ျမန္မာမွာ COVID-19 ကာကြယ္ေရး က်န္းမာေရးမွတ္တမ္း အတိအက်ျဖည့္ဖုိ႔ ႏိႈးေဆာ္ထား

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ဆိုက္ေရာက္လာတဲ့ ေလယာဥ္ေပၚက ခရီးသယ္ေတြရဲ႕ ကိုယ္အပူခ်ိန္ကို တိုင္းတာေနေသာ ျမန္မာ့က်န္းမာေရးဌာနမွ ၀န္ထမ္း တဦး (သတင္းဓာတ္ပံု - ေဖေဖာ္၀ါရီ၊ ၁၉၊ ၂၀၂၀)
(Zawgyi/Unicode)

ျပည္ပကေန ျမန္မာႏုိင္ငံတြင္း ဝင္လာသူေတြအေနနဲ႔ COVID-19 ကူးစက္မႈ ကာကြယ္ေရးအတြက္ က်န္းမာေရးဆိုင္ရာ မွတ္တမ္းစာရြက္မွာ တိတိက်က် ျဖည့္စြက္ေပးဖို႔ က်န္းမာေရးဌာန တာဝန္ရွိသူတဦးက ပန္ၾကားလိုက္ပါတယ္။ ဒါ့အျပင္ လိုအပ္လို႔ သီးသန္႔ခြဲထားၿပီး ေစာင့္ၾကည့္ခံရမယ္ဆုိရင္လည္း ပူးေပါင္းေဆာင္ရြက္ဖို႔ တိုက္တြန္းပါ တယ္။ ေရာဂါ ပိုး ကူးစက္သံသယနဲ႔ ေစာင့္ၾကည့္လူနာ ေလးဦး ရွိခဲ့တာမွာ ဒီကေန႔ညေနပိုင္းမွာေတာ့ သူတို႔ေလးဦးလံုးမွာ ေရာဂါပိုးကင္းရွင္းတယ္ဆိုတာ စစ္ေဆးေတြ႔ရွိၿပီးျဖစ္ပါတယ္။ အျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

Covid 19 ကိုရုိနာေရာဂါပိုး ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးတဲ့ ျမန္မာႏိ္ုင္ငံမွာ ဒီေရာဂါေစာင့္ၾကပ္ ၾကည့္ရႈေရးနဲ႔ ကာကြယ္ေရးလုပ္ငန္းေတြကို အရွိန္ျမွင့္ ေဆာင္ရြက္ေနတာ ျဖစ္ၿပီး ျမန္မာျပည္တြင္းကို ဝင္ေရာက္လာသူေတြ အေနနဲ႔ က်န္းမာေရးအေျခအေန ေဖာ္ျပတဲ့ Health Declaration Card ေတြကို ေသေသခ်ာခ်ာ ျဖည့္ၾကဖို႔လိုအပ္တယ္လို႔ ဗဟုိကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“လူထုကိုေျပာခ်င္တာကေတာ့ ေလေၾကာင္းခရီးနဲ႔ ေရေၾကာင္းခရီးမ်ားမွ ျပည္တြင္းသို႔ဝင္ေရာက္လာသူေတြ အေနနဲ႔ က်န္းမာေရးအေျခအေန ေဖာ္ျပခ်က္ကဒ္ဆိုတာ ရွိပါတယ္။ Health Declaration Card ကို ျပည့္စံုတိက်စြာ ျဖည့္စြက္ဖို႔ အေရးႀကီးပါတယ္။ အဲလိုျဖည့္စြက္မွသာ ဒီလုိမ်ိဳး Case ေတြကိုေထာက္လွမ္းတဲ့အခါမွာ လ်င္ျမန္ လြယ္ကူစြာ ေဆာင္ရြက္ႏုိင္မွာ ျဖစ္ပါတယ္။ တခါတေလက်လို႔ရွိရင္ ေရာဂါျဖစ္ပြားကူးစက္မႈ မ်ားတဲ့ေနရာေတြ ကေနၿပီးေတာ့ ျပည္တြင္းသို႔လာတဲ့သူေတြ အေနနဲ႔ လက္ရွိမွာဆို သူက ေရာဂါပ်ိဳးခ်ိန္ ျဖစ္ေနတဲ့အတြက္ေၾကာင့္ ေရာဂါလကၡဏာေတာ့ စ စခ်င္း ရွိခ်င္မွရွိမယ္။ ဒါ ေပမယ့္ ေရာဂါပ်ိဳးခ်ိ န္ကာလ တေလွ်ာက္လံုးမွာ ေရာဂါျဖစ္ႏို္င္တဲ့ အတြက္ က်မတုိ႔က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေနၿပီးေတာ့ လိုအပ္ရင္လိုအပ္သလို Quarantine ေပါ့ေနာ္။ အသြားအလာ ကန္႔သတ္ၿပီး ေစာင့္ၾကပ္ၾကည့္ရႈျခင္းကို ေဆာင္ရြက္ေနပါတယ္။”

ခရီးသြား ေတြရဲ့ ခရီးသြား မွတ္တမ္းေတြကို ရယူတာနဲ႔ က်န္းမာေရးအေျခအေန ေဖာ္ျပတဲ့ Health Declaration Card ေတြ ကို ျဖည့္ခိုင္းၿပီးမွ ျပည္တြင္းကိုဝင္ေရာက္ခြင့္ျပဳဖို႔ ဦးစားေပး လုပ္ေဆာင္ ေနတာ ျဖစ္ၿပီး ကိုရုိနာေရာဂါပိုး ကူးစက္မႈျဖစ္ပြားေနတဲ့ ႏို္င္ငံေတြဆီက ေရာက္လာသူေတြကိုပါ အသြားအလာကန္႔သတ္ၿပီး ေရာဂါရွိ မရွိ ေစာင့္ၾကည့္တဲ့ Quarantine လုပ္ငန္းေတြ ေဆာင္ရြက္ေနတာေၾကာင့္ ျပည္သူေတြ ပူးေပါင္းပါဝင္ၾကဖို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အသြားအလာ ကန္႔သတ္ၿပီးေတာ့ ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္းနဲ႔ ေရာဂါလကၡဏာ စတင္ျဖစ္ပြား တာနဲ႔ ခ်က္ခ်င္း ကုသႏုိင္မွာ ျဖစ္တဲ့အတြက္ ေရာဂါျပင္းထန္မႈကိုလည္း ေလွ်ာ့ခ်ႏုိ္င္မယ္၊ အသက္ေသဆံုးမႈကိုလည္း ေလွ်ာ့ခ်ႏုိင္မယ္။ အဲဒီ ကာယကံရွင္အတြက္သာမက သူ႔ရဲ႕မိသားစုေတြ၊ သူ႔ရဲ႕ပတ္ဝန္းက်င္ မိတ္ေဆြ အေပါင္းအသင္းေတြကိုလည္း ကူးစက္ ျပန္႔ပြားျခင္းက ကာကြယ္ႏုိင္မွာ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ ဒီအသြားအလာကန္႔သတ္ ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္း Quarantine ေဆာင္ရြက္တာမွာ ျပည္သူလူထုနဲ႔ ကာယကံရွင္ေတြ ပူးေပါင္းပါဝင္ဖုိ႔ အေရးႀကီးတဲ့အေၾကာင္း ေျပာခ်င္ပါတယ္။”

ျမန္မာျပည္တြင္းမွာ မေန႔က မတ္လ ၃ ရက္ ညေန ၆ နာရီအထိ ေစာင့္ၾကည့္လူနာ ၄ ဦးရွိခဲ့ၿပီး ဒီကေန႔ညေနမွာေတာ့ သူတို႔ ၄ ဦးစလံုးမွာ ကိုရိုနာေရာဂါပုိး မရွိေၾကာင္း အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန NHL ရဲ႕ စစ္ေဆးခ်က္အရ သိရပါတယ္။

အဲဒီလူနာေလးဦးဟာ ေဝဘာဂီအထူးကုေဆးရံုက အသက္ ၂၉ ႏွစ္အရြယ္ တရုတ္ႏုိ္င္ငံသား၊ အသက္ ၃၇ ႏွစ္အရြယ္ နယူးဇီလန္ႏိုင္ငံသားနဲ႔ အသက္ ၃၂ ႏွစ္အရြယ္ ျမန္မာႏုိင္ငံသားတဦး အပါအဝင္ စစ္ေတြျပည္သူ႔ေဆးရံုႀကီးက အသက္ ၂၉ ႏွစ္အရြယ္ ျမန္မာႏုိင္ငံသားတဦးတို႔ျဖစ္ၿပီး ေရာဂါပိုးမရွိေၾကာင္း ရလဒ္ထြက္ခဲ့ေပမယ့္ သူတုိ႔ကုိ ေဆးရံုမွာ ၄၈ နာရီၾကာ သီးျခားထားရွိဦးမွာပါ။

အဲဒါအျပင္ အသက္ ၂၆ ႏွစ္အရြယ္ ျမန္မာႏုိင္ငံသားတဦးဟာ ျပည္တြင္းကို ေရာက္မလာခင္တုန္းက စကၤာပူႏုိင္ငံက COVID- 19 ေရာဂါျဖစ္ပြားေနသူတဦးနဲ႔ အနီးကပ္ေနထုိင္ခဲ့တာေၾကာင့္ သူ႔ကုိ အသြားအလာကန္႔သတ္လိုက္ၿပီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေဆးရံုမွာထားရွိၿပီး ေစာင့္ၾကပ္ၾကည့္ရႈေနတာပါ။ အဲဒီအမ်ိဳးသားရဲ႕ ဓာတ္ခြဲနမူနာကိုလည္း NHL ကိုေပးပို႔ဖို႔ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူက ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကို ေရွာင္ၾကဥ္ၾကဖို႔ အပါအဝင္ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိပညာေပး ႏိႈးေဆာ္ခ်က္ေတြကို လုိက္နာေဆာင္ရြက္ၾကဖို႔ တုိက္တြန္းထားပါတယ္။

လက္ကုိဆပ္ျပာနဲ႔ စနစ္တက် မၾကာခဏေဆးေပးဖုိ႔၊ ေခ်ာင္းဆုိးႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔၊ တကိုယ္ေရသန္႔ရွင္းေရးကုိ အေလးထားၿပီး အာဟာရျပည့္ဝေအာင္ စားေသာက္ေနထုိင္ဖို႔နဲ႔ ေနမေကာင္းျဖစ္သူေတြနဲ႔ အနီးကပ္ေနထုိင္တာ ေရွာင္ၾကဥ္ဖို႔ကို ႏိႈးေဆာ္ထားပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရုိနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၇၆ ႏိုင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၃ရက္ ေန႔လည္ခင္းစာရင္းအရ လူေပါင္း ၉၁,၃၄၇ ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၇၀၆ ေယာက္နဲ႔ ေသဆံုးသူ ၇ ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာ ျဖစ္ၿပီး ေသဆံုးသူကေတာ့ စုစုေပါင္း ၃,၁၂၀ အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------

မြန်မာမှာ COVID-19 ကာကွယ်ရေး ကျန်းမာရေးမှတ်တမ်း အတိအကျဖြည့်ဖို့ နှိုးဆော်ထား

ပြည်ပကနေ မြန်မာနိုင်ငံတွင်း ဝင်လာသူတွေအနေနဲ့ COVID-19 ကူးစက်မှု ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ မှတ်တမ်းစာရွက်မှာ တိတိကျကျ ဖြည့်စွက်ပေးဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ပန်ကြားလိုက်ပါ တယ်။ ဒါ့အပြင် လိုအပ်လို့ သီးသန့်ခွဲထားပြီး စောင့်ကြည့်ခံရမယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ရောဂါ ပိုး ကူးစက်သံသယနဲ့ စောင့်ကြည့်လူနာ လေးဦးရှိခဲ့တာမှာ ဒီကနေ့ညနေပိုင်းမှာတော့ သူတို့လေးဦးလုံးမှာ ရောဂါပိုးကင်းရှင်းတယ်ဆိုတာ စစ်ဆေးတွေ့ရှိပြီးဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

Covid 19 ကိုရိုနာရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးတဲ့ မြန်မာနိုင်ငံမှာ ဒီရောဂါစောင့်ကြပ် ကြည့်ရှုရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နေတာ ဖြစ်ပြီး မြန်မာပြည်တွင်းကို ဝင်ရောက်လာသူတွေ အနေနဲ့ ကျန်းမာရေးအခြေအနေ ဖော်ပြတဲ့ Health Declaration Card တွေကို သေသေချာချာ ဖြည့်ကြဖို့လိုအပ်တယ်လို့ ဗဟိုကူးစက်ေ ရာဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လူထုကိုပြောချင်တာကတော့ လေကြောင်းခရီးနဲ့ ရေကြောင်းခရီးများမှ ပြည်တွင်းသို့ဝင်ရောက်လာသူတွေ အနေနဲ့ ကျန်းမာရေးအခြေအနေ ဖော်ပြချက်ကဒ်ဆိုတာ ရှိပါတယ်။ Health Declaration Card ကို ပြည့်စုံတိကျစွာ ဖြည့်စွက်ဖို့ အရေးကြီးပါတယ်။ အဲလိုဖြည့်စွက်မှသာ ဒီလိုမျိုး Case တွေကိုထောက်လှမ်းတဲ့အခါမှာ လျင်မြန် လွယ်ကူစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တခါတလေကျလို့ရှိရင် ရောဂါဖြစ်ပွားကူးစက်မှု များတဲ့နေရာတွေ ကနေပြီးတော့ ပြည်တွင်းသို့လာတဲ့သူတွေ အနေနဲ့ လက်ရှိမှာဆို သူက ရောဂါပျိုးချိန်ဖြစ်နေတဲ့အတွက်ကြောင့် ရောဂါလက္ခဏာတော့ စ စချင်း ရှိချင်မှရှိမယ်။ ဒါ ပေမယ့် ရောဂါပျိုးချိ န်ကာလ တလျှောက်လုံးမှာ ရောဂါဖြစ်နိုင်တဲ့ အတွက် ကျမတို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေပြီးတော့ လိုအပ်ရင်လိုအပ်သလို Quarantine ပေါ့နော်။ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်နေပါတယ်။”

ခရီးသွား တွေရဲ့ ခရီးသွား မှတ်တမ်းတွေကို ရယူတာနဲ့ ကျန်းမာရေးအခြေအနေ ဖော်ပြတဲ့ Health Declaration Card တွေ ကို ဖြည့်ခိုင်းပြီးမှ ပြည်တွင်းကိုဝင်ရောက်ခွင့်ပြုဖို့ ဦးစားပေး လုပ်ဆောင် နေတာ ဖြစ်ပြီး ကိုရိုနာရောဂါပိုး ကူးစက်မှုဖြစ်ပွားနေတဲ့ နိုင်ငံတွေဆီက ရောက်လာသူတွေကိုပါ အသွားအလာကန့်သတ်ပြီး ရောဂါရှိ မရှိ စောင့်ကြည့်တဲ့ Quarantine လုပ်ငန်းတွေ ဆောင်ရွက်နေတာ ကြောင့် ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အသွားအလာ ကန့်သတ်ပြီးတော့ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနဲ့ ရောဂါလက္ခဏာ စတင်ဖြစ်ပွား တာနဲ့ ချက်ချင်း ကုသနိုင်မှာ ဖြစ်တဲ့အတွက် ရောဂါပြင်းထန်မှုကိုလည်း လျှော့ချနိုင်မယ်၊ အသက်သေဆုံးမှုကိုလည်း လျှော့ချနိုင်မယ်။ အဲဒီကာယကံရှင်အတွက်သာမက သူ့ရဲ့မိသားစုတွေ၊ သူ့ရဲ့ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ကူးစက် ပြန့်ပွားခြင်းက ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအသွားအလာကန့်သတ် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း Quarantine ဆောင်ရွက်တာမှာ ပြည်သူလူထုနဲ့ ကာယကံရှင်တွေ ပူးပေါင်းပါဝင်ဖို့ အရေးကြီးတဲ့အကြောင်း ပြောချင်ပါတယ်။”

မြန်မာပြည်တွင်းမှာ မနေ့က မတ်လ ၃ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာ ၄ ဦးရှိခဲ့ပြီး ဒီကနေ့ညနေမှာတော့ သူတို့ ၄ ဦးစလုံးမှာ ကိုရိုနာရောဂါပိုး မရှိကြောင်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

အဲဒီလူနာလေးဦးဟာ ဝေဘာဂီအထူးကုဆေးရုံက အသက် ၂၉ နှစ်အရွယ် တရုတ်နိုင်ငံသား၊ အသက် ၃၇ နှစ်အရွယ် နယူးဇီလန်နိုင်ငံသားနဲ့ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသားတဦး အပါအဝင် စစ်တွေပြည်သူ့ဆေးရုံကြီးက အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးတို့ဖြစ်ပြီး ရောဂါပိုးမရှိကြောင်း ရလဒ်ထွက်ခဲ့ပေမယ့် သူတို့ကို ဆေးရုံမှာ ၄၈ နာရီကြာ သီးခြားထားရှိဦးမှာပါ။

အဲဒါအပြင် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးဟာ ပြည်တွင်းကိုရောက်မလာခင်တုန်းက စင်္ကာပူနိုင်ငံက COVID- 19 ရောဂါဖြစ်ပွားနေသူတဦးနဲ့ အနီးကပ်နေထိုင်ခဲ့တာကြောင့် သူ့ကို အသွားအလာကန့်သတ်လိုက်ပြီး ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံမှာထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေတာပါ။ အဲဒီအမျိုးသားရဲ့ ဓာတ်ခွဲနမူနာကိုလည်း NHL ကိုပေးပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့ အပါအဝင် ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်ကိုဆပ်ပြာနဲ့ စနစ်တကျ မကြာခဏဆေးပေးဖို့၊ ချောင်းဆိုးနှာချေရင် ပါးစပ်အုပ်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြီး အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ဖို့နဲ့ နေမကောင်းဖြစ်သူတွေနဲ့ အနီးကပ်နေထိုင်တာ ရှောင်ကြဉ်ဖို့ကို နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၇၆ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၃ရက် နေ့လည်ခင်းစာရင်းအရ လူပေါင်း ၉၁,၃၄၇ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၆ ယောက်နဲ့ သေဆုံးသူ ၇ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာ ဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၃,၁၂၀ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာမွာ COVID-19 ကာကြယ္ေရး က်န္းမာေရးမွတ္တမ္း အတိအက်ျဖည့္ဖုိ႔ ႏိႈးေဆာ္ထား ျမန္မာမွာ COVID-19 ကာကြယ္ေရး က်န္းမာေရးမွတ္တမ္း အတိအက်ျဖည့္ဖုိ႔ ႏိႈးေဆာ္ထား Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.