အဆမတန္ ေဈးတင္ေရာင္းခ်ေနတဲ့ ေစ်းဆိုင္ေတြကို စားသုံးသူကာကြယ္ေရးဥပေဒနဲ႔ အေရးယူမယ္

(Zawgyi)⤵⤵⤵

ရန္ကုန္-မတ္-၂၆-၂၀၂၀

လက္လီလက္ကား ေရာင္းခ်ေနတဲ့ ေဈးဆိုင္မ်ားအေနနဲ႔ ပုံမွန္ေဈးႏႈန္းအတိုင္း စားသုံးသူေတြကို ေစတနာထားေရာင္းခ်ေပးဖို႔တိုက္တြန္းလိုက္ၿပီးေတာ့လိုက္နာျခင္းမရွိတဲ့ ေရာင္းခ်သူ ေတြကို စားသုံးသူကာကြယ္ေရး ဥပေဒနဲ႔သက္ဆိုင္ရာ တိုင္းေဒသႀကီးအစိုးရမ်ားနဲ႔ ပူးေပါင္းၿပီးညႇိႏႈိင္းၿပီးေတာ့ တည္ဆဲဥပေဒမ်ားအေရးယူေဆာင္႐ြက္သြားမယ္လို႔ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းက သိရပါတယ္။

"စားသူသုံးကာကြယ္ေရးဥပေဒ ပုဒ္မ ၇၂အရဆိုရင္ ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ၊ ဒဏ္ေငြသိန္းတစ္ရာ ျဖစ္ေစ ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္လို႔ရပါတယ္။ ဆရာတို႔က တိုင္တဲ့သူဆီက ေျပစာေတာ့ လိုတာေပါ့။ သူတို႔ဆီက ေျပစာေတာ့ေတာင္းထားတာေပါ့။ တကယ္လို႔ ကြၽန္ေတာ္တို႔ အသိေပးေၾကညာခ်က္ထြက္ၿပီးေနာက္ပိုင္းမွာ ဆက္ၿပီးေတာ့ ေရာင္းခ်တာမ်ိဳးကို အေရးယူတာေတြ လုပ္ရမွာေပါ့။ လို႔ ျမန္မာႏိုင္ငံ စားသုံးသူ ကာကြယ္ေရး အသင္းဥကၠဌ ဦးဗအုပ္ခိုင္ ကေျပာပါတယ္။

အခုေတာ့ ဆန္နဲ႔ပတ္သက္ၿပီးေတာ့ တိုင္တာေတြရွိတယ္။ အထူးသျဖင့္ ေဆးဆိုင္ေတြမ်ားတယ္။ လက္သန႔္ေဆး အလတ္တစ္ဘူးကို တစ္ေသာင္းနဲ႔ေရာင္းတာေတြရွိတယ္။ အရက္ပ်ံတစ္ဘူးကို ၃၅၀၀နဲ႔ဝယ္ရတာေပါ့။ အေရးယူမယ္ဆိုရင္ ေျပစာေတာ့ လိုတာေပါ့။ ကြၽန္ေတာ္တို႔က အေရးမယူခင္မွာ အသိေပးတာေတြ အရင္ဆုံးလုပ္မွာေပါ့။ သတိေပးလို႔ လိုက္နာသြားတယ္ဆိုရင္လည္း ေကာင္းတာေပါ့"လို႔ သူကဆက္ၿပီးေတာ့ေျပာပါတယ္။

မတ္ ၂၃ရက္ေန႔မွာ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာေၾကညာခ်က္ထုတ္တဲ့အခ်ိန္မွာ စားသုံးသူေတြ အမ်ားၾကားမွာ စိုးရိမ္မႈမ်ားျမင့္တက္ၿပီးေတာ့ စားေသာက္ကုန္နဲ႔ လူသုံးကုန္ပစၥည္းမ်ား ဝယ္ယူစုေဆာင္းမႈေတြ မ်ားျပားလာတာကိုေတြ႕ရတယ္လို႔ သိရပါတယ္။

စားသုံးသူျပည္သူမ်ားရဲ႕ စိုးရိမ္မႈကိုအခြင့္ေကာင္းယူၿပီးေတာ့ အဓိကစားေသာက္ကုန္ပစၥည္းမ်ားျဖစ္တဲ့ ဆန္နဲ႔ COVID-19 ကာကြယ္ရာမွာ အသုံးျပဳတဲ့ တစ္ခါသုံး Face mask၊ hand gel နဲ႔အရက္ပ်ံေတြကိုအခ်ိဳ႕ဆိုင္ေတြကအဆမတန္ ေဈးတင္ေရာင္းခ်မႈေတြ ျပဳလုပ္လာၾကၿပီးေတာ့ အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ စားသုံးသူေတြကလည္း အသင္းကိုု တိုင္ၾကားမႈေတြကို ေန႔စဥ္လက္ခံရရွိေနတယ္လို႔ အဲ့ဒီအသင္းက ေၾကညာထားပါတယ္။

အမ်ားျပည္သူမ်ား COVID-19 ကပ္ေရာဂါေဘးနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ အခြင့္ေကာင္းယူ ၿပီးေတာ့ ခုလို ဝိသမေလာဘနဲ႔ ပြဲလန႔္တုန္းဖ်ာခင္းျခင္းဟာ လူသားမဆန္ေသာ လုပ္ရပ္ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းကသိရပါတယ္။

စြဲ႕ဝတီ(VOM)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Zawgyi)⤵⤵⤵
အဆမတန် ဈေးတင်ရောင်းချနေတဲ့ ဈေးဆိုင်တွေကို စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူမယ်

ရန်ကုန်-မတ်-၂၆-၂၀၂၀
လက်လီလက်ကား ရောင်းချနေတဲ့ ဈေးဆိုင်များအနေနဲ့ ပုံမှန်ဈေးနှုန်းအတိုင်း စားသုံးသူတွေကို စေတနာထားရောင်းချပေးဖို့တိုက်တွန်းလိုက်ပြီးတော့ လိုက်နာခြင်းမရှိတဲ့ ရောင်းချသူ တွေကို စားသုံးသူကာကွယ်ရေး ဥပဒေနဲ့သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများနဲ့ ပူးပေါင်းပြီးညှိနှိုင်းပြီးတော့ တည်ဆဲဥပဒေများအရေးယူဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက သိရပါတယ်။

"စားသူသုံးကာကွယ်ရေးဥပဒေ ပုဒ်မ ၇၂အရဆိုရင် ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေသိန်းတစ်ရာ ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ရပါတယ်။ ဆရာတို့က တိုင်တဲ့သူဆီက ပြေစာတော့ လိုတာပေါ့။ သူတို့ဆီက ပြေစာတော့တောင်းထားတာပေါ့။ တကယ်လို့ ကျွန်တော်တို့ အသိပေးကြေညာချက်ထွက်ပြီးနောက်ပိုင်းမှာ ဆက်ပြီးတော့ ရောင်းချတာမျိုးကို အရေးယူတာတွေ လုပ်ရမှာပေါ့။ လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဌ ဦးဗအုပ်ခိုင် ကပြောပါတယ်။

အခုတော့ ဆန်နဲ့ပတ်သက်ပြီးတော့ တိုင်တာတွေရှိတယ်။ အထူးသဖြင့် ဆေးဆိုင်တွေများတယ်။ လက်သန့်ဆေး အလတ်တစ်ဘူးကို တစ်သောင်းနဲ့ရောင်းတာတွေရှိတယ်။ အရက်ပျံတစ်ဘူးကို ၃၅၀၀နဲ့ဝယ်ရတာပေါ့။ အရေးယူမယ်ဆိုရင် ပြေစာတော့ လိုတာပေါ့။ ကျွန်တော်တို့က အရေးမယူခင်မှာ အသိပေးတာတွေ အရင်ဆုံးလုပ်မှာပေါ့။ သတိပေးလို့ လိုက်နာသွားတယ်ဆိုရင်လည်း ကောင်းတာပေါ့"လို့ သူကဆက်ပြီးတော့ပြောပါတယ်။

မတ် ၂၃ရက်နေ့မှာ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာကြေညာချက်ထုတ်တဲ့အချိန်မှာ စားသုံးသူတွေ အများကြားမှာ စိုးရိမ်မှုများမြင့်တက်ပြီးတော့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းမှုတွေ များပြားလာတာကိုတွေ့ရတယ်လို့ သိရပါတယ်။
စားသုံးသူပြည်သူများရဲ့ စိုးရိမ်မှုကိုအခွင့်ကောင်းယူပြီးတော့ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်တဲ့ ဆန်နဲ့ COVID-19 ကာကွယ်ရာမှာ အသုံးပြုတဲ့ တစ်ခါသုံး Face mask၊ hand gel နဲ့အရက်ပျံတွေကိုအချို့ဆိုင်တွေကအဆမတန် ဈေးတင်ရောင်းချမှုတွေ ပြုလုပ်လာကြပြီးတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စားသုံးသူတွေကလည်း အသင်းကို တိုင်ကြားမှုတွေကို နေ့စဉ်လက်ခံရရှိနေတယ်လို့ အဲ့ဒီအသင်းက ကြေညာထားပါတယ်။

အများပြည်သူများ COVID-19 ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ အခွင့်ကောင်းယူ ပြီးတော့ ခုလို ဝိသမလောဘနဲ့ ပွဲလန့်တုန်းဖျာခင်းခြင်းဟာ လူသားမဆန်သော လုပ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းကသိရပါတယ်။

စွဲ့ဝတီ(VOM)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အဆမတန္ ေဈးတင္ေရာင္းခ်ေနတဲ့ ေစ်းဆိုင္ေတြကို စားသုံးသူကာကြယ္ေရးဥပေဒနဲ႔ အေရးယူမယ္ အဆမတန္ ေဈးတင္ေရာင္းခ်ေနတဲ့ ေစ်းဆိုင္ေတြကို စားသုံးသူကာကြယ္ေရးဥပေဒနဲ႔ အေရးယူမယ္ Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.