ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ထိုင္းစက္႐ံုပိတ္ ျမန္မာေတြ အလုပ္ျပဳတ္

ထုိင္းႏုိင္ငံရွိ ေဈးဝယ္စင္တာတခုတြင္ သန္႔ရွင္းေရးလုပ္ေနသည့္ ဝန္ထမ္းအခ်ဳိ႕။ (ဇြန္ ၁၈၊ ၂၀၀၉)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ စမုပရကမ္ခ႐ုိင္အတြင္း ဘန္႔ပူၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ အလုပ္သမား ၁၀၀၀ ေက်ာ္ရွိတဲ့ Union Garment Company အႀကီးစား အထည္ခ်ဳပ္စက္႐ုံဟာ မတ္လ ၁ ရက္ေန႔ကစ စက္႐ုံလည္ပတ္မႈ ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း အလုပ္သမားေတြကို ေျပာဆုိခဲ့ပါတယ္။ ဒီအတြက္ ထိုင္းနဲ႔ ျမန္မာ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ေနတဲ့ အေျခအေနကို ရင္ဆုိင္ေနရပါတယ္။ ဒီစက္႐ုံေတြဟာ ကုန္ၾကမ္းမရွိတာရယ္၊ ဆက္လည္ပတ္ဖို႔ အ႐ႈံးေပၚေနတာရယ္ေၾကာင့္ ရပ္ဆုိင္းတာလို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ဆုိပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗိုင္းရပ္စ္ ျဖစ္ၿပီးတဲ့ေနာက္ တ႐ုတ္ႏိုင္ငံဘက္က ကုန္ၾကမ္းေတြကို မွီခိုေနရတဲ့ ထိုင္းက စက္႐ုံအေတာ္မ်ားမ်ားဟာ ရပ္နားခဲ့ပါတယ္။ ဒီစက္႐ုံဟာ ထိုင္း-ျမန္မာ အလုပ္သမားေပါင္း ၁၀၀၀ ေက်ာ္ရွိေနတဲ့ အထည္ခ်ဳပ္စက္႐ုံျဖစ္ၿပီး အမ်ိဳးသမီး အမ်ိဳးသား ရွပ္အကႌ်နဲ႔ အားကစား၀တ္စံု၊ ဌာနဆိုင္ရာ၀တ္စံုေတြ ခ်ဳပ္ေနတဲ့ အႀကီးစားစက္႐ုံ ျဖစ္ပါတယ္။

ဒီလိုစက္႐ုံေတြ ဆက္တုိက္ရပ္နားေနတာနဲ႔ ပတ္သက္လို႔ AAC အလုပ္သမား ကူညီေရးအဖဲြ႔က ဒါ႐ုိက္တာ ဦးခိုင္ႀကီးကေတာ့ အခုလိုေျပာျပပါတယ္။

“႐ုံႀကီးေရာ ႐ုံခဲြေရာ ပိတ္တယ္။ အလုပ္သမား ၈၀၀ ေက်ာ္ရွိတယ္။ ျမန္မာအလုပ္သမားက ရွိတယ္။ ထုိင္းကေတာ့ ကားေမာင္းသမားနဲ႔ ႐ုံးပိုင္းဆိုင္ရာမွာ လုပ္တယ္။ အလုပ္သမား ၁၀၀၀ ေလာက္ေတာ့ ရွိမွာေပါ့။ စက္႐ုံသူေဌးကေတာ့ နစ္နာေၾကးေပးပါမယ္ ေျပာတယ္။ တကယ္ေပးမေပးေတာ့ မသိေသးဘူး။ ဒီဗုိင္းရပ္စ္ကိစၥနဲ႔ပဲ ျပႆနာတက္ေနတယ္။ ပစၥည္းကို အ၀င္အထြက္မရေတာ့ ကုန္သြယ္ေရးေတြ ေႏွာင့္ေႏွးသြားတယ္။ ဆက္တုိက္ဆက္တုိက္ ပိတ္ေနတာ ႐ုံအေသးေတြ အမ်ားႀကီးေနာ္။ မဟာခ်ိဳင္က စမုဆာခြန္းက စက္႐ုံတ႐ံုဆိုရင္ တ႐ုတ္ေတြက အလုပ္သမား ၅၀ ေက်ာ္ကို အလုပ္ျဖဳတ္ၿပီး တလစာေပးမယ္ဆိုၿပီး ေပၚတင္ပဲ ရပ္ပစ္တာ၊ ခ်က္ခ်င္းရပ္ပစ္တာ၊ အဲဒီအတုိင္းဆို ျမန္မာအလုပ္သမားေတြ အလုပ္လက္မဲ့ေတြ မ်ားလာမွာေပါ့ေနာ္။”

အခုလုိ စက္႐ုံလုပ္ငန္းေတြ ပိတ္လိုက္လို႔ အလုပ္လက္မဲ့ ျဖစ္သြားရတဲ့ သူေတြအတြက္ နစ္နာေၾကးရႏုိင္ဖို႔ အလုပ္သမား အခြင့္အေရး အက်ိဳးေဆာင္အဖြဲ႔ေတြက လိုက္လံေဆာင္ရြက္ေပးေနၿပီး ထိုင္းႏုိင္ငံသား အလုပ္သမားေတြ အတြက္ကေတာ့ ေနာက္ထပ္ အလုပ္အသစ္ေတြ ဆက္ေလွ်ာက္ႏုိင္ဖုိ႔ အလုပ္သမား ေနရာခ်ထားေရးအဖြဲ႔ တာ၀န္ရွိသူေတြက ဆက္လက္လုပ္ေဆာင္ေပးေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကစလို႔ ထိုင္းအစိုးရ အခြန္ကိစၥေတြကို တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္လုပ္လာၿပီးတဲ့ေနာက္ စက္႐ုံေပါင္း ၁၄၀၀ ေက်ာ္ ပိတ္ပစ္ခဲ့ရၿပီး ၂၀၂၀ ျပည့္ႏွစ္ထဲမွာေတာ့ တ႐ုတ္ႏုိင္ငံမွာျဖစ္တဲ့ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ကုန္ၾကမ္းေတြ မွာယူတာ၊ ကုန္ေခ်ာေတြ ပုိ႔ေဆာင္တာေတြ အခက္အခဲေတြျဖစ္ၿပီး ေနာက္ထပ္စက္႐ုံေတြလည္း ဆက္တုိက္ဆိုသလို ပိတ္ပစ္တာေတြ ရွိေနပါတယ္။

-------------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းစက်ရုံပိတ် မြန်မာတွေ အလုပ်ပြုတ်

ထိုင်းနိုင်ငံ စမုပရကမ်ခရိုင်အတွင်း ဘန့်ပူမြို့မှာ ဖွင့်လှစ်ထားတဲ့ အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့ Union Garment Company အကြီးစား အထည်ချုပ်စက်ရုံဟာ မတ်လ ၁ ရက်နေ့ကစ စက်ရုံလည်ပတ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အလုပ်သမားတွေကို ပြောဆိုခဲ့ပါတယ်။ ဒီအတွက် ထိုင်းနဲ့ မြန်မာ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီစက်ရုံတွေဟာ ကုန်ကြမ်းမရှိတာရယ်၊ ဆက်လည်ပတ်ဖို့ အရှုံးပေါ်နေတာရယ်ကြောင့် ရပ်ဆိုင်းတာလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပြီးတဲ့နောက် တရုတ်နိုင်ငံဘက်က ကုန်ကြမ်းတွေကို မှီခိုနေရတဲ့ ထိုင်းက စက်ရုံအတော်များများဟာ ရပ်နားခဲ့ပါတယ်။ ဒီစက်ရုံဟာ ထိုင်း-မြန်မာ အလုပ်သမားပေါင်း ၁၀၀၀ ကျော်ရှိနေတဲ့ အထည်ချုပ်စက်ရုံဖြစ်ပြီး အမျိုးသမီး အမျိုးသား ရှပ်အင်္ကျီနဲ့ အားကစားဝတ်စုံ၊ ဌာနဆိုင်ရာဝတ်စုံတွေ ချုပ်နေတဲ့ အကြီးစားစက်ရုံ ဖြစ်ပါတယ်။

ဒီလိုစက်ရုံတွေ ဆက်တိုက်ရပ်နားနေတာနဲ့ ပတ်သက်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးကတော့ အခုလိုပြောပြပါတယ်။

“ရုံကြီးရော ရုံခွဲရော ပိတ်တယ်။ အလုပ်သမား ၈၀၀ ကျော်ရှိတယ်။ မြန်မာအလုပ်သမားက ရှိတယ်။ ထိုင်းကတော့ ကားမောင်းသမားနဲ့ ရုံးပိုင်းဆိုင်ရာမှာ လုပ်တယ်။ အလုပ်သမား ၁၀၀၀ လောက်တော့ ရှိမှာပေါ့။ စက်ရုံသူဌေးကတော့ နစ်နာကြေးပေးပါမယ် ပြောတယ်။ တကယ်ပေးမပေးတော့ မသိသေးဘူး။ ဒီဗိုင်းရပ်စ်ကိစ္စနဲ့ပဲ ပြဿနာတက်နေတယ်။ ပစ္စည်းကို အဝင်အထွက်မရတော့ ကုန်သွယ်ရေးတွေ နှောင့်နှေးသွားတယ်။ ဆက်တိုက်ဆက်တိုက် ပိတ်နေတာ ရုံအသေးတွေ အများကြီးနော်။ မဟာချိုင်က စမုဆာခွန်းက စက်ရုံတရုံဆိုရင် တရုတ်တွေက အလုပ်သမား ၅၀ ကျော်ကို အလုပ်ဖြုတ်ပြီး တလစာပေးမယ်ဆိုပြီး ပေါ်တင်ပဲ ရပ်ပစ်တာ၊ ချက်ချင်းရပ်ပစ်တာ၊ အဲဒီအတိုင်းဆို မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့တွေ များလာမှာပေါ့နော်။”

အခုလို စက်ရုံလုပ်ငန်းတွေ ပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ သူတွေအတွက် နစ်နာကြေးရနိုင်ဖို့ အလုပ်သမား အခွင့်အရေး အကျိုးဆောင်အဖွဲ့တွေက လိုက်လံဆောင်ရွက်ပေးနေပြီး ထိုင်းနိုင်ငံသား အလုပ်သမားတွေ အတွက်ကတော့ နောက်ထပ် အလုပ်အသစ်တွေ ဆက်လျှောက်နိုင်ဖို့ အလုပ်သမား နေရာချထားရေးအဖွဲ့ တာဝန်ရှိသူတွေက ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ ထိုင်းအစိုးရ အခွန်ကိစ္စတွေကိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်လုပ်လာပြီးတဲ့နောက် စက်ရုံပေါင်း ၁၄၀၀ ကျော် ပိတ်ပစ်ခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ တရုတ်နိုင်ငံမှာဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းတွေ မှာယူတာ၊ ကုန်ချောတွေ ပို့ဆောင်တာတွေ အခက်အခဲတွေဖြစ်ပြီး နောက်ထပ်စက်ရုံတွေလည်း ဆက်တိုက်ဆိုသလို ပိတ်ပစ်တာတွေ ရှိနေပါတယ်။

ေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ထိုင္းစက္႐ံုပိတ္ ျမန္မာေတြ အလုပ္ျပဳတ္ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ထိုင္းစက္႐ံုပိတ္ ျမန္မာေတြ အလုပ္ျပဳတ္ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.