ကို႐ိုနာအႏၲရာယ္ရွိေပမယ့္ ေဒၚေအာင္ဆန္း စုၾကည္ လူထုေတြ႕ဆုံမႈ ဆက္တိုက္လုပ္

ကို႐ိုနာအႏၲရာယ္ရွိေပမယ့္ ေဒၚေအာင္ဆန္း စုၾကည္ လူထုေတြ႕ဆုံမႈ ဆက္တိုက္လုပ္
(Zawgyi)⤵⤵⤵
တစ္ကမာၻလုံးက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမွာေၾကာက္လန႔္လို႔ ပြဲက်င္းပတာကို ဖ်က္သိမ္းၾကေပမယ့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ျမန္မာမွာ တစ္ၿမိဳ႕ၿပီး တစ္ၿမိဳ႕ လူထုေတြ႕ဆုံပြဲေတြ ဆက္တိုက္လုပ္ေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီေန႔ မတ္လ ၁၀ ရက္ေန႔မွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းက လားရႈိးၿမိဳ႕နယ္ လူထုေတြ႕ဆုံပြဲ လုပ္ခဲ့ပါတယ္။ ပြဲကို လူႏွစ္ေထာင္ဝန္းက်င္ တက္ေရာက္ၾကပါတယ္။ ပြဲကို သြားေရာက္သတင္းသြားယူခဲ့တဲ့ လားရႈိးအေျခစိုက္ RFA သတင္းေထာက္ ကိုကံသာကို RFA က ဆက္သြယ္ေမးျမန္းထားပါတယ္။

“လူထုေတြ႕ဆုံပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ လူထုနဲ႔ေတြ႕ၿပီး လက္ဆြဲႏႈတ္ဆက္တာမ်ိဳးမလုပ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက အႀကံေပးထားလို႔ ျပည္သူလူထုကို အားနာတယ္လို႔ေျပာခဲ့ပါတယ္ ခင္ဗ်ာ”

ကိုကံသာ ေျပာျပသြားတာပါ။

က်န္းမာေရးဝန္ႀကီးဌာနကေတာ့ လူစုလူေဝးေတြ ပြဲလမ္းေတြ မလုပ္ဖို႔ ဆက္တိုက္ဆိုသလို ထုတ္ျပန္ထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေရာဂါပိုးကူးစက္ခံရမွာစိုးလို႔ လူထုနဲ႔ လက္ဆြဲႏႈတ္တာမ်ိဳးမလုပ္ဖို႔ေျပာေပမယ့္ ပြဲတက္လာသူက ၂၀၀၀ ေထာင္ရွိတာမို႔လို႔ တစ္ဦးနဲ႔တစ္ဦး နီးကပ္တဲ့အေနအထားမွာလည္း ရွိေနတာပါ။

လူထုေတြ႕ဆုံပြဲဆိုေပမယ့္ ေမးျမန္းခ်င္တာေတြ မရဘူးလို႔ ပြဲတက္ခဲ့တဲ့ ေျမာင္ဇီးတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕ ဥကၠ႒ ကိုစိုးမင္းက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတာ အခုဆိုရင္ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္က လူေပါင္း တစ္သိန္းဝန္းက်င္ရွိေနပါၿပီ။ လူေပါင္း ေလးေထာင္ဝန္းက်င္ ေသဆုံးသြားပါၿပီ။ အမ်ားစုကေတာ့ တ႐ုတ္ႏိုင္ငံမွာပါ။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဆိုရင္လည္း ဗိုင္းရပ္စ္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕က ေဆး႐ုံကို သြားေရာက္ၾကည့္ရႈခဲ့တဲ့ ႐ုပ္သံဖိုင္ကို တ႐ုတ္သံ႐ုံးက ဒီေန႔ မတ္ ၁၀ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

႐ုပ္ရွင္ အကယ္ဒမီဆုေပးပြဲ၊ တပ္မေတာ္ေန႔ အခမ္းအနားနဲ႔ မုံ႐ြာက ခ်င္းတြင္းသၾကၤန္ စတာေတြကို မက်င္းပဖို႔ ဆုံးျဖတ္ထားၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ႏွစ္လတာ အေတာအတြင္း ကို႐ိုနာသံသယလူနာေပါင္း ၅၀ ေက်ာ္စစ္ေဆးၿပီးျဖစ္ေပမယ့္ ဒီေန႔အထိ ဗိုင္းရပ္စ္ ကူးစက္ခံရသူ တစ္ဦးမွ မေတြ႕ေသးဘူးလို႔ အစိုးရက ေျပာေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ လားရႈိးပြဲအၿပီး၊ မႏၲေလးတိုင္း ျပင္ဦးလြင္ၿမိဳ႕နယ္ကိုလည္း ယေန႔ သြားေရာက္ခဲ့ၿပီး ေဒသခံမ်ားနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ကိုရိုနာအန္တရာယ်ရှိပေမယ့် ဒေါ်အောင်ဆန်း စုကြည် လူထုတွေ့ဆုံမှု ဆက်တိုက်လုပ်

တစ်ကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကြောက်လန့်လို့ ပွဲကျင်းပတာကို ဖျက်သိမ်းကြပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာမှာ တစ်မြို့ပြီး တစ်မြို့ လူထုတွေ့ဆုံပွဲတွေ ဆက်တိုက်လုပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မတ်လ ၁၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့နယ် လူထုတွေ့ဆုံပွဲ လုပ်ခဲ့ပါတယ်။ ပွဲကို လူနှစ်ထောင်ဝန်းကျင် တက်ရောက်ကြပါတယ်။ ပွဲကို သွားရောက်သတင်းသွားယူခဲ့တဲ့ လားရှိုးအခြေစိုက် RFA သတင်းထောက် ကိုကံသာကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

“လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပေးထားလို့ ပြည်သူလူထုကို အားနာတယ်လို့ပြောခဲ့ပါတယ် ခင်ဗျာ”

ကိုကံသာ ပြောပြသွားတာပါ။

ကျန်းမာရေးဝန်ကြီးဌာနကတော့ လူစုလူဝေးတွေ ပွဲလမ်းတွေ မလုပ်ဖို့ ဆက်တိုက်ဆိုသလို ထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရောဂါပိုးကူးစက်ခံရမှာစိုးလို့ လူထုနဲ့ လက်ဆွဲနှုတ်တာမျိုးမလုပ်ဖို့ပြောပေမယ့် ပွဲတက်လာသူက ၂၀၀၀ ထောင်ရှိတာမို့လို့ တစ်ဦးနဲ့တစ်ဦး နီးကပ်တဲ့အနေအထားမှာလည်း ရှိနေတာပါ။

လူထုတွေ့ဆုံပွဲဆိုပေမယ့် မေးမြန်းချင်တာတွေ မရဘူးလို့ ပွဲတက်ခဲ့တဲ့ မြောင်ဇီးတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးမင်းက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ အခုဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်က လူပေါင်း တစ်သိန်းဝန်းကျင်ရှိနေပါပြီ။ လူပေါင်း လေးထောင်ဝန်းကျင် သေဆုံးသွားပါပြီ။ အများစုကတော့ တရုတ်နိုင်ငံမှာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဆိုရင်လည်း ဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန်မြို့က ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရုပ်သံဖိုင်ကို တရုတ်သံရုံးက ဒီနေ့ မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ၊ တပ်မတော်နေ့ အခမ်းအနားနဲ့ မုံရွာက ချင်းတွင်းသင်္ကြန် စတာတွေကို မကျင်းပဖို့ ဆုံးဖြတ်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်လတာ အတောအတွင်း ကိုရိုနာသံသယလူနာပေါင်း ၅၀ ကျော်စစ်ဆေးပြီးဖြစ်ပေမယ့် ဒီနေ့အထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးမှ မတွေ့သေးဘူးလို့ အစိုးရက ပြောနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လားရှိုးပွဲအပြီး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ကိုလည်း ယနေ့ သွားရောက်ခဲ့ပြီး ဒေသခံများနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာအႏၲရာယ္ရွိေပမယ့္ ေဒၚေအာင္ဆန္း စုၾကည္ လူထုေတြ႕ဆုံမႈ ဆက္တိုက္လုပ္ ကို႐ိုနာအႏၲရာယ္ရွိေပမယ့္ ေဒၚေအာင္ဆန္း စုၾကည္ လူထုေတြ႕ဆုံမႈ ဆက္တိုက္လုပ္ Reviewed by THITHTOOLWIN on 01:36 Rating: 5
Powered by Blogger.