အာဖဂနစၥတန္ ကာဘူးလ္ၿမိဳ႕ေတာ္ တုိက္ခုိက္မႈ ၃၀ ေက်ာ္ေသ

အာဖဂနစၥတန္ ကာဘူးလ္ၿမိဳ႕ေတာ္ တုိက္ခုိက္မႈုုျဖစ္ခဲ့

(Zawgyi/Unicode)

အာဖဂနစၥတန္ႏုိင္ငံ ကာဘူးလ္ၿမိဳ႕ေတာ္မွာ ထင္ရွားတဲ့ အတုိက္အခံ ႏုိင္ငံေရးသမားေတြ တက္ေရာက္ေနတဲ့ အခမ္းအနား တခုကုိ ေသာၾကာေန႔က ေသနတ္သမားေတြ ၀င္ေရာက္ ပစ္ခတ္ရာက လူ ၃၂ ေယာက္ထက္မနည္း ေသဆုံးၿပီး ၆၀ ေလာက္ ဒဏ္ရာရသြားပါတယ္။

ကြယ္လြန္သြားတဲ့ လူနည္းစု Shi’ite Hazara ႏုိင္ငံေရးသမားတဦးကုိ ဂုဏ္ျပဳတဲ့ အခမ္းအနားမွာ ဒုသမၼတေဟာင္း Karim Khalili မိန္႔ခြန္းေျပာေနခ်ိန္မွာ ပစ္ခတ္မႈ စျဖစ္ခဲ့တာလုိ႔လည္း ကုိယ္တုိင္ေတြ႔ခဲ့သူေတြက ေျပာပါတယ္။

အခမ္းအနား က်င္းပေနတာကုိ အာဖဂန္႐ုပ္ျမင္သံၾကား အစီအစဥ္ေတြမွာ တုိက္႐ုိက္ ထုတ္လႊင့္ေနခ်ိန္မွာပဲ အနီးအနားက ေဆာက္လက္စ အေဆာက္အဦးတခုကေန ေသနတ္သံေတြ ထြက္ေပၚလာတာေၾကာင့္ ဒုသမၼတေဟာင္းနဲ႔ တျခားလူေတြ အေျပးအလႊားနဲ႔ တိမ္းေရွာင္ခဲ့ ၾကရတာေတြကုိလည္း ေတြ႔ခဲ့ၾကရတာပါ။ ေသဆုံးဒဏ္ရာရသူေတြထဲမွာေတာ့ အမ်ဳိးသမီးေတြ၊ ကေလးေတြ ပါ၀င္ေၾကာင္းလည္း အာဖဂန္က်န္းမာေရး တာ၀န္ရွိသူေတြ ေျပာဆုိခဲ့ၾကၿပီး ေသဆုံးသူ အေရအတြက္ တုိးလာႏုိင္တယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။

ပစ္ခတ္မႈျဖစ္ၿပီးေနာက္ တုိက္ခုိက္သူ ၃ ေယာက္နဲ႔ အာဖဂန္လုံၿခံဳေရး တပ္ဖဲြ႔၀င္ေတြ ထိပ္တုိက္ရင္ဆိုင္ တုိးခဲ့ၾကၿပီး နာရီနဲ႔ခ်ီ အျပန္အလွန္ ပစ္ခတ္ခဲ့ၿပီးေနာက္ တုိက္ခုိက္သူေတြကုိ အေသ ဖမ္းဆီးမိခဲ့ေၾကာင္းလည္း အာဖဂန္ ျပည္ထဲေရး၀န္ႀကီး Nasrat Rahimi ကေျပာဆုိခဲ့တာပါ။

IS အစၥလာမ္ စစ္ေသြးၾကြ အဖဲြ႔ကေတာ့ တုိက္ခုိက္မႈေတြဟာ သူတုိ႔လက္ခ်က္အျဖစ္ ေၾကညာခဲ့ၿပီး၊ လက္နက္အျပည့္အစုံနဲ႔ အဖဲြ႔၀င္ ၂ ေယာက္က တုိက္ခုိက္ခဲ့တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ တာလီဘန္အဖဲြ႔ကေတာ့ တုိက္ခုိက္မႈဟာ သူတုိ႔လက္ခ်က္မဟုတ္ေၾကာင္း ခ်က္ခ်င္းဆိုသလုိ ျငင္းဆန္ခဲ့တာပါ။


...............

အာဖဂနစ္စတန် ကာဘူးလ်မြို့တော် တိုက်ခိုက်မှု ၃၀ ကျော်သေ

(Unicode)

အာဖဂနစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်မှာ ထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ တက်ရောက်နေတဲ့ အခမ်းအနား တခုကို သောကြာနေ့က သေနတ်သမားတွေ ဝင်ရောက် ပစ်ခတ်ရာက လူ ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရသွားပါတယ်။ ကွယ်လွန်သွားတဲ့ လူနည်းစု Shi’ite Hazara နိုင်ငံရေးသမားတဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဒုသမ္မတဟောင်း Karim Khalili မိန့်ခွန်းပြောနေချိန်မှာ ပစ်ခတ်မှု စဖြစ်ခဲ့တာလို့လည်း ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။

အခမ်းအနား ကျင်းပနေတာကို အာဖဂန်ရုပ်မြင်သံကြား အစီအစဉ်တွေမှာ တိုက်ရိုက် ထုတ်လွှင့်နေချိန်မှာပဲ အနီးအနားက ဆောက်လက်စ အဆောက်အဦးတခုကနေ သေနတ်သံတွေ ထွက်ပေါ်လာတာကြောင့် ဒုသမ္မတဟောင်းနဲ့ တခြားလူတွေ အပြေးအလွှားနဲ့ တိမ်းရှောင်ခဲ့ ကြရတာတွေကိုလည်း တွေ့ခဲ့ကြရတာပါ။ သေဆုံးဒဏ်ရာရသူတွေထဲမှာတော့ အမျိုးသမီးတွေ၊ ကလေးတွေ ပါဝင်ကြောင်းလည်း အာဖဂန်ကျန်းမာရေး တာဝန်ရှိသူတွေ ပြောဆိုခဲ့ကြပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် တိုက်ခိုက်သူ ၃ ယောက်နဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ထိပ်တိုက်ရင်ဆိုင် တိုးခဲ့ကြပြီး နာရီနဲ့ချီ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ခိုက်သူတွေကို အသေ ဖမ်းဆီးမိခဲ့ကြောင်းလည်း အာဖဂန် ပြည်ထဲရေးဝန်ကြီး Nasrat Rahimi ကပြောဆိုခဲ့တာပါ။

IS အစ္စလာမ် စစ်သွေးကြွ အဖွဲ့ကတော့ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်အဖြစ် ကြေညာခဲ့ပြီး၊ လက်နက်အပြည့်အစုံနဲ့ အဖွဲ့ဝင် ၂ ယောက်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ တာလီဘန်အဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း ချက်ချင်းဆိုသလို ငြင်းဆန်ခဲ့တာပါ။

VOA (Burmese)
https://burmese.voanews.com
အာဖဂနစၥတန္ ကာဘူးလ္ၿမိဳ႕ေတာ္ တုိက္ခုိက္မႈ ၃၀ ေက်ာ္ေသ အာဖဂနစၥတန္ ကာဘူးလ္ၿမိဳ႕ေတာ္ တုိက္ခုိက္မႈ ၃၀ ေက်ာ္ေသ Reviewed by THITHTOOLWIN on 15:23 Rating: 5
Powered by Blogger.