ျပည္ပက ျပန္လာသူတစ္ရာေက်ာ္ကို ေနျပည္ေတာ္မွာ သီးသန႔္ေစာင့္ၾကည့္ေန


(Zawgyi)⤵⤵⤵

ထိုင္းႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံအပါအဝင္ ျပည္ပႏိုင္ငံေတြကေန ေနျပည္ေတာ္ကို  ျပန္လာၾကသူေတြကို မေန႔ကစၿပီး ေနျပည္ေတာ္က ေဆး႐ုံေတြ မွာ သီးသန႔္ခြဲထားၿပီး ေစာင့္ၾကည့္ေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ရက္အတြင္း  ျပည္ပႏိုင္ငံေတြကေန ေနျပည္ေတာ္ကို တိုက္႐ိုက္ျပန္လာသူ အေရအတြက္က လူဦးေရတစ္ရာေက်ာ္ ရွိေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတာ ရွိမရွိ ေစာင့္ၾကည့္ဖို႔အတြက္ ေနျပည္ေတာ္က ေဆး႐ုံ ေလးခုမွာ သီးသန႔္ခြဲထားၿပီး ေဆာင္႐ြက္ေနတယ္လို႔ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာမ်ိဳးစုၾကည္က RFA ကို ေျပာပါတယ္။

ဒကၡိဏသီရိ၊ ေဇယ်ာသီရိ၊  ပုပၺသီရိနဲ႔ ဥတၱရသီရိ ၿမိဳ႕နယ္ေဆး႐ုံေတြမွာ သီးသန႔္ေစာင့္ၾကည့္ေနတာ ျဖစ္ၿပီး လက္ရွိအခ်ိန္ထိေတာ့ ေစာင့္ၾကည့္ေနသူအားလုံး က်န္းမာေရးေကာင္းမြန္တယ္လို႔ ေဒါက္တာမ်ိဳးစုၾကည္က ေျပာပါတယ္။

"Quarantine အတြက္ကို လမ္းၫႊန္ခ်က္ေတြ ထုတ္တယ္ေပါ့ေနာ္။ ႏိုင္ငံအားလုံးကျပန္လာေသာ ျမန္မာႏိုင္ငံသားမ်ားအားလုံးကို Facility quarantine ထားဖို႔အတြက္ ၂၅ ရက္ေန႔မွာ စအက်ဳံးဝင္တဲ့အတြက္ေၾကာင့္ သုံးလပိုင္း၂၅ ရက္ေန႔မွ ေရာက္တဲ့သူေတြကိုသာ hospital quarantine/ Facility quarantine ထားရွိျခင္း ျဖစ္ပါတယ္။ အထူးသျဖင့္ ျမဝတီဘက္က လာတဲ့သူမ်ားကို အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ျမဝတီကေန ကားေတြနဲ႔ တင္ေပးလိုက္ၾကတယ္။ ၿပီးရင္ ေနျပည္ေတာ္က အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကတဆင့္ အျမန္လမ္းအထိ သြားႀကိဳေပးၿပီး၊ အဲ့ဒီအုပ္စုေတြကို က်မတို႔က သတ္မွတ္ထားတဲ့တစ္ေနရာမွာ စုၿပီး က်န္းမာေရး အရင္ စစ္ေဆးေပးပါတယ္။ ၿပီးေတာ့မွ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ hospital quarantine ထားရွိမယ့္ ေနရာေတြကို ျပန္ၿပီးေတာ့ ပို႔ေဆာင္ေပးပါတယ္။ အဲ့ဒါေၾကာင့္ မ်ားေသာအားျဖင့္ေတာ့ က်န္းမာေရးအေျခအေန တစ္ခါတည္း စစ္ေဆးၿပီးသား ျဖစ္ပါတယ္။ သက္ဆိုင္ရာ သတ္မွတ္ထားတဲ့ ေဆး႐ုံေတြ ေရာက္ရင္လည္း ေန႔စဥ္က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေနပါတယ္။ မေန႔က ဝင္တဲ့သူေတြက ဒီေန႔အေျခအေနထိ က်န္းမာေရး ေကာင္းမြန္ပါတယ္"

ျပည္ပႏိုင္ငံကေန ေနျပည္ေတာ္ကို  ျပန္လာသူေတြထဲမွာ  ထိုင္းႏိုင္ငံက ျပန္လာသူက အမ်ားဆုံးျဖစ္ၿပီး၊ ဒုတိယအမ်ားဆုံးက တ႐ုတ္ႏိုင္ငံကလို႔ သိရပါတယ္။

ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာနက မေန႔ညေန ၆ နာရီအထိ ရရွိထားတဲ့စာရင္းအရ... ေဆး႐ုံေတြမွာ သီးသန႔္ခြဲထားၿပီး ေစာင့္ၾကည့္သူ ၅၉ ဦး ရွိပါတယ္။ ေနျပည္ေတာ္ ကို႐ိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္ေရး လူမႈဝန္ထမ္းအဖြဲ႕ (NCVT) က အတြင္းေရးမႉး ဦးသက္ေထြးကေတာ့ ၂၅ ရက္- မေန႔ကနဲ႔ ဒီေန႔မနက္ပိုင္းထိ ေစာင့္ၾကည့္လူဦးေရ ၁၀၂ ေယာက္ ရွိတယ္လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈကေန ႀကိဳတင္ကာကြယ္ဖို႔၊ အသိပညာေပးႏိုင္ဖို႔အတြက္ ေနျပည္ေတာ္ေကာင္စီရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ေနျပည္ေတာ္မွာရွိတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ လူမႈကူညီေရးအသင္းေတြ ေပါင္းၿပီး (NCVT) ကို ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။  မေန႔ကစၿပီး ေနျပည္ေတာ္ ၿမိဳ႕နယ္ရွစ္ခုမွာ အဲ့ဒီအဖြဲ႕က အသိပညာေပးတာေတြ ေဆာင္႐ြက္ေနတယ္လို႔ အဖြဲ႕ဥကၠ႒ ဦးေက်ာ္မင္းထြန္းက ေျပာပါတယ္။

"ပညာေပး စလုပ္ေနတယ္။ ၿပီးတဲ့အခါက်ေတာ့ ေစာင့္ၾကည့္ၿပီးေတာ့ သတင္းအခ်က္အလက္ စုေဆာင္းတာေပါ့။ ေစာင့္ၾကည့္တယ္ ဆိုတာက... ျပန္လာတဲ့သူေတြ ဘယ္သူေတြ ျပန္လာတယ္  ေစာင့္ၾကည့္ၿပီး အခ်က္အလက္ ယူတာေပါ့။ ေနာက္တစ္ခုက လက္ရွိ ေဆး႐ုံေတြကို ေရာက္ေနၾကတဲ့ ေစာင့္ၾကည့္လူေတြရဲ႕ ေနမႈထိုင္မႈေတြ လုပ္ေပးေနတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ စိတ္ဓာတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ေရးေတြ ႀကိဳးစားေနပါတယ္"

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္ သတင္းေတြအရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ သုံးဦးရွိၿပီး သံသယနဲ႔  ေစာင့္ၾကည့္လူနာ ၂၇၆ ဦး ၊ ေရာဂါပိုးမေတြ႕သူ ၂၅၃ ဦး ၊ ဓာတ္ခြဲအေျဖ ေစာင့္ေနသူ ၂၀ ဦး ရွိပါတယ္။

မတ္လ ၂၅ ရက္ မေန႔ကအထိ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ရွိတဲ့ ေဆး႐ုံနဲ႔ ဟိုတယ္ အေဆာက္အဦးေတြမွာ အသြားအလာကန႔္သတ္တာ၊ တားျမစ္ပိတ္ပင္တာေတြ ေဆာင္႐ြက္ထားသူ  ၅၀၄ ဦးရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵

ပြည်ပက ပြန်လာသူတစ်ရာကျော်ကို နေပြည်တော်မှာ သီးသန့်စောင့်ကြည့်နေ

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကနေ နေပြည်တော်ကို  ပြန်လာကြသူတွေကို မနေ့ကစပြီး နေပြည်တော်က ဆေးရုံတွေ မှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်အတွင်း  ပြည်ပနိုင်ငံတွေကနေ နေပြည်တော်ကို တိုက်ရိုက်ပြန်လာသူ အရေအတွက်က လူဦးရေတစ်ရာကျော် ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ ရှိမရှိ စောင့်ကြည့်ဖို့အတွက် နေပြည်တော်က ဆေးရုံ လေးခုမှာ သီးသန့်ခွဲထားပြီး ဆောင်ရွက်နေတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က RFA ကို ပြောပါတယ်။

ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊  ပုပ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်ဆေးရုံတွေမှာ သီးသန့်စောင့်ကြည့်နေတာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ စောင့်ကြည့်နေသူအားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။

"Quarantine အတွက်ကို လမ်းညွှန်ချက်တွေ ထုတ်တယ်ပေါ့နော်။ နိုင်ငံအားလုံးကပြန်လာသော မြန်မာနိုင်ငံသားများအားလုံးကို Facility quarantine ထားဖို့အတွက် ၂၅ ရက်နေ့မှာ စအကျုံးဝင်တဲ့အတွက်ကြောင့် သုံးလပိုင်း၂၅ ရက်နေ့မှ ရောက်တဲ့သူတွေကိုသာ hospital quarantine/ Facility quarantine ထားရှိခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် မြဝတီဘက်က လာတဲ့သူများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ မြဝတီကနေ ကားတွေနဲ့ တင်ပေးလိုက်ကြတယ်။ ပြီးရင် နေပြည်တော်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတဆင့် အမြန်လမ်းအထိ သွားကြိုပေးပြီး၊ အဲ့ဒီအုပ်စုတွေကို ကျမတို့က သတ်မှတ်ထားတဲ့တစ်နေရာမှာ စုပြီး ကျန်းမာရေး အရင် စစ်ဆေးပေးပါတယ်။ ပြီးတော့မှ သက်ဆိုင်ရာမြို့နယ်တွေမှာ hospital quarantine ထားရှိမယ့် နေရာတွေကို ပြန်ပြီးတော့ ပို့ဆောင်ပေးပါတယ်။ အဲ့ဒါကြောင့် များသောအားဖြင့်တော့ ကျန်းမာရေးအခြေအနေ တစ်ခါတည်း စစ်ဆေးပြီးသား ဖြစ်ပါတယ်။ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ ဆေးရုံတွေ ရောက်ရင်လည်း နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ မနေ့က ဝင်တဲ့သူတွေက ဒီနေ့အခြေအနေထိ ကျန်းမာရေး ကောင်းမွန်ပါတယ်"

ပြည်ပနိုင်ငံကနေ နေပြည်တော်ကို  ပြန်လာသူတွေထဲမှာ  ထိုင်းနိုင်ငံက ပြန်လာသူက အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးက တရုတ်နိုင်ငံကလို့ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက မနေ့ညနေ ၆ နာရီအထိ ရရှိထားတဲ့စာရင်းအရ... ဆေးရုံတွေမှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်သူ ၅၉ ဦး ရှိပါတယ်။ နေပြည်တော် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေး လူမှုဝန်ထမ်းအဖွဲ့ (NCVT) က အတွင်းရေးမှူး ဦးသက်ထွေးကတော့ ၂၅ ရက်- မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းထိ စောင့်ကြည့်လူဦးရေ ၁၀၂ ယောက် ရှိတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကနေ ကြိုတင်ကာကွယ်ဖို့၊ အသိပညာပေးနိုင်ဖို့အတွက် နေပြည်တော်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ နေပြည်တော်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လူမှုကူညီရေးအသင်းတွေ ပေါင်းပြီး (NCVT) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။  မနေ့ကစပြီး နေပြည်တော် မြို့နယ်ရှစ်ခုမှာ အဲ့ဒီအဖွဲ့က အသိပညာပေးတာတွေ ဆောင်ရွက်နေတယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ပြောပါတယ်။

"ပညာပေး စလုပ်နေတယ်။ ပြီးတဲ့အခါကျတော့ စောင့်ကြည့်ပြီးတော့ သတင်းအချက်အလက် စုဆောင်းတာပေါ့။ စောင့်ကြည့်တယ် ဆိုတာက... ပြန်လာတဲ့သူတွေ ဘယ်သူတွေ ပြန်လာတယ်  စောင့်ကြည့်ပြီး အချက်အလက် ယူတာပေါ့။ နောက်တစ်ခုက လက်ရှိ ဆေးရုံတွေကို ရောက်နေကြတဲ့ စောင့်ကြည့်လူတွေရဲ့ နေမှုထိုင်မှုတွေ လုပ်ပေးနေတယ်။ နောက်ဆုံးတစ်ခုကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတွေ ကြိုးစားနေပါတယ်"

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက် သတင်းတွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးဦးရှိပြီး သံသယနဲ့  စောင့်ကြည့်လူနာ ၂၇၆ ဦး ၊ ရောဂါပိုးမတွေ့သူ ၂၅၃ ဦး ၊ ဓာတ်ခွဲအဖြေ စောင့်နေသူ ၂၀ ဦး ရှိပါတယ်။

မတ်လ ၂၅ ရက် မနေ့ကအထိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရှိတဲ့ ဆေးရုံနဲ့ ဟိုတယ် အဆောက်အဦးတွေမှာ အသွားအလာကန့်သတ်တာ၊ တားမြစ်ပိတ်ပင်တာတွေ ဆောင်ရွက်ထားသူ  ၅၀၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ျပည္ပက ျပန္လာသူတစ္ရာေက်ာ္ကို ေနျပည္ေတာ္မွာ သီးသန႔္ေစာင့္ၾကည့္ေန ျပည္ပက ျပန္လာသူတစ္ရာေက်ာ္ကို ေနျပည္ေတာ္မွာ သီးသန႔္ေစာင့္ၾကည့္ေန Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.