူးလား၊ အမှန်တကယ်ကုန်ကြမ်းပြတ်လို့ ပိတ်သွားမယ်ဆိုရင်တောင် စက်ရုံတွေပြန်ဖွင့်တဲ့အခါကျရင် အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကိုဘဲ ပြန်ခန့်ပေးဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆွေးနွေးရမှာဖြစ်ပါတယ်၊ လောလောဆယ် ဒါတွေကိုမလုပ်ပဲနဲ့ အလွယ်တကူ လျော်ကြေးပေး ပိတ်တာတွေ တွေ့ရပါတယ်”

နိုင်ငံပေါင်း ၇၀ ကျော်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာကြောင့် မြန်မာနိုင်ငံမှာလည်း နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။

ဆန္ဒပြ အလုပ်သမားတွေဟာ လူနေမှုအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လုပ်ခလစာရရှိဖို့၊ ILO ပြဌာန်းချက် အမှတ် (၉၈) ကို အစိုးရ လက်မှတ်ထိုးပေးဖို့၊ အနည်းဆုံးလုပ်ခလစာကို တစ်နှစ်တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးဖို့၊ အလုပ်သမားတရားရုံး အမြန်ဆုံးပေါ်ပေါက်ဖို့၊ ဘေးအန္တရာယ်ကင်းတဲ့ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းရှင်တွေဖြစ်ဖို့ ဆိုတာတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ကိုရိုနာဂယက်ကြောင့် ရန်ကုန်တိုင်းမှာ စက်ရုံ ၁၆ ရုံ၊ ဧရာဝတီတိုင်းမှာ တစ်ရုံ ပိတ်သိမ်းတာတွေ၊ လုပ်သားအင်အား လျှော့ချတာတွေရှိနေပေမယ့် မန္တလေးမြို့မှာတော့ လတ်တလော မရှိသေးဘူးလို့  အလုပ်သမားအဖွဲ့တွေက ပြောကြပါတယ်။ မြန်မာနိုင်ငံက စက်ရုံအများစုဟာ တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းတွေကို မှီခိုအားထားနေရတာပါ။

ဒီစက်ရုံတွေဟာ တရုတ်ကတင်ပို့တဲ့ ကုန်ကြမ်းတွေကို မှီခိုနေရတာဖြစ်လို့ ကုန်ကြမ်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသလို ကိုရိုနာကူးစက်ခံရတဲ့နိုင်ငံတွေလည်း များလာတာကြောင့် ဈေးကွက်မရတော့တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက RFA ကို ဖြေကြားထားပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားသူတွေကတော့ အလုပ်ရှင်တွေပေးတဲ့ နစ်နာကြေး၊ လျော်ကြေးတွေကို မလိုချင်ဘဲ အလုပ်တည်မြဲရေးကိုပဲ လိုလားနေကြတာပါ။

RFA Burmese
https://www.rfa.org
ကို႐ိုနာအေၾကာင္းျပ စက္႐ုံပိတ္မႈေတြကို ေစာင့္ၾကည့္သြားမည္ ကို႐ိုနာအေၾကာင္းျပ စက္႐ုံပိတ္မႈေတြကို ေစာင့္ၾကည့္သြားမည္ Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.