COVID-19 ေၾကာင့္ ကေနဒါနဲ႔ မကၠဆီကုိ နယ္စပ္ေတြ ကန္ ပိတ္မည္

ကေနဒါနဲ႔ အေမရိကန္ နယ္စပ္တေနရ

(Zawgyi/Unicode)

တိုင္းျပည္အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မွဳႏွဳန္း ျမင့္တက္တာေၾကာင့္ အေမရိကန္ျပည္ေထာင္စုဟာ လာမယ့္ စေနေန႔ သန္းေခါင္းယံ အခ်ိန္ကစလို႔ အိမ္နီးခ်င္း ကေနဒါနဲ႔ မကၠဆီႏုိင္ငံေတြနဲ႔ နယ္စပ္ျဖတ္ေက်ာ္ခြင့္ကို ပိတ္ေတာ့မွာ ျဖစ္တဲ့အေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က ေသာၾကာေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

“အခု ခ်မွတ္လိုက္တဲ့ အေရးယူ ေဆာင္ရြက္ခ်က္ေတြဟာ ဒီ ၃ ႏိုင္ငံစလုံးက ျပည္သူေတြရဲ႕ က်န္းမာေရးကို အကာအကြယ္ ေပးမွာ ျဖစ္သလို လူအမ်ား အေမရိကန္ႏိုင္ငံအတြင္း ေရႊ႕ေျပာင္း၀င္ေရာက္တာေၾကာင့္ က်န္းမာေရး၀န္ေဆာင္မွဳ စြမ္းအား က်ဆင္းတာကိုလည္း ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္” လို႔ ေျပာသြားတာပါ။


တတိုင္းျပည္လုံး အသြားအလာေတြ ပိတ္ပင္မယ့္ ကိစၥကိုေတာ့ လိုအပ္လာလိမ့္မယ္လို႔ မထင္ေၾကာင္း သမၼတ ထရမ့္က ေျပာပါတယ္။ ဒါေပမဲ့ ကယ္လီဖိုးနီးယား၊ နယူးေယာက္၊ Illinois နဲ႔ Connecticut ျပည္နယ္ေတြကမွာေတာ့ အေရးေပၚ အေျခအေနကို ထုတ္ျပန္ေၾကညာခဲ့ၾကျပီး ကယ္လီဖိုးနီးယား ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Gavin Newsom က သန္း ၄၀ ရွိတဲ့ ျပည္နယ္သူ ျပည္နယ္ သားေတြကို အိမ္ အျပင္မထြက္ၾကဖို႔ ၾကာသပေတးေန႔ က အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေသာၾကာေန႔အထိ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္ ၂၃၃ ဦး ရွိသြားခဲ့ၿပီး ေရာဂါပုိး ကူးစက္သူ အေရအတြက္က ၁၇၇၀၀ ရွိလာတာေၾကာင့္ အခုလို အေရးယူ ေဆာင္ရြက္မွဳေတြ လုပ္ေဆာင္ရတာလည္း ျဖစ္ပါတယ္။

နယ္စပ္ေတြကိုပိတ္ပစ္မယ့္ ေၾကညာခ်က္ကို အေမရိကန္ႏုိ္င္ငံျခားေရး၀န္ႀကီးဌာနက ႏုိင္ငံသားေတြ ခရီးသြားလာမႈနဲ႔ ပတ္သက္လို႔ သတိေပးခ်က္ကို မၾကံဳစဖူး အဆင့္ ၄ အထိ ျမွင့္တင္ခဲ့အျပီးမွာ ေၾကညာခဲ့တာပါ။ အဆင့္ ၄ အရ အေမရိကန္ ႏုိင္ငံသား ေတြ ျပည္ပခရီးမသြားၾကဖို႔နဲ႔ ျပည္ပေရာက္အေမရိကန္ ေတြကို လည္း တိုင္းျပည္ကို အျမန္ဆုံး ျပန္လာဖို႔သတိေပးထား တာျဖစ္ပါတယ္။


...................

COVID-19 ကြောင့် ကနေဒါနဲ့ မက္ကဆီကို နယ်စပ်တွေ ကန် ပိတ်မည်

(Unicode)

တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်တာကြောင့် အမေရိကန်ပြည်ထောင်စုဟာ လာမယ့် စနေနေ့ သန်းခေါင်းယံ အချိန်ကစလို့ အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်တော့မှာ ဖြစ်တဲ့အကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“အခု ချမှတ်လိုက်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေဟာ ဒီ ၃ နိုင်ငံစလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးကို အကာအကွယ် ပေးမှာ ဖြစ်သလို လူအများ အမေရိကန်နိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်တာကြောင့် ကျန်းမာရေးဝန်ဆောင်မှု စွမ်းအား ကျဆင်းတာကိုလည်း လျော့ကျစေမှာ ဖြစ်ပါတယ်” လို့ ပြောသွားတာပါ။

တတိုင်းပြည်လုံး အသွားအလာတွေ ပိတ်ပင်မယ့် ကိစ္စကိုတော့ လိုအပ်လာလိမ့်မယ်လို့ မထင်ကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ကယ်လီဖိုးနီးယား၊ နယူးယောက်၊ Illinois နဲ့ Connecticut ပြည်နယ်တွေကမှာတော့ အရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ကြပြီး ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က သန်း ၄၀ ရှိတဲ့ ပြည်နယ်သူ ပြည်နယ် သားတွေကို အိမ် အပြင်မထွက်ကြဖို့ ကြာသပတေးနေ့ က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သောကြာနေ့အထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၂၃၃ ဦး ရှိသွားခဲ့ပြီး ရောဂါပိုး ကူးစက်သူ အရေအတွက်က ၁၇၇၀၀ ရှိလာတာကြောင့် အခုလို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။

နယ်စပ်တွေကိုပိတ်ပစ်မယ့် ကြေညာချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံသားတွေ ခရီးသွားလာမှုနဲ့ ပတ်သက်လို့ သတိပေးချက်ကို မကြုံစဖူး အဆင့် ၄ အထိ မြှင့်တင်ခဲ့အပြီးမှာ ကြေညာခဲ့တာပါ။ အဆင့် ၄ အရ အမေရိကန် နိုင်ငံသား တွေ ပြည်ပခရီးမသွားကြဖို့နဲ့ ပြည်ပရောက်အမေရိကန် တွေကို လည်း တိုင်းပြည်ကို အမြန်ဆုံး ပြန်လာဖို့သတိပေးထား တာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
COVID-19 ေၾကာင့္ ကေနဒါနဲ႔ မကၠဆီကုိ နယ္စပ္ေတြ ကန္ ပိတ္မည္ COVID-19 ေၾကာင့္ ကေနဒါနဲ႔ မကၠဆီကုိ နယ္စပ္ေတြ ကန္ ပိတ္မည္ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.