ကို႐ိုနာဗိုင္းရပ္စ္ေတြ႕တဲ့ မႏၲေလးက တိုက္ခန္းကို အသြားအလာပိတ္


(Zawgyi)⤵⤵⤵
မႏၲေလး၊ ကန္ေတာ္နဒီေဆး႐ုံမွာ ေစာင့္ၾကည့္ကုသခံေနရတဲ့ အမ်ိဳးသားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိလို႔ သူေနတဲ့ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာရပ္ကြက္က တိုက္အမွတ္ ၆ ကို ဒီကေန႔ကစၿပီး အသြားအလာ ပိတ္လိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေတြ႕တဲ့ မႏၲေလးက အမ်ိဳးသားတစ္ေယာက္ရဲ႕ ေနအိမ္ကို အစိုးရက အသြားအလာတား ျမစ္လိုက္ပါတယ္။ ဒီေန႔ မတ္လ ၂၇ ရက္ေန႔အထိဆိုရင္ ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိသူ ငါးေယာက္ ရွိလာပါၿပီ။

ဗိုင္းရပ္စ္ကူးခံထားရတဲ့ အမ်ိဳးသားကေတာ့ မႏၲေလး ကန္ေတာ္နဒီေဆး႐ုံမွာ ကုသေနပါတယ္။ သူေနခဲ့တဲ့ တိုက္ခန္းက ျမရည္နႏၵာရပ္ကြက္မွာျဖစ္ၿပီး၊ လူဦးေရ ၃၀ ေက်ာ္ေနထိုင္ပါတယ္။ အခန္းက ၁၆ ခုပါ။

တိုက္ခန္းကို ဘယ္အခ်ိန္ထိ ပိတ္ထားမယ္ဆိုတာေတာ့ မသိေသးဘူးလို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးမင္းေဇာ္က ေျပာပါတယ္။

“ဒီတိုက္နဲ႔ပတ္သတ္ၿပီး LOCK Down ခ်လိုက္ၿပီ၊ ဘာေၾကာင့္လဲဆို အေမရိကကျပန္လာတဲ့သူ ေရာဂါေတြ႕တဲ့အတြက္ တားဆီးတာပါ“

လူနာဟာ ဖ်ားနာတာကို သိေပမယ့္ သက္ဆိုင္ရာကို အေၾကာင္းမၾကားခဲ့ပါဘူး။ တျခား ရပ္ကြက္ေနထိုင္သူ တိုင္တန္းေတာ့မွ ဒီလူနာအေၾကာင္း သိခဲ့ရတာလို႔ ဆယ္အိမ္မႉး ဦးလွေဌးက ေျပာပါတယ္။

“လွမ္းအေၾကာင္းၾကားတဲ့အခါ ကို႐ိုနာလို႔ ထင္တဲ့အေၾကာင္းေျပာတယ္။ မဟုတ္ဘဲ ေပါက္သြားမွာစိုးတယ္၊ မနက္က်လာေမးေတာ့ အခ်က္ေျခာက္ခ်က္ ေမးၾကည့္ေတာ့ အကုန္ဝင္တယ္”

ႏိုင္ငံျခားကျပန္လာတဲ့သူေတြ ေနအိမ္မွာသီးျခား ၁၄ ရက္ေနထိုင္ၾကဖို႔ အစိုးရက ထုတ္ျပန္ေပမယ့္ လိုက္နာမႈ အားနည္းေနတဲ့အတြက္၊ ရပ္ကြက္ေနသူေတြက သက္ဆိုင္ရာကို တိုင္ၾကားဖို႔လုပ္သင့္တယ္လို႔ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ထြန္းထြန္းဦးက ေျပာပါတယ္။

“အင္းစိန္ လူနာလည္း အတူတူပဲ၊ ေလဆိပ္ရဲ႕ ခ်ိဳ႕ယြင္းအားနည္ခ်က္ေပါ့၊ ေလဆိပ္ကေန ကြၽံထြက္ၿပီးေတာ့ အင္းစိန္ အိမ္ေရာက္မွသိတာ၊ ဒီလူနာလည္း အဲဒီသေဘာမ်ိဳးဆိုေတာ့ ေလဆိပ္မွာ အားနည္းခ်က္ရွိတယ္လို႔ သုံသပ္မိတယ္“

မႏၲေလးၿမိဳ႕က ပိုးေတြ႕ရွိသူဟာ ရန္ကုန္ကေန မႏၲေလးၿမိဳ႕ကို လာေရာက္တဲ့အခါက တစ္ေယာက္တည္း မဟုတ္ဘဲ ႏွစ္ေယာက္လာေရာက္ခဲ့တာျဖစ္တယ္လို႔ မႏၲေလးကားဝင္းကေန ေနအိမ္ကို လိုက္ပါပို႔ေဆာင္ေပးခဲ့ရတဲ့ သုံးဘီးေမာင္းႏွင္သူ ကိုဇာနည္ေအာင္က ေျပာပါတယ္။

“တပည့္တစ္ေယာက္ပါတယ္။ ေအာင္ပင္လယ္ လိုက္ပို႔ခဲ့ရတယ္။ေအာင္ပင္လယ္ ေမာင္းတဲ့အခ်ိန္မွာ ဖုန္းေျပာတာၾကားတယ္၊ သူ႔ကိုသူ စိုးရိမ္ေနတာထင္ပါတယ္။ အခု အဖ်ားမရွိေတာ့ဘူးဆိုၿပီး ေျပာသံၾကားတယ္၊ သူ႔ကိုသူ မသကာျဖၤစ္ေနတယ္ထင္တယ္။ ရန္ကုန္မွာေတာ့ ဖ်ားခဲ့တယ္ထင္တယ္“

ကိုဇာနည္ေအာင္ဟာဆိုရင္ ေရာဂါပိုးရွိ သူရဲ႕ဓာတ္ပုံ အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔လာတာ ေတြ႕ျမင္လိုက္ရတဲ့အတြက္ သူလိုက္ပို႔ေပး သူျဖစ္ေနတယ္ဆိုကာ က်န္းမာေရးဝန္ႀကီးဌာနာကို လာေရာက္ပူးေပါင္းခဲ့ၿပီး က်န္းမာေရးစစ္ေဆးမႈ ခံယူဖို႔ျပင္ဆင္ထားသူျဖစ္ပါတယ္။

ေလေၾကာင္းနဲ႔ ျပန္လာသူေတြကို စစ္ေဆးတဲ့ရာမွာ ႏိုင္ငံျခားသားကိုသာ အာ႐ုံစိုက္ေနလို႔ လြတ္သြားတာလို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက ယူဆပါတယ္။

“ကာယကံရွင္က အေစာႀကီးကတည္းက ျမန္မာလူမ်ိဳးျဖစ္ေနတယ္။ အေမရိကန္ ႏိုင္ငံသားျဖစ္ေနေတာ့ ျမန္မာဆိုေတာ့ စစ္တဲ့သူေတြကလည္း ႏိုင္ငံျခားသားကိုသာ ပိုက္စိတ္တိုက္ စစ္တာကိုး၊ အေမရိကန္ ႏိုင္ငံသားျဖစ္ေနတာ မသိေတာ့ တင္းတင္းၾကပ္ၾကပ္ မစစ္ျဖစ္တာေပါ့၊ ေဆးစစ္တယ္။ မသက္သာေတာ့ ေဆးခန္းေတြျပတယ္၊ အခုေဆးခန္းေတြ လိုက္စုံစမ္းေနတယ္“

ေရာဂါပိုးေတြ႕ရွိသူဟာ မႏၲေလးၿမိဳ႕မွာေတာ့ ပထမဆုံးေတြ႕ရွိတဲ့သူျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္ေတာ့ ေလးေယာက္ေျမာက္ ပိုးေတြ႕ရွိသူျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်တွေ့တဲ့ မန္တလေးက တိုက်ခန်းကို အသွားအလာပိတ်

မန္တလေး၊ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်ကုသခံနေရတဲ့ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ သူနေတဲ့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်က တိုက်အမှတ် ၆ ကို ဒီကနေ့ကစပြီး အသွားအလာ ပိတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေ့တဲ့ မန္တလေးက အမျိုးသားတစ်ယောက်ရဲ့ နေအိမ်ကို အစိုးရက အသွားအလာတား မြစ်လိုက်ပါတယ်။ ဒီနေ့ မတ်လ ၂၇ ရက်နေ့အထိဆိုရင် မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ ငါးယောက် ရှိလာပါပြီ။

ဗိုင်းရပ်စ်ကူးခံထားရတဲ့ အမျိုးသားကတော့ မန္တလေး ကန်တော်နဒီဆေးရုံမှာ ကုသနေပါတယ်။ သူနေခဲ့တဲ့ တိုက်ခန်းက မြရည်နန္ဒာရပ်ကွက်မှာဖြစ်ပြီး၊ လူဦးရေ ၃၀ ကျော်နေထိုင်ပါတယ်။ အခန်းက ၁၆ ခုပါ။

တိုက်ခန်းကို ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာတော့ မသိသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောပါတယ်။

“ဒီတိုက်နဲ့ပတ်သတ်ပြီး LOCK Down ချလိုက်ပြီ၊ ဘာကြောင့်လဲဆို အမေရိကကပြန်လာတဲ့သူ ရောဂါတွေ့တဲ့အတွက် တားဆီးတာပါ“

လူနာဟာ ဖျားနာတာကို သိပေမယ့် သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ပါဘူး။ တခြား ရပ်ကွက်နေထိုင်သူ တိုင်တန်းတော့မှ ဒီလူနာအကြောင်း သိခဲ့ရတာလို့ ဆယ်အိမ်မှူး ဦးလှဌေးက ပြောပါတယ်။

“လှမ်းအကြောင်းကြားတဲ့အခါ ကိုရိုနာလို့ ထင်တဲ့အကြောင်းပြောတယ်။ မဟုတ်ဘဲ ပေါက်သွားမှာစိုးတယ်၊ မနက်ကျလာမေးတော့ အချက်ခြောက်ချက် မေးကြည့်တော့ အကုန်ဝင်တယ်”

နိုင်ငံခြားကပြန်လာတဲ့သူတွေ နေအိမ်မှာသီးခြား ၁၄ ရက်နေထိုင်ကြဖို့ အစိုးရက ထုတ်ပြန်ပေမယ့် လိုက်နာမှု အားနည်းနေတဲ့အတွက်၊ ရပ်ကွက်နေသူတွေက သက်ဆိုင်ရာကို တိုင်ကြားဖို့လုပ်သင့်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ထွန်းထွန်းဦးက ပြောပါတယ်။

“အင်းစိန် လူနာလည်း အတူတူပဲ၊ လေဆိပ်ရဲ့ ချို့ယွင်းအားနည်ချက်ပေါ့၊ လေဆိပ်ကနေ ကျွံထွက်ပြီးတော့ အင်းစိန် အိမ်ရောက်မှသိတာ၊ ဒီလူနာလည်း အဲဒီသဘောမျိုးဆိုတော့ လေဆိပ်မှာ အားနည်းချက်ရှိတယ်လို့ သုံသပ်မိတယ်“

မန္တလေးမြို့က ပိုးတွေ့ရှိသူဟာ ရန်ကုန်ကနေ မန္တလေးမြို့ကို လာရောက်တဲ့အခါက တစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက်လာရောက်ခဲ့တာဖြစ်တယ်လို့ မန္တလေးကားဝင်းကနေ နေအိမ်ကို လိုက်ပါပို့ဆောင်ပေးခဲ့ရတဲ့ သုံးဘီးမောင်းနှင်သူ ကိုဇာနည်အောင်က ပြောပါတယ်။

“တပည့်တစ်ယောက်ပါတယ်။ အောင်ပင်လယ် လိုက်ပို့ခဲ့ရတယ်။အောင်ပင်လယ် မောင်းတဲ့အချိန်မှာ ဖုန်းပြောတာကြားတယ်၊ သူ့ကိုသူ စိုးရိမ်နေတာထင်ပါတယ်။ အခု အဖျားမရှိတော့ဘူးဆိုပြီး ပြောသံကြားတယ်၊ သူ့ကိုသူ မသကာင်္ဖြစ်နေတယ်ထင်တယ်။ ရန်ကုန်မှာတော့ ဖျားခဲ့တယ်ထင်တယ်“

ကိုဇာနည်အောင်ဟာဆိုရင် ရောဂါပိုးရှိ သူရဲ့ဓာတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့လာတာ တွေ့မြင်လိုက်ရတဲ့အတွက် သူလိုက်ပို့ပေး သူဖြစ်နေတယ်ဆိုကာ ကျန်းမာရေးဝန်ကြီးဌာနာကို လာရောက်ပူးပေါင်းခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ပြင်ဆင်ထားသူဖြစ်ပါတယ်။

လေကြောင်းနဲ့ ပြန်လာသူတွေကို စစ်ဆေးတဲ့ရာမှာ နိုင်ငံခြားသားကိုသာ အာရုံစိုက်နေလို့ လွတ်သွားတာလို့ ချမ်းမြသာစည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ယူဆပါတယ်။

“ကာယကံရှင်က အစောကြီးကတည်းက မြန်မာလူမျိုးဖြစ်နေတယ်။ အမေရိကန် နိုင်ငံသားဖြစ်နေတော့ မြန်မာဆိုတော့ စစ်တဲ့သူတွေကလည်း နိုင်ငံခြားသားကိုသာ ပိုက်စိတ်တိုက် စစ်တာကိုး၊ အမေရိကန် နိုင်ငံသားဖြစ်နေတာ မသိတော့ တင်းတင်းကြပ်ကြပ် မစစ်ဖြစ်တာပေါ့၊ ဆေးစစ်တယ်။ မသက်သာတော့ ဆေးခန်းတွေပြတယ်၊ အခုဆေးခန်းတွေ လိုက်စုံစမ်းနေတယ်“

ရောဂါပိုးတွေ့ရှိသူဟာ မန္တလေးမြို့မှာတော့ ပထမဆုံးတွေ့ရှိတဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ လေးယောက်မြောက် ပိုးတွေ့ရှိသူဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ေတြ႕တဲ့ မႏၲေလးက တိုက္ခန္းကို အသြားအလာပိတ္ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕တဲ့ မႏၲေလးက တိုက္ခန္းကို အသြားအလာပိတ္ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.