မန္တလေးခရိုင်မှာ ဓါးကိုင်ရမ်းကားနေသူများအား ဖမ်းဆီးအမှုဖွင့်

အသွင်ယူဖမ်းဆီးစစ်ဆေးဆောင်ရွက်စဉ် မသင်္ကာဖွယ် လက်နက်ကိုင်ဆောင်သူများအား အရေးယူဆောင်ရွက် (၂၄-၂-၂၀၂၀ မှ ၁-၃-၂၀၂၀ အထိ)
မန္တလေး၊ မတ် ၃
မန္တလေးခရိုင်ရဲတပ်ဖွဲ့နယ်မြေ မြို့ပေါ် မြို့နယ်(၇)မြို့နယ်အား ညစဉ် အထူးအဖွဲ့များခွဲ၍ ဒုစရိုက် မှုခင်းများ ဖော်ထုတ်နိုင်ရေး အသွင်ယူဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ -
▪️၂၅.၂.၂၀၂၀ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် အမှတ်(၈)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မောင်ချမ်းမြတ် (၃၃)နှစ်၊ ကန်သာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်လာသော MDY DD-xxxx AD VAN အဖြူရောင်ယာဉ် အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ အရိုးအသွား(၂၇.၅) လက်မခန့်ရှိ သတ္တုရိုးတပ်ဓါးဦးချွန် ဓါးရှည် (၁)ချောင်းအား တွေ့ရှိသိမ်း ဆည်းရမိ၍ လည်းကောင်း၊
▪️၂၅.၂. ၂၀၂၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် အရက် သေစာသောက်စားပြီး ဓါးကိုင်ရမ်းကားနေေသာ သူရနိုင် (၁၉)နှစ်၊ ပုဏ္ဏားကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူထံမှ အရိုးအသွား (၁၃) လက်မခွဲရှိ ဓါးဦးချွန်တစ်ချောင်းနှင့် အရိုး အသွား(၁၉)လက်မရှိ ဓါးဦးချွန်(၁)ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိ၍လည်းကောင်း၊
▪️၂၅.၂.၂၀၂၀ ရက်နေ့ ည ၈ နာရီအချိန် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ၅၈-မင်းကြီးရန်နောင်မီပွိုင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ သူရိန်ထွန်း(ခ)အားနိုး (၂၈)နှစ်၊ ပြည်ကြီး တံခွန်မြို့နယ်နေသူထံမှ အရိုးအသွား (၁၁.၅) လက်မခန့်ရှိ သတ္တုရိုးတပ်ဓါးဦးချွန်ဓါးမြောင် (၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိ၍ လည်းကောင်း၊
▪️၂၆.၂.၂၀၂၀ ရက်နေ့ ည ၉ နာရီအချိန် အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ၅၃-၅၄လမ်းကြား၊ ယုဇနလမ်း-သံလမ်းကြားအရောက်တွင် အရက်သေစာသောက်စားမူးယစ်နေ သော လွှမ်းမိုးသူ(၂၇)နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူထံမှ အရိုး အသွား(၁၈)လက်မခန့်ရှိ ဓါးဦးချွန်ကင်ဒိုဓါး(၁)ချောင်း အား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိ၍လည်းကောင်း၊
▪️၂၆.၂.၂၀၂၀ ရက်နေ့ ည ၁၀ နာရီအချိန် အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ချမ်းမြ သာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ တန်ဖိုးနည်းအိမ်ရာရှေ့ လမ်းမပေါ်အရောက်တွင် အရက်သေစာသောက်စားမူးယစ်နေသော ကျော်မျိုးနိုင်(၂၄)နှစ်၊ ကလောမြို့၊ ရှမ်းပြည်နယ် နေသူထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ သုံးမြောင့်စကေဘာ(၁)ချောင်းအား ကိုင်ဆောင် ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိ၍လည်းကောင်း၊
▪️၂၇.၂.၂၀၂၀ ရက်နေ့ ည ၉ နာရီ ၄၀ အချိန် မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့် အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ရှားတော လေးကျေးရွာ၊ တန်ပိုဂိတ်အနောက်ဘက် ရန်-မန်းလမ်းပေါ်တွင် လူတစ်ဦးဓါးကိုင်ရမ်းကား နေသော ဖိုးစီ(၃၇)နှစ်၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူထံမှ သစ်သားရိုးတပ်အရိုး အသွား(၁၃)လက်မခန့်ရှိ ဓါးဦးချွန် (၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိ၍လည်းကောင်း၊
▪️၂၈.၂.၂၀၂၀ ရက်နေ့ ည ၁၀ နာရီ ၀၅ အချိန် အမှတ်(၉)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် လမ်း-၆၀x၄၂ လမ်းထောင့်တွင် လမ်း ၆၀ အတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ၆၅ယ/xxxxx Honda Click အနီရောင်ဆိုင်ကယ်အား မသင်္ကာသဖြင့်ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် မောင်းနှင်လာသူ စည်သူ(ခ)စည်သူအောင်(၂၂)နှစ်၊ ချမ်းမြသာစည်မြို့နယ်နေသူ ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ခွေးသွားစိတ်ပါစတီးခေါက်ဓါးချွန်(၁)ချောင်း အား တွေ့ရှိ သိမ်းဆည်းရမိ၍လည်းကောင်း၊
▪️၂၆.၂.၂၀၂၀ ရက်နေ့ ည ၈ နာရီအချိန် အမှတ်(၇)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ဓါးကိုင်ဆောင်ရမ်းကားနေကြောင်းသတင်းအရ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အရှေ့ရပ်ကွက်အတွင်း သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ ဓားကိုင်ရမ်းကားနေ သော အောင်ပြည့်ဖြိုး(ခ)ဘောကြီး(၂၆)နှစ်၊ သံလျက်မှော်အရှေ့ရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်နေသူထံမှ အရိုးအသွား(၂၂)လက်မခွဲခန့်ရှိ သစ်သားရိုးတပ်ဓါးရှည်(၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိ၍လည်းကောင်း၊

သက်ဆိုင်ရာရဲစခန်းတွင် လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အသီးသီးအမှုရေးဖွင့်ဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️


မန္တလေး၊ မတ် ၃


▪️၂၅.၂. ၂၀၂၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် အရက် သေစာသောက်စားပြီး ဓါးကိုင်ရမ်းကားနေသော သူရနိုင် (၁၉)နှစ်၊ ပုဏ္ဏားကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူထံမှ အရိုးအသွား (၁၃) လက်မခွဲရှိ ဓါးဦးချွန်တစ်ချောင်းနှင့် အရိုး အသွား(၁၉)လက်မရှိ ဓါးဦးချွန်(၁)ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိ၍လည်းကောင်း၊








Mandalay Police








မန္တလေးခရိုင်မှာ ဓါးကိုင်ရမ်းကားနေသူများအား ဖမ်းဆီးအမှုဖွင့် မန္တလေးခရိုင်မှာ ဓါးကိုင်ရမ်းကားနေသူများအား ဖမ်းဆီးအမှုဖွင့် Reviewed by THITHTOOLWIN on 23:22 Rating: 5
Powered by Blogger.