ခ်င္းေဒသတခ်ဳိ႕ ကိုဗစ္ဗဟုသုတ ျဖည့္တင္းဖို႔လို


(Zawgyi / Unicode)

COVID-19 ကူးစက္ခံရသူတဦး ေတြ႔ၿပီးေနာက္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕က ကပ္တဲလ္ေက်းရြာကို အသြားအလာ ကန္႔သတ္ပိတ္ပင္လုိက္ခ်ိန္မွာ က်န္းမာေရး အကာအကြယ္ပစၥည္း၊ က်န္းမာေရး၀န္ထမ္း၊ က်န္းမာေရးအသိ အားနည္းခ်က္ေတြ ရိွေနေၾကာင္း၊ အသြားအလာ ကန္႔သတ္ခ်ိန္မွာ မလုိက္နာသူေတြကို အေရးယူဖုိ႔အတြက္လည္း အခက္အခဲရွိေနေၾကာင္း ကပ္တဲလ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ မႏၱေလးနဲ႔ ရန္ကုန္ စတဲ့ၿမိဳ႕ႀကီးေတြမွာ ေရာဂါကူးစက္သူေတြ၊ သံသယလူနာေတြအတြက္ တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ေနခ်ိန္မွာ ခ်င္းျပည္နယ္အတြင္း ျဖစ္ပ်က္ေနတဲ့ အေျခအေနကို ကိုမိုးေဇာ္က တင္ျပထားပါတယ္။

အေမရိကန္က ျပန္လာၿပီး ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ကပ္တဲလ္ေက်းရြာမွာ ေနထိုင္သူ အမ်ိဳးသားတဦး ဒီလ ၂၃ ရက္ေန႔က COVID-19 ေရာဂါ ကူးစက္ေၾကာင္း ေတြ႔ရိွခဲ့တဲ့ေနာက္ ကပ္တဲလ္ေက်းရြာကို လူအ၀င္အထြက္ ပိတ္ပင္ၿပီး လူစုလူေ၀း မလုပ္ဖို႔အတြက္ ကန္႔သတ္ခဲ့တာပါ။

ဒီလို ေရာဂါမျပန္႔ပြားေရးအတြက္ ကန္႔သတ္ထားခ်ိန္မွာ ေတြ႔ႀကံဳရတဲ့ အခက္အခဲေတြကို ကပ္တဲလ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးဒိုးဇေတြာင္က အခုလို ေျပာပါတယ္။

“အခက္အခဲက က်န္းမာေရး႐ႈေထာင့္နဲ႔ ၾကည့္မယ္ဆုိရင္ အကာအကြယ္ပစၥည္းေတြ မရိွတာတခ်က္၊ က်န္းမာေရး၀န္ထမ္းေတြ လံုေလာက္မႈမရိွတာ တခ်က္။ ေနာက္တခုက ရြာထဲကလူေတြက ဒီလုိေရာဂါကို ႀကံဳလည္း မႀကံဳဖူးဘူး။ ၿပီးေတာ့မွ ကာယကံရွင္ေတြကလည္း ဒီေရာဂါကို ကိုယ့္ဆီမွာမရိွဘူး၊ ေရာဂါသည္မဟုတ္ဘူး ဆုိတဲ့ သေဘာနဲ႔ပဲ ေနၾကတာေပါ့ေနာ။”

က်န္းမာေရး၀န္ထမ္းအေနနဲ႔ ေက်းလက္ က်န္းမာေရး၀န္ထမ္း သားဖြားဆရာမတဦး၊ က်န္းမာေရး ႀကီးၾကပ္၀န္ထမ္း ႏွစ္ဦးနဲ႔ ေစတနာ့၀န္ထမ္းတဦးသာရိွေၾကာင္း ေျပာပါတယ္။

ရြာသူရြာသားေတြအေနနဲ႔ ကန္႔သတ္ခ်က္ကို မလုိက္နာရင္ အေရးယူေဆာင္ရြက္ဖို႔ အခက္အခဲရိွေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“လိုက္နာတဲ့သူလည္းရိွသလို မလိုက္နာဘဲနဲ႔ သူတို႔ အေရးႀကံဳလို႔ မသြားမျဖစ္ သြားၾကတာလည္း ရိွတယ္။ အုပ္ခ်ဳပ္မႈ ဒီ COVID-19 ကိစၥနဲ႔ ပတ္သက္ၿပီးမွ လံုၿခံဳမႈ၊ ႀကီးၾကပ္မႈ အဲဒါ နည္းနည္းအားနည္းတဲ့ သေဘာေပါ့ေနာ္။ သူမ်ားႏိုင္ငံမွာ Lockdown ခ်ၿပီ ဆုိကတည္းက ဘယ္သူမွ အျပင္ထြက္လုိ႔ မရဘူး။ ထြက္တဲ့သူ ရိွခဲ့ရင္ေတာင္မွ လံုၿခံဳေရးနဲ႔ ၀ိုင္း၀န္းၿပီးမွ ရွင္းလင္းတာေပါ့ေနာ္။ ဒီမွာက ကိုယ့္ေဒသကပဲ ေျဖရွင္းရတယ္ဆုိေတာ့ အဲဒီအပိုင္းမွာ အားနည္းေနမလားလို႔ က်ေနာ္စိုးရိမ္မိတယ္။”

ကပ္တဲလ္ရြာဟာ ျပင္ပနဲ႔ အဆက္အသြယ္ ျဖတ္ေတာက္ခဲ့တဲ့ေနာက္ စားနပ္ရိကၡာ အခက္အခဲ စတင္ႀကံဳေတြ႔လာခ်ိန္ ဒီလ ၂၇ ရက္ေန႔ကေတာ့ ဘာသာေရးအဖဲြ႔တခုျဖစ္တဲ့ က႐ုဏာအဖဲြ႔က ဆန္အိတ္ ၁၅၀ လာေရာက္လွဴဒါန္းခဲ့ပါတယ္။ ဒီကေန႔မွာလည္း PSI ၀န္ထမ္းေတြက ဆန္အိတ္ ၂၅၀၊ အျခားစားကုန္ပစၥည္းေတြနဲ႔ အကာအကြယ္ပစၥည္းေတြ ေထာက္ပံ့ဖို႔ ရိွေၾကာင္း ေျပာပါတယ္။

ခ်င္းျပည္နယ္အစိုးရအဖဲြ႔ရဲ႕ ေျပာေရးဆုိခြင့္ရိွသူ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုးထက္က အစိုးရဘက္က က်န္းမာေရးအရ ေဆာင္ရြက္ထားတဲ့ အေျခအေနကို အခုလုိ ေျပာျပပါတယ္။

“ဒီဟာက ျဖစ္တာ ရက္ပိုင္းေလးပဲ ရိွေသးတာဆုိေတာ့ က်ေနာ္တို႔က အခုမွ စတည္ေဆာက္ရတာေပါ့ေနာ္။ သူ႔ရဲ႕ ဖဲြ႔စည္းပံုအရ ရိွသင့္တဲ့ ၀န္ထမ္းေတြကေတာ့ ရိွေနပါၿပီ။ က်ေနာ္တုိ႔က ဆရာ၀န္ေတြ အခု Volunteer လာတဲ့ဟာေတြက တကယ္ကုရတဲ့ တီးတိန္ေဆး႐ုံမွာပဲ က်ေနာ္တုိ႔က စုဖဲ႔ြတာ။ အခု Volunteer ၅ ေယာက္ ေရာက္တာရိွတယ္။ နဂိုရိွတဲ့ ဆရာ၀န္ေတြေရာ အားလံုးက တီးတိန္မွာပဲ စုဖဲြ႔ၿပီးေတာ့ အဖဲြ႔နဲ႔ team နဲ႔ လုပ္ေနတာ။ အဓိကက ဟိုမွာကို ဆရာ၀န္ေတြ အမ်ားႀကီး သြားပို႔စရာလည္း မလုိဘူး။ ေစာင့္ၾကည့္တဲ့ အေျခအေနပဲ။ အဲဒီမွာ တခုခုထူးျခားရင္ တီးတိန္မွာပဲ ပို႔ရမွာ အကုန္လံုးက။ ဟိုတေလာကလည္း တေခါက္သြားၾကည့္ၿပီးၿပီ။ တေယာက္သြားၾကည့္ၿပီးၿပီ။ ဒါေပမယ့္ ေရာဂါသည္မရိွဘူးေပါ့။”

အ၀င္အထြက္ ကန္႔သတ္မႈနဲ႔ပတ္သက္ၿပီး ေဒသခံေတြ လုိက္နာေစဖို႔အတြက္ေတာ့ ဒီကေန႔ျပဳလုပ္တဲ့ ခ်င္းျပည္နယ္ အစိုးရအဖဲြ႔ အစည္းအေ၀းကေန ရဲနဲ႔ မီးသတ္အဖဲြ႔ကို တာ၀န္ေပးေဆာင္ရြက္ဖို႔ ဆံုးျဖတ္ခဲ့ေၾကာင္းနဲ႔ စားနပ္ရိကၡာအတြက္ အလွဴရွင္ေတြ၊ အဖဲြ႔အစည္းေတြနဲ႔ ညိႇႏိႈင္းၿပီး ပို႔ေဆာင္ေပးေနေၾကာင္း ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ခ်င္းျပည္နယ္က ေရာဂါကူးစက္ခံထားရသူဟာ က်န္းက်န္းမာမာရိွသလို သူ႔ရဲ႕မိသားစုမွာလည္း ေရာဂါမေတြ႔ေသးေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေလာေလာဆယ္ COVID-19 ေရာဂါေတြ႔ရိွသူ ၈ ဦးရိွေနၿပီး သံသယလူနာ ၂ ဦးနဲ႔ ေစာင့္ၾကည့္လူနာ ၃၆၉ ဦးရိွေၾကာင္း ထုတ္ျပန္ထားပါတယ္။
-----------------------------------

(Unicode)

ချင်းဒေသတချို့ ကိုဗစ်ဗဟုသုတ ဖြည့်တင်းဖို့လို

COVID-19 ကူးစက်ခံရသူတဦး တွေ့ပြီးနောက် ချင်းပြည်နယ် တီးတိန်မြို့က ကပ်တဲလ်ကျေးရွာကို အသွားအလာ ကန့်သတ်ပိတ်ပင်လိုက်ချိန်မှာ ကျန်းမာရေး အကာအကွယ်ပစ္စည်း၊ ကျန်းမာရေးဝန်ထမ်း၊ ကျန်းမာရေးအသိ အားနည်းချက်တွေ ရှိနေကြောင်း၊ အသွားအလာ ကန့်သတ်ချိန်မှာ မလိုက်နာသူတွေကို အရေးယူဖို့အတွက်လည်း အခက်အခဲရှိနေကြောင်း ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မန္တလေးနဲ့ ရန်ကုန် စတဲ့မြို့ကြီးတွေမှာရောဂါကူးစက်သူတွေ၊ သံသယလူနာတွေအတွက် တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေချိန်မှာ ချင်းပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေကို ကိုမိုးဇော်က တင်ပြထားပါတယ်။

အမေရိကန်က ပြန်လာပြီး ချင်းပြည်နယ်၊ တီးတိန်မြို့ ကပ်တဲလ်ကျေးရွာမှာ နေထိုင်သူ အမျိုးသားတဦး ဒီလ ၂၃ ရက်နေ့က COVID-19 ရောဂါ ကူးစက်ကြောင်း တွေ့ရှိခဲ့တဲ့နောက် ကပ်တဲလ်ကျေးရွာကို လူအဝင်အထွက် ပိတ်ပင်ပြီး လူစုလူဝေး မလုပ်ဖို့အတွက် ကန့်သတ်ခဲ့တာပါ။

ဒီလို ရောဂါမပြန့်ပွားရေးအတွက် ကန့်သတ်ထားချိန်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒိုးဇတွောင်က အခုလို ပြောပါတယ်။

“အခက်အခဲက ကျန်းမာရေးရှုထောင့်နဲ့ ကြည့်မယ်ဆိုရင် အကာအကွယ်ပစ္စည်းတွေ မရှိတာတချက်၊ ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်မှုမရှိတာ တချက်။ နောက်တခုက ရွာထဲကလူတွေက ဒီလိုရောဂါကို ကြုံလည်း မကြုံဖူးဘူး။ ပြီးတော့မှ ကာယကံရှင်တွေကလည်း ဒီရောဂါကို ကိုယ့်ဆီမှာမရှိဘူး၊ ရောဂါသည်မဟုတ်ဘူး ဆိုတဲ့ သဘောနဲ့ပဲ နေကြတာပေါ့နော။”

ကျန်းမာရေးဝန်ထမ်းအနေနဲ့ ကျေးလက် ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမတဦး၊ ကျန်းမာရေး ကြီးကြပ်ဝန်ထမ်း နှစ်ဦးနဲ့ စေတနာ့ဝန်ထမ်းတဦးသာရှိကြောင်း ပြောပါတယ်။

ရွာသူရွာသားတွေအနေနဲ့ ကန့်သတ်ချက်ကို မလိုက်နာရင် အရေးယူဆောင်ရွက်ဖို့ အခက်အခဲရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“လိုက်နာတဲ့သူလည်းရှိသလို မလိုက်နာဘဲနဲ့ သူတို့ အရေးကြုံလို့ မသွားမဖြစ် သွားကြတာလည်း ရှိတယ်။ အုပ်ချုပ်မှု ဒီ COVID-19 ကိစ္စနဲ့ ပတ်သက်ပြီးမှ လုံခြုံမှု၊ ကြီးကြပ်မှု အဲဒါ နည်းနည်းအားနည်းတဲ့ သဘောပေါ့နော်။ သူများနိုင်ငံမှာ Lockdown ချပြီ ဆိုကတည်းက ဘယ်သူမှ အပြင်ထွက်လို့ မရဘူး။ ထွက်တဲ့သူ ရှိခဲ့ရင်တောင်မှ လုံခြုံရေးနဲ့ ဝိုင်းဝန်းပြီးမှ ရှင်းလင်းတာပေါ့နော်။ ဒီမှာက ကိုယ့်ဒေသကပဲ ဖြေရှင်းရတယ်ဆိုတော့ အဲဒီအပိုင်းမှာ အားနည်းနေမလားလို့ ကျနော်စိုးရိမ်မိတယ်။”

ကပ်တဲလ်ရွာဟာ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့တဲ့နောက် စားနပ်ရိက္ခာ အခက်အခဲ စတင်ကြုံတွေ့လာချိန် ဒီလ ၂၇ ရက်နေ့ကတော့ ဘာသာရေးအဖွဲ့တခုဖြစ်တဲ့ ကရုဏာအဖွဲ့က ဆန်အိတ် ၁၅၀ လာရောက်လှူဒါန်းခဲ့ပါတယ်။ ဒီကနေ့မှာလည်း PSI ဝန်ထမ်းတွေက ဆန်အိတ် ၂၅၀၊ အခြားစားကုန်ပစ္စည်းတွေနဲ့ အကာအကွယ်ပစ္စည်းတွေ ထောက်ပံ့ဖို့ ရှိကြောင်း ပြောပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က အစိုးရဘက်က ကျန်းမာရေးအရ ဆောင်ရွက်ထားတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ဒီဟာက ဖြစ်တာ ရက်ပိုင်းလေးပဲ ရှိသေးတာဆိုတော့ ကျနော်တို့က အခုမှ စတည်ဆောက်ရတာပေါ့နော်။ သူ့ရဲ့ ဖွဲ့စည်းပုံအရ ရှိသင့်တဲ့ ဝန်ထမ်းတွေကတော့ ရှိနေပါပြီ။ ကျနော်တို့က ဆရာဝန်တွေ အခု Volunteer လာတဲ့ဟာတွေက တကယ်ကုရတဲ့ တီးတိန်ဆေးရုံမှာပဲ ကျနော်တို့က စုဖဲ့ွတာ။ အခု Volunteer ၅ ယောက် ရောက်တာရှိတယ်။ နဂိုရှိတဲ့ ဆရာဝန်တွေရော အားလုံးက တီးတိန်မှာပဲ စုဖွဲ့ပြီးတော့ အဖွဲ့နဲ့ team နဲ့ လုပ်နေတာ။ အဓိကက ဟိုမှာကို ဆရာဝန်တွေ အများကြီး သွားပို့စရာလည်း မလိုဘူး။ စောင့်ကြည့်တဲ့ အခြေအနေပဲ။ အဲဒီမှာ တခုခုထူးခြားရင် တီးတိန်မှာပဲ ပို့ရမှာ အကုန်လုံးက။ ဟိုတလောကလည်း တခေါက်သွားကြည့်ပြီးပြီ။ တယောက်သွားကြည့်ပြီးပြီ။ ဒါပေမယ့် ရောဂါသည်မရှိဘူးပေါ့။”

အဝင်အထွက် ကန့်သတ်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေ လိုက်နာစေဖို့အတွက်တော့ ဒီကနေ့ပြုလုပ်တဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးကနေ ရဲနဲ့ မီးသတ်အဖွဲ့ကို တာဝန်ပေးဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့စားနပ်ရိက္ခာအတွက် အလှူရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ပို့ဆောင်ပေးနေကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ ချင်းပြည်နယ်က ရောဂါကူးစက်ခံထားရသူဟာ ကျန်းကျန်းမာမာရှိသလို သူ့ရဲ့မိသားစုမှာလည်း ရောဂါမတွေ့သေးကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆယ် COVID-19 ရောဂါတွေ့ရှိသူ ၈ ဦးရှိနေပြီး သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ ၃၆၉ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

VOA Burmese News
https://burmese.voanews.com/a/covid19-chin-sta…/5349928.html
ခ်င္းေဒသတခ်ဳိ႕ ကိုဗစ္ဗဟုသုတ ျဖည့္တင္းဖို႔လို ခ်င္းေဒသတခ်ဳိ႕ ကိုဗစ္ဗဟုသုတ ျဖည့္တင္းဖို႔လို Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.