က်ိဳင္းတုံကားႀကီးကြင္းမွာ ခရီးသြားတစ္ဦး ေသဆုံးေန (ကနဦးသတင္း)

ဓါတ္ပုံ-Htar Thet
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ မတ္ ၂၇

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္ရွိ ကားႀကီးကြင္းမွာ ဒီကေန႔မတ္လ ၂၇ရက္၊ နံနက္ ၁၀နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ခရီးသြားတစ္ဦးလဲက်ေသဆုံးေနတာကို ျမင္ေတြ႕ရေၾကာင္း ေဒသခံျပည္သူတစ္ဦးမွ လူမႈကြန္ယက္ေပၚမွာ ေရးသားေဖာ္ျပ ထားခ်က္အရ သိရပါတယ္။

ဓါတ္ပုံ-Htar Thet

က်ိဳင္းတုံၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္ရွိ ယန္းခမ္းကားႀကီးကြင္း အတြင္းမွာ အမ်ိဳးသားတစ္ဦးလဲက်ေသဆုံးေနတာျဖစ္ၿပီး တာေလၿမိဳ႕က ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာရဲစခန္းကို ဖုန္းနဲ႔ဆက္သြယ္ သတင္းေပးပို႔ေပမယ့္ ဆက္သြယ္လို႔ မရေၾကာင္း အဲဒီေဒသခံျပည္သူက ဓါတ္ပုံနဲ႔တကြေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။
ဓါတ္ပုံ-Htar Thet

အဲဒီျဖစ္စဥ္နဲ႔ ပါတ္သက္ၿပီး က်ိဳင္းတုံၿမိဳ႕မရဲစခန္းကို ေ႐ႊႀတိဂံေဒသ သတင္းဌာနမွ တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။
#အေသးစိတ္ကို ဆက္လက္ေဖာ္ျပေပးပါမယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ကျိုင်းတုံကားကြီးကွင်းမှာ ခရီးသွားတစ်ဦး သေဆုံးနေ (ကနဦးသတင်း)

တောင်ကြီး၊ မတ် ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ကားကြီးကွင်းမှာ ဒီကနေ့မတ်လ ၂၇ရက်၊ နံနက် ၁၀နာရီခွဲဝန်းကျင်အချိန်ခန့်က ခရီးသွားတစ်ဦးလဲကျသေဆုံးနေတာကို မြင်တွေ့ရကြောင်း ဒေသခံပြည်သူတစ်ဦးမှ လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြ ထားချက်အရ သိရပါတယ်။

ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ယန်းခမ်းကားကြီးကွင်း အတွင်းမှာ အမျိုးသားတစ်ဦးလဲကျသေဆုံးနေတာဖြစ်ပြီး တာလေမြို့က ဖြစ်ကြောင်း၊ သက်ဆိုင်ရာရဲစခန်းကို ဖုန်းနဲ့ဆက်သွယ် သတင်းပေးပို့ပေမယ့် ဆက်သွယ်လို့ မရကြောင်း အဲဒီဒေသခံပြည်သူက ဓါတ်ပုံနဲ့တကွရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ကျိုင်းတုံမြို့မရဲစခန်းကို ရွှေတြိဂံဒေသ သတင်းဌာနမှ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
#အသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါမယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-Htar Thet
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
က်ိဳင္းတုံကားႀကီးကြင္းမွာ ခရီးသြားတစ္ဦး ေသဆုံးေန (ကနဦးသတင္း) က်ိဳင္းတုံကားႀကီးကြင္းမွာ ခရီးသြားတစ္ဦး ေသဆုံးေန (ကနဦးသတင္း) Reviewed by THITHTOOLWIN on 01:36 Rating: 5
Powered by Blogger.