ႏုိင္ငံတကာေရာက္ အေမရိကန္ေတြ ျပန္လာဖို႔ ႏုိင္ငံျခားေရးဌာန ႏိႈးေဆာ္ထား

Guatemala ၿမိဳ႕ La Aurora ေလဆိပ္မွာ အေမရိကန္သံရံုးက စီစဥ္ေပးတဲ့ စင္းလံုးငွား ေလယာဥ္ကို ေစာင့္ေနၾကတဲ့ လူတခ်ိဳ႕ (သတင္းဓာတ္ပံု - မတ္ ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက COVID-19 ကပ္ေရာဂါကို ကမာၻလုံးဆုိင္ရာက်န္းမာေရး သတိေပးခ်က္ အဆင့္ ၄ အျဖစ္နဲ႔ သတ္မွတ္လိုက္ၿပီး ကမာၻတ၀န္းမွာရွိေနတဲ့ အေမရိကန္နုိင္ငံသားေတြကိုလည္း ႏုိင္ငံကိုိအျမန္ဆုံးျပန္လာဖို႔နဲ႔ ႏုိင္ငံတကာ ခရီးသြားလာမႈေတြ မလုပ္ၾကဖို႔ ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေနထုိင္ၿပီး လက္ရွိကမာၻ႔ႏုိင္ငံအသီးသီးကို ေရာက္ေနၾကတဲ့ အေမရိကန္ႏုိင္ငံသားေတြအေနနဲ႔ ျပည္ပမွာ အခ်ိန္အတုိင္းအတာ အကန္႔အသတ္ မရွိေနဖို႔အတြက္ စဥ္းစားထားတာမဟုတ္ရင္ နုိင္ငံကို အျမန္ဆုံး ျပန္လာဖို႔ ေျပာပါတယ္။

ဒါ့အျပင္ ျပည္ပႏုိင္ငံေတြမွာ သြားေရာက္ေနထုိင္ေနၾကတဲ့ အေမရိကန္ႏုိင္ငံသားေတြ အေနနဲ႔လည္း ႏုိင္ငံတကာခရီးသြားလာမႈေတြ မလုပ္ၾကဖို႔ကို တုိက္တြန္းလိုက္ပါတယ္။

ျမန္မာႏုိင္ငံကေန ႏုိင္ငံတကာကို ထြက္ခြာမယ့္ေလယာဥ္ေတြ ဒီကေန႔ကစလို႔ ရွိေနေသၿပီး အေမရိကန္ႏုိင္ငံကို ျပန္လာမယ့္သူေတြအေနနဲ႔ တရုတ္ႏုိင္ငံ ကြမ္က်ိဳနဲ႔ ရွန္ဟုိင္း၊ ကာတာႏုိင္ငံ ဒိုဟာၿမိဳ႕၊ ဂ်ပန္ႏုိင္ငံ တုိက်ိဳၿမိဳ႕နဲ႔ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ ေလဆိပ္ေတြကေန တဆင့္ အေမရိကန္ႏုိင္ငံကို ျပန္လာဖို႔ လုပ္သင့္တယ္လို႔ ေျပာထားပါတယ္။

ထုိင္းအစိုးရကလည္း ဘန္ေကာက္ေလဆိပ္ကေနတဆင့္ခရီးသြားမယ့္သူေတြကို တကယ္လို႔ ၂၄ နာရီထက္ မေက်ာ္ဘူးဆုိရင္ COVID-19 ေရာဂါမရွိေၾကာင္း ေဆးလက္မွတ္နဲ႔ က်န္းမာေရးအာမခံရွိေၾကာင္း အေထာက္အထားေတြ ျပသရမယ္ဆုိတဲ့ အခ်က္ကို ယာယီပယ္ဖ်က္လိုက္တယ္လို႔ အေမရိကန္သံရုံးရဲ႕ ေၾကျငာခ်က္ထဲမွာ ေျပာထားပါတယ္။ ဒါေပမဲ့လည္း ခရီးသည္အေနနဲ႔ ေလယာဥ္စီးႏုိင္တယ္ဆုိတဲ့ က်န္းမာေရးေဆးစစ္ခ်က္ကိုေတာ့ ျပဖို႔လိုတယ္လို႔ ဆုိထားပါတယ္။

ရန္ကုန္ၿမိဳ႕က အေမရိကန္သံရုံးအပါအ၀င္ ကမာၻတ၀န္းမွာရွိတဲ့ အေမရိကန္သံရုံးနဲ႔ ေကာင္စစ္၀န္ရုံးက သံ၀န္ထမ္းေတြနဲ႔ သူတုိ႔ရဲ႕ မိသားစုေတြအေနနဲ႔လည္း COVID-19 ေၾကာင့္ က်န္းမာေရးအႏၲရာယ္ရွိလာခဲ့ရင္ သံရုံးကေန ထြက္ခြာဖို႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက မတ္လ ၁၄ ရက္ေန႔က အတည္ျပဳထားပါတယ္။


[Unicode Version]

နိုင်ငံတကာရောက် အမေရိကန်တွေပြန်လာဖို့ နိုင်ငံခြားရေးဌာန နှိုးဆော်ထား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက COVID-19 ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး သတိပေးချက် အဆင့် ၄ အဖြစ်နဲ့ သတ်မှတ်လိုက်ပြီး ကမ္ဘာတဝန်းမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း နိုင်ငံကိုအမြန်ဆုံးပြန်လာဖို့နဲ့ နိုင်ငံတကာ ခရီးသွားလာမှုတွေ မလုပ်ကြဖို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ အချိန်အတိုင်းအတာ အကန့်အသတ် မရှိနေဖို့အတွက် စဉ်းစားထားတာမဟုတ်ရင် နိုင်ငံကို အမြန်ဆုံး ပြန်လာဖို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ အနေနဲ့လည်း နိုင်ငံတကာခရီးသွားလာမှုတွေ မလုပ်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ နိုင်ငံတကာကို ထွက်ခွာမယ့်လေယာဉ်တွေ ဒီကနေ့ကစလို့ ရှိနေသေပြီး အမေရိကန်နိုင်ငံကို ပြန်လာမယ့်သူတွေအနေနဲ့ တရုတ်နိုင်ငံ ကွမ်ကျိုနဲ့ ရှန်ဟိုင်း၊ ကာတာနိုင်ငံ ဒိုဟာမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေဆိပ်တွေကနေ တဆင့် အမေရိကန်နိုင်ငံကို ပြန်လာဖို့ လုပ်သင့်တယ်လို့ ပြောထားပါတယ်။

ထိုင်းအစိုးရကလည်း ဘန်ကောက်လေဆိပ်ကနေတဆင့်ခရီးသွားမယ့်သူတွေကို တကယ်လို့ ၂၄ နာရီထက် မကျော်ဘူးဆိုရင် COVID-19 ရောဂါမရှိကြောင်း ဆေးလက်မှတ်နဲ့ ကျန်းမာရေးအာမခံရှိကြောင်း အထောက်အထားတွေ ပြသရမယ်ဆိုတဲ့ အချက်ကို ယာယီပယ်ဖျက်လိုက်တယ်လို့ အမေရိကန်သံရုံးရဲ့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။ ဒါပေမဲ့လည်း ခရီးသည်အနေနဲ့ လေယာဉ်စီးနိုင်တယ်ဆိုတဲ့ ကျန်းမာရေးဆေးစစ်ချက်ကိုတော့ ပြဖို့လိုတယ်လို့ ဆိုထားပါတယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံးအပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးက သံဝန်ထမ်းတွေ နဲ့ သူတို့ရဲ့ မိသားစုတွေအနေနဲ့လည်း COVID-19 ကြောင့် ကျန်းမာရေးအန္တရာယ်ရှိလာခဲ့ရင် သံရုံးကနေ ထွက်ခွာဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်နေ့က အတည်ပြုထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ႏုိင္ငံတကာေရာက္ အေမရိကန္ေတြ ျပန္လာဖို႔ ႏုိင္ငံျခားေရးဌာန ႏိႈးေဆာ္ထား ႏုိင္ငံတကာေရာက္ အေမရိကန္ေတြ ျပန္လာဖို႔ ႏုိင္ငံျခားေရးဌာန ႏိႈးေဆာ္ထား Reviewed by THITHTOOLWIN on 00:12 Rating: 5
Powered by Blogger.