တ႐ုတ္ကျပန္မယ့္ ျမန္မာလုပ္သားတခ်ိဳ႕ အဖမ္းခံရ

(Zawgyi)⤵⤵⤵
ကို႐ိုနာစတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားေတြ ေနရပ္ျပန္ဖို႔ ႀကိဳးစားရင္း ဖမ္းဆီးခံရတာေတြ ရွိေနပါတယ္။

ကို႐ိုနာျပန႔္ႏွံ႔ေနတာေၾကာင့္ တ႐ုတ္ႏိုင္ငံက ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ ဆက္သြယ္ေရး ျဖတ္ေတာက္ထားသလို စက္႐ုံအလုပ္႐ုံေတြလည္း ပိတ္ထားပါတယ္။

အဲဒီစက္႐ုံ အလုပ္႐ုံေတြက ျမန္မာအလုပ္သမားေတြ ျမန္မာျပည္ ျပန္ဖို႔ႀကိဳးစားရင္း တ႐ုတ္ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးခံရသူ ၂၀ ေက်ာ္ရွိတယ္လို႔ ေျပာၾကပါတယ္။

ဖမ္းဆီးခံရတဲ့ အလုပ္သမားေတြက ကယ္ထုတ္ေပးဖို႔ အလုပ္သမားအေရး ကူညီေနသူေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းက အကူအညီေတာင္းခံတာေတြရွိပါတယ္။

“ ရဲစက္႐ုံကို အလုပ္လုပ္ဖို႔ပို႔ထားပါတယ္၊ ကူညီေပးပါဦး၊ လူ ၄၃ ေယာက္မွာ တစ္ေယာက္တစ္ေနရာစီ ခြဲလိုက္တယ္၊ အခုက ၂၃ ေယာက္၊ က်ေနာ္တို႔ တအားျပန္ခ်င္ေနၿပီ ဘယ္လို႔မွအဆင္မေျပဘူး၊ ဒုကၡေရာက္ေနတယ္၊ အခ်ဳပ္ထဲမွာေနရတာေလ”

အခုၾကားခဲ့ရတာက အလုပ္သမားအေရး ကူညီေနတဲ့ အဖြဲ႕ေတြဆီ အကူအညီ လွမ္းေတာင္းတဲ့ အလုပ္သမား တစ္ေယာက္ရဲ႕ အသံပါ။

တ႐ုတ္ႏိုင္ငံ ေဘက်င္းမွာရွိတဲ့ ျမန္မာသံ႐ုံး တာဝန္ရွိသူတစ္ဦးကေတာ့ ေနရပ္ျပန္လိုတဲ့ အလုပ္သမားေတြကို တ႐ုတ္ရဲေတြက ဖမ္းဆီးေထာင္ခ်တာမ်ိဳးမလုပ္ဘဲ ေနရပ္ျပန္ႏိုင္ဖို႔ ေဆာင္႐ြက္တာလို႔ပဲ ေျပာပါတယ္။

“သက္ဆိုင္ရာျပည္နယ္ေတြက ရဲဌာနနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ရတာရွိေတာ့ တခ်ိဳ႕ကလည္း တရားဝင္ အေထာက္အထားေတြမရွိေတာ့ စိုးရိမ္လား မသိပါဘူး၊က်ေနာ္တို႔ကေတာ့ ေျပာပါတယ္၊ ဒါကစိုးရိမ္စရာ မရွိပါဘူးလို႔၊ ဒီဘက္မွာလည္း ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္”

ျမန္မာအလုပ္သမားေတြဟာ ေန႔စဥ္ဆိုသလို ေနရပ္ျပန္ဖို႔ အခက္အခဲရွိတဲ့အေၾကာင္း အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြကို အကူအညီေတာင္းခံတာေတြရွိပါတယ္။

တ႐ုတ္ျပည္မွာ စားေသာက္ေရး ခက္ခဲေနတဲ့ ျမန္မာလုပ္သားေတြ ရွိေနတယ္လို႔ ေ႐ႊလီအေျခစိုက္ မိုးမခေဖာင္းေဒးရွင္းနာယက ေဒၚမိုးမခ က ေျပာပါတယ္။

“ေတာထဲမွာေရာက္ေနတဲ့ လူေတြ၊ တည္းခိုခန္းမွာပိတ္မိေနတဲ့ လူေတြ၊ လမ္းေဘးေရာက္ေနၿပီး စားစရာေရာ၊ ေနစရာေရာ မရွိတဲ့လူေတြက ကြၽန္မတို႔ကို ဆက္သြယ္လာတယ္၊ ဆက္သြယ္လာရင္ ကြၽန္မတို႔ကိုယ္တိုင္ သူတို႔မွာရွိတဲ့ လူဦးေရရွိသေလာက္ကို တပတ္စာ၊ ႏွစ္ပတ္စာဝယ္ဖို႔ ပိုက္ဆံလႊဲေပးတယ္”

တ႐ုတ္ျပည္ထဲေရာက္ေနၿပီး ေနရပ္ျပန္လိုေၾကာင္း အကူအညီေတာင္းခံတဲ့သူေတြထဲက ၆၀၀ ေက်ာ္ကို အျမန္ဆုံးျပန္ပို႔ႏိုင္ဖို႔ တ႐ုတ္အာဏာပိုင္ေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတဲ့ ေဘဂ်င္းမွာရွိတဲ့ ျမန္မာသံ႐ုံး တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံအတြင္း ေရာက္ရွိေနတဲ့ ျမန္မာလုပ္သား တစ္ေထာင္ေက်ာ္ဟာ ေနရပ္ျပန္ဖို႔ သံ႐ုံးကို အကူအညီေတာင္းထားပါတယ္။

အဲဒီထဲက အေထာက္အထားခိုင္လုံတဲ့ ျမန္မာႏိုင္ငံသား ၆၀၀ ေက်ာ္ကို ျမန္မာႏိုင္ငံျပန္ပို႔ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးေနတယ္လို႔ ျမန္မာသံ႐ုံး တာဝန္ရွိသူတစ္ဦးက RFA ကို ေျပာပါတယ္။

“၆၀၀ ေက်ာ္ေလာက္က သူတို႔ေနရပ္လိပ္စာ အတိအက်တို႔၊ သူတို႔ဘယ္ေနရာ ေရာက္ေနတယ္တို႔၊ သူတို႔ႏိုင္ငံသားမွတ္ပုံတင္နံပါတ္တို႔ ေတာင္းထားတဲ့အခ်က္အလက္ေတြ ျပည့္ျပည့္စုံစုံေပးႏိုင္တယ္၊ ဒီ ၆၀၀ ေက်ာ္ဟာ ျမန္မာႏိုင္ငံသားျဖစ္ေၾကာင္း အမည္စာရင္းေတြကို သက္ဆိုင္ရာရဲစခန္းေတြကို ပို႔ထားတယ္၊ ျပန္ပို႔ႏိုင္ဖို႔”

ျမန္မာႏိုင္ငံသားေတြ ေရာက္ေနတဲ့ေနရာေတြဟာ တ႐ုတ္ႏိုင္ငံထဲကေန ျပည္နယ္ငါးခုေလာက္ျဖတ္ၿပီးမွ ေနရပ္ျပန္ႏိုင္မွာျဖစ္တာေၾကာင့္ အဲဒီျပည္နယ္ေတြကေန ျဖတ္သန္းခြင့္ေတာင္းခံေနတာလို႔ သူက ေျပာပါတယ္။

ျမန္မာလုပ္သားေတြကေတာ့ သူတို႔ကို ျမန္မာသံ႐ုံးက ကူညီေပးတာ အားနည္းတယ္လို႔ ေျပာပါတယ္။

“ျပန္ပို႔ဖို႔ကတ္ျပားေတြလုပ္ေနတာ မၿပီးေသးလို႔ေတာ့ ေျပာတယ္၊ အဲေတာ့ ကြၽန္ေတာ္တို႔လည္း ျပန္ဖို႔ ပိုက္ဆံေတြက မရွိေတာ့ဘူး၊ ျပန္ဖို႔အကူညီေတာင္းတာ သူတို႔က တစ္ပတ္ေလာက္ေစာင့္ဖို႔ေတာ့ေျပာတယ္၊ သံ႐ုံးကိုဖုန္းေခၚရင္ မကိုင္တာကမ်ားတယ္၊ က်ေနာ္တို႔ကေတာ့ အားမရျဖစ္ေနတယ္၊ ၿပီးခဲ့တဲ့ ၁၅ ရက္ေန႔ ဆိုေတာ့ ေတာ္ေတာ္လည္းၾကာေနၿပီ”

တ႐ုတ္ႏိုင္ငံ ကြမ္းလုံၿမိဳ႕နယ္မွာ ျမန္မာျပည္ျပန္ဖို႔ေစာင့္ေနတဲ့ ကိုေအာင္ဆန္းမင္း ေျပာသြားတာပါ။

ျမန္မာအလုပ္သမားေတြဟာ တ႐ုတ္ရဲစခန္းေရာက္သြားတဲ့အခါ ျမန္မာျပည္ျပန္မပို႔ဘဲ ဖမ္းဆီးေထာင္ခ်ခံရမွာကို စိုးရိမ္ေနၾကတာပါ။

တ႐ုတ္ျပည္ေရာက္ရွိေနတဲ့ သူေတာ္ေတာ္မ်ားမ်ားဟာလည္း သံ႐ုံးကေတာင္းတဲ့ အေထာက္အထားေတြေပးပို႔ဖို႔ နည္းပညာအခက္အခဲရွိတာေၾကာင့္ တျခားအဆင္ေျပမယ့္ နည္းလမ္းကို အသုံးျပဳေစလိုတယ္လို႔  အလုပ္သမား ေတြ၊ အကူအညီေပးေနသူေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တရုတ်ကပြန်မယ့် မြန်မာလုပ်သားတချို့ အဖမ်းခံရ

ကိုရိုနာစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

ကိုရိုနာပြန့်နှံ့နေတာကြောင့် တရုတ်နိုင်ငံက မြို့ကြီးအတော်များများမှာ ဆက်သွယ်ရေး ဖြတ်တောက်ထားသလို စက်ရုံအလုပ်ရုံတွေလည်း ပိတ်ထားပါတယ်။

အဲဒီစက်ရုံ အလုပ်ရုံတွေက မြန်မာအလုပ်သမားတွေ မြန်မာပြည် ပြန်ဖို့ကြိုးစားရင်း တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိတယ်လို့ ပြောကြပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေက ကယ်ထုတ်ပေးဖို့ အလုပ်သမားအရေး ကူညီနေသူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက အကူအညီတောင်းခံတာတွေရှိပါတယ်။

“ ရဲစက်ရုံကို အလုပ်လုပ်ဖို့ပို့ထားပါတယ်၊ ကူညီပေးပါဦး၊ လူ ၄၃ ယောက်မှာ တစ်ယောက်တစ်နေရာစီ ခွဲလိုက်တယ်၊ အခုက ၂၃ ယောက်၊ ကျနော်တို့ တအားပြန်ချင်နေပြီ ဘယ်လို့မှအဆင်မပြေဘူး၊ ဒုက္ခရောက်နေတယ်၊ အချုပ်ထဲမှာနေရတာလေ”

အခုကြားခဲ့ရတာက အလုပ်သမားအရေး ကူညီနေတဲ့ အဖွဲ့တွေဆီ အကူအညီ လှမ်းတောင်းတဲ့ အလုပ်သမား တစ်ယောက်ရဲ့ အသံပါ။

တရုတ်နိုင်ငံ ဘေကျင်းမှာရှိတဲ့ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးကတော့ နေရပ်ပြန်လိုတဲ့ အလုပ်သမားတွေကို တရုတ်ရဲတွေက ဖမ်းဆီးထောင်ချတာမျိုးမလုပ်ဘဲ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်တာလို့ပဲ ပြောပါတယ်။

“သက်ဆိုင်ရာပြည်နယ်တွေက ရဲဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာရှိတော့ တချို့ကလည်း တရားဝင် အထောက်အထားတွေမရှိတော့ စိုးရိမ်လား မသိပါဘူး၊ကျနော်တို့ကတော့ ပြောပါတယ်၊ ဒါကစိုးရိမ်စရာ မရှိပါဘူးလို့၊ ဒီဘက်မှာလည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်”

မြန်မာအလုပ်သမားတွေဟာ နေ့စဉ်ဆိုသလို နေရပ်ပြန်ဖို့ အခက်အခဲရှိတဲ့အကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို အကူအညီတောင်းခံတာတွေရှိပါတယ်။

တရုတ်ပြည်မှာ စားသောက်ရေး ခက်ခဲနေတဲ့ မြန်မာလုပ်သားတွေ ရှိနေတယ်လို့ ရွှေလီအခြေစိုက် မိုးမခဖောင်းဒေးရှင်းနာယက ဒေါ်မိုးမခ က ပြောပါတယ်။

“တောထဲမှာရောက်နေတဲ့ လူတွေ၊ တည်းခိုခန်းမှာပိတ်မိနေတဲ့ လူတွေ၊ လမ်းဘေးရောက်နေပြီး စားစရာရော၊ နေစရာရော မရှိတဲ့လူတွေက ကျွန်မတို့ကို ဆက်သွယ်လာတယ်၊ ဆက်သွယ်လာရင် ကျွန်မတို့ကိုယ်တိုင် သူတို့မှာရှိတဲ့ လူဦးရေရှိသလောက်ကို တပတ်စာ၊ နှစ်ပတ်စာဝယ်ဖို့ ပိုက်ဆံလွှဲပေးတယ်”

တရုတ်ပြည်ထဲရောက်နေပြီး နေရပ်ပြန်လိုကြောင်း အကူအညီတောင်းခံတဲ့သူတွေထဲက ၆၀၀ ကျော်ကို အမြန်ဆုံးပြန်ပို့နိုင်ဖို့ တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာလုပ်သား တစ်ထောင်ကျော်ဟာ နေရပ်ပြန်ဖို့ သံရုံးကို အကူအညီတောင်းထားပါတယ်။

အဲဒီထဲက အထောက်အထားခိုင်လုံတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ကို မြန်မာနိုင်ငံပြန်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“၆၀၀ ကျော်လောက်က သူတို့နေရပ်လိပ်စာ အတိအကျတို့၊ သူတို့ဘယ်နေရာ ရောက်နေတယ်တို့၊ သူတို့နိုင်ငံသားမှတ်ပုံတင်နံပါတ်တို့ တောင်းထားတဲ့အချက်အလက်တွေ ပြည့်ပြည့်စုံစုံပေးနိုင်တယ်၊ ဒီ ၆၀၀ ကျော်ဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အမည်စာရင်းတွေကို သက်ဆိုင်ရာရဲစခန်းတွေကို ပို့ထားတယ်၊ ပြန်ပို့နိုင်ဖို့”

မြန်မာနိုင်ငံသားတွေ ရောက်နေတဲ့နေရာတွေဟာ တရုတ်နိုင်ငံထဲကနေ ပြည်နယ်ငါးခုလောက်ဖြတ်ပြီးမှ နေရပ်ပြန်နိုင်မှာဖြစ်တာကြောင့် အဲဒီပြည်နယ်တွေကနေ ဖြတ်သန်းခွင့်တောင်းခံနေတာလို့ သူက ပြောပါတယ်။

မြန်မာလုပ်သားတွေကတော့ သူတို့ကို မြန်မာသံရုံးက ကူညီပေးတာ အားနည်းတယ်လို့ ပြောပါတယ်။

“ပြန်ပို့ဖို့ကတ်ပြားတွေလုပ်နေတာ မပြီးသေးလို့တော့ ပြောတယ်၊ အဲတော့ ကျွန်တော်တို့လည်း ပြန်ဖို့ ပိုက်ဆံတွေက မရှိတော့ဘူး၊ ပြန်ဖို့အကူညီတောင်းတာ သူတို့က တစ်ပတ်လောက်စောင့်ဖို့တော့ပြောတယ်၊ သံရုံးကိုဖုန်းခေါ်ရင် မကိုင်တာကများတယ်၊ ကျနော်တို့ကတော့ အားမရဖြစ်နေတယ်၊ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ ဆိုတော့ တော်တော်လည်းကြာနေပြီ”

တရုတ်နိုင်ငံ ကွမ်းလုံမြို့နယ်မှာ မြန်မာပြည်ပြန်ဖို့စောင့်နေတဲ့ ကိုအောင်ဆန်းမင်း ပြောသွားတာပါ။

မြန်မာအလုပ်သမားတွေဟာ တရုတ်ရဲစခန်းရောက်သွားတဲ့အခါ မြန်မာပြည်ပြန်မပို့ဘဲ ဖမ်းဆီးထောင်ချခံရမှာကို စိုးရိမ်နေကြတာပါ။

တရုတ်ပြည်ရောက်ရှိနေတဲ့ သူတော်တော်များများဟာလည်း သံရုံးကတောင်းတဲ့ အထောက်အထားတွေပေးပို့ဖို့ နည်းပညာအခက်အခဲရှိတာကြောင့် တခြားအဆင်ပြေမယ့် နည်းလမ်းကို အသုံးပြုစေလိုတယ်လို့  အလုပ်သမား တွေ၊ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္ကျပန္မယ့္ ျမန္မာလုပ္သားတခ်ိဳ႕ အဖမ္းခံရ တ႐ုတ္ကျပန္မယ့္ ျမန္မာလုပ္သားတခ်ိဳ႕ အဖမ္းခံရ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.