တပ္ခ်ဳပ္ကို ေထာက္ခံတဲ့ အန္အယ္ဒီအမတ္ေတြ ရွိေနၿပီလား

အဲဒီျပင္ဆင္မယ့္အခ်က္ေတြကို ၉ ရက္ခြဲၿပီး လႊတ္ေတာ္တြင္း မဲခြဲဆုံးျဖတ္မွာျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵
၂၀၀၈ အေျခခံဥေပဒ ျပင္ဆင္ေရး မဲခြဲတဲ့ ပထမေန႔မွာ ပုဒ္မ ၁၄ ခုထဲက ၄၀(ဂ)ရဲ႕ မဲရလဒ္ေတြက စိတ္ဝင္စားဖြယ္ပါ။

လက္ရွိ အေျခခံ ဥပေဒပုဒ္မ ၄၀(ဂ) ဟာ အေရးေပၚ အေျခအေနမွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္အာဏာကို လိုအပ္သလို ဦးေဆာင္ၿပီး အေျခခံဥပေဒအတိုင္း လုပ္ဖို႔ ျပဌာန္းထားတာပါ။

အဲဒီအစား သမၼတက ဦးေဆာင္ၿပီး တာဝန္ယူ ေဆာင္႐ြက္ႏိုင္မယ့္ အစီအစဥ္ကို ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳ ဆုံးျဖတ္ေပးရမယ္ဆိုၿပီး ဥပေဒပုဒ္မ ၄၀ (ဂ) ကို ျပင္ဆင္ျပဌာန္းဖို႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္တဲ့ ၄၅ ဦးေကာ္မတီက ဥပေဒမူၾကမ္း တင္ခဲ့ပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၆၅၄ ဦးရွိပါတယ္။

ဒီဥပေဒပုဒ္မကို မဲခြဲတဲ့ ပထမဆုံးေန႔မွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ ၃၈၃ ဦး တက္ေရာက္ခဲ့တာပါ။ ဒါေပမယ့္ ပုဒ္မ ၄၀ (ဂ) ျပင္ဆင္ေရးကို ေထာက္ခံတဲ့ မဲက ၃၄၃ မဲပဲ ရွိခဲ့တယ္လို႔ လႊတ္ေတာ္နာယက ေျပာၾကားခ်က္အရ သိရပါတယ္။ ဒါေၾကာင့္ အေရးေပၚအေျခအေနမွာ တပ္ခ်ဳပ္က ဦးေဆာင္မွာကို လက္ခံတဲ့ အန္အယ္ဒီအမတ္ေတြ ရွိေကာင္း ရွိေနၿပီလားလို႔ ေမးစရာ ျဖစ္လာပါတယ္။
 ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၁၄ ခုမွာ ၂ ခုသာ ျပင္ဖို႔ လုံေလာက္တဲ့ ေထာက္ခံမဲ ရခဲ့

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းသီဟေက်ာ္ကေတာ့ ပုဒ္မ ၄၀ (ဂ)မွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ ေတြရဲ႕ မဲအျပည့္မရခဲ့တာဟာ အဲဒီ ျပင္ဆင္ခ်က္က လက္ေတြ႕မဆန္လို႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေတြကမဲမရတာ ျဖစ္ႏိုင္တယ္လို႔ သူ႔အျမင္ကို ေျပာပါတယ္။

"အေရးေပၚအေျခအေန မွာဆိုရင္ လႊတ္ေတာ္ေခၚဖို႔က မလြယ္ဘူးေလ၊ သူက ဦးေဆာင္ၿပီး သမၼတကို တာဝန္ေပးဖို႔က လက္ေတြ႕မွာ မလြယ္ဘူး"လို႔ လည္း သူက ရွင္းျပပါတယ္။

အဲဒီအခ်က္ အပါအဝင္၂၀၀၈ အျခခံဥေပဒ ျပင္ဆင္ေရးအတြက္ ပထမေန႔ မဲခြဲမႈမွာ တပ္မေတာ္နဲ႔ ပတ္သက္တဲ့ ျပင္ဆင္ခ်က္ ေတြ အတြက္ လိုအပ္တဲ့ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္း အထက္ မရခဲ့ပါဘူး။

ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၆၅၄ ဦးရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ကို တြက္ၾကည့္လိုက္ရင္ လႊတ္ေတာ္အမတ္ ၄၉၁ ဦးေက်ာ္ (၄၉၂) ဦးျဖစ္ပါတယ္။

အဲဒီထဲမွာ ေ႐ြးေကာက္ခံ လႊတ္ေတာ္အမတ္က စုစုေပါင္း ၄၈၈ ဦးရွိၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္း တင္သြင္းတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၁၆၆ ဦး ရွိပါတယ္။ ေ႐ြးေကာက္ခံ အမတ္ ၄၈၈ ဦးထဲမွာ အန္အယ္လ္ဒီက အမတ္ဦးေရ စုစုေပါင္း ၃၉၀ ခန္႔ရွိၿပီး အဓိက အင္အားစု အမတ္အေရအတြက္ကို ရထားပါတယ္။
 မဲခြဲတဲ့ ပထမေန႔မွာ တပ္မေတာ္ အခန္းက႑ေတြကို ေလွ်ာ့ခ်မယ့္ ပုဒ္မေတြ အားလုံး ရႈံးနိမ့္

မတ္လ ၁၀ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၄၃၆ (က) နဲ႔ ျပင္ရမယ့္ ပုဒ္မ၊ ပုဒ္မခြဲ ၁၄ ခုကို ျပင္ဆင္ျခင္း လႊတ္ေတာ္ အဆုံးအျဖတ္ ရယူရာမွာ ပုဒ္မ ၁၄ ခုမွာ ၃၂ (က)နဲ႔(ခ) ပုဒ္မ ၂ ခုသာ ျပင္ဆင္ႏိုင္မယ့္ အေရအတြက္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ျဖစ္တဲ့ ေထာက္ခံမဲ ၅၀၀ ေက်ာ္ ရခဲ့ပါတယ္။

ပုဒ္မ ၃၂ ၊ ပုဒ္မခြဲ(က)နဲ႔ (ခ) မူလျပ႒ာန္းခ်က္ေတြထဲက အိုမင္းမစြမ္းသူမ်ား ဆိုတဲ့ေနရာမွာ သက္ႀကီး႐ြယ္အိုမ်ား ဆိုၿပီး ျပင္ဆင္မႈ၊ မသန္မစြမ္းဆိုတဲ့ ေနရာေတြမွာ မသန္စြမ္း ဆိုၿပီး ျပင္ဆင္မႈေတြ ပါဝင္တဲ့ ႏွစ္ခ်က္မွာေတာ့ အႏိုင္ရခဲ့လို႔ ျပင္ဆင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

က်န္တဲ့ ပုဒ္မေတြကေတာ့ ၇၅ ရာခိုင္ႏႈန္း မေက်ာ္တာေၾကာင့္ မူလအတိုင္း ထားရွိဖို႔ ဒီေန႔ မတ္လ ၁၀ ရက္ေန႔မွာ ဆုံးျဖတ္ခဲ့ပါတယ္။

 တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၅၀ ဦးစလုံးက အန္အယ္လ္ဒီ ျပင္တဲ့အခ်က္ေတြကို ကန႔္ကြက္ထားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပင္ဆင္တဲ့ ဥပေဒမူၾကမ္း ၇ ခုကို စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၉ ဦး ေဆြးေႏြးၾကတဲ့ အထဲ ျငင္းခုံတာ၊ အျပန္အလွန္ ကန႔္ကြက္တာေတြလည္း ေသာေသာညံခဲ့ပါတယ္။

အာဏာရပါတီ နဲ႔တပ္ကိုယ္စားလွယ္ေတြရဲ႕ ကန္႔ကြက္မႈေတြက အမ်ားစု ျဖစ္ခဲ့ပါတယ္။

တပ္ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း အလိုအေလ်ာက္ ေနရာယူထားတဲ့ လႊတ္ေတာ္မွာ သူတို႔ ေထာက္ခံမဲ မရဘဲ ၂၀၀၈ အျခခံဥေပဒ ျပင္ဖို႔က သိပ္ကို ခဲယဥ္းလြန္းလွပါတယ္။

မတ္လ ၁၀ ရက္ေန႔ မဲခြဲတဲ့ ပုဒ္မ ၁၄ ခုမွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ျပင္ဆင္ဖို႔ တင္ျပတဲ့ ပုဒ္မ ၁ ခုပါၿပီး က်န္တဲ့ ပုဒ္မ ၁၃ ခုကေတာ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္တဲ့ ၄၅ ဦးေကာ္မတီ က တင္သြင္းခဲ့တာေတြ ျဖစ္ပါတယ္။

မတ္လ ၁၀ ရက္ေန႔ ျပင္ဆင္တဲ့ ပုဒ္မေတြထဲမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တင္သြင္းခဲ့တဲ့ အခ်က္ ျဖစ္တဲ့ လႊတ္ေတာ္မွာ တပ္ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း ေလွ်ာ့ဖို႔ အခ်က္ မေအာင္ျမင္ခဲ့သလို အေရးေပၚအေျခအေနမွာ တပ္ခ်ဳပ္အစား သမၼတက ဦးေဆာင္ဖို႔ ျပင္ဆင္ခ်က္လည္း အေရးနိမ့္ခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဖေဖာ္ဝါရီ ၂၅ ရက္ကေန မတ္လ ၅ ရက္အထိ ႐ုံးဖြင့္ရက္ စုစုေပါင္း ၇ ရက္ၾကာ ေဆြးေႏြးခဲ့မႈေတြမွာ ျငင္းခုံတာ၊ အျပန္အလွန္ ကန႔္ကြက္တာေတြလည္း ေသာေသာညံခဲ့ေပမယ့္ အေရးေပၚ အေျခအေနမွာ တပ္ခ်ဳပ္ ဦးေဆာင္မွာကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အန္အယ္ဒီအမတ္ေတြက ေထာက္ခံခဲ့ၾကတာကေတာ့ ထူးျခားတဲ့ မဲရလဒ္လို႔ ဆိုရမွာပါ။

ဒီလိုျဖစ္ရတာဟာ လွ်ိဳ႕ဝွက္ မဲေပးစနစ္ေၾကာင့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေတြ လြတ္လြတ္လပ္လပ္ မဲေပးႏိုင္တဲ့အတြက္ ျဖစ္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းသီဟေက်ာ္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တပ်ချုပ်ကို ထောက်ခံတဲ့ အန်အယ်ဒီအမတ်တွေ ရှိနေပြီလား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အဲဒီပြင်ဆင်မယ့်အချက်တွေကို ၉ ရက်ခွဲပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပေဒ ပြင်ဆင်ရေး မဲခွဲတဲ့ ပထမနေ့မှာ ပုဒ်မ ၁၄ ခုထဲက ၄၀(ဂ)ရဲ့ မဲရလဒ်တွေက စိတ်ဝင်စားဖွယ်ပါ။

လက်ရှိ အခြေခံ ဥပဒေပုဒ်မ ၄၀(ဂ) ဟာ အရေးပေါ် အခြေအနေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို လိုအပ်သလို ဦးဆောင်ပြီး အခြေခံဥပဒေအတိုင်း လုပ်ဖို့ ပြဌာန်းထားတာပါ။

အဲဒီအစား သမ္မတက ဦးဆောင်ပြီး တာဝန်ယူ ဆောင်ရွက်နိုင်မယ့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ပေးရမယ်ဆိုပြီး ဥပဒေပုဒ်မ ၄၀ (ဂ) ကို ပြင်ဆင်ပြဌာန်းဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ၄၅ ဦးကော်မတီက ဥပဒေမူကြမ်း တင်ခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိပါတယ်။

ဒီဥပဒေပုဒ်မကို မဲခွဲတဲ့ ပထမဆုံးနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃၈၃ ဦး တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ပုဒ်မ ၄၀ (ဂ) ပြင်ဆင်ရေးကို ထောက်ခံတဲ့ မဲက ၃၄၃ မဲပဲ ရှိခဲ့တယ်လို့ လွှတ်တော်နာယက ပြောကြားချက်အရ သိရပါတယ်။ ဒါကြောင့် အရေးပေါ်အခြေအနေမှာ တပ်ချုပ်က ဦးဆောင်မှာကို လက်ခံတဲ့ အန်အယ်ဒီအမတ်တွေ ရှိကောင်း ရှိနေပြီလားလို့ မေးစရာ ဖြစ်လာပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၄ ခုမှာ ၂ ခုသာ ပြင်ဖို့ လုံလောက်တဲ့ ထောက်ခံမဲ ရခဲ့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်ကတော့ ပုဒ်မ ၄၀ (ဂ)မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တွေရဲ့ မဲအပြည့်မရခဲ့တာဟာ အဲဒီ ပြင်ဆင်ချက်က လက်တွေ့မဆန်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကမဲမရတာ ဖြစ်နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"အရေးပေါ်အခြေအနေ မှာဆိုရင် လွှတ်တော်ခေါ်ဖို့က မလွယ်ဘူးလေ၊ သူက ဦးဆောင်ပြီး သမ္မတကို တာဝန်ပေးဖို့က လက်တွေ့မှာ မလွယ်ဘူး"လို့ လည်း သူက ရှင်းပြပါတယ်။

အဲဒီအချက် အပါအဝင်၂၀၀၈ အခြခံဥပေဒ ပြင်ဆင်ရေးအတွက် ပထမနေ့ မဲခွဲမှုမှာ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက် တွေ အတွက် လိုအပ်တဲ့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း အထက် မရခဲ့ပါဘူး။

ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို တွက်ကြည့်လိုက်ရင် လွှတ်တော်အမတ် ၄၉၁ ဦးကျော် (၄၉၂) ဦးဖြစ်ပါတယ်။

အဲဒီထဲမှာ ရွေးကောက်ခံ လွှတ်တော်အမတ်က စုစုပေါင်း ၄၈၈ ဦးရှိပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ရှိပါတယ်။ ရွေးကောက်ခံ အမတ် ၄၈၈ ဦးထဲမှာ အန်အယ်လ်ဒီက အမတ်ဦးရေ စုစုပေါင်း ၃၉၀ ခန့်ရှိပြီး အဓိက အင်အားစု အမတ်အရေအတွက်ကို ရထားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မဲခွဲတဲ့ ပထမနေ့မှာ တပ်မတော် အခန်းကဏ္ဍတွေကို လျှော့ချမယ့် ပုဒ်မတွေ အားလုံး ရှုံးနိမ့်

မတ်လ ၁၀ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ ပြင်ရမယ့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို ပြင်ဆင်ခြင်း လွှတ်တော် အဆုံးအဖြတ် ရယူရာမှာ ပုဒ်မ ၁၄ ခုမှာ ၃၂ (က)နဲ့(ခ) ပုဒ်မ ၂ ခုသာ ပြင်ဆင်နိုင်မယ့် အရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ ထောက်ခံမဲ ၅၀၀ ကျော် ရခဲ့ပါတယ်။

ပုဒ်မ ၃၂ ၊ ပုဒ်မခွဲ(က)နဲ့ (ခ) မူလပြဋ္ဌာန်းချက်တွေထဲက အိုမင်းမစွမ်းသူများ ဆိုတဲ့နေရာမှာ သက်ကြီးရွယ်အိုများ ဆိုပြီး ပြင်ဆင်မှု၊ မသန်မစွမ်းဆိုတဲ့ နေရာတွေမှာ မသန်စွမ်း ဆိုပြီး ပြင်ဆင်မှုတွေ ပါဝင်တဲ့ နှစ်ချက်မှာတော့ အနိုင်ရခဲ့လို့ ပြင်ဆင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျန်တဲ့ ပုဒ်မတွေကတော့ ၇၅ ရာခိုင်နှုန်း မကျော်တာကြောင့် မူလအတိုင်း ထားရှိဖို့ ဒီနေ့ မတ်လ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Hluttaw
Image caption တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးစလုံးက အန်အယ်လ်ဒီ ပြင်တဲ့အချက်တွေကို ကန့်ကွက်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ၇ ခုကို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦး ဆွေးနွေးကြတဲ့ အထဲ ငြင်းခုံတာ၊ အပြန်အလှန် ကန့်ကွက်တာတွေလည်း သောသောညံခဲ့ပါတယ်။

အာဏာရပါတီ နဲ့တပ်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေက အများစု ဖြစ်ခဲ့ပါတယ်။

တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာယူထားတဲ့ လွှတ်တော်မှာ သူတို့ ထောက်ခံမဲ မရဘဲ ၂၀၀၈ အခြခံဥပေဒ ပြင်ဖို့က သိပ်ကို ခဲယဉ်းလွန်းလှပါတယ်။

မတ်လ ၁၀ ရက်နေ့ မဲခွဲတဲ့ ပုဒ်မ ၁၄ ခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်ဖို့ တင်ပြတဲ့ ပုဒ်မ ၁ ခုပါပြီး ကျန်တဲ့ ပုဒ်မ ၁၃ ခုကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ၄၅ ဦးကော်မတီ က တင်သွင်းခဲ့တာတွေ ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့ ပြင်ဆင်တဲ့ ပုဒ်မတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တင်သွင်းခဲ့တဲ့ အချက် ဖြစ်တဲ့ လွှတ်တော်မှာ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လျှော့ဖို့ အချက် မအောင်မြင်ခဲ့သလို အရေးပေါ်အခြေအနေမှာ တပ်ချုပ်အစား သမ္မတက ဦးဆောင်ဖို့ ပြင်ဆင်ချက်လည်း အရေးနိမ့်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၅ ရက်အထိ ရုံးဖွင့်ရက် စုစုပေါင်း ၇ ရက်ကြာ ဆွေးနွေးခဲ့မှုတွေမှာ ငြင်းခုံတာ၊ အပြန်အလှန် ကန့်ကွက်တာတွေလည်း သောသောညံခဲ့ပေမယ့် အရေးပေါ် အခြေအနေမှာ တပ်ချုပ် ဦးဆောင်မှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီအမတ်တွေက ထောက်ခံခဲ့ကြတာကတော့ ထူးခြားတဲ့ မဲရလဒ်လို့ ဆိုရမှာပါ။

ဒီလိုဖြစ်ရတာဟာ လျှို့ဝှက် မဲပေးစနစ်ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွတ်လွတ်လပ်လပ် မဲပေးနိုင်တဲ့အတွက် ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
တပ္ခ်ဳပ္ကို ေထာက္ခံတဲ့ အန္အယ္ဒီအမတ္ေတြ ရွိေနၿပီလား တပ္ခ်ဳပ္ကို ေထာက္ခံတဲ့ အန္အယ္ဒီအမတ္ေတြ ရွိေနၿပီလား Reviewed by THITHTOOLWIN on 01:07 Rating: 5
Powered by Blogger.