ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ AA ပါဝင္ဖို႔ ခဲယဥ္းလာေၾကာင္း တပ္မေတာ္ေျပာ

(Zawgyi)⤵⤵⤵

ရကၡိဳင့္တပ္ေတာ္ AA ကို ႏိုင္ငံေတာ္အစိုးရက အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္လိုက္ၿပီး  ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ေတြမွာ ပါဝင္ေဆြးေႏြးႏိုင္ဖို႔ ခဲယဥ္းသြားၿပီလို႔ တပ္မေတာ္က  ေျပာဆိုလိုက္ပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ရကၡိဳင့္တပ္ေတာ္ AA ဟာ ၿငိမ္းခ်မ္းေရး မလိုခ်င္လို႔  အၾကမ္းဖက္လုပ္ရပ္ေတြ ခဏခဏလုပ္ေနခဲ့တာေၾကာင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ ဆက္လက္ ပါဝင္ႏိုင္ဖို႔ ခဲယဥ္းသြားၿပီလို႔ ေျပာပါတယ္။

အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ အစိုးရက ေၾကညာလိုက္တာဟာ ပမာဏအပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆိုေရး ႀကိဳးပမ္းမႈ အတြက္ အဟန႔္အတားျဖစ္ေစႏိုင္တယ္လို႔ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က RFA ကို မွတ္ခ်က္ေပးထား မႈနဲ႔ ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းရာမွာ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။

AA နဲ႔ပတ္သက္မႈရွိတယ္ဆိုၿပီး  အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မေတြနဲ႔ တရားစြဲဆိုခံေနရတဲ့ ေဒသခံေတြရဲ႕ အေျခအေနဟာ အစိုးရေၾကညာခ်က္ေၾကာင့္  ပိုဆိုးလာႏိုင္တယ္လို႔ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ဆိုေပမယ့္ ဗိုလ္မႉး ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့  ႐ိုးသားစြာလုပ္ကိုင္ေနသူေတြအတြက္ တရားဥပေဒအရ ပိုမိုအကာအကြယ္ရႏိုင္တယ္ လို႔ ဆိုပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ကို တကမာၻလုံးက ေၾကာက္လန႔္ေနခ်ိန္ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြမရပ္ျဖစ္ေနရတာ ဟာ တပ္မေတာ္ေၾကာင့္ဆိုတဲ့ AA ရဲ႕ စြပ္စြဲခ်က္ကို တပ္မေတာ္က ပယ္ခ်လိုက္ၿပီး AA ဟာ အေျပာနဲ႔အလုပ္ မညီဘူးလို႔ ျပန္လည္တုံ႔ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း တပ္မေတာ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြရွိေနတယ္ဆိုၿပီး ႏိုင္ငံတကာခုံ႐ုံး ICJ  က ေျပာထားပါတယ္။ ICJ စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ ပိုမိုနီးစပ္မႈရွိသြားႏိုင္မလားလို႔ ဆိုတဲ့အခ်က္နဲ႔ ပတ္သက္ၿပီး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ျပည္တြင္းမွာ AA အၾကမ္းဖက္အဖြဲ႕လို႔ ဥပေဒအရ ျပဌာန္းလိုက္တာေၾကာင့္ တိုက္ပြဲေတြျဖစ္ပြားေနတာဟာ ႏိုင္ငံတကာမွာ အႀကဳံးဝင္ႏိုင္တယ္လို႔ ဆိုပါတယ္။

တိုက္ပြဲအတြင္းAA ဖမ္းဆီးရမိထားတယ္ဆိုတဲ့ တပ္မေတာ္သားေတြထဲမွာ  အရာရွိတခ်ိဳ႕လည္းပါဝင္ၿပီး သုံ႔ပန္းလဲလွယ္ေရးကို AA က ေတာင္းဆိုထားပါတယ္။

သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးဟာ သတင္းမီဒီယာေတြကို ဖုန္းနဲ႔ဆက္သြယ္ေျဖၾကားတာ မရွိတဲ့အတြက္ AA စစ္ဦးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ တစ္စုံတစ္ရာ မရရွိပါဘူး။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ပြားေနတာ တစ္ႏွစ္ေက်ာ္ၾကာျမင့္ေနျဖစ္ၿပီး စစ္ေဘးဒုကၡသည္ တစ္သိန္းငါးေသာင္းေက်ာ္ရွိေနပါၿပီ။ တိုက္ပြဲျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရွစ္ၿမိဳ႕ နယ္နဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ေတြဟာ အင္တာနက္လိုင္း ျဖတ္ေတာက္ခံထားရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ AA ပါဝင်ဖို့ ခဲယဉ်းလာကြောင်း တပ်မတော်ပြော

ရက္ခိုင့်တပ်တော် AA ကို နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ပြီး  ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ ခဲယဉ်းသွားပြီလို့ တပ်မတော်က  ပြောဆိုလိုက်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရက္ခိုင့်တပ်တော် AA ဟာ ငြိမ်းချမ်းရေး မလိုချင်လို့  အကြမ်းဖက်လုပ်ရပ်တွေ ခဏခဏလုပ်နေခဲ့တာကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဆက်လက် ပါဝင်နိုင်ဖို့ ခဲယဉ်းသွားပြီလို့ ပြောပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာလိုက်တာဟာ ပမာဏအပစ်ရပ်စာချုပ်ချုပ်ဆိုရေး ကြိုးပမ်းမှု အတွက် အဟန့်အတားဖြစ်စေနိုင်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က RFA ကို မှတ်ချက်ပေးထား မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

AA နဲ့ပတ်သက်မှုရှိတယ်ဆိုပြီး  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံနေရတဲ့ ဒေသခံတွေရဲ့ အခြေအနေဟာ အစိုးရကြေညာချက်ကြောင့်  ပိုဆိုးလာနိုင်တယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုပေမယ့် ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းကတော့  ရိုးသားစွာလုပ်ကိုင်နေသူတွေအတွက် တရားဥပဒေအရ ပိုမိုအကာအကွယ်ရနိုင်တယ် လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တကမ္ဘာလုံးက ကြောက်လန့်နေချိန် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမရပ်ဖြစ်နေရတာ ဟာ တပ်မတော်ကြောင့်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်ကို တပ်မတော်က ပယ်ချလိုက်ပြီး AA ဟာ အပြောနဲ့အလုပ် မညီဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာခုံရုံး ICJ  က ပြောထားပါတယ်။ ICJ စွပ်စွဲပြောဆိုချက်တွေနဲ့ ပိုမိုနီးစပ်မှုရှိသွားနိုင်မလားလို့ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြည်တွင်းမှာ AA အကြမ်းဖက်အဖွဲ့လို့ ဥပဒေအရ ပြဌာန်းလိုက်တာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာဟာ နိုင်ငံတကာမှာ အကြုံးဝင်နိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းAA ဖမ်းဆီးရမိထားတယ်ဆိုတဲ့ တပ်မတော်သားတွေထဲမှာ  အရာရှိတချို့လည်းပါဝင်ပြီး သုံ့ပန်းလဲလှယ်ရေးကို AA က တောင်းဆိုထားပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးဟာ သတင်းမီဒီယာတွေကို ဖုန်းနဲ့ဆက်သွယ်ဖြေကြားတာ မရှိတဲ့အတွက် AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ မရရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော်ကြာမြင့်နေဖြစ်ပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းငါးသောင်းကျော်ရှိနေပါပြီ။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့ နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပါတယ်။

RFA Burmese
https://www.rfa.org
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ AA ပါဝင္ဖို႔ ခဲယဥ္းလာေၾကာင္း တပ္မေတာ္ေျပာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ AA ပါဝင္ဖို႔ ခဲယဥ္းလာေၾကာင္း တပ္မေတာ္ေျပာ Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.