COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵
(၃၀-၃-၂၀၂၀) ရက္ေန႔၊ ည (၇:၃၀) နာရီ

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၃၀-၃-၂၀၂၀) ရက္ေန႔၊ ညေန (၅:၁၅) နာရီတြင္ ထုတ္ျပန္ေသာ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံတြင္ အသြားအလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ လူနာ(၅၅)ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာ လူနာ (၄) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာ (၅၁) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၂။ COVID-19 ေရာဂါဓာတ္ခြဲအတည္ျပဳလူနာ (Case-08) (ဧည့္လမ္းၫႊန္) ၏ ေရာဂါျဖစ္ပြားမႈ ရာဇဝင္စစ္ေဆးခ်က္အရ ၎ဧည့္လမ္းၫႊန္လုပ္ငန္း ေဆာင္႐ြက္ခဲ့သည့္ ျပင္သစ္ႏိုင္ငံသား ခရီးသြား ဧည့္သည္ (၄)ဦးအား (၂၈-၃-၂၀၂၀)ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕ရွိ ဟိုတယ္ တစ္ခုတြင္ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္း ေဆာင္႐ြက္ခဲ့ၿပီး (၂၉-၃-၂၀၂၀) ရက္ေန႔တြင္ ဓာတ္ခြဲနမူနာရယူစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါသည္။ အဆိုပါ (၄)ဦး အနက္ (၃)ဦး (Case-11)၊ (Case-12) ႏွင့္ Case-13) တို႔တြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိ ခဲ့သျဖင့္ ၎တို႔ (၃)ဦးအား ေဝဘာဂီအထူးကုေဆး႐ုံသို႔ လႊဲေျပာင္းကုသမႈခံယူေစမည္ ျဖစ္ပါသည္။ အဆိုပါ (၃)ဦးတြင္ လက္ရွိအေျခအေနအရ ေရာဂါလကၡဏာတစ္စုံတစ္ရာ မေတြ႕ရွိရပါ။

၃။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-14) သည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္ တြင္ ေနထိုင္ေသာ အသက္ (၂၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္ၿပီး (၂၅-၃-၂၀၂၀) ရက္ေန႔တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့ကာ တာခ်ီလိတ္ ၿမိဳ႕တြင္ (၂)ညတာတည္းခိုေနထိုင္ခဲ့ပါသည္။ (၂၇-၃-၂၀၂၀)ရက္ေန႔၊ ညေနတြင္ တာခ်ီလိတ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေလေၾကာင္းျဖင့္ေရာက္ရွိခဲ့ၿပီး အဆိုပါေန႔ ညေနပိုင္းတြင္ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္ျဖင့္ မႏၲေလးၿမိဳ႕မွ ေက်ာက္မဲၿမိဳ႕သို႔ ေရာက္ရွိခဲ့ပါသည္။ (၂၈-၃-၂၀၂၀) ရက္ေန႔တြင္ အလြန္အမင္း အန္ျခင္း၊ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ားခံစားခဲ့ရသျဖင့္ ျပည္သူ႔ေဆး႐ုံ၊ ေက်ာက္မဲၿမိဳ႕သို႔ (၂၈-၃-၂၀၂၀) ရက္ေန႔၊ ညပိုင္းတြင္ လာေရာက္ျပသခဲ့ၿပီး ေစာင့္ၾကည့္လူနာအျဖစ္ သီးသန႔္ထားရွိ၍ ေဆးကု သမႈခံယူကာ ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။ အဆိုပါ လူနာ၏ လတ္တေလာ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၄။ ယခုအခါ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာ သျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာ တားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။ ျပည္သူလူထု အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါ ကာကြယ္ေရးဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါ သည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
-------------
(Unicode)⤵⤵⤵
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၂။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား (၂၈-၃-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည် ဖြစ်ပါသည်။ အဆိုပါ (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရပါ။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀)ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပါသည်။ (၂၈-၃-၂၀၂၀) ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ (၂၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၄။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.