မနီလာ ျပန္ေပးဆဲြမႈ ဓါးစားခံေတြ ျပန္လြတ္

မနီလာၿမိဳ႕ေတာ္ San Juan ရွိ Virra Shopping Mall (သတင္းဓာတ္ပံု-မတ္လ၊ ၀၂၊ ၂၀၂၀)
(Zawgyi/Unicode)

ဖိလစ္ပိုင္ႏုိင္ငံက Shopping စင္တာတခုထဲမွာ ေသနတ္သမား တေယာက္က လံုၿခံဳေရးတေယာက္ကို ပစ္ခတ္ၿပီး လူ ၃၀ ေလာက္ကို ဓါးစာခံေတြအျဖစ္ ဖမ္းဆီးထားခဲ့တာကေန မၾကာခင္ကေတာ့ ျပန္လႊတ္ေပးလိုက္ပါတယ္။

မနီလာၿမိဳ႕ေတာ္ထဲက San Juan အရပ္မွာ႐ွိတဲ့ Virra Shopping Mall မွာ Archie Paray ဆိုတဲ့ ေသနတ္သမားက အေယာက္ ၃၀ ေလာက္ကို ဓါးစာခံအျဖစ္ဖမ္းထားခဲ့တာပါ။ သူဟာ အဲဒီ Shopping Mall ကေန အလုပ္ျဖဳတ္ခံထားရသူ ျဖစ္ပါတယ္။

လံုၿခံဳေရးတာဝန္ယူထားတဲ့ ကုမၸဏီမွာ အဂတိလိုက္စားမႈေတြ ႐ွိေနတာေၾကာင့္ သူအလုပ္က ျဖဳတ္ခံရတာျဖစ္တယ္လို႔ ေသနတ္သမားက သတင္းေထာက္ေတြကို Video call ေပၚကေနတဆင့္ ေျပာခဲ့ပါတယ္။

ရဲတပ္ဖြဲ႔ဘက္က ၫိွႏႈိင္းေပးသူေတြရဲ႕ စီစဥ္ေပးမႈနဲ႔ သတင္းေထာက္ေတြ၊ အာဏာပိုင္ေတြကို သူ႔ရဲ႕ မေက်နပ္ခ်က္ေတြကို ေျပာျပခြင့္ရခဲ့တာပါ။ အဲဒီေနာက္ Virra Shopping Mall ရဲ႕ လံုၿခံဳေရး တာဝန္ယူထားသူ အႀကီးအကဲက ျပန္ေပးဆြဲထားသူကို လူသိ႐ွင္ၾကား ေတာင္းပန္ၿပီး ရာထူးကေန ႏႈတ္ထြက္သြားခဲ့ၿပီးေနာက္ ဓါးစာခံဖမ္းထားသူေတြကို ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။

ေသနတ္သမားရဲ႕ အရင္လုပ္ေဖာ္ကိုင္ဖက္ ၅ ေယာက္လည္း အလုပ္ကေန ထြက္သြားခဲ့ၾကပါတယ္။ ေစ်းဆိုင္ေပါင္း ၁၀၀ ေက်ာ္႐ွိတဲ့ ၄ ထပ္ Shopping Mall ႀကီးမွာ ပစ္ခတ္မႈ ျပန္ေပးဆြဲမႈုျဖစ္ခဲ့တာေၾကာင့္ လက္နက္ကိုင္ေဆာင္ထားတဲ့ အထူးေကာ္မန္ဒုိတပ္ဖဲြ႔ ေတြ၊ ရဲေတြ၊ မီးသတ္ေတြက အေဆာက္အဦးပတ္လည္မွာ အသင့္ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။

[Unicode Version]

မနီလာ ပြန်ပေးဆွဲမှု ဓါးစားခံတွေ ပြန်လွတ်

ဖိလစ်ပိုင်နိုင်ငံက Shopping စင်တာတခုထဲမှာ သေနတ်သမား တယောက်က လုံခြုံရေးတယောက်ကို ပစ်ခတ်ပြီး လူ ၃၀ လောက်ကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးထားခဲ့တာကနေ မကြာခင်ကတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။

မနီလာမြို့တော်ထဲက San Juan အရပ်မှာရှိတဲ့ Virra Shopping Mall မှာ Archie Paray ဆိုတဲ့ သေနတ်သမားက အယောက် ၃၀ လောက်ကို ဓါးစာခံအဖြစ်ဖမ်းထားခဲ့တာပါ။ သူဟာ အဲဒီ Shopping Mall ကနေ အလုပ်ဖြုတ်ခံထားရသူ ဖြစ်ပါတယ်။

လုံခြုံရေးတာဝန်ယူထားတဲ့ ကုမ္ပဏီမှာ အဂတိလိုက်စားမှုတွေ ရှိနေတာကြောင့် သူအလုပ်က ဖြုတ်ခံရတာဖြစ်တယ်လို့ သေနတ်သမားက သတင်းထောက်တွေကို Video call ပေါ်ကနေတဆင့် ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဘက်က ညှိနှိုင်းပေးသူတွေရဲ့ စီစဉ်ပေးမှုနဲ့ သတင်းထောက်တွေ၊ အာဏာပိုင်တွေကို သူ့ရဲ့ မကျေနပ်ချက်တွေကို ပြောပြခွင့်ရခဲ့တာပါ။ အဲဒီနောက် Virra Shopping Mall ရဲ့ လုံခြုံရေး တာဝန်ယူထားသူ အကြီးအကဲက ပြန်ပေးဆွဲထားသူကို လူသိရှင်ကြား တောင်းပန်ပြီး ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီးနောက် ဓါးစာခံဖမ်းထားသူတွေကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

သေနတ်သမားရဲ့ အရင်လုပ်ဖော်ကိုင်ဖက် ၅ ယောက်လည်း အလုပ်ကနေ ထွက်သွားခဲ့ကြပါတယ်။ ဈေးဆိုင်ပေါင်း ၁၀၀ ကျော်ရှိတဲ့ ၄ ထပ် Shopping Mall ကြီးမှာ ပစ်ခတ်မှု ပြန်ပေးဆွဲမှုုဖြစ်ခဲ့တာကြောင့် လက်နက်ကိုင်ဆောင်ထားတဲ့ အထူးကော်မန်ဒိုတပ်ဖွဲ့ တွေ၊ ရဲတွေ၊ မီးသတ်တွေက အဆောက်အဦးပတ်လည်မှာ အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
မနီလာ ျပန္ေပးဆဲြမႈ ဓါးစားခံေတြ ျပန္လြတ္ မနီလာ ျပန္ေပးဆဲြမႈ ဓါးစားခံေတြ ျပန္လြတ္ Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.