တ႐ုတ္မွာ ေဆး႐ုံတင္ခံရတဲ့ ျမန္မာတစ္ဦးေပ်ာက္ေန

တ႐ုတ္ႏိုင္ငံ၊ စန္းတုံးျပည္နယ္က ပင္လယ္စာေရာင္းတဲ့ဆိုင္တစ္ဆိုင္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ၊ စန္းတုံး၊ ေဝ့ဟိုင္ၿမိဳ႕၊ ေပ့႐ြမ္ကုမၸဏီရဲ႕ ပင္လယ္စာထုတ္လုပ္တဲ့စက္႐ုံမွာ ေရာက္ရွိလုပ္ကိုင္ေနၾကတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြထဲက အလုပ္သမားတစ္ဦး ေခ်ာင္းဆိုးဖ်ားနာေနတဲ့အတြက္ အလုပ္ရွင္က ေဆး႐ုံပို႔လိုက္ၿပီးတဲ့ေနာက္ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။

ေပ်ာက္ဆုံးေနသူဟာ မေကြးတိုင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕နယ္၊ ေ႐ႊပန္းေတာတိုက္နယ္ ႐ြာသာကုန္းေက်း႐ြာက ေမာင္သန္းေအာင္ ျဖစ္ပါတယ္။ သူဟာ ေခ်ာင္ဆိုးၿပီး ဖ်ားနာလာလို႔ အလုပ္ရွင္က ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က ေဆး႐ုံပို႔လိုက္တာပါ။ ဒါေပမဲ့ အခုထိ ျပန္ေရာက္မလာေသးတဲ့အတြက္ အလုပ္ရွင္ကို ေမးျမန္းတဲ့အခါ ျမန္မာ ႏိုင္ငံကို ျပန္ပို႔လိုက္ၿပီလို႔ ေျပာဆိုေၾကာင္း၊ ဒါေၾကာင့္ သူရဲ႕မူလဇာတိျဖစ္တဲ့ မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕ နယ္၊ ေ႐ႊပန္းေတာတိုက္နယ္ ႐ြာသာကုန္းေက်း႐ြာက မိသားစုေတြထံ ဆက္သြယ္ေမးျမန္းတဲ့အခါမွာလည္း အခုထိ ျမန္မာႏိုင္ငံကို ျပန္မေရာက္ေသးဘူးလို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေပ့႐ြမ္ကုမၸဏီရဲ႕  ပင္လယ္စာထုတ္လုပ္တဲ့စက္႐ုံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမား ဦးမင္းေအာင္က အခုလို ေျပာပါတယ္။

“ဒီစက္႐ုံမွာ ျမန္မာႏိုင္ငံသား တရားမဝင္အလုပ္သမား ၁၈၀ ေက်ာ္ေလာက္ရွိတယ္၊မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕နယ္က အမ်ားဆုံးျဖစ္ပါတယ္။ ေမာင္သန္းေအာင္ဆိုတဲ့ အလုပ္သမားဟာ ႏွစ္လပိုင္း ေျခာက္ရက္ ေန႔က ေခ်ာင္းတအားဆိုးၿပီး၊ အျပင္းဖ်ားလို႔ ေဝ့ဟိုင္ၿမိဳ႕ ေဆး႐ုံကို ပို႔လိုက္ပါတယ္၊ ႏွစ္လပိုင္း ၂၆ ရက္ေန႔မွာ လူနာက ေဆး႐ုံမွာမရွိေတာ့ပါဘူး၊ မရွိေတာ့တဲ့အတြက္ သူေဌးကို ေမးျမန္းၾကည့္ရာမွာ ျမန္မာႏိုင္ငံကို ျပန္ပို႔လိုက္ၿပီလို႔ ေျပာပါတယ္၊ ျမန္မာႏိုင္ငံက သူ႔မိသားစုဆီ ဆက္သြယ္ေမးျမန္းၾကည့္ေတာ့လည္း ျပန္ေရာက္မလာေသးဘူးလို႔ ေျပာပါတယ္၊ သူ႔အေနနဲ႔ ဘာမွတိက်တဲ့ ေျဖရွင္းခ်က္မေပးႏိုင္တဲ့အတြက္ က်ေနာ္တို႔ အလုပ္သမားေတြနဲ႔ အလုပ္ရွင္ၾကား ပဋိပကၡျဖစ္ၾကပါတယ္၊ ႏွစ္ရက္တိတိအလုပ္မဆင္းဘဲ ဆႏၵျပခဲ့ၾကပါတယ္“

အဲဒီစက္႐ုံမွာ တရားမဝင္အလုပ္သမား ၁၈၀ ေက်ာ္ရွိပါတယ္။ အလုပ္သမားေတြ  ျမန္မာႏိုင္ငံ ျပန္ႏိုင္ေရးအတြက္ ကူညီဖို႔ တ႐ုတ္ႏိုင္ငံ ေဘက်င္းၿမိဳ႕ ျမန္မာႏိုင္ငံ သံ႐ုံးကို ဆက္သြယ္အေၾကာင္းၾကားထားတယ္လို႔ သိရပါတယ္။

ေပက်င္းၿမိဳ႕ ျမန္မာသံ႐ုံးကို RFA က အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တရုတ်မှာ ဆေးရုံတင်ခံရတဲ့ မြန်မာတစ်ဦးပျောက်နေ

တရုတ်နိုင်ငံ၊ စန်းတုံးပြည်နယ်က ပင်လယ်စာရောင်းတဲ့ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ၊ စန်းတုံး၊ ဝေ့ဟိုင်မြို့၊ ပေ့ရွမ်ကုမ္ပဏီရဲ့ ပင်လယ်စာထုတ်လုပ်တဲ့စက်ရုံမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက အလုပ်သမားတစ်ဦး ချောင်းဆိုးဖျားနာနေတဲ့အတွက် အလုပ်ရှင်က ဆေးရုံပို့လိုက်ပြီးတဲ့နောက် ပျောက်ဆုံးသွားခဲ့ပါတယ်။

ပျောက်ဆုံးနေသူဟာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ် ရွာသာကုန်းကျေးရွာက မောင်သန်းအောင် ဖြစ်ပါတယ်။ သူဟာ ချောင်ဆိုးပြီး ဖျားနာလာလို့ အလုပ်ရှင်က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဆေးရုံပို့လိုက်တာပါ။ ဒါပေမဲ့ အခုထိ ပြန်ရောက်မလာသေးတဲ့အတွက် အလုပ်ရှင်ကို မေးမြန်းတဲ့အခါ မြန်မာ နိုင်ငံကို ပြန်ပို့လိုက်ပြီလို့ ပြောဆိုကြောင်း၊ ဒါကြောင့် သူရဲ့မူလဇာတိဖြစ်တဲ့ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နယ်၊ ရွှေပန်းတောတိုက်နယ် ရွာသာကုန်းကျေးရွာက မိသားစုတွေထံ ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း အခုထိ မြန်မာနိုင်ငံကို ပြန်မရောက်သေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပေ့ရွမ်ကုမ္ပဏီရဲ့  ပင်လယ်စာထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးမင်းအောင်က အခုလို ပြောပါတယ်။

“ဒီစက်ရုံမှာ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမား ၁၈၀ ကျော်လောက်ရှိတယ်၊မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်က အများဆုံးဖြစ်ပါတယ်။ မောင်သန်းအောင်ဆိုတဲ့ အလုပ်သမားဟာ နှစ်လပိုင်း ခြောက်ရက် နေ့က ချောင်းတအားဆိုးပြီး၊ အပြင်းဖျားလို့ ဝေ့ဟိုင်မြို့ ဆေးရုံကို ပို့လိုက်ပါတယ်၊ နှစ်လပိုင်း ၂၆ ရက်နေ့မှာ လူနာက ဆေးရုံမှာမရှိတော့ပါဘူး၊ မရှိတော့တဲ့အတွက် သူဌေးကို မေးမြန်းကြည့်ရာမှာ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပြီလို့ ပြောပါတယ်၊ မြန်မာနိုင်ငံက သူ့မိသားစုဆီ ဆက်သွယ်မေးမြန်းကြည့်တော့လည်း ပြန်ရောက်မလာသေးဘူးလို့ ပြောပါတယ်၊ သူ့အနေနဲ့ ဘာမှတိကျတဲ့ ဖြေရှင်းချက်မပေးနိုင်တဲ့အတွက် ကျနော်တို့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ပဋိပက္ခဖြစ်ကြပါတယ်၊ နှစ်ရက်တိတိအလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်“

အဲဒီစက်ရုံမှာ တရားမဝင်အလုပ်သမား ၁၈၀ ကျော်ရှိပါတယ်။ အလုပ်သမားတွေ  မြန်မာနိုင်ငံ ပြန်နိုင်ရေးအတွက် ကူညီဖို့ တရုတ်နိုင်ငံ ဘေကျင်းမြို့ မြန်မာနိုင်ငံ သံရုံးကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပေကျင်းမြို့ မြန်မာသံရုံးကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
တ႐ုတ္မွာ ေဆး႐ုံတင္ခံရတဲ့ ျမန္မာတစ္ဦးေပ်ာက္ေန တ႐ုတ္မွာ ေဆး႐ုံတင္ခံရတဲ့ ျမန္မာတစ္ဦးေပ်ာက္ေန Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.