အစိုးရဝန္ထမ္းေတြ ၅၀ ရာႏႈန္းသာ႐ုံးတက္ဖို႔ သတ္မွတ္ခ်က္ထဲ က်န္းမာေရးဝန္ထမ္းေတြ မပါဝင္

က်န္းမာေရးဝန္ထမ္းေတြဟာ ကိုဗစ္၁၉ ကိုခုခံကာကြယ္ရာမွာ ေရွ႕တန္းက ပါဝင္ေနတဲ့သူေတြျဖစ္
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္တဲ့ အစိုးရဝန္ထမ္းေတြ ၅၀ ရာခိုင္ႏႈန္းသာ ႐ုံးတက္ၾကဖို႔ သတ္မွတ္ခ်က္ထဲမွာ က်န္းမာေရးဝန္ထမ္းေတြမပါဝင္ေၾကာင္း ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံအုပ္ႀကီးရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

သမၼတ႐ုံးက မေန႔က မတ္ ၂၅ ရက္ညပိုင္းထုတ္ျပန္ခ်က္မွာ ႐ုံးဌာနအသီးသီးက ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းသာ ႐ုံးတက္ၾကဖို႔နဲ႔ က်န္တဲ့သူေတြ ကလည္း တာဝန္က်ရာေနရာကေန ကိုယ့္ေနရပ္ကို ျပန္မသြားဖို႔၊ လိုအပ္တဲ့အခ်ိန္ ေခၚယူတာဝန္ေပးရင္ ကိုယ့္ေနအိမ္ေတြကေန အသင့္ေစာင့္ဆိုင္းေနဖို႔ ဆိုၿပီး ထုတ္ျပန္ခဲ့တာပါ။

အဲဒီထုတ္ျပန္ခ်က္ကို စုံစမ္းၾကည့္တဲ့အခါ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနလက္ေအာက္က က်န္းမာေရးဝန္ထမ္းေတြမပါဝင္တာကို သိရတယ္လို႔ ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးရဲ႕ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္စိုးလက္မွတ္နဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

"ဟုတ္ပါတယ္။ က်န္းမာေရးဝန္ထမ္းေတြကေတာ့ ဆက္အလုပ္လုပ္ေနရမွာပါ။ ပုံမွန္အတိုင္းပဲ တာဝန္ဆက္လက္ထမ္းေဆာင္ပါမယ္။ ဆရာဝန္ ေတြသူနာျပဳေတြ က်န္းမာေရးဝန္ထမ္းေတြကေတာ့ဘာမွ စိုးရိမ္မႈမရွိပါဘူး။ ဒါ ကြၽန္မတို႔လုပ္ေနက် အလုပ္ပါပဲ" လို႔ ေျမာက္ဥကၠလာပ အေထြေထြေရာဂါကုနဲ႔ သင္ၾကားေရးေဆး႐ုံႀကီးရဲ႕ ေဆး႐ုံအုပ္ ေဒါက္တာဝင္းသႏၲာျဖဴက ေျပာပါတယ္။
 ေဝဘာဂီေဆး႐ုံမွာ ကိုဗစ္၁၉ အတည္ျပဳလူနာႏွစ္ဦးကို ကုသေပးေနပါတယ္။

က်န္းမာေရးဝန္ထမ္းေတြဟာ ကိုဗစ္၁၉ ကိုခုခံကာကြယ္ရာမွာ ေရွ႕တန္းက ပါဝင္ေနတဲ့သူေတြျဖစ္ၿပီး တခ်ိဳ႕ ဆရာဝန္ေတြသူနာျပဳေတြဆိုရင္ မိသားစုနဲ႔ ကိုယ့္ပတ္ဝန္းက်င္ လုံၿခဳံဖို႔ ေဆး႐ုံကေန အိမ္မျပန္ဖို႔ ဆုံးျဖတ္တာေတြလည္း ရွိေနပါတယ္။

မတ္လ ၂၆ ရက္ မြန္းလြဲပိုင္းအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္၁၉ အတည္ျပဳလူနာ သုံးဦး ေတြ႕ရွိထားၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသားႏွစ္ဦးနဲ႔ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသား ၁ ဦးတို႔ျဖစ္ပါတယ္။

ေလာေလာဆယ္ ဆရာဝန္အပါအဝင္ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕ ႀကဳံေနရတဲ့ျပႆနာကေတာ့ အျပင္အေဆာင္ေတြမွာေနရတဲ့ ဆရာဝန္တခ်ိဳ႕ကို အေဆာင္တခ်ိဳ႕က လက္မခံခ်င္တဲ့ျပႆနာေတြျဖစ္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

အဲဒါေၾကာင့္မႏၲေလးမွာဆိုရင္ အဲဒီျပႆနာႀကဳံေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ အခမဲ့ေနထိုင္ခြင့္ေပးမယ့္ေနရာေတြကို ဆရာေတာ္ႀကီးေတြနဲ႔ ပုဂၢလိက ေနအိမ္ပိုင္ရွင္ေတြက ကမ္းလွမ္းဖိတ္ေခၚေနတာေတြလူမႈကြန္ရက္မွာ ေတြ႕ရွိရပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အစိုးရဝန်ထမ်းတွေ ၅၀ ရာနှုန်းသာရုံးတက်ဖို့ သတ်မှတ်ချက်ထဲ ကျန်းမာရေးဝန်ထမ်းတွေ မပါဝင်


ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်၁၉ ကိုခုခံကာကွယ်ရာမှာ ရှေ့တန်းက ပါဝင်နေတဲ့သူတွေဖြစ်

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ အစိုးရဝန်ထမ်းတွေ ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ကြဖို့ သတ်မှတ်ချက်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေမပါဝင်ကြောင်း မြောက်ဥက္ကလာပပြည်သူ့ဆေးရုံအုပ်ကြီးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သမ္မတရုံးက မနေ့က မတ် ၂၅ ရက်ညပိုင်းထုတ်ပြန်ချက်မှာ ရုံးဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ကြဖို့နဲ့ ကျန်တဲ့သူတွေ ကလည်း တာဝန်ကျရာနေရာကနေ ကိုယ့်နေရပ်ကို ပြန်မသွားဖို့၊ လိုအပ်တဲ့အချိန် ခေါ်ယူတာဝန်ပေးရင် ကိုယ့်နေအိမ်တွေကနေ အသင့်စောင့်ဆိုင်းနေဖို့ ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်ကို စုံစမ်းကြည့်တဲ့အခါ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက်က ကျန်းမာရေးဝန်ထမ်းတွေမပါဝင်တာကို သိရတယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးရဲ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးလက်မှတ်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ဟုတ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဆက်အလုပ်လုပ်နေရမှာပါ။ ပုံမှန်အတိုင်းပဲ တာဝန်ဆက်လက်ထမ်းဆောင်ပါမယ်။ ဆရာဝန် တွေသူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေကတော့ဘာမှ စိုးရိမ်မှုမရှိပါဘူး။ ဒါ ကျွန်မတို့လုပ်နေကျ အလုပ်ပါပဲ" လို့ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနဲ့ သင်ကြားရေးဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဝေဘာဂီဆေးရုံမှာ ကိုဗစ်၁၉ အတည်ပြုလူနာနှစ်ဦးကို ကုသပေးနေပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်၁၉ ကိုခုခံကာကွယ်ရာမှာ ရှေ့တန်းက ပါဝင်နေတဲ့သူတွေဖြစ်ပြီး တချို့ ဆရာဝန်တွေသူနာပြုတွေဆိုရင် မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင် လုံခြုံဖို့ ဆေးရုံကနေ အိမ်မပြန်ဖို့ ဆုံးဖြတ်တာတွေလည်း ရှိနေပါတယ်။

မတ်လ ၂၆ ရက် မွန်းလွဲပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ အတည်ပြုလူနာ သုံးဦး တွေ့ရှိထားပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။

လောလောဆယ် ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းတချို့ ကြုံနေရတဲ့ပြဿနာကတော့ အပြင်အဆောင်တွေမှာနေရတဲ့ ဆရာဝန်တချို့ကို အဆောင်တချို့က လက်မခံချင်တဲ့ပြဿနာတွေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အဲဒါကြောင့်မန္တလေးမှာဆိုရင် အဲဒီပြဿနာကြုံနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခမဲ့နေထိုင်ခွင့်ပေးမယ့်နေရာတွေကို ဆရာတော်ကြီးတွေနဲ့ ပုဂ္ဂလိက နေအိမ်ပိုင်ရှင်တွေက ကမ်းလှမ်းဖိတ်ခေါ်နေတာတွေလူမှုကွန်ရက်မှာ တွေ့ရှိရပါတယ်။

BBC Burmese
https://www.bbc.com
အစိုးရဝန္ထမ္းေတြ ၅၀ ရာႏႈန္းသာ႐ုံးတက္ဖို႔ သတ္မွတ္ခ်က္ထဲ က်န္းမာေရးဝန္ထမ္းေတြ မပါဝင္ အစိုးရဝန္ထမ္းေတြ ၅၀ ရာႏႈန္းသာ႐ုံးတက္ဖို႔ သတ္မွတ္ခ်က္ထဲ က်န္းမာေရးဝန္ထမ္းေတြ မပါဝင္ Reviewed by THITHTOOLWIN on 23:59 Rating: 5
Powered by Blogger.