ကိုဗစ္ထိန္းခ်ဳပ္ေရး မယ္ဆိုင္-တာခ်ီလိတ္ တံတားပိတ္


(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္-တာခ်ိီလိတ္ ခ်စ္ၾကည္ေရးအမွတ္ ၁ တံတားကို မတ္လ ၂၈ ရက္ ဒီေန႔ကစတင္ၿပီး ထုိင္းဘက္က ပိတ္လိုက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္-တာခ်ိီလိတ္ကို ခ်ိတ္ဆက္ထားတဲ့ ခ်စ္ၾကည္ေရးတံတား ၁ ကုိ ပိတ္လိုက္တာေၾကာင့္ ထုိင္းဘက္က ေနရပ္ျပန္ေတြ ထပ္ျပန္လာဖို႔အတြက္ ခက္သြားပါၿပီ။ ၿပီးခဲ့တဲ့ရက္ေတြတုန္းကေတာ့ ေနရပ္ျပန္ တေထာင္ေက်ာ္ကို ခ်စ္ၾကည္ေရးတံတား ၁ ကေန ၀င္ထြက္ခြင့္ ျပဳခဲ့ပါတယ္။ ဒီရက္ေတြမွာပဲ ထုိင္းႏုိင္ငံသားေတြလည္း ျမန္မာႏုိင္ငံဘက္ကေန ထြက္ခြာသြားေနၾကပါတယ္။ အခုအခါမွာေတာ့ တံတားအမွတ္ ၁ ကုိ ထိုင္းဘက္က ပိတ္လိုက္ၿပီျဖစ္ေၾကာင္း တာခ်ိီလိတ္ၿမိဳ႕ခံတဦးက ေျပာျပပါတယ္။

“ဒီေန႔မွာ စပိတ္တာဗ်၊ တံတား ၁ ကုိလည္းပိတ္တယ္၊ တံတား ၂ ကေတာ့ ကားႀကီးေတြအတြက္ ကုန္သြယ္ေရးအတြက္ ဖြင့္ထားတယ္။ ကားႀကီးေတြပဲရတယ္။ လူေတြေတာ့ အ၀င္အထြက္ မရေတာ့ဘူးဗ်။ ထုိင္းဘက္မွာရွိတဲ့ လူနာေတြကေတာ့ ဒီဘက္ကုိ ျပန္လာလို႔ရတယ္။”

အခုဆိုရင္ ထိုင္းဘက္ကျပန္လာတဲ့ လူနာေတြကုိသာ ျပန္ခြင့္ျပဳေပမယ့္ ျမန္မာဘက္က လူနာေတြကေတာ့ ထုိင္းဘက္ကုိသြားဖို႔ ခက္ခဲသြားၿပီျဖစ္ေၾကာင္း တာခ်ိီလိတ္ နာေရးကူညီမႈအသင္း အတြင္းေရးမွဴး မညိဳေထြးက ေျပာပါတယ္။

“နယ္ျခားအစပ္အထိသြားၿပီး နာ့စ္ေတြရွိတယ္။ သူတို႔နားမွာ လူနာ နာမည္ ဘယ္သူဆုိတာ ေဆး႐ုံဘာဆုိတာ ေျပာျပၿပီး ရက္ခ်ိန္းက ဒီေန႔ဆုိၿပီး ေဆးျပတ္ေနၿပီဆိုရင္ ေဆးမွာတာကုိ သြားေျပာျပရတယ္။ အက္စီးဒင့္လူနာေတြ၊ ေျခက်ိဳးလူနာေတြ၊ ခ်ဳပ္႐ုိးျပန္ျဖည္ရမယ့္ လူနာေတြကေတာ့ ဒီ ျမန္မာဘက္က ေဆး႐ုံမွာပဲ ျပန္ျဖည္ရေတာ့တာေပါ့။ ေဆးကုၿပီးေတာ့မွ ေျခေထာက္မသန္ေတာ့ဘူး၊ ပက္လက္ပဲ လာရေတာ့မယ္ဆုိရင္ေတာ့ ထုိင္းနယ္စပ္တံတား ၂ အထိ သူတုိ႔ ကားလာပို႔ေပးတယ္။ အမတို႔ကားနဲ႔ အဲဒီမွာခ်ိန္းၿပီး သြားေခၚရတယ္။”

မယ္ဆိုင္-တာခ်ီလိတ္ နယ္စပ္ဘက္မွာေတာ့ ျမန္မာႏုိင္ငံသား ရွမ္းႏြယ္ဖြား ေရႊ႕ေျပာင္းအလုပ္သမားေတြ မ်ားၾကၿပီး မ်ားေသာအားျဖင့္ သူတို႔ေတြဟာ ဟုိတယ္လုပ္ငန္းေတြနဲ႔ အိမ္အလုပ္ေတြ၊ ေစ်းေရာင္းတဲ့အလုပ္ေတြ၊ ပန္းရန္ဆိုက္ေတြမွာ လုပ္ၾကသူေတြ မ်ားၿပီး အမ်ားစုကေတာ့ ေနရပ္သိပ္မျပန္ၾကပါဘူး။

ေလာေလာဆယ္မွာေတာ့ ထိုင္းႏိုင္ငံက အေရးေပၚအေျခအေန ထုတ္ျပန္ထားၿပီး တၿမိဳ႕နဲ႔တၿမိဳ႕ ကူးလူးသြားလာေတြကို မလုပ္ဖို႔၊ ကုိ႐ုိနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ အစိုးရညႊန္ၾကားခ်က္ေတြကိုသာ လိုက္နာဖို႔ သတိေပးထားပါတယ္။
-----------------------------------

(Unicode)

ကိုဗစ်ထိန်းချုပ်ရေး မယ်ဆိုင်-တာချီလိတ် တံတားပိတ်

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးအမှတ် ၁ တံတားကို မတ်လ ၂၈ ရက် ဒီနေ့ကစတင်ပြီး ထိုင်းဘက်က ပိတ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ်ကို ချိတ်ဆက်ထားတဲ့ ချစ်ကြည်ရေးတံတား ၁ ကို ပိတ်လိုက်တာကြောင့် ထိုင်းဘက်က နေရပ်ပြန်တွေ ထပ်ပြန်လာဖို့အတွက် ခက်သွားပါပြီ။ ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ နေရပ်ပြန် တထောင်ကျော်ကို ချစ်ကြည်ရေးတံတား ၁ ကနေ ဝင်ထွက်ခွင့် ပြုခဲ့ပါတယ်။ ဒီရက်တွေမှာပဲ ထိုင်းနိုင်ငံသားတွေလည်း မြန်မာနိုင်ငံဘက်ကနေ ထွက်ခွာသွားနေကြပါတယ်။ အခုအခါမှာတော့ တံတားအမှတ် ၁ ကို ထိုင်းဘက်က ပိတ်လိုက်ပြီဖြစ်ကြောင်း တာချီလိတ်မြို့ခံတဦးက ပြောပြပါတယ်။

“ဒီနေ့မှာ စပိတ်တာဗျ၊ တံတား ၁ ကိုလည်းပိတ်တယ်၊ တံတား ၂ ကတော့ ကားကြီးတွေအတွက် ကုန်သွယ်ရေးအတွက် ဖွင့်ထားတယ်။ ကားကြီးတွေပဲရတယ်။ လူတွေတော့ အဝင်အထွက် မရတော့ဘူးဗျ။ ထိုင်းဘက်မှာရှိတဲ့ လူနာတွေကတော့ ဒီဘက်ကို ပြန်လာလို့ရတယ်။”

အခုဆိုရင် ထိုင်းဘက်ကပြန်လာတဲ့ လူနာတွေကိုသာ ပြန်ခွင့်ပြုပေမယ့် မြန်မာဘက်က လူနာတွေကတော့ ထိုင်းဘက်ကိုသွားဖို့ ခက်ခဲသွားပြီဖြစ်ကြောင်း တာချီလိတ် နာရေးကူညီမှုအသင်း အတွင်းရေးမှူး မညိုထွေးက ပြောပါတယ်။

“နယ်ခြားအစပ်အထိသွားပြီး နာ့စ်တွေရှိတယ်။ သူတို့နားမှာ လူနာ နာမည် ဘယ်သူဆိုတာ ဆေးရုံဘာဆိုတာ ပြောပြပြီး ရက်ချိန်းက ဒီနေ့ဆိုပြီး ဆေးပြတ်နေပြီဆိုရင် ဆေးမှာတာကို သွားပြောပြရတယ်။ အက်စီးဒင့်လူနာတွေ၊ ခြေကျိုးလူနာတွေ၊ ချုပ်ရိုးပြန်ဖြည်ရမယ့် လူနာတွေကတော့ ဒီ မြန်မာဘက်က ဆေးရုံမှာပဲ ပြန်ဖြည်ရတော့တာပေါ့။ ဆေးကုပြီးတော့မှ ခြေထောက်မသန်တော့ဘူး၊ ပက်လက်ပဲ လာရတော့မယ်ဆိုရင်တော့ ထိုင်းနယ်စပ်တံတား ၂ အထိ သူတို့ ကားလာပို့ပေးတယ်။ အမတို့ကားနဲ့ အဲဒီမှာချိန်းပြီး သွားခေါ်ရတယ်။”

မယ်ဆိုင်-တာချီလိတ် နယ်စပ်ဘက်မှာတော့ မြန်မာနိုင်ငံသား ရှမ်းနွယ်ဖွား ရွှေ့ပြောင်းအလုပ်သမားတွေ များကြပြီး များသောအားဖြင့် သူတို့တွေဟာ ဟိုတယ်လုပ်ငန်းတွေနဲ့ အိမ်အလုပ်တွေ၊ ဈေးရောင်းတဲ့အလုပ်တွေ၊ ပန်းရန်ဆိုက်တွေမှာ လုပ်ကြသူတွေ များပြီး အများစုကတော့ နေရပ်သိပ်မပြန်ကြပါဘူး။

လောလောဆယ်မှာတော့ ထိုင်းနိုင်ငံက အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး တမြို့နဲ့တမြို့ ကူးလူးသွားလာတွေကို မလုပ်ဖို့၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အစိုးရညွှန်ကြားချက်တွေကိုသာ လိုက်နာဖို့ သတိပေးထားပါတယ်။

မေအးေအးမာ
VOA Burmese News
https://burmese.voanews.com/a/covid19-thai-mya…/5349846.html
ကိုဗစ္ထိန္းခ်ဳပ္ေရး မယ္ဆိုင္-တာခ်ီလိတ္ တံတားပိတ္ ကိုဗစ္ထိန္းခ်ဳပ္ေရး မယ္ဆိုင္-တာခ်ီလိတ္ တံတားပိတ္ Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.