ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုး ေတြ႕ရွိသူ လူနာ အေရအတြက္ ရွစ္ဦးအထိ ရွိလာ

ရန္ကုန္ၿမိဳ႕၌ ႏွာေခါင္းစည္း ဝတ္ဆင္ထားသူ တစ္ဦး လက္ေဆးေၾကာေနမႈအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ မတ္ ၂၈ ရက္(ဆင္ဟြာ)

    ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါ ဓာတ္ခြဲ  စစ္ေဆးခ်က္မ်ားအရ ေရာဂါပိုးရွိသူ လူနာ သုံးဦးအား ထပ္မံေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာနက ယေန႔ မတ္ ၂၈ ရက္တြင္ ထုတ္ျပန္ခဲ့ၿပီးေနာက္ ေရာဂါပိုး ရွိသူ လူနာ အေရအတြက္မွာ ရွစ္ဦး အထိ ရွိလာခဲ့ေၾကာင္း သိရသည္။

COVID-19 ေရာဂါပိုး ထပ္မံေတြ႕ရွိခဲ့သူ သုံးဦးမွာ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္မွ အသက္ ၂၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္ေန အသက္ (၆၀) ႏွစ္အ႐ြယ္ ဧည့္လမ္းၫႊန္ အမ်ိဳးသမီးတစ္ဦး ႏွင့္ ေနျပည္ေတာ္မွ အသက္(၅၈)ႏွစ္အ႐ြယ္ ဆြစ္ဇာလန္ႏိုင္ငံသူ အမ်ိဳးသမီးတစ္ဦးတို႔ ျဖစ္ကာ ယင္းဓာတ္ခြဲအတည္ျပဳလူနာ (၃)ဦးအား သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး လူနာမ်ား၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္မွ အသက္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးသည္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (Case -03) ႏွင့္အတူ ဘာေဘးဒိုးႏိုင္ငံ၊ အဂၤလန္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔မွ မတ္ ၂၁ ရက္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိ လာေၾကာင္းသိရွိရသျဖင့္ ၎အား ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ မတ္ ၂၆ ရက္မွ စ၍ အသြားအလာတားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈခဲ့ေၾကာင္း ၊ အဆိုပါလူနာထံမွ မတ္ ၂၆ ရက္တြင္ ဓာတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္ ၿမိဳ႕) သို႔ေပးပို႔စစ္ေဆးခဲ့ရာ မတ္ ၂၇ ရက္တြင္ ထုတ္ျပန္ေသာ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိရေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္ေန အသက္ (၆၀) ႏွစ္အ႐ြယ္ ဧည့္လမ္းၫႊန္ အမ်ိဳးသမီးတစ္ဦးသည္ မတ္ ၂၅ ရက္မွ စတင္၍ ေခ်ာင္းဆိုးျခင္း၊ အန္ျခင္း လကၡဏာ မ်ားျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ မတ္ ၂၆ ရက္တြင္ လာေရာက္ျပသခဲ့ရာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါလကၡဏာမ်ားေတြ႕ရွိရသျဖင့္ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခား ထားရွိၿပီး အထူးၾကပ္မတ္ကုသေပးလ်က္ရွိေၾကာင္း ၊ ၎မွာ ျပည္ပႏိုင္ငံမ်ားသို႔ လြန္ခဲ့ေသာ (၁၄) ရက္အတြင္း ခရီးသြားရာဇဝင္မရွိေသာ္လည္း ျပင္သစ္ႏိုင္ငံသား ခရီးသြားမ်ားႏွင့္အတူ ဧည့္လမ္းၫႊန္အျဖစ္ ခရီးသြားခဲ့ေၾကာင္းသိရွိရေၾကာင္း ၊ မတ္ ၂၆ ရက္တြင္ အဆိုပါ လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ရာ မတ္ ၂၇ ရက္တြင္ ထုတ္ျပန္သည့္ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိရေၾကာင္း သိရသည္။

ေနျပည္ေတာ္မွ အသက္(၅၈)ႏွစ္အ႐ြယ္ ဆြစ္ဇာလန္ႏိုင္ငံသူ အမ်ိဳးသမီးသည္ မတ္ ၁၇ ရက္တြင္ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွ ဘန္ေကာက္ၿမိဳ႕မွတစ္ဆင့္ မတ္ ၁၈ ရက္တြင္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိခဲ့ၿပီး ဟိုတယ္တစ္ခုတြင္ သီးျခားေနထိုင္၍ Hotel Quarantine ေဆာင္႐ြက္စဥ္ မတ္ ၂၂ ရက္တြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ဝမ္းသြားျခင္းလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ မတ္ ၂၆ ရက္တြင္ ေနျပည္ေတာ္ ခုတင္ (၁,၀၀၀) ဆံ့ အေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ တက္ေရာက္ ေဆးကုသမႈ ခံယူခဲ့ေၾကာင္း ၊ အဆိုပါလူနာထံမွ မတ္ ၂၆ ရက္တြင္ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔ စစ္ေဆးခဲ့ရာ မတ္ ၂၇ ရက္တြင္ ထုတ္ျပန္ေသာဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိရေၾကာင္း ၊ အဆိုပါလူနာသည္ ဆြစ္ဇာလန္ႏိုင္ငံတြင္ ေရာက္ရွိစဥ္ မတ္ ၁၃ ရက္တြင္  COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာျဖစ္ေသာ ၎၏ ဖခင္ႏွင့္ (၂) နာရီၾကာ အနီးကပ္ ထိေတြ႕ခဲ့သည့္ရာဇဝင္ရွိေၾကာင္း သိရွိရေၾကာင္း ထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံ၌ မတ္ ၂၃ ရက္မွ စတင္၍ ေရာဂါပိုး ရွိသူမ်ားကို စတင္ စစ္ေဆးေတြ႕ရွိခဲ့ၿပီး ယေန႔ မတ္ ၂၈ ရက္ နံနက္ (၀၀:၁၅) နာရီ အထိ စုစုေပါင္း လူနာ ၈ ဦးထံတြင္ ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။  (Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/26892-covid-37
-----------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိသူ လူနာ အရေအတွက် ရှစ်ဦးအထိ ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း ဝတ်ဆင်ထားသူ တစ်ဦး လက်ဆေးကြောနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

    ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ရောဂါပိုးရှိသူ လူနာ သုံးဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ရောဂါပိုး ရှိသူ လူနာ အရေအတွက်မှာ ရှစ်ဦး အထိ ရှိလာခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သူ သုံးဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦး နှင့် နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကာ ယင်းဓာတ်ခွဲအတည်ပြုလူနာ (၃)ဦးအား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား တစ်ဦးသည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မတ် ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရှိရသဖြင့် ၎င်းအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် မတ် ၂၆ ရက်မှ စ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း ၊ အဆိုပါလူနာထံမှ မတ် ၂၆ ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် မြို့) သို့ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၇ ရက်တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် မတ် ၂၅ ရက်မှ စတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ် ၂၆ ရက်တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိကြောင်း ၊ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်းသိရှိရကြောင်း ၊ မတ် ၂၆ ရက်တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၇ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် မတ် ၁၇ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် မတ် ၁၈ ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် မတ် ၂၂ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၂၆ ရက်တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း ၊ အဆိုပါလူနာထံမှ မတ် ၂၆ ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ မတ် ၂၇ ရက်တွင် ထုတ်ပြန်သောဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း ၊ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် မတ် ၁၃ ရက်တွင်  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ စတင်၍ ရောဂါပိုး ရှိသူများကို စတင် စစ်ဆေးတွေ့ရှိခဲ့ပြီး ယနေ့ မတ် ၂၈ ရက် နံနက် (၀၀:၁၅) နာရီ အထိ စုစုပေါင်း လူနာ ၈ ဦးထံတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုး ေတြ႕ရွိသူ လူနာ အေရအတြက္ ရွစ္ဦးအထိ ရွိလာ ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုး ေတြ႕ရွိသူ လူနာ အေရအတြက္ ရွစ္ဦးအထိ ရွိလာ Reviewed by THITHTOOLWIN on 01:39 Rating: 5
Powered by Blogger.