အီတလီမွာ ေထာင္တြင္း ဧည့္လက္မခံတဲ့ အေပၚ မေက်နပ္လို႔ ဆႏၵျပရာက ေထာင္ဆူ

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီမွာ ေသဆုံးသူ ၃၀၀ ေက်ာ္ရွိလာ
(Zawgyi)⤵⤵⤵
အီတလီမွာ ကိုဗစ္ႏိုင္တင္း လို႔ေခၚတဲ့ ကို႐ိုနာ ဗိုင္းရပ္ ကူးစက္မႈ အဆိုး႐ြားဆုံး ေဒသျဖစ္တဲ့ လြန္ဘာဒီ အရပ္မွာ တရက္အတြင္း ေသဆုံး ၁၀၀ ေက်ာ္ရွိသြားခဲ့ပါတယ္။

တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဆိုရင္ ဒီေရာဂါပိုးေၾကာင့္ ေသဆုံးသူ အခုအခါ ၃၆၆ ေယာက္ ရွိၿပီ ျဖစ္ပါတယ္။

အခုလိုႏႈန္းအတိုင္း ဆက္ၿပီး ကူးစက္ပ်ံ႕ႏွံ႔ေနမယ္ ဆိုရင္ အေရးေပၚဌာနမွာ လူနာထားဖို႔ အိပ္ယာ ေနရာေတြေတာင္ မရွိေတာ့ဘူးလို႔ လြန္ဘာဒီ ေဒသတြင္း ေရာဂါ ထိန္းခ်ဳပ္ေရး အေရးေပၚ လူနာ ဌာနကို တာဝန္ယူထားတဲ့ ပေရာ္ဖက္ဆာ ဂီယာကိုမို ဂရာဆီလီ က ေျပာပါတယ္။

တခ်ိန္တည္းမွာ ေထာင္တြင္းဧည့္သည္ လက္ခံေတြ႕ဆုံမႈေတြကို တားျမစ္ခဲ့တာေၾကာင့္ ႏိုင္ငံတလႊား အက်ဥ္းေထာင္ ေလးခုေလာက္မွာ ေထာင္ဆူမႈေတြ ျဖစ္ခဲ့ပါတယ္။

ေနပယ္ၿမိဳ႕ ေပၚဂ်ီယို ရီေလး အက်ဥ္းေထာင္ အျပင္ဘက္မွာ အက်ဥ္းသား ေဆြမ်ိဳး မိသားစုေတြက ေထာင္တြင္း ဧည့္လက္မခံတဲ့ အေပၚ ေအာ္ဟစ္ ဆႏၵျပခဲ့ ၾကပါတယ္။

မိုေဒနာ အရပ္က ေထာင္ဆူမႈမွာေတာ့ ေထာင္အရာရွိ ႏွစ္ေယာက္ ဒဏ္ရာရခဲ့ပါတယ္။

ေရာမ ၿမိဳ႕နားက ေထာင္ဆူမႈမွာေတာ့ အက်ဥ္းသားေတြက အထဲကို ဘယ္သူမွ မဝင္ႏိုင္ေအာင္ တားဆီးပိတ္ဆို႔ခဲ့တာေၾကာင့္ ရဲ ကို လွမ္းေခၚ အကူအညီ ေတာင္းခံခဲ့ရပါတယ္။

ႏိုင္ငံေျမာက္ပိုင္းမွာ ဒီေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္ဖို႔ က်ယ္က်ယ္ျပန္႔ျပန္႔ တားျမစ္မႈေတြ လုပ္လာေနၿပီး အီတလီအစိုးရဟာ ဗိုင္းရပ္စ္ ျပန္႔ႏွံ႔မႈ ရပ္သြားေစဖို႔ အတြက္ ခြဲခန္းသုံး မ်က္ႏွာဖုံးစြပ္ ၂၂ သန္း မွာယူခဲ့ပါတယ္။
အီတလီက Lombardy အရပ္မွာ အဆိုးဆုံး ကူးစက္မႈ ျဖစ္ေန
ေပၚတူဂီမွာ သမၼတ မာဆယ္လို ရီဘယ္လို ဒီေဆာ္ဆာ ဟာ က်န္းမာေရး အေျခအေနေၾကာင့္ ကို႐ိုနာ ဗိုင္းရပ္စ္ ႀကိဳတင္ ကာကြယ္တဲ့အေနနဲ႔ လို႔ဆိုၿပီး သူ႔ရဲ႕ လုပ္ငန္းေဆာင္တာ အားလုံးကို သီတင္း ႏွစ္ပတ္ၾကာ ရပ္ဆိုင္းထားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က ေက်ာင္းသား ကေလးငယ္ စု သမၼတ နန္းေတာ္ကို လာေရာက္ ည္ပတ္ခဲ့ၿပီး သူတို႔ေက်ာင္းက တျခားကေလးတေယာက္ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေဆး႐ုံ ပို႔လိုက္ရၿပီးေနာက္မွာ သမၼတ က အိမ္ကေန လွမ္းႀကီးၾကပ္ အုပ္ခ်ဳပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တာ ျဖစ္ပါတယ္။

လက္ရွိ အေျခအေနမွာ သမၼတ ဆီမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ကူးစက္တဲ့ လကၡဏာေတြ မေတြ႕ရေသးဘူးလို႔ ဆိုပါတယ္။

သမၼတ ဒီေဆာ္ဆာ အေနနဲ႔ လာမယ့္ ရက္ပိုင္းေတြ အတြင္း တက္ေရာက္ရမယ့္ အခမ္းအနားေတြဟာ လူအမ်ားအျပားနဲ႔ ထိေတြ႕ ဆက္ဆံရမယ့္ အစီအစဥ္ေတြ ပါဝင္တာ ျဖစ္ပါတယ္။

 ျပင္သစ္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေက်ာင္းဆရာ ဆရာမေတြလည္း ေသဆုံးမႈ ရွိေန

ျပင္သစ္မွာေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ကာကြယ္ဖို႔ အတြက္ လူတေထာင္ထက္ပိုၿပီး စုေဝးမႈေတြကို တားျမစ္လိုက္ပါတယ္။

အယ္လီးေဇ နန္းေတာ္မွာ ကာကြယ္ေရး ေကာင္စီနဲ႔ ၂ နာရီၾကာ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ က်န္းမာေရး ဝန္ႀကီး အိုလီဗာ ေဗ႐ြန္း က အခုလို ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။

တိုင္းျပည္အတြက္ အက်ိဳးရွိေစမယ္လို႔ ယူဆရတဲ့ အခမ္းအနားစာရင္းကို သက္ဆိုင္ရာ အရာရွိေတြက ထုတ္ျပန္လိမ့္မယ္လို႔ သူက ဆိုပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ျပင္သစ္မွာ ေသဆုံးသူ ၁၉ ေယာက္ထိ ရွိသြားပါၿပီ။

တကယ္ေတာ့ လာမယ့္ ဧၿပီလလယ္ အထိ ၊ လူငါးေထာင္ထက္ေက်ာ္ၿပီး လူစုလူေဝး မလုပ္ရဘူးလို႔ အေစာပိုင္းတုန္းက ထုတ္ျပန္ထားခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ ျပည္နယ္မွာ လူစုလူေဝး အခမ္းအနားေတြကို ရပ္ဆိုင္းထားဖို႔ စဥ္းစားေနၿပီ
အေမရိကန္ ျပည္ေထာင္စု အေနာက္ဖက္ ကမ္း႐ိုးတန္းက ေအာ္ရီဂြန္ ျပည္နယ္ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ျပန္႔ပြားမႈေၾကာင့္ အခုေနာက္ဆုံး အေရးေပၚ အေျခအေန ေၾကညာရတဲ့ ျပည္နယ္ ျဖစ္လာပါၿပီ။

ဒီေၾကညာခ်က္ကို ရက္ေပါင္း ေျခာက္ဆယ္ ခ်မွတ္ထားမွာ ျဖစ္တယ္လို႔ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ကိတ္ဘေရာင္းက ေျပာပါတယ္။

ေအာ္ရီဂြန္ ျပည္နယ္မွာ ေရာဂါပိုး ေတြ႕ရသူ ၁၄ ေယာက္ ရွိသြားပါၿပီ။

ဗိုင္းရပ္ ျပန္႔ႏွံ႔မႈ ထိန္းခ်ဳပ္ဖို႔ မျဖစ္မေန လုပ္ေဆာင္ရမယ့္ အရာေတြကို ခ်မွတ္ဖို႔ စဥ္းစားေနၿပီလို႔ ေအာ္ရီဂြန္ အနီးက ဝါရွင္တန္ ျပည္နယ္ရဲ႕ အုပ္ခ်ဳပ္ေရးမႉး ေဂ်း အင္စလီ က အေစာပိုင္းတုန္းက ေျပာပါတယ္။

အဲဒီအထဲမွာ လူစုလူေဝး အခမ္းအနားေတြ ဖ်က္သိမ္းဖို႔ ၊ ႐ုံး အလုပ္ဌာနေတြမွာ စားပြဲခုံေတြ ကပ္မထားဖို႔ နဲ႔ လက္ဆြဲ ႏႈတ္ဆက္တာေတြ ေရွာင္ဖို႔ ကိစၥေတြ ပါဝင္ပါတယ္။

သမၼတ ထရမ့္ကေတာ့ ဗဟို အစိုးရဟာ ကို႐ိုနာ ဗိုင္းရပ္ ျဖစ္ပြားမႈကို အျပည့္အဝ ပူးေပါင္း ကိုင္တြယ္ ေနၿပီး သတင္းမီဒီယာေတြဟာ သူ႔အစိုးရအေပၚ အျမင္မွားေအာင္ ႀကိဳးစား လုပ္ေဆာင္ေနတယ္လို႔ သူက ျပစ္တင္ ေျပာဆိုခဲ့ပါတယ္။
 အီရန္က ျပန္လာသူေတြကို ကို႐ိုနာဗိုင္းရပ္စ္ အသိပညာေပး လက္ကမ္းစာေစာင္ေတြ ေဝမွ်
ေဆာ္ဒီ အာေရဗ်မွာ ေနာက္ထပ္ ေၾကညာခ်က္ မထုတ္မခ်င္း ႏိုင္ငံတလႊား ေက်ာင္းေတြ တကၠသိုလ္ေတြ ပိတ္ထားဖို႔ အာဏာပိုင္ေတြက အမိန္႔ထုတ္လိုက္ပါတယ္။

အေစာပိုင္းတုန္းကလည္း ႏိုင္ငံ အေရွ႕ပိုင္းက ေရနံထုတ္ရာ ကြာတစ္ဖ္ ျပည္နယ္မွာ အုပ္ခ်ဳပ္ေရး အရာရွိေတြက ဘယ္သူ႔ကို ၀င္ထြက္ခြင့္ မျပဳဘဲ ပိတ္ထားခဲ့ပါတယ္။

ဒါ့အျပင္ အစိုးရ ဌာနေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြမွာလည္း မျဖစ္မေန ေပးရမယ့္ ဝန္ေဆာင္မႈ လုပ္ငန္းေတြက လြဲလို႔ က်န္တဲ့ ႐ုံးဌာနေတြကို ရပ္ဆိုင္းထားပါတယ္။

ကြာတစ္ဖ္ ျပည္နယ္က ကို႐ိုနာ ကူးစက္ခံရသူေတြဟာ အီရန္က လာသူေတြ ဒါမွမဟုတ္ အီရန္မွာ ရွိသူေတြနဲ႔ ဆက္သြယ္ ထိေတြ႕မႈ ရွိခဲ့သူေတြ ျဖစ္တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

အီရန္ ႏိုင္ငံ ကိုယ္တိုင္လည္း သူတို႔ရဲ႕ ေလေၾကာင္းလိုင္းရဲ႕ ဥေရာပသြား ခရီးစဥ္ေတြကို ရပ္ထားၿပီး ဥေရာပ ႏိုင္ငံ တခ်ိဳ႕ကလည္း အီရန္ ေလေၾကာင္းလိုင္းရဲ႕ အဝင္ခရီးစဥ္ေတြကို တားျမစ္ထားပါတယ္။

အီရန္မွာ တရားဝင္ ထုတ္ျပန္ခ်က္ေတြ အရ ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆုံးသူ ၂၀၀ နီးပါး ရွိလာၿပီ ျဖစ္ပါတယ္။

ျမန္မာအစိုးရထုတ္ျပန္ခ်က္အရ မတ္လ ၈ ရက္ေန႔အထိ ဆရာဝန္တစ္ဦးအပါအဝင္ ေစာင့္ၾကည့္လူနာ ၆ ဦး ထပ္တိုးလာၿပီး သံသယလူနာ ၂ ဦးအပါအဝင္ ေစာင့္ၾကည့္လူနာ စုစုေပါင္း ၇၄ ဦးရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
အီတလီမှာ ထောင်တွင်း ဧည့်လက်မခံတဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြရာက ထောင်ဆူ

Image caption ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ သေဆုံးသူ ၃၀၀ ကျော်ရှိလာ

အီတလီမှာ ကိုဗစ်နိုင်တင်း လို့ခေါ်တဲ့ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု အဆိုးရွားဆုံး ဒေသဖြစ်တဲ့ လွန်ဘာဒီ အရပ်မှာ တရက်အတွင်း သေဆုံး ၁၀၀ ကျော်ရှိသွားခဲ့ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဒီရောဂါပိုးကြောင့် သေဆုံးသူ အခုအခါ ၃၆၆ ယောက် ရှိပြီ ဖြစ်ပါတယ်။

အခုလိုနှုန်းအတိုင်း ဆက်ပြီး ကူးစက်ပျံ့နှံ့နေမယ် ဆိုရင် အရေးပေါ်ဌာနမှာ လူနာထားဖို့ အိပ်ယာ နေရာတွေတောင် မရှိတော့ဘူးလို့ လွန်ဘာဒီ ဒေသတွင်း ရောဂါ ထိန်းချုပ်ရေး အရေးပေါ် လူနာ ဌာနကို တာဝန်ယူထားတဲ့ ပရော်ဖက်ဆာ ဂီယာကိုမို ဂရာဆီလီ က ပြောပါတယ်။

တချိန်တည်းမှာ ထောင်တွင်းဧည့်သည် လက်ခံတွေ့ဆုံမှုတွေကို တားမြစ်ခဲ့တာကြောင့် နိုင်ငံတလွှား အကျဉ်းထောင် လေးခုလောက်မှာ ထောင်ဆူမှုတွေ ဖြစ်ခဲ့ပါတယ်။

နေပယ်မြို့ ပေါ်ဂျီယို ရီလေး အကျဉ်းထောင် အပြင်ဘက်မှာ အကျဉ်းသား ဆွေမျိုး မိသားစုတွေက ထောင်တွင်း ဧည့်လက်မခံတဲ့ အပေါ် အော်ဟစ် ဆန္ဒပြခဲ့ ကြပါတယ်။

မိုဒေနာ အရပ်က ထောင်ဆူမှုမှာတော့ ထောင်အရာရှိ နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရောမ မြို့နားက ထောင်ဆူမှုမှာတော့ အကျဉ်းသားတွေက အထဲကို ဘယ်သူမှ မဝင်နိုင်အောင် တားဆီးပိတ်ဆို့ခဲ့တာကြောင့် ရဲ ကို လှမ်းခေါ် အကူအညီ တောင်းခံခဲ့ရပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ ဒီရောဂါ ကူးစက်မှု ထိန်းချုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် တားမြစ်မှုတွေ လုပ်လာနေပြီး အီတလီအစိုးရဟာ ဗိုင်းရပ်စ် ပြန့်နှံ့မှု ရပ်သွားစေဖို့ အတွက် ခွဲခန်းသုံး မျက်နှာဖုံးစွပ် ၂၂ သန်း မှာယူခဲ့ပါတယ်။
Image caption အီတလီက Lombardy အရပ်မှာ အဆိုးဆုံး ကူးစက်မှု ဖြစ်နေ

ပေါ်တူဂီမှာ သမ္မတ မာဆယ်လို ရီဘယ်လို ဒီဆော်ဆာ ဟာ ကျန်းမာရေး အခြေအနေကြောင့် ကိုရိုနာ ဗိုင်းရပ်စ် ကြိုတင် ကာကွယ်တဲ့အနေနဲ့ လို့ဆိုပြီး သူ့ရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို သီတင်း နှစ်ပတ်ကြာ ရပ်ဆိုင်းထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျောင်းသား ကလေးငယ် စု သမ္မတ နန်းတော်ကို လာရောက် ည်ပတ်ခဲ့ပြီး သူတို့ကျောင်းက တခြားကလေးတယောက် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဆေးရုံ ပို့လိုက်ရပြီးနောက်မှာ သမ္မတ က အိမ်ကနေ လှမ်းကြီးကြပ် အုပ်ချုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ သမ္မတ ဆီမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ လက္ခဏာတွေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

သမ္မတ ဒီဆော်ဆာ အနေနဲ့ လာမယ့် ရက်ပိုင်းတွေ အတွင်း တက်ရောက်ရမယ့် အခမ်းအနားတွေဟာ လူအများအပြားနဲ့ ထိတွေ့ ဆက်ဆံရမယ့် အစီအစဉ်တွေ ပါဝင်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကျောင်းဆရာ ဆရာမတွေလည်း သေဆုံးမှု ရှိနေ

ပြင်သစ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ဖို့ အတွက် လူတထောင်ထက်ပိုပြီး စုဝေးမှုတွေကို တားမြစ်လိုက်ပါတယ်။

အယ်လီးဇေ နန်းတော်မှာ ကာကွယ်ရေး ကောင်စီနဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ကျန်းမာရေး ဝန်ကြီး အိုလီဗာ ဗေရွန်း က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

တိုင်းပြည်အတွက် အကျိုးရှိစေမယ်လို့ ယူဆရတဲ့ အခမ်းအနားစာရင်းကို သက်ဆိုင်ရာ အရာရှိတွေက ထုတ်ပြန်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြင်သစ်မှာ သေဆုံးသူ ၁၉ ယောက်ထိ ရှိသွားပါပြီ။

တကယ်တော့ လာမယ့် ဧပြီလလယ် အထိ ၊ လူငါးထောင်ထက်ကျော်ပြီး လူစုလူဝေး မလုပ်ရဘူးလို့ အစောပိုင်းတုန်းက ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ပြည်နယ်မှာ လူစုလူဝေး အခမ်းအနားတွေကို ရပ်ဆိုင်းထားဖို့ စဉ်းစားနေပြီ

အမေရိကန် ပြည်ထောင်စု အနောက်ဖက် ကမ်းရိုးတန်းက အော်ရီဂွန် ပြည်နယ်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အခုနောက်ဆုံး အရေးပေါ် အခြေအနေ ကြေညာရတဲ့ ပြည်နယ် ဖြစ်လာပါပြီ။

ဒီကြေညာချက်ကို ရက်ပေါင်း ခြောက်ဆယ် ချမှတ်ထားမှာ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက ပြောပါတယ်။

အော်ရီဂွန် ပြည်နယ်မှာ ရောဂါပိုး တွေ့ရသူ ၁၄ ယောက် ရှိသွားပါပြီ။

ဗိုင်းရပ် ပြန့်နှံ့မှု ထိန်းချုပ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတွေကို ချမှတ်ဖို့ စဉ်းစားနေပြီလို့ အော်ရီဂွန် အနီးက ဝါရှင်တန် ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဂျေး အင်စလီ က အစောပိုင်းတုန်းက ပြောပါတယ်။

အဲဒီအထဲမှာ လူစုလူဝေး အခမ်းအနားတွေ ဖျက်သိမ်းဖို့ ၊ ရုံး အလုပ်ဌာနတွေမှာ စားပွဲခုံတွေ ကပ်မထားဖို့ နဲ့ လက်ဆွဲ နှုတ်ဆက်တာတွေ ရှောင်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

သမ္မတ ထရမ့်ကတော့ ဗဟို အစိုးရဟာ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားမှုကို အပြည့်အဝ ပူးပေါင်း ကိုင်တွယ် နေပြီး သတင်းမီဒီယာတွေဟာ သူ့အစိုးရအပေါ် အမြင်မှားအောင် ကြိုးစား လုပ်ဆောင်နေတယ်လို့ သူက ပြစ်တင် ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အီရန်က ပြန်လာသူတွေကို ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေမျှ

ဆော်ဒီ အာရေဗျမှာ နောက်ထပ် ကြေညာချက် မထုတ်မချင်း နိုင်ငံတလွှား ကျောင်းတွေ တက္ကသိုလ်တွေ ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

အစောပိုင်းတုန်းကလည်း နိုင်ငံ အရှေ့ပိုင်းက ရေနံထုတ်ရာ ကွာတစ်ဖ် ပြည်နယ်မှာ အုပ်ချုပ်ရေး အရာရှိတွေက ဘယ်သူ့ကို ဝင်ထွက်ခွင့် မပြုဘဲ ပိတ်ထားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရ ဌာနတွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာလည်း မဖြစ်မနေ ပေးရမယ့် ဝန်ဆောင်မှု လုပ်ငန်းတွေက လွဲလို့ ကျန်တဲ့ ရုံးဌာနတွေကို ရပ်ဆိုင်းထားပါတယ်။

    ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ တစ်သိန်း ရှိပြီ။
    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမြောက်ပိုင်းမှာ လူ ၁၆ သန်းကို အသွားအလာကန့်သတ်

ကွာတစ်ဖ် ပြည်နယ်က ကိုရိုနာ ကူးစက်ခံရသူတွေဟာ အီရန်က လာသူတွေ ဒါမှမဟုတ် အီရန်မှာ ရှိသူတွေနဲ့ ဆက်သွယ် ထိတွေ့မှု ရှိခဲ့သူတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အီရန် နိုင်ငံ ကိုယ်တိုင်လည်း သူတို့ရဲ့ လေကြောင်းလိုင်းရဲ့ ဥရောပသွား ခရီးစဉ်တွေကို ရပ်ထားပြီး ဥရောပ နိုင်ငံ တချို့ကလည်း အီရန် လေကြောင်းလိုင်းရဲ့ အဝင်ခရီးစဉ်တွေကို တားမြစ်ထားပါတယ်။

အီရန်မှာ တရားဝင် ထုတ်ပြန်ချက်တွေ အရ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၂၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။
china economy

မြန်မာအစိုးရထုတ်ပြန်ချက်အရ မတ်လ ၈ ရက်နေ့အထိ ဆရာဝန်တစ်ဦးအပါအဝင် စောင့်ကြည့်လူနာ ၆ ဦး ထပ်တိုးလာပြီး သံသယလူနာ ၂ ဦးအပါအဝင် စောင့်ကြည့်လူနာ စုစုပေါင်း ၇၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com
အီတလီမွာ ေထာင္တြင္း ဧည့္လက္မခံတဲ့ အေပၚ မေက်နပ္လို႔ ဆႏၵျပရာက ေထာင္ဆူ အီတလီမွာ ေထာင္တြင္း ဧည့္လက္မခံတဲ့ အေပၚ မေက်နပ္လို႔ ဆႏၵျပရာက ေထာင္ဆူ Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.