ဆန္၊ဆီစတဲ့အေျခခံစားကုန္ေတြကိုအသက္သာဆုံးႏႈန္းထားနဲ႔ အေျခခံအလုပ္သမားေတြရွိရာစက္မႈဇုန္ေတြအနီးမွာေရာင္းခ်ေပးမယ္

အေျခခံစားကုန္ေတြကို အသက္သာဆုံးႏႈန္းထားနဲ႔ ေရာင္းခ်ေပးမယ္
(Zawgyi)⤵⤵⤵
ဆန္၊ဆီ အပါအဝင္အေျခခံစားေသာက္ကုန္ေတြကို အသက္သာဆုံးႏႈန္းထားနဲ႔ အေျခခံအလုပ္သမား အမ်ားစုတည္ရွိရာ စက္မႈဇုန္ေတြအနီးမွာ မတ္ ၂၆ ရက္ေန႔ကစၿပီး ေရာင္းခ်ေပးသြားမယ္ လို႔ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားနဲ႔စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္( UMFCCI)က ထုတ္ျပန္ပါတယ္။

မတ္ ၂၆ ရက္ေန႔မွာ ညေနပိုင္းမွာ လႈိင္သာယာစက္မႈဇုန္ စီမံခန႔္ခြဲေရးေကာ္မတီ႐ုံးေရွ႕မွာ အေျခခံ စားေသာက္ကုန္ေတြကို သက္သာေသာႏႈန္းထားနဲ႔ လႈိင္သာယာၿမိဳ႕နယ္အတြင္းေနထိုင္သူ ေတြကိုေရာင္းခ် ေပးသြားမွာျဖစ္တယ္လို႔သိရပါတယ္။

' ' အသက္သာဆုံးႏႈန္းနဲ႔ေရာင္းခ်ေပးမွာပါ။ ေရာင္းခ်ေပးမယ့္ပမာဏက အဲဒီစက္မႈဇုန္ေတြမွာရွိတဲ့ လုပ္သားအေရအတြက္ကို မူတည္ၿပီးေရာင္းေပးသြားမယ္'' လို႔ ကုန္သည္စက္မႈ အသင္းခ်ဳပ္၊ျပည္သူ႔ဆက္ဆံေရးဌာန ျပန္ၾကားေရးတာဝန္ခံက ဘီဘီစီကို ေျပာပါတယ္။

ဒီလို အေျခခံလုပ္သားေတြရွိရာ ေနရာေတြမွာ လိုက္လံေရာင္းခ်ေပးတာကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္နဲ႔ ညီ ေနာင္အသင္း ေတြျဖစ္တဲ့ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္း၊ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းတို႔ ပူးေပါင္းေဆာင္႐ြက္ၾကတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ -၁၉ လူနာေတြ႕ရွိၿပီးေနာက္ ႐ုတ္တရက္ အေျခခံစားကုန္ေတြကို အလုအယက္ဝယ္ယူစုေဆာင္းတာ ေတြရွိလာသလို လက္လီေဈးကြက္မွာ ဆန္၊ဆီစတဲ့အေျခခံစားကုန္ ေတြလည္း ေဈးအနည္းငယ္ျမႇင့္တက္တာေတြလည္း ရွိလာခဲ့ပါတယ္။

လႈိင္သာယာၿမိဳ႕နယ္အျပင္ အျခားစက္မႈဇုန္ေတြတည္ရွိရာ ၿမိဳ႕နယ္ေတြကိုလည္း လာမယ့္ရက္ေတြအတြင္း သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္း၍ ဆက္လက္လွည့္လည္ေရာင္းခ် ေပးသြားဖို႔ရွိတယ္လို႔သိရပါ တယ္။

'' ေနာက္ထပ္ေနရာေတြေတာ့ ထပ္ၿပီးေရာင္းခ်ေပးဖို႔ရွိတယ္။ ဘယ္ေနရာေတြလည္းဆိုတာေတာ့ ေလာေလာဆယ္အတိအက်ေတာ့ မေျပာႏိုင္ေသးဘူး''လို႔ အဆိုပါျပန္ၾကားေရးတာဝန္ခံက ဆက္လက္ ေျပာျပပါတယ္။

အခုလို အေျခခံစားကုန္ေတြကို သက္သာတဲ့ေဈးႏႈန္းနဲ႔လိုက္လံေရာင္းခ်ေပးတာဟာ ကိုဗစ္ -၁၉ ေၾကာင့္ အမ်ားျပည္သူဝယ္ယူစားသုံးေနတဲ့ အေျခခံစားကုန္ေတြ ေဈးကြက္အတြင္း ျပတ္လပ္မႈမရွိေစဖို႔နဲ႔ ေဈးႏႈန္းႀကီးျမင့္တာမ်ိဳးေတြမရွိေစဖို႔ ရည္႐ြယ္လုပ္ေဆာင္တာျဖစ္တယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဆန်၊ဆီစတဲ့အခြေခံစားကုန်တွေကိုအသက်သာဆုံးနှုန်းထားနဲ့ အခြေခံအလုပ်သမားတွေရှိရာစက်မှုဇုန်တွေအနီးမှာရောင်းချပေးမယ်

Image caption အခြေခံစားကုန်တွေကို အသက်သာဆုံးနှုန်းထားနဲ့ ရောင်းချပေးမယ်

ဆန်၊ဆီ အပါအဝင်အခြေခံစားသောက်ကုန်တွေကို အသက်သာဆုံးနှုန်းထားနဲ့ အခြေခံအလုပ်သမား အများစုတည်ရှိရာ စက်မှုဇုန်တွေအနီးမှာ မတ် ၂၆ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ် လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်( UMFCCI)က ထုတ်ပြန်ပါတယ်။

မတ် ၂၆ ရက်နေ့မှာ ညနေပိုင်းမှာ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့မှာ အခြေခံ စားသောက်ကုန်တွေကို သက်သာသောနှုန်းထားနဲ့ လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူ တွေကိုရောင်းချ ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

' ' အသက်သာဆုံးနှုန်းနဲ့ရောင်းချပေးမှာပါ။ ရောင်းချပေးမယ့်ပမာဏက အဲဒီစက်မှုဇုန်တွေမှာရှိတဲ့ လုပ်သားအရေအတွက်ကို မူတည်ပြီးရောင်းပေးသွားမယ်'' လို့ ကုန်သည်စက်မှု အသင်းချုပ်၊ပြည်သူ့ဆက်ဆံရေးဌာန ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

ဒီလို အခြေခံလုပ်သားတွေရှိရာ နေရာတွေမှာ လိုက်လံရောင်းချပေးတာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ ညီ နောင်အသင်း တွေဖြစ်တဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ လူနာတွေ့ရှိပြီးနောက် ရုတ်တရက် အခြေခံစားကုန်တွေကို အလုအယက်ဝယ်ယူစုဆောင်းတာ တွေရှိလာသလို လက်လီဈေးကွက်မှာ ဆန်၊ဆီစတဲ့အခြေခံစားကုန် တွေလည်း ဈေးအနည်းငယ်မြှင့်တက်တာတွေလည်း ရှိလာခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်အပြင် အခြားစက်မှုဇုန်တွေတည်ရှိရာ မြို့နယ်တွေကိုလည်း လာမယ့်ရက်တွေအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်လှည့်လည်ရောင်းချ ပေးသွားဖို့ရှိတယ်လို့သိရပါ တယ်။

'' နောက်ထပ်နေရာတွေတော့ ထပ်ပြီးရောင်းချပေးဖို့ရှိတယ်။ ဘယ်နေရာတွေလည်းဆိုတာတော့ လောလောဆယ်အတိအကျတော့ မပြောနိုင်သေးဘူး''လို့ အဆိုပါပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောပြပါတယ်။

အခုလို အခြေခံစားကုန်တွေကို သက်သာတဲ့ဈေးနှုန်းနဲ့လိုက်လံရောင်းချပေးတာဟာ ကိုဗစ် -၁၉ ကြောင့် အများပြည်သူဝယ်ယူစားသုံးနေတဲ့ အခြေခံစားကုန်တွေ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေဖို့နဲ့ ဈေးနှုန်းကြီးမြင့်တာမျိုးတွေမရှိစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
ဆန္၊ဆီစတဲ့အေျခခံစားကုန္ေတြကိုအသက္သာဆုံးႏႈန္းထားနဲ႔ အေျခခံအလုပ္သမားေတြရွိရာစက္မႈဇုန္ေတြအနီးမွာေရာင္းခ်ေပးမယ္ ဆန္၊ဆီစတဲ့အေျခခံစားကုန္ေတြကိုအသက္သာဆုံးႏႈန္းထားနဲ႔ အေျခခံအလုပ္သမားေတြရွိရာစက္မႈဇုန္ေတြအနီးမွာေရာင္းခ်ေပးမယ္ Reviewed by THITHTOOLWIN on 22:33 Rating: 5
Powered by Blogger.