အတိုင္ပင္ခံပုဂၢိဳလ္ လား႐ိႈး လူထုေတြ႔ဆံုပြဲ ေဝဖန္ခံရ

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရွဳိး လူထုေတြ႔ဆံုပြဲ (သတင္းဓာတ္ပံု - MOI)

(Zawgyi/Unicode)

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အဂါၤေန႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းလားရွိဳးၿမိဳ႕ခရီးစဥ္အတြင္း ေဒသခံလူထုနဲ႔ ေတြ႕ဆုံခ်ိန္မွာ COVID-19 ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါအေၾကာင္း အေလးေပးေျပာဆိုသြားတယ္လို႕ ျပည္နယ္ NLD တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒါေပမဲ့လည္း အခုလို ဗိုင္းရပ္စ္ပိုး အႏၲရာယ္ရွိေနခ်ိန္မွာ လူထုစုေဝးပြဲ လုပ္တဲ့အေပၚ ေဝဖန္ေျပာဆိုတာလည္း ရွိပါတယ္။ ျမိဳ႕ေတာ္ခန္းမမွာ ျပဳလုပ္တဲ့ေတြ႕ဆုံပြဲမွာ အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြကို သီးျခားဖိတ္ၾကားတာ မရွိခဲ့ဘဲ ေတြ႕ဆုံပြဲက်င္းပေနခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ခရီးစဥ္အေပၚ ကန္႔ကြက္စာေတြျဖန္႔ေဝတဲ့ လႈပ္ရွားမႈတခ်ဳိ႕လည္း ရွိခဲ့ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္နိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

အဂါၤေန႔ မနက္ပိုင္းမွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့အစိုးရအဖြဲ႕ ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရွိဳးၿမိဳ႕ကို ေရာက္ရွိလာၿပီး လားရွိဳးျမိဳ႕ ျပည္သူ႕ေဆးရံုၾကီး အဆင့္ျမင့္တင္ျခင္းစီမံကိန္း (အဆင့္-၂) အျဖစ္ ေဆးရံုအေဆာက္အဦးသစ္ လႊဲေျပာင္းေပးအပ္ပြဲအခမ္းအနားကို တက္ေရာက္ခဲ့အျပီး ျမိဳ႕ေတာ္ခန္းမမွာ လူထုေတြ႕ဆုံပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီေတြ႕ဆုံမႈ အေျခအေနကိုေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း အမ်ိဳးသားဒီမိုကေရစီဥကၠ႒ ဦးစိုင္းျမင့္ေမာင္က အခုလို ေျပာပါတယ္။

“သူလာတာက လားရွိဳးမွာ ဂ်ပန္ကလွဴတဲ့ေဆးရံု ေဆးရုံဖြင့္ပြဲလာတယ္။ အဲဒီဖြင့္ပြဲကေနၿပီးေတာ့မွ ၿမိဳ႕ေတာ္ခန္းမမွာ ျပည္သူလူထုနဲ႕ ေတြ႕ဆုံပြဲမွာ သူစေျပာတာက က်န္းမာေရးကိစၥနဲ႕ပက္သက္ၿပီးေျပာပါတယ္။ လူထုကို လက္ဆြဲၿပီးေတာ့မွ သူ မႏႈတ္ဆက္နိုင္တာကို အေျခအေနအရ နားလည္ခြင့္လႊတ္ဖို႕။ ဘာေၾကာင့္လဲဆိုရင္ က်န္းမာေရး၀န္ႀကီးက COVID-19 ေရာဂါေၾကာင့္မို႕လို႕ လက္ဆြဲႏွဳတ္ဆက္ျခင္းမလုပ္ဖို႔အတြက္ သူ႔ကိုအၾကံေပးထားလို႕ သူအဲတာမလုပ္ရတဲ့ အေၾကာင္း။ ျပည္သူလူထုကလည္း အဲဒီလိုပဲေပါ့ေနာ္ က်န္းမာေရးဂရုစိုက္ဖို႔။ အဲဒီအေပၚမွာပဲ အဓိကထားၿပီးေတာ့ ေျပာပါတယ္။ က်န္တာကေတာ့ ျပည္သူလူထုေတြရဲ႕ ေမးတဲ့ေမးခြန္းေတြကို သက္ဆိုင္ရာ၀န္ႀကီး ေျဖတာလုပ္တယ္။ မူးယစ္ေဆး၀ါးအေၾကာင္းေတြ ေျပာတယ္။ အဓိကက အဲဒီေလာက္ပါပဲ။”

ဒီလူထုေတြ႕ဆုံပြဲမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါနဲ႕ ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆး၀ါးနဲ႔ သက္ဆိုင္တဲ့ ကိစၥရပ္ေတြကို ေျပာဆိုခဲ့တယ္လို႕ ဦးစိုင္းျမင့္ေမာင္က ေျပာပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရွဳိး လူထုေတြ႔ဆံုပြဲ (သတင္းဓာတ္ပံု - MOI)

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႕အတူ ျပည္ေထာင္စု၀န္ၾကီး က်န္းမာေရး၀န္ႀကီး ေဒါက္တာျမင့္ေထြး လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႕ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီး ေဒါက္တာ၀င္းျမတ္ေအး ႏုိင္ငံေတာ္အတိုင္ပင္ခံ႐ံုးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြအပါ၀င္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႕ ပါ၀င္ပါတယ္။

COVID-19 ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါျဖစ္ပြါးေနတဲ့ တရုတ္နိုင္ငံနဲ႕ ထိစပ္ေနတဲ့ ရွမ္းျပည္နယ္အတြင္း လူစုလူေ၀းနဲ႕ ေတြ႕ဆုံပြဲျပဳလုပ္ေနတဲ့ လုပ္ေဆာင္ခ်က္အေပၚ နားမလည္နိုင္ဘူးလို႕ လားရွိဳးၿမိဳ႕နဲဆႏၵနယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္စိုင္းဝမ္းလ်န္းကဆိုပါတယ္။

“ဒီလိုအခ်ိန္မ်ိဳးမွာ COVID-ေပါ့ေနာ္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ လူထုေတြ႕ဆုံပြဲေတြ ေရွာင္ၾကဥ္ၾကဖို႕ လူစုလူေ၀းေတြ မလုပ္ဖို႕ ေျပာထားတာလည္း ေျပာတာေပါ့ေနာ္။ ဒါေပမဲ့ အတိုင္ပင္ခံကိုယ္တိုင္က အဲဒီလို လူအစုအေ၀းႀကီး လုပ္တဲ့အခါက်ေတာ့ နားမလည္ဘူးျဖစ္ေနတာေပါ့ေလ။”

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႕ လူထုေတြ႕ဆုံမႈမွာ သာမန္ျပည္သူေတြ အရပ္ဖက္အဖြဲ႕အစည္းေတြ မီဒီယာေတြ အေနနဲ႕ ေမးခြန္းေမးခြင့္မရခဲ့ဘူးလို႕ ေတြ႕ဆုံပြဲကိုတက္ေရာက္ခဲ့တဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျငိမ္းခ်မ္းေရးအရပ္ဖက္ အဖြဲ႕အစည္း အမႈေဆာင္ေကာ္မီတီ၀င္ မနန္းစံပယ္က ေျပာပါတယ္။

“အရပ္ဖက္အဖြဲ႕အစည္းေတြ ဖိတ္တာမရွိဘူး။ ေမးဖို႔ ေမးခြန္းသပ္သပ္ေပးတာ မရွိဘူး။ ၿမိဳ႕မိၿမိဳ႕ဖေတြပဲ ေမးဖို႕အရင္ယူထားတယ္။ အဲတာကိုေျဖရွင္းဖို႕အတြက္ သူတို႕လည္းျပင္ဆင္ထားတယ္ဆိုေတာ့ လူထုေရွ႕မွာသူတို႕ေျဖခ်တယ္။ ေမးခြန္း ၃ ခုေလာက္ရွိတယ္ထင္တယ္။ မီဒီယာေတြေမးခြန္းေမးခြင့္ရတာလဲ မေတြ႕ခဲ့ရဘူးဆိုေတာ့။ ေဒၚစုက သူ႕အစိုးရနဲ႕ အစိုးရအဖြဲ႕၀င္ေတြကို ထိန္းေၾကာင္းတာက သူကိုယ္တိုင္ထိန္းၿပီးေတာ့မွ ျပည္သူလူထုနဲ႕ သူထိန္းေၾကာင္း သြားတာ ဘဲလုပ္သြားတယ္။ CSO မီဒီယာေတြရဲ႕အခန္းက႑ကို သူသိပ္ဦးစားမေပးေနဘူးဆိုတဲ့ ပုံစံမ်ိဳးျမင္ရတယ္ရွင့္။”

ေဒၚေအာင္ဆန္းစုၾကည္ လားရွိဳးၿမိဳ႕ကို ေရာက္စဥ္မွာ ေဒသခံတခ်ိဳ႕ရဲ႕ကန္႕ကြက္ေၾကာင္း လွဳပ္ရွားမႈျဖစ္စဥ္ ေတြရွိခဲ့ပါတယ္။

လူထုေတြ႕ဆုံပြဲ ျပဳလုပ္ေနခ်ိန္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ကို လက္မခံ အယုံအၾကည္မရွိ စာေတြျဖန္႕ေ၀တဲ့ ကမ္ပိန္းလွဳပ္ရွားမႈရွိခဲ့တယ္လို႕ မနန္းစံပယ္က ဆက္ေျပာပါတယ္။

“ျဖန္႕ေ၀တာကေတာ့ ဒါမဲဆြယ္ဖို႕ လာသလားေပါ့ေနာ္။ တိုင္းရင္းသားေဒသကလည္း အဲဒီလိုစိုးရိမ္ၾကတာလည္း ရွိတယ္ဆိုေတာ့။ ဒီအေပၚမွာ ဒါကိုတုံ႔ျပန္တာေပါ့ေနာ္။ ေနာက္ဒီအခ်ိန္မွာရက္ ၉၀ နဲ႕မဲေပးခြင့္ရမယ္။ တိုင္းရင္းသားေဒသေတြ အေပၚမွာ ဆိုေတာ့ ဒါကိုမေက်နပ္လို႕ တုန္႕ျပန္တယ္လို႕ထင္တယ္။”

“ေအာင္ဆန္းကတိ ေအာင္ဆန္းသမီးမတည္” “ ရက္ေပါင္း ၉၀ ေန႐ုံနဲ႔ မဲေပးခြင့္ ဘယ္လဲ၊ ဘာလဲ” ေခတ္သစ္နာဇီ စနစ္ ျဖင့္ ရွမ္းျပည္ကို ပင္လယ္ျပင္မလုပ္ရန္ ၊ ရွမ္းျပည္အတြင္း ေရကာတာ တည္ေဆာက္မႈမ်ား ဆက္မလုပ္ရန္ အစရွိတဲ့ စာရြက္ေတြကို လူသြားလာမႈမ်ားတဲ့ နန္းေဟဝန္ ပန္ၿခံလမ္း၊ လားရွိုးၿမိဳ႕ ဝင္မုခ္ဦး၊ NLD ပါတီ႐ုံးေရွ႕နဲ႕ နားမေခၚ ယာဥ္ရပ္နားစခန္းမွာ ျဖန႔္ေဝထားသလို လမ္းေဘး ဓာတ္တိုင္ေတြမွာလည္း ကပ္ထားတယ္လို႕ ေဒသ ခံေတြကေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ေန႕တုန္းက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ျပည္နယ္ခရီးစဥ္မွာလည္း မိုင္းေပါက္ကြဲ မႈေတြနဲ႕ေတြ႕ၾကံဳခဲ့ရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႕ ဒီလပိုင္းေတြမွာ ခ်င္းျပည္နယ္ ကရင္ျပည္နယ္နဲ႕ ရွမ္းျပည္နယ္ဖက္ကို လူထုေတြ႕ဆုံ ပြဲျပဳလုပ္ေနတာဟာ လာမဲ့ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးဖို႕အတြက္ လာတယ္လို႕လည္း တိုင္းရင္းသား နိုင္ငံေရးပါတီေတြကေန ေထာက္ျပေျပာဆိုေနၾကပါတယ္။


[Unicode Version]

အတိုင်ပင်ခံပုဂ္ဂိုလ် လားရှိုး လူထုတွေ့ဆုံပွဲ ဝေဖန်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂါၤနေ့ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့ခရီးစဉ်အတွင်း ဒေသခံလူထုနဲ့ တွေ့ဆုံချိန်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအကြောင်း အလေးပေးပြောဆိုသွားတယ်လို့ ပြည်နယ် NLD တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း အခုလို ဗိုင်းရပ်စ်ပိုး အန္တရာယ်ရှိနေချိန်မှာ လူထုစုဝေးပွဲ လုပ်တဲ့အပေါ် ဝေဖန်ပြောဆိုတာလည်း ရှိပါတယ်။ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့တွေ့ဆုံပွဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို သီးခြားဖိတ်ကြားတာ မရှိခဲ့ဘဲ တွေ့ဆုံပွဲကျင်းပနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အပေါ် ကန့်ကွက်စာတွေဖြန့်ဝေတဲ့ လှုပ်ရှားမှုတချို့လည်း ရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

အဂါၤနေ့ မနက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိလာပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တင်ခြင်းစီမံကိန်း (အဆင့်-၂) အဖြစ် ဆေးရုံအဆောက်အဦးသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့အပြီး မြို့တော်ခန်းမမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှု အခြေအနေကိုတော့ ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဦးစိုင်းမြင့်မောင်က အခုလို ပြောပါတယ်။

“သူလာတာက လားရှိုးမှာ ဂျပန်ကလှူတဲ့ဆေးရုံ ဆေးရုံဖွင့်ပွဲလာတယ်။ အဲဒီဖွင့်ပွဲကနေပြီးတော့မှ မြို့တော်ခန်းမမှာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ သူစပြောတာက ကျန်းမာရေးကိစ္စနဲ့ပက်သက်ပြီးပြောပါတယ်။ လူထုကို လက်ဆွဲပြီးတော့မှ သူ မနှုတ်ဆက်နိုင်တာကို အခြေအနေအရ နားလည်ခွင့်လွှတ်ဖို့။ ဘာကြောင့်လဲဆိုရင် ကျန်းမာရေးဝန်ကြီးက COVID-19 ရောဂါကြောင့်မို့လို့ လက်ဆွဲနှုတ်ဆက်ခြင်းမလုပ်ဖို့အတွက် သူ့ကိုအကြံပေးထားလို့ သူအဲတာမလုပ်ရတဲ့ အကြောင်း။ ပြည်သူလူထုကလည်း အဲဒီလိုပဲပေါ့နော် ကျန်းမာရေးဂရုစိုက်ဖို့။ အဲဒီအပေါ်မှာပဲ အဓိကထားပြီးတော့ ပြောပါတယ်။ ကျန်တာကတော့ ပြည်သူလူထုတွေရဲ့ မေးတဲ့မေးခွန်းတွေကို သက်ဆိုင်ရာဝန်ကြီး ဖြေတာလုပ်တယ်။ မူးယစ်ဆေးဝါးအကြောင်းတွေ ပြောတယ်။ အဓိကက အဲဒီလောက်ပါပဲ။”

ဒီလူထုတွေ့ဆုံပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ပြောဆိုခဲ့တယ်လို့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေအပါဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပါဝင်ပါတယ်။

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွါးနေတဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်အတွင်း လူစုလူဝေးနဲ့ တွေ့ဆုံပွဲပြုလုပ်နေတဲ့ လုပ်ဆောင်ချက်အပေါ် နားမလည်နိုင်ဘူးလို့ လားရှိုးမြို့နဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလျန်းကဆိုပါတယ်။

“ဒီလိုအချိန်မျိုးမှာ COVID-ပေါ့နော် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူထုတွေ့ဆုံပွဲတွေ ရှောင်ကြဉ်ကြဖို့ လူစုလူဝေးတွေ မလုပ်ဖို့ ပြောထားတာလည်း ပြောတာပေါ့နော်။ ဒါပေမဲ့ အတိုင်ပင်ခံကိုယ်တိုင်က အဲဒီလို လူအစုအဝေးကြီး လုပ်တဲ့အခါကျတော့ နားမလည်ဘူးဖြစ်နေတာပေါ့လေ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူထုတွေ့ဆုံမှုမှာ သာမန်ပြည်သူတွေ အရပ်ဖက်အဖွဲ့အစည်းတွေ မီဒီယာတွေ အနေနဲ့ မေးခွန်းမေးခွင့်မရခဲ့ဘူးလို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးအရပ်ဖက် အဖွဲ့အစည်း အမှုဆောင်ကော်မီတီဝင် မနန်းစံပယ်က ပြောပါတယ်။

“အရပ်ဖက်အဖွဲ့အစည်းတွေ ဖိတ်တာမရှိဘူး။ မေးဖို့ မေးခွန်းသပ်သပ်ပေးတာ မရှိဘူး။ မြို့မိမြို့ဖတွေပဲ မေးဖို့အရင်ယူထားတယ်။ အဲတာကိုဖြေရှင်းဖို့အတွက် သူတို့လည်းပြင်ဆင်ထားတယ်ဆိုတော့ လူထုရှေ့မှာသူတို့ဖြေချတယ်။ မေးခွန်း ၃ ခုလောက်ရှိတယ်ထင်တယ်။ မီဒီယာတွေမေးခွန်းမေးခွင့်ရတာလဲ မတွေ့ခဲ့ရဘူးဆိုတော့။ ဒေါ်စုက သူ့အစိုးရနဲ့ အစိုးရအဖွဲ့ဝင်တွေကို ထိန်းကြောင်းတာက သူကိုယ်တိုင်ထိန်းပြီးတော့မှ ပြည်သူလူထုနဲ့ သူထိန်းကြောင်း သွားတာ ဘဲလုပ်သွားတယ်။ CSO မီဒီယာတွေရဲ့အခန်းကဏ္ဍကို သူသိပ်ဦးစားမပေးနေဘူးဆိုတဲ့ ပုံစံမျိုးမြင်ရတယ်ရှင့်။”

ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့ကို ရောက်စဉ်မှာ ဒေသခံတချို့ရဲ့ကန့်ကွက်ကြောင်း လှုပ်ရှားမှုဖြစ်စဉ် တွေရှိခဲ့ပါတယ်။

လူထုတွေ့ဆုံပွဲ ပြုလုပ်နေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံ အယုံအကြည်မရှိ စာတွေဖြန့်ဝေတဲ့ ကမ်ပိန်းလှုပ်ရှားမှုရှိခဲ့တယ်လို့ မနန်းစံပယ်က ဆက်ပြောပါတယ်။

“ဖြန့်ဝေတာကတော့ ဒါမဲဆွယ်ဖို့ လာသလားပေါ့နော်။ တိုင်းရင်းသားဒေသကလည်း အဲဒီလိုစိုးရိမ်ကြတာလည်း ရှိတယ်ဆိုတော့။ ဒီအပေါ်မှာ ဒါကိုတုံ့ပြန်တာပေါ့နော်။ နောက်ဒီအချိန်မှာရက် ၉၀ နဲ့မဲပေးခွင့်ရမယ်။ တိုင်းရင်းသားဒေသတွေ အပေါ်မှာ ဆိုတော့ ဒါကိုမကျေနပ်လို့ တုန့်ပြန်တယ်လို့ထင်တယ်။”

“အောင်ဆန်းကတိ အောင်ဆန်းသမီးမတည်” “ ရက်ပေါင်း ၉၀ နေရုံနဲ့ မဲပေးခွင့် ဘယ်လဲ၊ ဘာလဲ” ခေတ်သစ်နာဇီ စနစ် ဖြင့် ရှမ်းပြည်ကို ပင်လယ်ပြင်မလုပ်ရန် ၊ ရှမ်းပြည်အတွင်း ရေကာတာ တည်ဆောက်မှုများ ဆက်မလုပ်ရန် အစရှိတဲ့ စာရွက်တွေကို လူသွားလာမှုများတဲ့ နန်းဟေဝန် ပန်ခြံလမ်း၊ လားရှိုးမြို့ ဝင်မုခ်ဦး၊ NLD ပါတီရုံးရှေ့နဲ့ နားမခေါ် ယာဉ်ရပ်နားစခန်းမှာ ဖြန့်ဝေထားသလို လမ်းဘေး ဓာတ်တိုင်တွေမှာလည်း ကပ်ထားတယ်လို့ ဒေသ ခံတွေကပြောပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာလည်း မိုင်းပေါက်ကွဲ မှုတွေနဲ့တွေ့ကြုံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလပိုင်းတွေမှာ ချင်းပြည်နယ် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဖက်ကို လူထုတွေ့ဆုံ ပွဲပြုလုပ်နေတာဟာ လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့အတွက် လာတယ်လို့လည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေကနေ ထောက်ပြပြောဆိုနေကြပါတယ်။

ကိုႏိုင္ကြန္းအိန္/VOA (Burmese)
https://burmese.voanews.com
အတိုင္ပင္ခံပုဂၢိဳလ္ လား႐ိႈး လူထုေတြ႔ဆံုပြဲ ေဝဖန္ခံရ အတိုင္ပင္ခံပုဂၢိဳလ္ လား႐ိႈး လူထုေတြ႔ဆံုပြဲ ေဝဖန္ခံရ Reviewed by THITHTOOLWIN on 01:37 Rating: 5
Powered by Blogger.