ပဲခူးမြို့ မှာ ဓါးကိုင်၍ သောင်းကျန်းနေသူအား လက်နက်ဥပဒေဖြင့် အမှုဖွင့်


(Unicode)
ဓါးကိုင်၍ သောင်းကျန်းနေသူအား လက်နက်ဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်မှု
မတ်လ ( ၃ ) ရက်
*******************
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်း မှုခင်းကျဆင်းရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂-၃-၂၀၂၀ ရက်နေ့ ညနေ(၄)နာရီအချိန်ခန့် ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ ပေ(၂၀) ပိုင်း၊ (၇/၄)၊ ရွှေကျွန်းသာတာပေါင်ရိုးပေါ်တွင် အမည်အသိအမျိုးသား(၁)ဦး ဓါးကိုင်သောင်းကျန်း နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သူရနိုင်(ခ)စိုးမင်းပိုင် (၂၄)နှစ်၊ ရွှေကျွန်းသာတာ ပေါ်လမ်း၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူဖြစ်ကြောင်းသိရှိရပြီး ၎င်းသည် အရိုးအသွား (၂၇) လက်မခွဲခန့်ရှိ သတ္တုရိုးတပ်၊ ဓါးဦးချွန်(၁)ချောင်းအားကိုင်ဆောင်၍ ဆူပူသောင်းကျန်းနေသည်ကို တွေ့ရှိရသဖြင့် ထိန်းသိမ်းဖမ်းဆီးပြီး ပဲခူးမြို့၊ အမှတ်(၂)နယ်မြေမရဲစခန်း(ပ)၃၇၄/၂၀၂၀၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Zawgyi

မတ်လ ( ၃ ) ရက်
*******************

Bago Regional Police Force
ပဲခူးမြို့ မှာ ဓါးကိုင်၍ သောင်းကျန်းနေသူအား လက်နက်ဥပဒေဖြင့် အမှုဖွင့် ပဲခူးမြို့ မှာ ဓါးကိုင်၍ သောင်းကျန်းနေသူအား လက်နက်ဥပဒေဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 23:14 Rating: 5
Powered by Blogger.