ရွမ္းေျမာက္မွာ တစ္လအတြင္း မူးယစ္ေဆး က်ပ္ ၂၄၄ ဘီလီယံဖိုး ပိုင္ရွင္မဲ့ ဖမ္းမိ

(Zawgyi)⤵⤵⤵
ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးၿမိဳ႕နယ္ခြဲတစ္ဝိုက္ တပ္မေတာ္က မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြကို ဆက္တိုက္ ဆိုသလို သိမ္းဆည္းရမိေနေပမယ့္ ဖမ္းမိတဲ့မူးယစ္ေဆးဝါးေတြနဲ႔ တိုက္႐ိုက္ပတ္သက္တဲ့ ပိုင္ရွင္ေတြ ဖမ္းမမိေသးတဲ့အေပၚ ေဝဖန္မႈေတြရွိေနပါတယ္။ တပ္မေတာ္ဘက္ကေတာ့ ပိုင္ရွင္ေတြကို စုံစမ္းေနဆဲျဖစ္ၿပီး ဥပေဒအတိုင္းအေရးယူမယ္လို႔ ေျပာဆိုထားပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေကာင္းခါးၿမိဳ႕နယ္ခြဲမွာ တပ္မေတာ္က ေဖေဖာ္ဝါရီလ ၂၀ ရက္ကေန မတ္လ ၆ ရက္ေန႔ အထိ မူးယစ္ေဆးတန္ဖိုး က်ပ္ ၉၃ ဘီလီယံေက်ာ္ကို ဖမ္းဆီးရမိၿပီး ေနာက္ဆက္တိုက္ဆိုသလို ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္ခမ္၊ ေရွာက္ေဟာ္နဲ႔ တာမိုးညႇဲေဒသေတြက က်ပ္ဘီလီယံနဲ႔ခ်ီတဲ့ မူးယစ္ေဆးေတြ ဆက္စပ္ပစၥည္းေတြနဲ႔ လက္နက္ေတြကို ဆက္တိုက္ဆိုသလို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့ၿပီး မတ္ ၉ ရက္ေန႔အထိ ဖမ္းဆီးရမိမႈ တန္ဖိုးဟာ ျမန္မာက်ပ္ေငြ ၂၄၄ ဘီလီယံအထိ ရွိေနၿပီလို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

အခိုင္အမာေဆာက္လုပ္ထားတဲ့ လူမေနတဲ့ သံသယျဖစ္စရာေကာင္းတဲ့ ေနအိမ္ေတြကို ဝင္ေရာက္ရွာေဖြတာကေန ဖမ္းဆီးရမိတာလို႔ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးက လားရႈိးမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာထားပါတယ္။

ဖမ္းဆီးရမိတဲ့ပစၥည္းေတြထဲမွာ ႏိုင္ငံတကာ မူးယစ္တိုက္ဖ်က္ေရးအဖြဲ႕ေတြ အာ႐ုံစိုက္တဲ့ ICE အပါအဝင္ ရာဘ၊ ဘိန္းျဖဴနဲ႔ ခ်က္လုပ္တာမွာသုံးတဲ့ ဓာတုပစၥည္းေတြ ခ်က္လုပ္တဲ့ ကိရိယာေတြ အမ်ားဆုံးပါဝင္ေနတာကို ေတြ႕ရပါတယ္။ အခုလိုဖမ္းဆီးရမိမႈဟာ အေမရိကန္ မူးယစ္တိုက္ဖ်က္ေရးအဖြဲ႕နဲ႔ ၾသစေၾတးလ် ျပည္ေထာင္စု ရဲတပ္ဖြဲ႕ စတဲ့ ႏိုင္ငံတကာ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႕ေတြ သတင္းေပးမႈနဲ႔ ေဒသခံေတြ တပ္မေတာ္သား ေတြ ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္လို႔ ဒုတိယ တပ္မေတာ္ စစ္ဘက္ေရးရာ အရာရွိခ်ဳပ္ ဗိုလ္ခ်ဳပ္ တိုးရီက ေျပာပါတယ္။ ဒီမူးယစ္ေဆးေတြဟာ ရွမ္းေျမာက္ေဒသ လက္နက္ကိုင္ေတြနဲ႔ ဆက္စပ္တယ္လို႔ ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕  ရဲမႉးႀကီး ေဇာ္လင္းက ေျပာပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ေတြဘက္ကေတာ့ ဒီကိစၥအတြက္ ျငင္းဆိုပါတယ္။ တပ္မေတာ္က ႏွစ္ေပါင္းဆယ္ခ်ီ နယ္ေျမရွင္းလင္းေရးနဲ႔ စိုးမိုးေရးလုပ္တဲ့ေနရာမွာ ပိုင္ရွင္မဲ့ဆိုၿပီး အေဆာက္အအုံ အခိုင္မာနဲ႔ မူးယစ္ေဆးေတြ မိေနတာ ေမးခြန္းထုတ္စရာပဲလို႔ TNLA ေျပာခြင့္ရ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။

ရွမ္းျပည္နယ္မွာ ရာဘနဲ႔ ဘိန္းျဖဴလို မူးယစ္ေဆးေတြဟာ လူထုၾကားထဲမွာ ေဈးေပါေပါနဲ႔ျပန႔္ေနၿပီး မူယစ္ေဆး အႏၲရာယ္ကို ကေလးငယ္ေတြ၊ အမ်ိဳးသမီးေတြ ပိုၿပီးခံစားေနၾကရတာပါ။ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကလည္း သူ႔ရဲ႕ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးခရီးစဥ္မွာ ကြတ္ခိုင္မွာ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး အေျခအေနနဲ႔ ဆက္စပ္ၿပီး မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအေပၚ ျပည္သူေတြ ပူးေပါင္းၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

မူးယစ္ေဆးတိုက္ဖ်က္ေရးမွာ ျပည္သူေတြအေနနဲ႔ ပါဝင္ခ်င္ေပမယ့္ လတ္တေလာ ကြတ္ခိုင္လိုေနရာမွာ ဖမ္းမိတဲ့ မူးယစ္ေဆးကိစၥမွာေတာင္ ပိုင္ရွင္မဲ့ ျဖစ္ေနတာကိုၾကည့္ရင္ မူးယစ္ေဆးတိုက္ဖ်က္ေရးမွာ ျပည္သူေတြပါဝင္ဖို႔ အခက္အခဲရွိတယ္လို႔ လားရႈိးအေျခစိုက္ တအာင္းပရဟိတ အဖြဲ႕က ေဒါက္တာ မ်ိဳးသန္းထြန္းက ေျပာပါတယ္။

ေဒသအတြင္းမွာ မူးယစ္ဆန္းက်င္ေရးလုပ္ငန္းေတြကို ႏွစ္ေပါင္း ဆယ္ခ်ီၿပီး လုပ္ကိုင္လာတဲ့ ေက်ာက္မဲၿမိဳ႕ မာနာ မူးယစ္ေဆးဝါးဆန႔္က်င္ေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းကေတာ့ လက္ရွိ ကြတ္ခိုင္မွာ ဖမ္းဆီးရမိမႈ ပမာဏထက္ပိုတဲ့ မူးယစ္ေဆးဝါးနဲ႔ ခ်က္လုပ္တဲ့စခန္းေတြ ရွိေနႏိုင္ေသးတယ္လို႔ ေျပာပါတယ္။

လက္ရွိတပ္မေတာ္က မူးယစ္ေဆး ဖမ္းဆီးရမိတဲ့ေနရာဟာ မူးယစ္ေဆးထုတ္တယ္လို႔ တစ္ကမာၻလုံးက အာ႐ုံစိုက္ ခံထားရတဲ့ တပ္မေတာ္ လက္ေအာက္ခံ ျပည္သူ႔စစ္အဖြဲ႕ေတြ ထိန္းခ်ဳပ္တဲ့နယ္ေျမျဖစ္ေနၿပီး ဖမ္းဆီးရမိမႈမွာ လက္နက္ကိုင္ျပည္သူ႔စစ္အဖြဲ႕ေတြ ပါဝင္ႏိုင္တယ္လို႔ ေဒသခံေတြက သုံးသပ္ေနၾကပါတယ္။ တပ္မေတာ္ကေတာ့ အခုဖမ္းဆီးရမိမႈမွာ ပါဝင္သူေတြကို စုံစမ္းေနၿပီး အေရးယူမယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာပါတယ္။

မူးယစ္ေဆးဖမ္းဆီးရမိတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး ေဒသအတြင္း လႈပ္ရွားတဲ့ျပည္သူ႔စစ္အဖြဲ႕ တာဝန္ရွိသူေတြကို ဆက္သြယ္ေပမယ့္ မေျဖၾကားလိုေၾကာင္း ေျပာပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ၂၀၂၀ ဇန္နဝါရီ ၁ ရက္ကစလို႔ မဲေခါင္ေဒသႏိုင္ငံေတြျဖစ္တဲ့ ျမန္မာ၊ ထိုင္း၊ ကေမာၻဒီးယား၊ လာအို၊ တ႐ုတ္ ငါးႏိုင္ငံ ပူးေပါင္းၿပီး မူးယစ္ေဆး တိုက္ဖ်က္ေရး အထူးစီမံခ်က္ 1511 ကို အေကာင္းထည္ေဖာ္ ေဆာင္႐ြက္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ၂၀၁၉ အတြင္း မူးယစ္ေဆး ဖမ္းဆီးမႈတန္ဖိုးဟာ ျမန္မာက်ပ္ေငြ ၅၅၅ ဘီလီယံ အေမရိကန္ေဒၚလာ သန္း ၃၇၀ ေလာက္ ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးေတြဟာ ၂၀၁၉ ခုႏွစ္တုန္းက ဖမ္းဆီးရမိတဲ့ မူးယစ္ ေဆးဝါးေတြကို အေျခခံၿပီး စုံးစမ္းမႈေတြကေန ဖမ္းဆီးတာျဖစ္ၿပီး တပ္မေတာ္ဘက္ကလည္း အဲဒီ‌ ေဒသတစ္ဝိုက္ နယ္ေျမရွင္းလင္းတာေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။ တစ္ကယ္ေတာ့ ျမန္မာအာဏာပိုင္ေတြ ဖမ္းဆီးရမိတယ္ဆိုတဲ့ မူယစ္ေဆး ပမာဏဟာ ထုတ္လုပ္ျဖန႔္ခ်ီေနတဲ့ မူးယစ္ေဆးပမဏထက္ အဆမတန္ နည္းပါးေနတုန္းပါပဲ။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရှမ်းမြောက်မှာ တစ်လအတွင်း မူးယစ်ဆေး ကျပ် ၂၄၄ ဘီလီယံဖိုး ပိုင်ရှင်မဲ့ ဖမ်းမိ

ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့နယ်ခွဲတစ်ဝိုက် တပ်မတော်က မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဆက်တိုက် ဆိုသလို သိမ်းဆည်းရမိနေပေမယ့် ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ပိုင်ရှင်တွေ ဖမ်းမမိသေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ တပ်မတော်ဘက်ကတော့ ပိုင်ရှင်တွေကို စုံစမ်းနေဆဲဖြစ်ပြီး ဥပဒေအတိုင်းအရေးယူမယ်လို့ ပြောဆိုထားပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း ကောင်းခါးမြို့နယ်ခွဲမှာ တပ်မတော်က ဖေဖော်ဝါရီလ ၂၀ ရက်ကနေ မတ်လ ၆ ရက်နေ့ အထိ မူးယစ်ဆေးတန်ဖိုး ကျပ် ၉၃ ဘီလီယံကျော်ကို ဖမ်းဆီးရမိပြီး နောက်ဆက်တိုက်ဆိုသလို ကွတ်ခိုင်မြို့နယ် လွယ်ခမ်၊ ရှောက်ဟော်နဲ့ တာမိုးညှဲဒေသတွေက ကျပ်ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေ ဆက်စပ်ပစ္စည်းတွေနဲ့ လက်နက်တွေကို ဆက်တိုက်ဆိုသလို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး မတ် ၉ ရက်နေ့အထိ ဖမ်းဆီးရမိမှု တန်ဖိုးဟာ မြန်မာကျပ်ငွေ ၂၄၄ ဘီလီယံအထိ ရှိနေပြီလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

အခိုင်အမာဆောက်လုပ်ထားတဲ့ လူမနေတဲ့ သံသယဖြစ်စရာကောင်းတဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာကနေ ဖမ်းဆီးရမိတာလို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက လားရှိုးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဖမ်းဆီးရမိတဲ့ပစ္စည်းတွေထဲမှာ နိုင်ငံတကာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ အာရုံစိုက်တဲ့ ICE အပါအဝင် ရာဘ၊ ဘိန်းဖြူနဲ့ ချက်လုပ်တာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ ချက်လုပ်တဲ့ ကိရိယာတွေ အများဆုံးပါဝင်နေတာကို တွေ့ရပါတယ်။ အခုလိုဖမ်းဆီးရမိမှုဟာ အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့နဲ့ သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ စတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ သတင်းပေးမှုနဲ့ ဒေသခံတွေ တပ်မတော်သား တွေ ပူးပေါင်းဆောင်ရွက်မှုကြောင့်လို့ ဒုတိယ တပ်မတော် စစ်ဘက်ရေးရာ အရာရှိချုပ် ဗိုလ်ချုပ် တိုးရီက ပြောပါတယ်။ ဒီမူးယစ်ဆေးတွေဟာ ရှမ်းမြောက်ဒေသ လက်နက်ကိုင်တွေနဲ့ ဆက်စပ်တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့  ရဲမှူးကြီး ဇော်လင်းက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ ဒီကိစ္စအတွက် ငြင်းဆိုပါတယ်။ တပ်မတော်က နှစ်ပေါင်းဆယ်ချီ နယ်မြေရှင်းလင်းရေးနဲ့ စိုးမိုးရေးလုပ်တဲ့နေရာမှာ ပိုင်ရှင်မဲ့ဆိုပြီး အဆောက်အအုံ အခိုင်မာနဲ့ မူးယစ်ဆေးတွေ မိနေတာ မေးခွန်းထုတ်စရာပဲလို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ရှမ်းပြည်နယ်မှာ ရာဘနဲ့ ဘိန်းဖြူလို မူးယစ်ဆေးတွေဟာ လူထုကြားထဲမှာ ဈေးပေါပေါနဲ့ပြန့်နေပြီး မူယစ်ဆေး အန္တရာယ်ကို ကလေးငယ်တွေ၊ အမျိုးသမီးတွေ ပိုပြီးခံစားနေကြရတာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရီးစဉ်မှာ ကွတ်ခိုင်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး အခြေအနေနဲ့ ဆက်စပ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် ပြည်သူတွေ ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေးမှာ ပြည်သူတွေအနေနဲ့ ပါဝင်ချင်ပေမယ့် လတ်တလော ကွတ်ခိုင်လိုနေရာမှာ ဖမ်းမိတဲ့ မူးယစ်ဆေးကိစ္စမှာတောင် ပိုင်ရှင်မဲ့ ဖြစ်နေတာကိုကြည့်ရင် မူးယစ်ဆေးတိုက်ဖျက်ရေးမှာ ပြည်သူတွေပါဝင်ဖို့ အခက်အခဲရှိတယ်လို့ လားရှိုးအခြေစိုက် တအာင်းပရဟိတ အဖွဲ့က ဒေါက်တာ မျိုးသန်းထွန်းက ပြောပါတယ်။

ဒေသအတွင်းမှာ မူးယစ်ဆန်းကျင်ရေးလုပ်ငန်းတွေကို နှစ်ပေါင်း ဆယ်ချီပြီး လုပ်ကိုင်လာတဲ့ ကျောက်မဲမြို့ မာနာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကတော့ လက်ရှိ ကွတ်ခိုင်မှာ ဖမ်းဆီးရမိမှု ပမာဏထက်ပိုတဲ့ မူးယစ်ဆေးဝါးနဲ့ ချက်လုပ်တဲ့စခန်းတွေ ရှိနေနိုင်သေးတယ်လို့ ပြောပါတယ်။

လက်ရှိတပ်မတော်က မူးယစ်ဆေး ဖမ်းဆီးရမိတဲ့နေရာဟာ မူးယစ်ဆေးထုတ်တယ်လို့ တစ်ကမ္ဘာလုံးက အာရုံစိုက် ခံထားရတဲ့ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေဖြစ်နေပြီး ဖမ်းဆီးရမိမှုမှာ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေ ပါဝင်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ တပ်မတော်ကတော့ အခုဖမ်းဆီးရမိမှုမှာ ပါဝင်သူတွေကို စုံစမ်းနေပြီး အရေးယူမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

မူးယစ်ဆေးဖမ်းဆီးရမိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒေသအတွင်း လှုပ်ရှားတဲ့ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် မဖြေကြားလိုကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကစလို့ မဲခေါင်ဒေသနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ တရုတ် ငါးနိုင်ငံ ပူးပေါင်းပြီး မူးယစ်ဆေး တိုက်ဖျက်ရေး အထူးစီမံချက် 1511 ကို အကောင်းထည်ဖော် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ၂၀၁၉ အတွင်း မူးယစ်ဆေး ဖမ်းဆီးမှုတန်ဖိုးဟာ မြန်မာကျပ်ငွေ ၅၅၅ ဘီလီယံ အမေရိကန်ဒေါ်လာ သန်း ၃၇၀ လောက် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ၂၀၁၉ ခုနှစ်တုန်းက ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးတွေကို အခြေခံပြီး စုံးစမ်းမှုတွေကနေ ဖမ်းဆီးတာဖြစ်ပြီး တပ်မတော်ဘက်ကလည်း အဲဒီ‌ ဒေသတစ်ဝိုက် နယ်မြေရှင်းလင်းတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ တစ်ကယ်တော့ မြန်မာအာဏာပိုင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ မူယစ်ဆေး ပမာဏဟာ ထုတ်လုပ်ဖြန့်ချီနေတဲ့ မူးယစ်ဆေးပမဏထက် အဆမတန် နည်းပါးနေတုန်းပါပဲ။

RFA Burmese
https://www.rfa.org
ရွမ္းေျမာက္မွာ တစ္လအတြင္း မူးယစ္ေဆး က်ပ္ ၂၄၄ ဘီလီယံဖိုး ပိုင္ရွင္မဲ့ ဖမ္းမိ ရွမ္းေျမာက္မွာ တစ္လအတြင္း မူးယစ္ေဆး က်ပ္ ၂၄၄ ဘီလီယံဖိုး ပိုင္ရွင္မဲ့ ဖမ္းမိ Reviewed by THITHTOOLWIN on 23:48 Rating: 5
Powered by Blogger.