ႏွာေခါင္းစည္းေတြ ဝယ္မစုဖို႔ က်န္းမာေရးဝန္ႀကီးဌာန သတိေပး


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူရွိၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာၿပီးေနာက္ပိုင္း ေဒသေတာ္ေတာ္မ်ားမ်ားမွာ ႏွာေခါင္းစည္းအပါအဝင္ ကုန္ပစၥည္းေတြ ေဈးတက္ေနပါတယ္။ အစိုးရကေတာ့ မလိုအပ္ဘဲ ႏွာေခါင္းစည္းမတပ္ဖို႔နဲ႔ ေဈးတင္ေရာင္းတဲ့ ဆိုင္ရွင္ေတြကိုလည္း သတိေပးထားပါတယ္။

အခုဆိုရင္ တခ်ိဳ႕ ေဒသေတြမွာ ႏွာေခါင္းစည္းေတြက ဝယ္လို႔မရတဲ့ အေျခအေနပါ။  ေဈးေတြလည္း တက္ကုန္သလို အရင္က ၂ လႊာ ႏွာေခါင္းစည္းတခုကို က်ပ္ေငြ ၅ဝ နဲ႔ ၁ဝဝ ၾကားပဲ ရွိေပမယ့္ အခု ၇ဝဝ နဲ႔ ၁ဝဝဝ ၾကားအထိကို ေဈးေတြ အဆမတန္ တက္ေနတာ ျဖစ္ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕ခံ မစုစုမြန္ ေျပာျပတာကေတာ့  .....

“ႏွာေခါင္းစည္းဆိုရင္ အကုန္လုံးဝယ္ၾကတာ။ ေဆးဆိုင္ေတြဆိုရင္ လူအျပည့္ပဲ။ အရင္က ၅၀ ပဲ၊ အခုဆိုရင္ အဲ့ဒီေန႔တင္ ၇၀၀ ေပးဝယ္ခဲ့ၿပီးေတာ့ ဒီေန႔ သြားေမးေတာ့ ေဆးဆိုင္မွာ ၁၀၀၀ တဲ့။ တခုကို ၁၀၀၀ ျဖစ္သြားတာ။ ပစၥည္းက မွာရမယ္ ေစာင့္ရမယ္။ ၂ ရက္ေလာက္။ ဒီစကၠဴအစိုေလးေတြကိုပဲ အေပါက္ေလးေတြ ေဖာက္ၿပီးေတာ့ သုံးေနရတာ။ ဒီတစ္ရႉးေလးကို ေဘးကေနၿပီး အေပါက္ေဖာက္လိုက္တယ္။ ၿပီးေတာ့ နား႐ြက္ႏွစ္ဖက္ကို ခ်ိတ္ၿပီးေတာ့ လုပ္ေပးရတာ။ အဲ့လိုနဲ႔ပဲ သုံးေနရတာ”

လားရႈိးၿမိဳ႕မေဈးထဲမွာေတာ့ ႏွာေခါင္းစည္းေတြ အရင္ကထက္ ပိုေရာင္းရေပမယ့္ သူ႔ဆိုင္မွာ ေဈးတင္မေရာင္းဘူးလို႔ ဆိုင္ရွင္က ေျပာပါတယ္။

“ေရာင္းေကာင္းတယ္ေပါ့ေနာ္။ တျခားပစၥည္းေတြေရာ၊ ႏွာေခါင္းစည္းေတြေရာ။ ေဈးႏႈန္းက က်မတို႔ ပုံမွန္ပဲ။ အခါတိုင္းလည္း ဒီေဈးပဲ။ ဒီေန႔လည္း ဒီေဈးပဲ။ ပိုမေရာင္းဘူး”

ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးကေတာ့ - ပစၥည္းအေရာင္းဆိုင္ေတြနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ သတိေပးခဲ့ဖူးပါတယ္။

“ဒီအခ်ိန္မွာ အခြင့္ေကာင္းယူၿပီး ေဈးကစားတဲ့၊ အက်ိဳးအျမတ္ရွာတဲ့ လုပ္ငန္းရွင္ေတြ ေရာင္းခ်တဲ့သူေတြကို လည္း က်ေနာ္တို႔ အခုကတည္းက သတိေပးပါတယ္။ က်ေနာ္တို႔ ထိထိေရာက္ေရာက္ အေရးယူမွာ ျဖစ္ပါတယ္”

မေကြးတိုင္း စလင္းၿမိဳ႕နယ္ ဆင္ျဖဴကြၽန္းတိုက္နယ္ေဆး႐ုံက ေဒါက္တာ ေက်ာ္ထက္ေအာင္ ကေတာ့ - ေဆး႐ုံေတြမွာ ႀကဳံေနရတဲ့ အခက္အခဲကို ေျပာျပထားပါတယ္။

“သံသယျဖစ္ဖြယ္လူနာေတြကို ထိေတြ႕တဲ့အခါမွာ အသုံးျပဳဖို႔ပစၥည္းေတြေပါ့။ အဲ့ဒီပစၥည္းေတြ မလုံေလာက္မႈ ေပါ့ေနာ္ အဲ့ဒါေလးေတြ အခက္အခဲရွိတယ္ခင္ဗ်။ အထူးသျဖင့္ ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္းတို႔၊ ဗိုင္းရပ္စ္ပိုး ကာကြယ္တဲ့ PPE ဝတ္စုံတို႔၊ အဲ့ဒါေလးေတြက ျမန္မာႏိုင္ငံက ေဆး႐ုံတိုင္းမွာ မေလာက္ငွမႈေလးေတြ ရွိေနပါတယ္”

ဒါေၾကာင့္ စိုးရိမ္စိတ္နဲ႔ ႏွာေခါင္းစည္းေတြကို အလုအယက္ ေဈးႀကီးေပးဝယ္ေနတာေတြ၊ သိုေလွာင္ေနတာေတြ ကို မလုပ္ၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာခင္ခင္ႀကီးက သတိေပးထားပါတယ္။

“WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ကလည္း ေျပာထားပါတယ္။ အခုဆိုရင္ ႏွာေခါင္းစည္းေတြေရာ၊ PPE ေတြေရာ ျပတ္ေတာက္ေနပါၿပီ။ ေဈးေတြကလည္း ျမင့္တက္ၿပီး ေရာင္းခ်ေနတာေတြ ရွိပါတယ္။ ဒါေၾကာင့္ ျပည္သူေတြ အေနနဲ႔ မလိုအပ္ဘဲ ႏွာေခါင္းစည္းကို တပ္ျခင္းဟာ တကယ္လိုအပ္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ အခက္အခဲျဖစ္ေစပါတယ္။ တကယ္ျဖစ္လာရင္ ဒီက်န္းမာေရးဝန္ထမ္းေတြကပဲ ကုသမႈ ေပးရမွာမို႔ သူတို႔ အတြက္ ႏွာေခါင္းစည္းမလုံေလာက္လို႔ ကုသမေပးႏိုင္ရင္ အဲ့ဒီအခါက်မွ က်မတို႔ရဲ႕ ခံစစ္ႀကီးဟာ က်သြားမွာ ျဖစ္ပါတယ္”

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာေတာ့ - ႏွစ္လႊာ၊ သုံးလႊာ ႏွာေခါင္းစည္းေတြ ဝယ္မရတာ၊ ေဈးတက္တာေတြေၾကာင့္ ျပည္တြင္းထုတ္ အဝတ္ပိတ္ႏွာေခါင္းစည္းေတြကို သုံးေနတဲ့အေၾကာင္း ျမဝတီၿမိဳ႕ခံတဦးကလည္း ေျပာျပပါ တယ္။

“ႏွာေခါင္းစည္း ၁၀၀ ေလာက္ကို အိမ္တအိမ္မွာ ပိုင္ဖို႔အတြက္ အသည္းအသန္ျဖစ္ေနတာ။ ဘာလို႔လဲဆိုေတာ့ ေဈးက အရမ္းတက္တယ္။ တခုကို ၁၀၀၀ ။ တခါပဲ သုံးရမယ့္ဟာ။ တခ်ိဳ႕ေတြဆိုရင္ မတပ္ေတာ့ဘူး။ တခု ၁၀၀၀ ကို မိသားစု အေယာက္ေစ့ လိုက္တပ္ရမယ္ဆိုရင္ မြဲသြားမယ္ေလ။ အဲေတာ့ အဝတ္ပိတ္ ႏွာေခါင္းစည္းေလးေတြနဲ႔ အစားထိုးၾကတယ္။ ၿပီးရင္ ပိုးသတ္ေဆးနဲ႔ ျပန္ေလွ်ာ္တယ္။ အဲ့လိုပဲ သုံးေနတယ္။ က်ေနာ့္ အိမ္မွာလည္း အဲ့ဒီ ပိုးသတ္ေဆးနဲ႔ပဲ ဝယ္သုံးေနတယ္”

စကၠဴအစိုဝတ္အပါအဝင္ အဝတ္ပိတ္ႏွာေခါင္းစည္းေတြဟာ ဗိုင္းရပ္စ္ပိုးကို တကယ္တမ္း အကာကြယ္ မေပးႏိုင္ဘူးလို႔ ေဒါက္တာ ခင္ခင္ႀကီးက သတိေပးပါတယ္။

“လုံးဝကို မကာကြယ္ႏိုင္ပါဘူးလို႔ပဲ ေျပာပါရေစ။ နဂိုကတည္းက ခြဲစိတ္ခန္းႏွာေခါင္းစည္းဟာ ၃ လႊာ စကၠဴေတြမွာ ဖိုင္ဘာေလးေတြက အခ်င္းခ်င္းယွက္ၿပီးေတာ့ ျပင္ပက ေရာဂါပိုးေတြ မဝင္ေအာင္ ကာထားေပးတာေပါ့။ အဲဒီမွာဆိုရင္ လုံးဝကို ပိတ္စမပါဘူး။ အခု ပိတ္စေတြနဲ႔ ခ်ဳပ္တာတို႔။ တစ္ရႉးအစိုတို႔ ဘာတို႔နဲ႔ အုပ္တာတို႔ ဒါေတြက လုံး၀ အဓိပၸါယ္မရွိပါဘူး”

WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးနဲ႔ အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန CDC ကလည္း - ႏွာေခါင္းစည္းေတြကို ေနထိုင္မေကာင္းျဖစ္သူေတြနဲ႔ လူနာျပဳစုရသူေတြကလြဲရင္ သာမန္က်န္းမာေရးေကာင္း သူေတြအေနနဲ႔ တပ္ဖို႔ မလိုဘူးလို႔ ေျပာထားပါတယ္။ လူတိုင္းစိုးရိမ္ေၾကာက္လန႔္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ဖို႔ဆိုရင္ အဓိက လူစုလူေဝးေရွာင္ၿပီး၊ လက္ကို မၾကာခဏ ေသေသခ်ာခ်ာ ေဆးၾကဖို႔ကိုပဲ တိုက္တြန္းထားပါတယ္။

နႏၵာခ်မ္း
-------------------------------------------
နှာခေါင်းစည်းတွေ ဝယ်မစုဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီးနောက်ပိုင်း ဒေသတော်တော်များများမှာ နှာခေါင်းစည်းအပါအဝင် ကုန်ပစ္စည်းတွေ ဈေးတက်နေပါတယ်။ အစိုးရကတော့ မလိုအပ်ဘဲ နှာခေါင်းစည်းမတပ်ဖို့နဲ့ ဈေးတင်ရောင်းတဲ့ ဆိုင်ရှင်တွေကိုလည်း သတိပေးထားပါတယ်။

အခုဆိုရင် တချို့ ဒေသတွေမှာ နှာခေါင်းစည်းတွေက ဝယ်လို့မရတဲ့ အခြေအနေပါ။  ဈေးတွေလည်း တက်ကုန်သလို အရင်က ၂ လွှာ နှာခေါင်းစည်းတခုကို ကျပ်ငွေ ၅ဝ နဲ့ ၁ဝဝ ကြားပဲ ရှိပေမယ့် အခု ၇ဝဝ နဲ့ ၁ဝဝဝ ကြားအထိကို ဈေးတွေ အဆမတန် တက်နေတာ ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့ခံ မစုစုမွန် ပြောပြတာကတော့  .....

“နှာခေါင်းစည်းဆိုရင် အကုန်လုံးဝယ်ကြတာ။ ဆေးဆိုင်တွေဆိုရင် လူအပြည့်ပဲ။ အရင်က ၅၀ ပဲ၊ အခုဆိုရင် အဲ့ဒီနေ့တင် ၇၀၀ ပေးဝယ်ခဲ့ပြီးတော့ ဒီနေ့ သွားမေးတော့ ဆေးဆိုင်မှာ ၁၀၀၀ တဲ့။ တခုကို ၁၀၀၀ ဖြစ်သွားတာ။ ပစ္စည်းက မှာရမယ် စောင့်ရမယ်။ ၂ ရက်လောက်။ ဒီစက္ကူအစိုလေးတွေကိုပဲ အပေါက်လေးတွေ ဖောက်ပြီးတော့ သုံးနေရတာ။ ဒီတစ်ရှူးလေးကို ဘေးကနေပြီး အပေါက်ဖောက်လိုက်တယ်။ ပြီးတော့ နားရွက်နှစ်ဖက်ကို ချိတ်ပြီးတော့ လုပ်ပေးရတာ။ အဲ့လိုနဲ့ပဲ သုံးနေရတာ”

လားရှိုးမြို့မဈေးထဲမှာတော့ နှာခေါင်းစည်းတွေ အရင်ကထက် ပိုရောင်းရပေမယ့် သူ့ဆိုင်မှာ ဈေးတင်မရောင်းဘူးလို့ ဆိုင်ရှင်က ပြောပါတယ်။

“ရောင်းကောင်းတယ်ပေါ့နော်။ တခြားပစ္စည်းတွေရော၊ နှာခေါင်းစည်းတွေရော။ ဈေးနှုန်းက ကျမတို့ ပုံမှန်ပဲ။ အခါတိုင်းလည်း ဒီဈေးပဲ။ ဒီနေ့လည်း ဒီဈေးပဲ။ ပိုမရောင်းဘူး”

နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ - ပစ္စည်းအရောင်းဆိုင်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ဖူးပါတယ်။

“ဒီအချိန်မှာ အခွင့်ကောင်းယူပြီး ဈေးကစားတဲ့၊ အကျိုးအမြတ်ရှာတဲ့ လုပ်ငန်းရှင်တွေ ရောင်းချတဲ့သူတွေကို လည်း ကျနော်တို့ အခုကတည်းက သတိပေးပါတယ်။ ကျနော်တို့ ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပါတယ်”

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံက ဒေါက်တာ ကျော်ထက်အောင် ကတော့ - ဆေးရုံတွေမှာ ကြုံနေရတဲ့ အခက်အခဲကို ပြောပြထားပါတယ်။

“သံသယဖြစ်ဖွယ်လူနာတွေကို ထိတွေ့တဲ့အခါမှာ အသုံးပြုဖို့ပစ္စည်းတွေပေါ့။ အဲ့ဒီပစ္စည်းတွေ မလုံလောက်မှု ပေါ့နော် အဲ့ဒါလေးတွေ အခက်အခဲရှိတယ်ခင်ဗျ။ အထူးသဖြင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတို့၊ ဗိုင်းရပ်စ်ပိုး ကာကွယ်တဲ့ PPE ဝတ်စုံတို့၊ အဲ့ဒါလေးတွေက မြန်မာနိုင်ငံက ဆေးရုံတိုင်းမှာ မလောက်ငှမှုလေးတွေ ရှိနေပါတယ်”

ဒါကြောင့် စိုးရိမ်စိတ်နဲ့ နှာခေါင်းစည်းတွေကို အလုအယက် ဈေးကြီးပေးဝယ်နေတာတွေ၊ သိုလှောင်နေတာတွေ ကို မလုပ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။

“WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောထားပါတယ်။ အခုဆိုရင် နှာခေါင်းစည်းတွေရော၊ PPE တွေရော ပြတ်တောက်နေပါပြီ။ ဈေးတွေကလည်း မြင့်တက်ပြီး ရောင်းချနေတာတွေ ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ မလိုအပ်ဘဲ နှာခေါင်းစည်းကို တပ်ခြင်းဟာ တကယ်လိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခက်အခဲဖြစ်စေပါတယ်။ တကယ်ဖြစ်လာရင် ဒီကျန်းမာရေးဝန်ထမ်းတွေကပဲ ကုသမှု ပေးရမှာမို့ သူတို့ အတွက် နှာခေါင်းစည်းမလုံလောက်လို့ ကုသမပေးနိုင်ရင် အဲ့ဒီအခါကျမှ ကျမတို့ရဲ့ ခံစစ်ကြီးဟာ ကျသွားမှာ ဖြစ်ပါတယ်”

ကရင်ပြည်နယ် မြဝတီမြို့မှာတော့ - နှစ်လွှာ၊ သုံးလွှာ နှာခေါင်းစည်းတွေ ဝယ်မရတာ၊ ဈေးတက်တာတွေကြောင့် ပြည်တွင်းထုတ် အဝတ်ပိတ်နှာခေါင်းစည်းတွေကို သုံးနေတဲ့အကြောင်း မြဝတီမြို့ခံတဦးကလည်း ပြောပြပါ တယ်။

“နှာခေါင်းစည်း ၁၀၀ လောက်ကို အိမ်တအိမ်မှာ ပိုင်ဖို့အတွက် အသည်းအသန်ဖြစ်နေတာ။ ဘာလို့လဲဆိုတော့ ဈေးက အရမ်းတက်တယ်။ တခုကို ၁၀၀၀ ။ တခါပဲ သုံးရမယ့်ဟာ။ တချို့တွေဆိုရင် မတပ်တော့ဘူး။ တခု ၁၀၀၀ ကို မိသားစု အယောက်စေ့ လိုက်တပ်ရမယ်ဆိုရင် မွဲသွားမယ်လေ။ အဲတော့ အဝတ်ပိတ် နှာခေါင်းစည်းလေးတွေနဲ့ အစားထိုးကြတယ်။ ပြီးရင် ပိုးသတ်ဆေးနဲ့ ပြန်လျှော်တယ်။ အဲ့လိုပဲ သုံးနေတယ်။ ကျနော့် အိမ်မှာလည်း အဲ့ဒီ ပိုးသတ်ဆေးနဲ့ပဲ ဝယ်သုံးနေတယ်”

စက္ကူအစိုဝတ်အပါအဝင် အဝတ်ပိတ်နှာခေါင်းစည်းတွေဟာ ဗိုင်းရပ်စ်ပိုးကို တကယ်တမ်း အကာကွယ် မပေးနိုင်ဘူးလို့ ဒေါက်တာ ခင်ခင်ကြီးက သတိပေးပါတယ်။

“လုံးဝကို မကာကွယ်နိုင်ပါဘူးလို့ပဲ ပြောပါရစေ။ နဂိုကတည်းက ခွဲစိတ်ခန်းနှာခေါင်းစည်းဟာ ၃ လွှာ စက္ကူတွေမှာ ဖိုင်ဘာလေးတွေက အချင်းချင်းယှက်ပြီးတော့ ပြင်ပက ရောဂါပိုးတွေ မဝင်အောင် ကာထားပေးတာပေါ့။ အဲဒီမှာဆိုရင် လုံးဝကို ပိတ်စမပါဘူး။ အခု ပိတ်စတွေနဲ့ ချုပ်တာတို့။ တစ်ရှူးအစိုတို့ ဘာတို့နဲ့ အုပ်တာတို့ ဒါတွေက လုံး၀ အဓိပ္ပါယ်မရှိပါဘူး”

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC ကလည်း - နှာခေါင်းစည်းတွေကို နေထိုင်မကောင်းဖြစ်သူတွေနဲ့ လူနာပြုစုရသူတွေကလွဲရင် သာမန်ကျန်းမာရေးကောင်း သူတွေအနေနဲ့ တပ်ဖို့ မလိုဘူးလို့ ပြောထားပါတယ်။ လူတိုင်းစိုးရိမ်ကြောက်လန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ဆိုရင် အဓိက လူစုလူဝေးရှောင်ပြီး၊ လက်ကို မကြာခဏ သေသေချာချာ ဆေးကြဖို့ကိုပဲ တိုက်တွန်းထားပါတယ်။

နန္ဒာချမ်း
RFA Burmese
https://www.rfa.org/burmese/news/corona-and-masks-03272020194804.html
ႏွာေခါင္းစည္းေတြ ဝယ္မစုဖို႔ က်န္းမာေရးဝန္ႀကီးဌာန သတိေပး ႏွာေခါင္းစည္းေတြ ဝယ္မစုဖို႔ က်န္းမာေရးဝန္ႀကီးဌာန သတိေပး Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.